Unicode version…
(BMW)သည် ၄င်း၏လျှပ်စစ် ကားများအတွက် ငွေကြေးကုန်ကျမှုများစွာရှိပြီး (Reuters) ၏ အဆိုအရ (BMW) သည် (EV) နည်းပညာဖွ့ံဖြိုးတိုးတက်မှုအတွက် (US $ 5.87 Billion) ခန့်သုံးစွဲခဲ့ရသည်ဟု ဆိုပါသည်။ လာမည့်(၃)နှစ်တာကာလအတွင်း၌ ထိုပမာဏခန့်ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ကုမ္ပဏီ အနေဖြင့် ငွေကုန်သက်သာစေမည့်နည်းလမ်းများကို ရှာဖွေခဲ့ရာ (BMW Cars) များ၏ အချို့သော (Options) များအား ဖယ်ထုတ်ရန် နည်းလမ်းရခဲ့ပါသည်။ အဆိုပါနည်းလမ်းအရ (2- Series Coupe) များ၏ (Manual Gearbox) နှင့် အချို့သောစျေးကွက်များကို တင်ပို့သည့် (Diesel 5- Series Variants) များအားရပ်ဆိုင်းရန် ဖြစ်နို်င်ဖွယ်ရှိသည်ဟု (Reuters) မှ သုံးသပ်ထားပါသည်။ အလားတူ (Low – volume engines) နှင့်(Gearbox) များကိုလည်း ဖယ်ထုတ်နိုင်ဖွယ်ရှိပြီး အချို့သောအတွင်းခန်းပါ၀င်မှုများ အား ကျစ်လစ်စွာ ပေါင်းစပ်မည်လည်းဖြစ်ပါသည်။ ဥပမာ – BMW ကားများ၏ (Steering Design) များသည် ပုံစံအမျိုး(၁၀၀)ခန့် ရှိကြပြီး အနာဂတ်တွင် ထိုမျှလောက်များပြားစွာ ရရှိနိုင်မည် မဟုတ်ပါ။
အထက်တွင် ဆိုခဲ့သည့်အတိုင်း (BMW) ၏ လျှပ်စစ်ကားဆိုင်ရာကဏ္ဍသည် ငွေကြေးများစွာ ကုန်ကျသည့်အတွက် လာမည့်နှစ်မှစ၍ အဆိုပါကဏ္ဍအား ခြိုးခြံချွေတာမှုများ ပြုလုပ်ဖွယ်ရှိသည်ဟု (Report From Bloomberg) မှတဆင့်သိရှိရပါသည်။ ပုံမှန်တည်ရှိနေသည့် ( i3 / i8) တို့ကဲ့သို့ (Electric and Hybrid) ကားများအစား (Electrified Version) များနှင့် (Electric Mini) များအား (2019) မှစ၍ အဓိကအာရုံစိုက်ဖန်တီးမည်ဟု (BMW) မှဆိုပါသည်။ (Reuters Report) အရ (248 mph range) အထိအသုံးပြုနိုင်မည့် (Electric 3 Series) အား ယခုနှစ် (September) တွင်စတင်မိတ်ဆက်မည်ဟု သိရှိရပါသည်။
ယခုလက်ရှိအချိန်တွင် (BMW) အနေဖြင့် (2-Series) ၏ ( Manual Gear )များအား လုံးဝ ဖယ်ရှားခြင်း မရှိသော်လည်း လာမည့်နှစ်များတွင် အရေအတွက်များလျော့ချသွားနိုင်ဖွယ်ရှိပြီး (EVs Car) များအပေါ်လည်း ယခုကဲ့သို့ စိတ်အားထက်သန်မှုများရှိမည် မဟုတ်ဟုလည်း သုံးသပ်မိပါသည်။
Zawgyi version…
(BMW)သည္ ၄င္း၏လွ်ပ္စစ္ ကားမ်ားအတြက္ ေငြေၾကးကုန္က်မႈမ်ားစြာ႐ွိၿပီး (Reuters) ၏ အဆိုအရ (BMW) သည္ (EV) နည္းပညာဖြ႔ံၿဖိဳးတိုးတက္မႈအတြက္ (US $ 5.87 Billion) ခန္႔သံုးစြဲခဲ့ရသည္ဟု ဆိုပါသည္။ လာမည့္(၃)ႏွစ္တာကာလအတြင္း၌ ထိုပမာဏခန္႕ကုန္က်မည္ဟု ခန္႕မွန္းထားၿပီး ကုမၸဏီ အေနျဖင့္ ေငြကုန္သက္သာေစမည့္နည္းလမ္းမ်ားကို ႐ွာေဖြခဲ့ရာ (BMW Cars) မ်ား၏ အခ်ိဳ႕ေသာ (Options) မ်ားအား ဖယ္ထုတ္ရန္ နည္းလမ္းရခဲ့ပါသည္။ အဆိုပါနည္းလမ္းအရ (2- Series Coupe) မ်ား၏ (Manual Gearbox) ႏွင့္ အခ်ိဳ႕ေသာေစ်းကြက္မ်ားကို တင္ပို႕သည့္ (Diesel 5- Series Variants) မ်ားအားရပ္ဆိုင္းရန္ ျဖစ္ႏို္င္ဖြယ္႐ွိသည္ဟု (Reuters) မွ သံုးသပ္ထားပါသည္။ အလားတူ (Low – volume engines) ႏွင့္(Gearbox) မ်ားကိုလည္း ဖယ္ထုတ္ႏိုင္ဖြယ္ရွိၿပီး အခ်ိဳ႕ေသာအတြင္းခန္းပါ၀င္မႈမ်ား အား က်စ္လစ္စြာ ေပါင္းစပ္မည္လည္းျဖစ္ပါသည္။ ဥပမာ – BMW ကားမ်ား၏ (Steering Design) မ်ားသည္ ပံုစံအမ်ိဳး(၁၀၀)ခန္႕ ႐ွိၾကၿပီး အနာဂတ္တြင္ ထိုမွ်ေလာက္မ်ားျပားစြာ ရ႐ွိႏိုင္မည္ မဟုတ္ပါ။
အထက္တြင္ ဆိုခဲ့သည့္အတိုင္း (BMW) ၏ လွ်ပ္စစ္ကားဆိုင္ရာက႑သည္ ေငြေၾကးမ်ားစြာ ကုန္က်သည့္အတြက္ လာမည့္ႏွစ္မွစ၍ အဆိုပါက႑အား ၿခိဳးၿခံေခၽြတာမႈမ်ား ျပုလုပ္ဖြယ္ရွိသည္ဟု (Report From Bloomberg) မွတဆင့္သိ႐ွိရပါသည္။ ပံုမွန္တည္႐ွိေနသည့္ ( i3 / i8) တို႕ကဲ့သို႕ (Electric and Hybrid) ကားမ်ားအစား (Electrified Version) မ်ားႏွင့္ (Electric Mini) မ်ားအား (2019) မွစ၍ အဓိကအာ႐ံုစိုက္ဖန္တီးမည္ဟု (BMW) မွဆိုပါသည္။ (Reuters Report) အရ (248 mph range) အထိအသံုးျပဳနိုင္မည့္ (Electric 3 Series) အား ယခုႏွစ္ (September) တြင္စတင္မိတ္ဆက္မည္ဟု သိရွိရပါသည္။
ယခုလက္႐ွိအခ်ိန္တြင္ (BMW) အေနျဖင့္ (2-Series) ၏ ( Manual Gear )မ်ားအား လံုး၀ ဖယ္ရွားျခင္း မ႐ွိေသာ္လည္း လာမည့္ႏွစ္မ်ားတြင္ အေရအတြက္မ်ားေလ်ာ့ခ်သြားႏိုင္ဖြယ္႐ွိၿပီး (EVs Car) မ်ားအေပၚလည္း ယခုကဲ့သို႕ စိတ္အားထက္သန္မႈမ်ား႐ွိမည္ မဟုတ္ဟုလည္း သံုးသပ္မိပါသည္။