(BMW)အနေဖြင့် (Mobile Paking)လောကတွင် ထင်ရှားသည့် (Park mobile)နှင့် ပူးပေါင်းကာ (Automated Parking Solutions)အား ၎င်း၏ ကားများတွင် ထည့်သွင်းသွားရန် စီစဉ်ထားပါသည်။ (Atlanta)အခြေစိုက် (Parkmobile)နှင့် ဂျာမနီထုတ် နာမည်ကျော် (BMW)တို့သည် အဆိုပါ (APS)စနစ်အား ဖန်တီးရန် တရားဝင် သဘောတူညီချက် ပြုလုပ်ခဲ့သည်ဟု (Parkmobile)မှ ယခုနှစ် (May)၌ ပြောကြားခဲ့သည်။

အဆိုပါစနစ်အား (Smartphone App)ကို ဖြတ်သန်း၍ အသုံးပြုရသည်ဖြစ်ပြီး ငွေပေးချေနိုင်မည့် (Parking Location)နေရာ (2000)နှင့် မီတာပါကင် အသုံးပြုနိုင်သည့် မြို့(250)အား အမေရိကန်နှင့် ကနေဒါ တို့တွင် ဖန်တီးမည်ဖြစ်ပါသည်။ ယခုပူးပေါင်းဆောင်ရွက်မှု အရ ကား၏ (GPS/Navigation)တို့အား အဓိကအသုံးပြုပြီး ယာဉ်မောင်းအနေဖြင့် (Parkmobile)သတ်မှတ်ထားသည့် နေရာများအတွက် (Parking)အသုံးပြုခအား ကြိုတင်ငွေပေးချေခြင်းကို ဆောင်ရွက်နိုင်ပါမည် ဖြစ်ပါသည်။ ထို့်အပြင် ယာဉ်မောင်းသည် ကားနှင့်ဝေးကွာနေပါက ၎င်း၏ (Smartphone App)ကို အသုံးပြု၍ ငွေပေးသွင်းနိုင်ပါသည်။ အဆိုပါ (Parking Session)တွင် ကန့်သတ်ချက်များ နှင့် အခြားသော လိုက်နာရန် အချက်များလည်း ပါရှိမည် ဖြစ်ပြီး အသေးစိတ် အချက်များအား (Parkmobile)မှ မကြာမီ ကျယ်ပြန့်စွာ ထုတ်ပြန် မည်ဖြစ်ပါသည်။

(BMW)နှင့် (Parkmobile)တို့၏ ပထမဆုံးသော (Vehicle-based intertace)အား (2016 Model)(BMW 5 Series)တွင် စတင် အသုံးပြုခဲ့ပြီးတဲ့အချိန်က (Parking)အတွက် သီးသန့်နေရာအား ယာဉ်၏ (Touchscreen)ကို အသုံးပြု၍ ၀ယ်ယူနိုင်သည့် စနစ်ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ (BMW)၏ အဆိုပါ (APS)စနစ်သည် ၎င်း၏ အခြားသော ခြေလှမ်းသစ်ဖြစ်သည့် (Self-Driving Cars)များ၏ အစိတ်အပိုင်း တစ်ခုဟုလည်း သတ်မှတ်နိုင်မည် ဖြစ်ပါသည်။