BMW မှ i3 Edition Road Style နှင့် i8 Ultimate Sophistic Edition တို့အား မိတ်ဆက်ခြင်း

BMW ၏ နာမည်ကျော် လျှပ်စစ်နှင့် PHEV များဖြစ်ကြသည် i3 နှင့် i8 တို့၏ ထူးခြားစွာ ဖန်တီးထားသည့် Edition များဖြစ်ကြသည့် i3 Edition Road Style နှင့် i8 Ultimate sophistic Edition တို့အား မိတ်ဆက်လိုက်ပြီး ၎င်းတို့အား အထူးထုတ်အနေဖြင့် Limited ထုတ်လုပ်မည်ဖြစ်ကာ ထူးခြားလှသည့် ဒီဇိုင်းများနှင့် Special Features များဖြင့် ဖန်တီးမည်ဖြစ်ပြီး ( Fluid Black ဆေးရောင် ) နှင့် ( E – Copper Trim ) ကဲ့သို့ ထူးခြားသည့် ပါဝင်မှုများပါရှိပါမည်။ i3 Edition Road Style အား အစင်းရေ ( 900 ) သာ ထုတ်လုပ်မည်ဖြစ်ကာ Jet Black lightweight Alloy ဘီးများကို သီးသန့်တပ်ဆင်ထားပြီး အတွင်းခန်းအား ( Dalbergia Brown သဘာဝသားရေ ) နှင့် ( Dark Oak Matte – finished Wood Trim ) ပေါင်းစပ်မှုဖြင့် ထူးခြားစွာဖန်တီးထားပါမည်။ ၎င်းတွင် ( e Drive All – electric powertrain ) ၊ ( 18 lhp ) နှင့် ( 42.2 KWh battery ) တို့တွဲဖက်ထားမည်ဖြစ်ပြီး ( 153 mile ) ခန့်အထိ အသုံးပြုနိုင်ပါသည်။ i8 Ultimate Sophist Edition ကိုမူ အစင်းရေ ( 200 ) ခန့်သာ ထုတ်လုပ်မည်ဖြစ်ကာ Coupe နှင့် Convertible ပုံစံ ( ၂ ) မျိုးဖြင့် ရရှိနိုင်ပါသည်။ ၎င်းတွင် Sophisto Grey Metallic E – Copper Accents စသည်ထူးခြားသည့် Features များပါဝင်ပါမည်။ ၎င်းတွင် ( Plug – in Hybrid Electric Powertrain ) ( 169 hp ) စနစ်ပါဝင်ပါမည်။

Zawgyi Version…


LEAVE A REPLY

Please enter your comment!
Please enter your name here