Unicode version….

BMW i3 သည် BMW ၏ ထင်ရှားသည့် လျှပ်စစ်ကားငယ်တစ်မျိုးဖြစ်ပြီး (14 hp) ၊ (15 lb – ft of torque)စွမ်းဆောင်ရည်ရှိသည့် လျှပ်စစ်မော်တာ ၊ အဆင့်မြင့်အောက်ပိုင်းစနစ်နှင့် အဆင့်မြှင့်တင်ထား သည့် Traction Control စနစ်ကို အဓိကပိုင်ဆိုင်သည့် ကားဖြစ်ပါသည်။ ၄င်းတို့အနက် Traction Control သည် ယာဉ်အား အကောင်းဆုံးသော မောင်းနှင့်မှုအတွက် ထိရောက်စွာ ကူညီပေးသည်ကို တွေ့ ရပြီး ထိုအကျိုးသက်ရောက်မှုကြောင့် BMW သည် အဆိုပါနည်းပညာအား ၄င်း၏ Model အားလုံးနှင့် Mini ကားအားလုံးတွင် တိုးချဲ့ထည့်သွင်းသွားမည်ဖြစ်ပါသည်။ BMW i3 ၏ Traction Control စနစ်သည် ယာဉ်ရပ်တန့်ရာတွင် အရှိန်လျှင်မြန်စွာဖြင့် ရပ်တန့်ရန်နှင့် လျှပ်စစ်မော်တာ၏ Torque တို့အား အပြည့် အဝအသုံးပြုမှုတို့အား တပြိုင်နက်ဖြစ်စေရန် ကူညီပေးပြီး လုပ်ဆောင်မှုတစ်ခုလုံးကို တိုင်းတာတွက်ချက် ပေးသည့်စနစ်ဖြစ်ပါသည်။ ထို့အတူ လမ်းကွေ့များတွင် ယာဉ်အား ကောင်းစွာတည်ငြိမ်စေမည် ဖြစ်ပြီး ဘရိတ်မှတစ်ဆင့် စွမ်းအင်ကို ပြန်လည်ထုတ်လုပ်ပေးမည်လည်း ဖြစ်ပါသည်။ ၄င်းစနစ်သည် ယခင်က အသုံးပြုခဲ့သည့် စနစ်ထက် စက္ကန့်ဝက်ခန့် ပို၍မြန်ဆန်ပြီး (0 to 60 mph) အား (6.8 seconds) ဖြင့် ရောက်ရှိနိုင်ပါမည်။ အခြားသော ထူးခြားချက်မှာ ၄င်း၏တုန့်ပြန်မှုသည် သာမန် သမားရိုးကျ Traction Control စနစ်ထက် များစွာမြန်ဆန်မှုရှိပြီး ၄င်းကိုယ်တိုင်ထိန်းချုပ်စနစ်ဖြင့် Powertrain အား ကူညီပေး ခြင်းတို့ ဖြစ်ပါသည်။

“၄င်း၏ မြင့်မားသည့် Torque Level နှင့် တပြိုင်နက်ဖြစ်ပေါ်စေသည့် တုန့်ပြန်မှုတို့သည် လီဗာနှင့် လျှပ်စစ်မော်တာတို့၏ လှုပ်ရှားမှုအားလုံးကို ကောင်းစွာကူညီထိန်းချုပ်ပေးနိုင်ခြင်းကြောင့် တည်ငြိမ်သည့် မောင်းနှင်မှုပုံစံအား သမာရိုးကျ Power Unit များထက်ပို၍ ဖော်ဆောင်နိုင်ပါသည်” ဟု BMw Chassis Development ၏ အကြီးအကဲ Mr Peter Longen မှ ပြောကြားထားပါသည်။ ထို့အပြင် ၄င်း၏ တိုတောင်းလှသည့် Traction Control Cycle သည် အတွင်းလောင်ကျွမ်းခြင်း အင်ဂျင်အတွက် ကောင်းစွာ အကျိုးသက်ရောက်စေမည်ဖြစ်ပါသည်။

BMW i3s, Portugal, Lissabon

Zawgyi version…

