Unicode version…
BMW ၏ Performance အဓိကဦးစားပေးဖြစ်သည့် M Division ၏ M Models များ၏ ရောင်းအား သည် ယခုနှစ်များတွင် များစွာတိုးတက်လာခဲ့ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း (၂၀)ကျော်ခန့်တွင် M နှင့် M- tuned Model များသည် အနည်းငယ်သာ ရှိခဲ့ပါသည်။ သို့သော် ယခုမျက်မှောက်ကာလတွင် အရေအတွက် တစ်ဒါဇင်ထက်များသည့် M Model များသည် ဂျာမနီစျေးကွက်တွင် ရရှိနိုင်မည်ဖြစ်ပါသည်။ သို့သော် BMW အနေဖြင့် M Version များအား အရှိန်အဟုန်ဖြင့် တိုးချဲ့ဖန်တီးရန်အတွက် ၄င်းတို့၏ ရောင်းအားသည် များစွာခက်ခဲမှုရှိမည်ဟု ယူဆခဲ့၍ (ယခုအချိန်အထိ) အထူးစိတ်အားထက်သန်စွာဖြင့် ဖန်တီးခြင်းများမပြုလုပ်ခဲ့။သို့သော် BMW ၏ စီးပွားရေးခြေလှမ်းအသစ်တစ်ခု တိုးချဲ့ရန်အတွက် (အရေအတွက်စုစုပေါင်း ၂၆ မျိုး)အထိ ရှိမည့် (M Version)များအား မကြာမီနှစ်များတွင် ထုတ်လုပ်ရန် စီစဉ်ခဲ့ပါသည်။
ကမ္ဘာကျော် Auto Car ၏ အဆိုအရ BMW မှ ပုံမှန်ထုတ်လုပ်မည့် Model Lineup အားလုံးတွင် (M)သို့မဟုတ် (M- Performance) မျိုးကွဲများ ဖြည့်စွက်ထားမည်ဖြစ်ပါသည်။ (M2/M3/M4) တို့သည် ထင်ရှားသည့် (M- Performance)ကားများဖြစ်ကြပါသည်။ BMW ၏ နာမည်ကျော် (X3/X4/X5/X6) SUVs များကိုလည်း M Version ပြုလုပ်မည်ဖြစ်ပါသည်။ BMW အနေဖြင့် ၄င်း၏ Model Line-up အားလုံးကို M Version ပြုလုပ်မည်မဟုတ်ဘဲ (i3/i8)ကဲ့သို့ (လျှပ်စစ်ကားများ)နှင့် မကြာမီရောင်းချမည့် (Z4) နှင့် (8 Series)တို့အား M Version အနေဖြင့် ထုတ်လုပ်မည်မဟုတ်ပါ။ BMW M Division ၏ ခေါင်းဆောင်ဖြစ်သူ (Mr Frank Van Meel) အနေဖြင့် BMW ၏ (M Version) ကားများအား တစ်နှစ်လျှင် အစင်းရေ(တစ်သိန်း)ကျော်ခန့် ရောင်းချနိုင်ရန် မျှော်မှန်းထားပါသည်။ BMW ၏ M Version သည် စွမ်းဆောင်ရည် အဓိကဦးစားပေးခြင်းဖြစ်ပြီး Mercedes – Benz ၏ AMG Version / Lexus ၏ F Version နှင့် Audi ၏ S Version တို့သည်လည်း ထိုကဲ့ သို့ပင် ဖြစ်ကြပါသည်။
Zawgyi version…
BMW ၏ Performance အဓိကဦးစားေပးျဖစ္သည့္ M Division ၏ M Models မ်ား၏ ေရာင္းအား သည္ ယခုႏွစ္မ်ားတြင္ မ်ားစြာတိုးတက္လာခဲ့ပါသည္။ လြန္ခဲ့သည့္ ႏွစ္ေပါင္း (၂၀)ေက်ာ္ခန္႕တြင္ M ႏွင့္ M- tuned Model မ်ားသည္ အနည္းငယ္သာ ႐ွိခဲ့ပါသည္။ သို႕ေသာ္ ယခုမ်က္ေမွာက္ကာလတြင္ အေရအတြက္ တစ္ဒါဇင္ထက္မ်ားသည့္ M Model မ်ားသည္ ဂ်ာမနီေစ်းကြက္တြင္ ရ႐ွိႏိုင္မည္ျဖစ္ပါသည္။ သို႕ေသာ္ BMW အေနျဖင့္ M Version မ်ားအား အ႐ွိန္အဟုန္ျဖင့္ တိုးခ်ဲ႕ဖန္တီးရန္အတြက္ ၄င္းတို႕၏ ေရာင္းအားသည္ မ်ားစြာခက္ခဲမႈ႐ွိမည္ဟု ယူဆခဲ့၍ (ယခုအခ်ိန္အထိ) အထူးစိတ္အားထက္သန္စြာျဖင့္ ဖန္တီးျခင္းမ်ားမျပဳလုပ္ခဲ့။သို႕ေသာ္ BMW ၏ စီးပြားေရးေျခလွမ္းအသစ္တစ္ခု တိုးခ်ဲ႕ရန္အတြက္ (အေရအတြက္စုစုေပါင္း ၂၆ မ်ိဳး)အထိ ႐ွိမည့္ (M Version)မ်ားအား မၾကာမီႏွစ္မ်ားတြင္ ထုတ္လုပ္ရန္ စီစဥ္ခဲ့ပါသည္။
ကမာၻေက်ာ္ Auto Car ၏ အဆိုအရ BMW မွ ပံုမွန္ထုတ္လုပ္မည့္ Model Lineup အားလံုးတြင္ (M)သို႕မဟုတ္ (M- Performance) မ်ိဳးကြဲမ်ား ျဖည့္စြက္ထားမည္ျဖစ္ပါသည္။ (M2/M3/M4) တို႕သည္ ထင္႐ွားသည့္ (M- Performance)ကားမ်ားျဖစ္ၾကပါသည္။ BMW ၏ နာမည္ေက်ာ္ (X3/X4/X5/X6) SUVs မ်ားကိုလည္း M Version ျပဳလုပ္မည္ျဖစ္ပါသည္။ BMW အေနျဖင့္ ၄င္း၏ Model Line-up အားလံုးကို M Version ျပဳလုပ္မည္မဟုတ္ဘဲ (i3/i8)ကဲ့သို႕ (လွ်ပ္စစ္ကားမ်ား)ႏွင့္ မၾကာမီေရာင္းခ်မည့္ (Z4) ႏွင့္ (8 Series)တို႕အား M Version အေနျဖင့္ ထုတ္လုပ္မည္မဟုတ္ပါ။ BMW M Division ၏ ေခါင္းေဆာင္ျဖစ္သူ (Mr Frank Van Meel) အေနျဖင့္ BMW ၏ (M Version) ကားမ်ားအား တစ္ႏွစ္လွ်င္ အစင္းေရ(တစ္သိန္း)ေက်ာ္ခန္႕ ေရာင္းခ်ႏိုင္ရန္ ေမွ်ာ္မွန္းထားပါသည္။ BMW ၏ M Version သည္ စြမ္းေဆာင္ရည္ အဓိကဦးစားေပးျခင္းျဖစ္ၿပီး Mercedes – Benz ၏ AMG Version / Lexus ၏ F Version ႏွင့္ Audi ၏ S Version တို႕သည္လည္း ထိုကဲ့ သို႔ပင္ ျဖစ္ၾကပါသည္။