BMW သည် Mobility Services အတွက် မိတ်ဖက်အသစ်များ တိုးချဲ့လက်တွဲမည်

Frankfurt – BMW သည် ၎င်း၏ နာမည်ကျော်ဝန်ဆောင်မှုဖြစ်သည့် Mobility Services အတွက် ပူးပေါင်းလက်တွဲမည့် Partner အဖြင့် Daimler AG ကိုတွေ့ရှိကြောင်း BMW ၏ Chief Executive အသစ်မှ ပြောကြားလိုက်သည်။ အဆိုပါ အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွင် အနာဂတ်မိတ်ဖက်အသစ်များအတွက် ငွေကြေးရင်းနှီးမြုပ်နှံခြင်းများနှင့် Customer များကို ပို၍ ကျယ်ပြန့်စွာ ရွေးချယ်နိုင်ရန်တို့လည်း ပါဝင်မည်။ Brand ( ၂ ) ခု အနေဖြင့် Daimler ၏ ( Car Z Go Car – sharing ) နှင့် BMW ၏ Drive Now ၊ Park Now ၊ Charge Now business တို့အား ( ၅၀ / ၅၀ ) အကျိုးတူပူးပေါင်းဆောင်ရွက်ရန် သဘောတူထားပါသည်။ Mobility Services များတွင် – Car Sharing ၊ Parking ၊ လျှပ်စစ်ကားများအတွက် အားသွင်းခြင်းဝန်ဆောင်မှု စသည်တို့ပါဝင်မည်။ Mobility Services သည် မျက်မှောက်ခေတ်ပို့ဆောင်ရေးကဏ္ဍတွင် များစွာခေတ်မှီဆန်းသစ်သည့် ဝန်းဆောင်မှုဖြစ်ပြီး ထိုကဲ့သို့ ကမ္ဘာကျော် Brand ( ၂ ) ခု ပူးပေါင်း၍ ဆောင်ရွက်ခြင်းသည် သုံးစွဲသူများအပေါ် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here