Zawgyi Version…
BMW သည္ 1970 တြင္ မိတ္ဆက္ျပသခဲ့သည္႔ Garmisch အား ယခုအခါတစ္ဖန္ျပန္လည္ ဖန္တီး ထုတ္လုပ္မည္ျဖစ္ၿပီး မူလလက္ေဟာင္း BMW Garmisch Concept အား Morcello Gondini ဆိုသူမွ ဖန္တီးခဲ့ၿပီး ၎သည္ ( Lamborghini Miura / Countoch ) ၊ ( Lancia Stratos ) အပါအဝင္ ထင္ရွားသည့္ ကားမ်ားစြာ၏ Designer ျဖစ္ပါသည္။ ျပန္လည္ဖန္တီးထားသည့္ Garmisch တြင္ မူလ Model ၏ အသြင္အျပင္ အနည္းငယ္သာပါ၀င္မည္ျဖစ္ၿပီး အျဖဴႏွင့္ အမဲေရာင္မ်ားျဖင့္သာ အဓိက ထုတ္လုပ္ပါမည္။ BMW အေနျဖင့္ အီတလီ၏ ထင္ရွားလွသည့္ ဒီဇိုင္းနာျဖစ္သူ Mr Gandini အား ဂုဏ္ျပဳသည့္အေနျဖင့္ ထိုသို႔ ထုတ္လုပ္ျခင္းျဖစ္သည္။ BMW Garmish Model တြင္ BMW ၏ Kidney – Shape Grille Design အား ထူးျခားေပၚလြင္စြာ ဖန္တီးထားမည္ျဖစ္ၿပီး မွန္ျဖင့္ ဖုံးအုပ္ ထားသည့္ အေရွ႔မီးႀကီးမ်ား သည္ BMW ၏ ပုံမွန္ဖန္တီးမႈႏွင့္ ကြဲလြဲသည့္ ခံစားမႈကို ရရွိေစပါမည္။ အေနာက္ဖက္ျပတင္းေပါက္ မ်ားတြင္ ပ်ားအုံကြက္ဒီဇိုင္းသည္ Dandini ၏ မူပိုင္ဖန္တီးမႈကို ေဖၚထုတ္ ထားျခင္းျဖစ္ကာ ( 2002 Chassis ) ကို အသုံးျပဳထားပါမည္။ ထို႔အျပင္ ( Drawer – Like Glove box ) ၊ ကားအေနာက္ဖက္ အမိုးေဘးရွိေလ၀င္ေပါက္မ်ား စသည့္ မူလလက္ေဟာင္းပါ၀င္မႈ မ်ားကို Gramish တြင္ ထည့္သြင္းထားပါမည္။ Gramisch အမည္သည္ 1936 Winter Olympics ကုိ က်င္းပခဲ့သည့္ ဂ်ာမနီ၏ ႏွင္းေလွ်ာစီးေက်းရြား၏ အမည္ျဖစ္သည္။ RMW Garmisch ၏ အခ်ဳိ႔ အစိတ္အပိုင္းမ်ားအား 3D ေဆးေရာင္နည္းပညာျဖင့္ ဖန္တီးမည္ျဖစ္ေသာ္လည္း အမ်ားစုကို အီတလီႏိုင္ငံ ၊ Turin ၿမိဳ႔ရွိ ကၽြမ္းက်င္သည့္ လက္မႈပညာရွင္မ်ားမွ ဖန္တီးမည္ျဖစ္ၿပီး 1970 Garmisch Concept ကိုလည္း Turin ၿမိဳ႔မွာပင္ ျပဳလုပ္ဖန္တီးခဲ့ျခင္းျဖစ္သည္။

Unicode Version…

1970 တွင် Concept ထုတ်လုပ်ခဲ့သည့် Garmisch အား BMW မှ ပြန်လည်ဖန်တီးထုတ်လုပ်မည်
BMW သည် 1970 တွင် မိတ်ဆက်ပြသခဲ့သည့် Garmisch အား ယခုအခါတစ်ဖန်ပြန်လည် ဖန်တီး ထုတ်လုပ်မည်ဖြစ်ပြီး မူလလက်ဟောင်း BMW Garmisch Concept အား Morcello Gondini ဆိုသူမှ ဖန်တီးခဲ့ပြီး ၎င်းသည် ( Lamborghini Miura / Countoch ) ၊ ( Lancia Stratos ) အပါအဝင် ထင်ရှားသည့် ကားများစွာ၏ Designer ဖြစ်ပါသည်။ ပြန်လည်ဖန်တီးထားသည့် Garmisch တွင် မူလ Model ၏ အသွင်အပြင် အနည်းငယ်သာပါဝင်မည်ဖြစ်ပြီး အဖြူနှင့် အမဲရောင်များဖြင့်သာ အဓိက ထုတ်လုပ်ပါမည်။ BMW အနေဖြင့် အီတလီ၏ ထင်ရှားလှသည့် ဒီဇိုင်းနာဖြစ်သူ Mr Gandini အား ဂုဏ်ပြုသည့်အနေဖြင့် ထိုသို့ ထုတ်လုပ်ခြင်းဖြစ်သည်။ BMW Garmish Model တွင် BMW ၏ Kidney – Shape Grille Design အား ထူးခြားပေါ်လွင်စွာ ဖန်တီးထားမည်ဖြစ်ပြီး မှန်ဖြင့် ဖုံးအုပ် ထားသည့် အရှေ့မီးကြီးများ သည် BMW ၏ ပုံမှန်ဖန်တီးမှုနှင့် ကွဲလွဲသည့် ခံစားမှုကို ရရှိစေပါမည်။ အနောက်ဖက်ပြတင်းပေါက် များတွင် ပျားအုံကွက်ဒီဇိုင်းသည် Dandini ၏ မူပိုင်ဖန်တီးမှုကို ဖေါ်ထုတ် ထားခြင်းဖြစ်ကာ ( 2002 Chassis ) ကို အသုံးပြုထားပါမည်။ ထို့အပြင် ( Drawer – Like Glove box ) ၊ ကားအနောက်ဖက် အမိုးဘေးရှိလေဝင်ပေါက်များ စသည့် မူလလက်ဟောင်းပါဝင်မှု များကို Gramish တွင် ထည့်သွင်းထားပါမည်။ Gramisch အမည်သည် 1936 Winter Olympics ကို ကျင်းပခဲ့သည့် ဂျာမနီ၏ နှင်းလျှောစီးကျေးရွား၏ အမည်ဖြစ်သည်။ RMW Garmisch ၏ အချို့ အစိတ်အပိုင်းများအား 3D ဆေးရောင်နည်းပညာဖြင့် ဖန်တီးမည်ဖြစ်သော်လည်း အများစုကို အီတလီနိုင်ငံ ၊ Turin မြို့ရှိ ကျွမ်းကျင်သည့် လက်မှုပညာရှင်များမှ ဖန်တီးမည်ဖြစ်ပြီး 1970 Garmisch Concept ကိုလည်း Turin မြို့မှာပင် ပြုလုပ်ဖန်တီးခဲ့ခြင်းဖြစ်သည်။