BMW ၏ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သည့် Prestige Automobile သည် မနေ့က ကျင်းပခဲ့သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲ(Yangon International Motor Show)တွင် Luxury Sedan အမျိုးအစားဖြစ်သည့် The New BMW 7 Series ကို ပြည်တွင်းဈေးကွက်ထဲ စတင်မိတ်ဆက်သွားခဲ့သည်။
အသစ်မိတ်ဆက်လိုက်သည့် BMW The 7 Series သည် ခေတ်မီဆန်းသစ်သည့် နည်းပညာပိုင်း၊ သက်တောင့်သက်သာရှိသည့် Leather Seat များ နှင့် အပြင်ဘက်မှ ဆူညံသံကို လျှော့ချပေးနိုင်သည့် Acoustic Glazing ကို အသုံးပြုထားသောကြောင့် သာယာငြိမ့်ညောင်းစွာ စီးနင်းလိုက်ပါနိုင်မည်ဖြစ်သည်။
The new BMW 7 Series မော်ဒယ်သစ်ကို ကိုယ်ထည်ပုံစံနှစ်မျိုးဖြင့် ထုတ်လုပ်လျက်ရှိပြီး
The Long-wheel base 7 series ၏ အရှေ့နောက်ဝင်ရိုးသည် ပုံမှန် 7 Series ထက် (၁၄)မီတာ ပိုမိုထင်ရှားပြီး ယခင်မော်ဒယ်ထက် (၂၃)မီတာ ပိုမိုရှည်လျားလာသည်။
အနောက်ဘက်ပိုင်းမှာတော့ သုံးဘက်မြင်အနောက်မီးသီးများသည် ယခင်မော်ဒယ်ထက် (၃၅)မီလီမီတာ ပိုမိုသွယ်လျသွားမည်ဖြစ်ပြီး အိတ်ဇော်ပိုက်ပတ်လည်ကိုလည်း Chrome များဖြင့် အသစ်မွမ်းမံဖန်တီးထားသည်။
အတွင်းဘက်ပိုင်းမှာတော့ အသေးစိတ်ဖန်တီးထားသော် ဒီဇိုင်းလက်ရာများဖြင့် ဇိမ်ခံကားတစ်စီး၏ ပြည့်စုံမှုကို မြင်တွေ့ရမည်ဖြစ်ပြီး ဘက်စုံသုံးခလုတ်များနဲ့ Leather Steering Wheel ကို ဒီဇိုင်းသစ်ဖြင့် မြင်တွေ့ရမည်ဖြစ်သည်။
The new BMW 7 Series သည် အင်ဂျင်ပါဝါ ၁၉၈၈ စီစီ(Four-cylinder in-line petrol engine )ကို အသုံးပြုထားပြီး မြင်းကောင်ရေ 265 hp နှင့် ရုန်းအား 400 Nm ထိ ထွက်ရှိမည်ဖြစ်ကာ အမြန်ဆုံးအနေဖြင့် 250 km/h ထိ မောင်းနှင်နိုင်မည်ဖြစ်သည်။
The new BMW 7 Series ကို Prestige Automobile Showroom နှင့်ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲတွင် အသေးစိတ် သွားရောက်ကြည့်ရှုနိုင် စုံစမ်းနိုင်မည်ဖြစ်ပြီး Yangon Convention Center မှာ ကျင်းပနေသည့် The 2nd Yangon International Motor Show 2020 ကားပြပွဲအတွင်းမှာ သတ်မှတ်ထားသည့် နောက်ဆုံးပေါ် Brand New BMW Model များဖြစ်သည့် THE 5 နှင့် THE X2 မော်ဒယ်များကို (0% Down payment)တစ်လလျှင် သိန်း (၃၀) အရစ်ကျပေးသွင်းရုံဖြင့် ဝယ်ယူပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်းသိရသည်။
Yangon International Motor Show တွင် BMW The 7 Series ကို စတင်မိတ်ဆက်