Unicode version…
AWD စနစ်သုံး BMW X2 အား Detroit Auto Show တွင်ပြသခဲ့ပြီး လာမည့် မတ်လတွင် အမေရိကန်၌ စတင်ရောင်းချပါမည်။ ထိုနောက်လအနည်းငယ်အကြာ ၌ ရှေ့ဘီးယက်စနစ်သုံး BMW X2 အားဆက်လက်ရောင်း ချမည်ဖြစ်ပြီး BMW ၏ Mini Crossover အနီသက်များအတွက် အဓိကရည်ရွယ်ရောင်းချလုပ်ဖြစ်ပါသည်။ AWD X2 အား x Drive 28i ဟု၎င်း၊ ရှေ့ဘီးယက်စနစ် သုံး X2 အား s Drive 28i ဟု၎င်းခေါ်ဆိုပါသည်။ BMW X2 အား X1 Model ထက်ပို၍ Sporty ဘက်ကိုဇောင်းပေးဖန်တီးခဲ့ပြီး ကိုယ်ထည် အလျားသည်လည်း X1 Model ထက် (3.2 –inch ) ပို၍ တိုတောင်းပြီး Roofline သည်လည်း (2.8 – inch ) ခန့်နိမ့်ပါသည်။ အတွင်းခန်း ပါ၀င်မှုအများစုသည် X1 ၏ Cabin နှင့်တူညီမှု ရှိပါသည်။ BMW X2 တွင်အင်ဂျင်အနေဖြင့် (2.0 L Turbocharged I4 Engine ),(228 hp )၊ (258 lb –ft of Torque ) အင်ဂျင်နှင့် (8 – Speed Automatic Gear box ) တို့အား တပ်ဆင်ထားပါသည်။ BMW X1 နှင့် X2 တို့အား UKL Platform ကိုအခြေခံကာ ဖန်တီး ထားပါသည်။ X2 ၏ တံခါးလက်ကိုင်နေရာနှင့် Antenna ဒီတိုင်း များအား X 1 မှ ရယူထားပြီး အရှေ့ဖက် Grille နှင့်အခြားသော ဖန်တီးမှု များအား Modern BMW ၏ အနေအထားကို ထင်ဟပ် စေရန်ပြုလုပ်ထားပါသည်။ ၎င်း၏ စျေးနှုန်းများမှာ(US $ 38400 )မှစတင်မည် ဖြစ်ပြီး (M Sport X Pockage ) မှာ (US $ 43050 ) ဖြစ်ပါသည်။ အဆိုပါစျေးနှုန်းများသည် အမေရိကန် စျေးကွက်ရှိ BMW X2 ၏ စျေးနှုန်းများ ဖြစ်ပါသည်။ (M Sport X package ) တွင် (Sport Suspension )၊ (တောင့်တင်းခိုင်မာသော ဘေးဖက်ပြ တင်းတံခါးများ ) (19 – inch alloy wheel )၊ (Premium Trim Add – ons ) တို့ ပါ၀င်မည်ဖြစ်ပါသည်။
Zawgyi version…