Unicode version…
BMWသည် ၄င်း၏ (New Product) ဖြစ်သည့် (Concept X 7 I Performance) အား (Frankfurt) ကားပြပွဲတွင် စတင််မိတ်ဆက်ပြသလိုက်ပါသည်။ ၄င်းသည် (ခုံသုံးတန်း)ပါသည့် (Full Size Crossover) ဖြစ်ပြီး (BMW)၏ (SUV / MPV) များတွင်အရွယ်အကြီးဆုံးဖြစ်ပါသည်။ ၄င်းတွင် ဆန်းသစ်လှပသည့် ဒီဇိုင်းအသစ်၊ ပါ၀င်မှုအသစ်များစွာနှင့် စိတ်ဝင်စားဖွယ် နည်းပညာများစွာ စုံလင်စွာပါရှိ မည်ဖြစ်ပါသည်။ ၄င်းတွင် (BMW)၏ နာမည်ကျော် (Laser Light) အား (X – design)ပုံစံဖြင့် ဆန်းကြယ် စွာတွေ့မြင်ရမည်ဖြစ်ပါသည်။ အလားတူ အလွန်ကျစ်လစ်သည့် အရှေ့မီးပုံစံများ၊ လှပပြီး အလင်းစူးအား ကောင်းသည့်အနောက်ဖက် မီးတန်းအပါအဝင် များစွာသပ်ရပ်ပြေပြစ်သည့် ကိုယ်ထည်ဒီဇိုင်းကိုလည်း တွေ့မြင်ရပါမည်။
၄င်း၏ အတွင်းခန်းဒီဇိုင်းအား (BMW)၏ လက်ရှိ တွေ့မြင်နေကျဒီဇိုင်းအား အခြေခံကာ ခေတ်ဆန်မှုများစွာဖြင့် ဖန်တီးထားပါသည်။(Dashboard) ဒီဇိုင်းအား အရှေ့ဖက်သို့ စောင်းထားသည့် အတွက် ယာဉ်မောင်းအနေဖြင့် ခလုတ်များအား လွယ်ကူစွာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ (Instrument) အနေဖြင့် (Tech – y blue read – outs) စနစ်ပါ၀င်သည့် (12.3 inch Screen) ပါရှိမည်ဖြစ်ပါသည်။ ထို့အတူ ဒုတိယထိုင်ခုံများတွင် (Individual Touch screen Entertainment ) စနစ်ပါ၀င်မည် ဖြစ်ပါသည်။ ထိုင်ခုံများအား (Unique Diamond Quilting) ပုံစံချုပ်လုပ်ထားသည့် အဖြူရောင်နှင့် အညိုရောင်တန်ဖိုးမြင့်သားရေများဖြင့် ဖန်တီးထားပါမည်။ကားအတွင်းရှိ ခရီးသည်များအနေဖြင့် အမိုးတွင် မျက်နှာပြင်အပြည့် ဖြစ်သည့် (Full- length Glass Roof) အားခံစားရနိုင်ပါမည်။ (Concept X7) တွင် (740 e I Performance) နှင့် တူညီမှုရှိသည့် (Plug – in Hybrid Power train) ပါရှိမည်ဖြစ်ပြီး ၄င်း၏ (Total Output) သည် (322hp)၊ (369 lb-ft of torque) ဖြစ်ပါသည်။ (BMW Concept X 7 I Performance) အား (2018) တွင် (Production Model) အဖြစ် ထုတ်လုပ်မည်ဖြစ်ပြီး (Plug – in hybrid) အပြင် အခြားသော အင်ဂျင်စနစ်များလည်း ရရှိနိုင်မည် ဖြစ်ပါသည်။
Zawgyi version…