အမေရိကန် ၊ မီချီဂန် အခြေစိုက် Bollinger Motors သည် 2019 တွင် စတင်မိတ်ဆက်ခဲ့ သည့် B1 နှင့် B2 EV Model တို့၏ Production – bound Version များကို ယခုအခါ ပြသလိုက် ပါသည်။ B1 သည် SUV ဖြစ်ပြီး B2 သည် Pick-up ဖြစ်သည်။ Production အတွက် ရည်ရွယ် ထားသည့် Model များသည် ယခင် မိတ်ဆက်သည့် Model များနှင့် အများအားဖြင့် တူညီမည် ဖြစ်ကာ Bollinger သည် B1 , B2 တို့၏ Design နှင့် Style များကို Land Rover Defender ပုံဟောင်းထံမှ ခွဲဝေရယူခြင်း ဖြစ်သည်။ သို့သော် Bollinger ၏ ( Thermal Management Technology ) ကိုထည့်သွင်းပြီးကာ အပြင်ဖက်ဒီဇိုင်း အချို့ကိုလည်း ပြောင်းလဲထားပါသည်။ Geometry ပုံစံကျအောင် ဖန်တီးထားသည့် အပြင်ဖက်ဒီဇိုင်းတွင် ခန့်ထည်ပြီး ရိုးရှင်းသည့် Style ကိုလည်း ပေါင်းစပ်ထားပါသည်။ အတွင်းခန်းကိုမူ 2019 တွင် မိတ်ဆက်ခဲ့သည့်အတိုင်း ဖန်တီးမည်ဖြစ်သည်။ B1 နှင့် B2 တို့တွင် ( 614 hp ) Out-put ထွက်ရှိသည့် လျှပ်စစ် မော်တာ (၂)ခု ပါဝင်မည်ဖြစ်ပြီး Top Speed သည် ( 100 mph ) ဖြစ်သည်။ အမြင့်ဆုံး ဝန်တင်ဆောင်နိုင်မှုသည် ( 7500 lbs ) ဖြစ်သည်။ လျှပ်စစ် စွမ်းအင်အတွက် ( 200 miles of Driving Range ) ခန့်မှန်းရရှိနိုင်မည့် ( 120-kWh ) Lithium-ion Battery Pack ကို အသုံးပြုထားပါမည်။ Bollinger အနေဖြင့် B1 နှင့် B2 တို့၏ တန်ဖိုးအား ( USD 125,000 ) ခန့်မှ စတင်သတ်မှတ်မည်ဖြစ်ပြီး ကားများ၏ Towing ဆိုင်ရာဖြည့်စွက်မှု ၊ Function များထည့်သွင်းမှုတို့အပေါ် မူတည်၍ ဈေးနှုန်းများ ပြောင်းလဲနိုင်ပါမည်။ Bollinger ၏ B1 နှင့် B2 တို့သည် ( Class 3 Truck ) အမျိုးအစား စားရင်းဝင်ဖြစ်ပြီး Ford F-350 အရွယ်ခန့်ရှိ ပါမည်။ ထုတ်လုပ်တပ်ဆင်မှုအား 2021 တွင် စတင်မည်ဟု Bollinger မှ ပြောကြားပါသည်။