Zawgyi Version…
လက္ရွိ ၂၀၁၈ အတြင္းမွာ ျမန္မာျပည္ထဲကုိ Brand New အမ်ိဳးအစားအသစ္ေတြအမ်ားၾကီးဝင္ေရာက္ လာၾကလုိ႔ ေစ်းကြက္အတြင္းျပိဳင္ဆုိင္မွဳျပင္းထန္လာပါတယ္။ Middle Class မွာ ဂ်ပန္ Brand ေတြ၊ကုိရီးယား Brand ေတြသာမကဘဲ ေနာက္ပုိင္းႏွစ္ေတြမွာ ကားေလာကကုိမင္းမူလာၾကတဲ့ တရုတ္ကား Brand ေတြ၊ တရုတ္အေျခစုိက္ကားထုတ္လုပ္ေရးကုမၸဏီေတြပါ ဝင္ေရာက္လာၾကလုိ႔ Customer ေတြအတြက္ ေရြးခ်ယ္ ႏိုင္ခြင့္ပုိမုိမ်ားျပားလာခဲ့ပါတယ္။ ဒါေၾကာင့္ ဒီတစ္ခါ Test Drive လုပ္ဖုိ႔ရာအတြက္ ျမန္မာျပည္သူေတြနဲ႔ အတန္ ငယ္စိမ္းေနေသးတဲ့ Borgward နဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။ သူ႕ကားအေၾကာင္း မေျပာခင္ သူ႕ရဲ႕ ကုမၸဏီ အေၾကာင္းနည္းနည္းေျပာခ်င္ပါတယ္။ Germany ႏိုင္ငံ Bremen မွာ ၁၉၁၉ ကတည္းက Carl F. W. Borgward ကေနျပီးစတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္တုန္းက Premium အဆင့္ Coupe ကားေတြကုိ အဓိကထုတ္လုပ္ခဲ့ျပီး ေအာင္ျမင္မွဳေတြရရွိခဲ့ပါတယ္။ ဒါ့အျပင္ Sports racers ေတြကုိလည္း ထုတ္လုပ္ခဲ့ပါေသးတယ္။ ဒါေပမဲ့ 1961 ခုႏွစ္မွာ တုိးပြားလာတဲ့ျပိဳင္ဘက္ေတြေၾကာင့္ ေစ်းကြက္ထဲမွာ ရပ္ တည္ဖုိ႔ခက္ခဲခဲ့ျပီး ေဒဝါလီခံခဲ့ရသလုိ တည္ေထာင္သူ Carl F. W. Borgward လည္း ၂ ႏွစ္အၾကာမွာ ကြယ္လြန္သြားခဲ့ပါတယ္။ အဆင့္ျမင့္ နည္းပညာေတြကုိသယ္ေဆာင္လာခဲ့တဲ့ Borgward ကကားေလာကနဲ႔ အတန္ၾကာေဝးကြာခဲ့ရေပမယ့္ သူတုိ႔ရ႕ဲ Design Team ကေတာ့ ဂ်ာမန္နာမည္ၾကီးကားထုတ္လုပ္ေရးေတြရဲ႕ Design Assist အျဖစ္ဆက္လက္လုပ္ကုိင္ခဲ့ပါေသးတယ္။ ဒီလုိနဲ႔ 54 ႏွစ္ၾကာကားေလာကနဲ႔အဆက္ျပတ္ေနမွဳ ကုိ ၂၀၀၈ ခုႏွစ္ ေမလမွာ Borgward Group AG ကုိျပန္လည္တည္ေထာင္ျပီး အဆုံးသတ္ႏိုင္ခဲ့ပါတယ္။ ရုံးခ်ဳပ္ ကုိလည္း Stuttgart ျမဳိ႕ကုိေရႊ႕ေျပာင္းခဲ့ျပီး ဆန္းသစ္တီထြင္မွဳေတြအမ်ားအျပားျပဳလုပ္ႏုိင္ဖုိ႔အတြက္ ေငြေၾကး အင္အားၾကီးမားေအာင္ တရုတ္ကားထုတ္လုပ္ေရး Beiqi Foton Motor နဲ႔ ပူးေပါင္းခဲ့သလုိ တရုတ္ကုိ ပထမဆုံးကားေတြျဖန္႕ခ်ိခဲ့ပါတယ္။အဲဒီနည္းတူRussia, India, Brazil နဲ႔ Mexico တုိ႕ကုိလည္း ကား ေတြျဖန္႕ျဖဴးေရာင္းခ်ခဲ့ပါတယ္။ အနာဂတ္မွာလည္း ကမၻာအႏွ႔ံကုိ Borgward ကားေတြဆက္လက္ျဖန္႔ခ်ိဖုိ႔ Plan ေတြရွိေနသလုိ ျမန္မာျပည္ေစ်းကြက္မွာလည္း SKD စနစ္နဲ႔ျဖန္႕ဖုိ႔လည္း ၾကိဳးပမ္းေနတယ္လုိ႔ သိရပါတယ္။ လက္ရွိျပည္တြင္းေစ်းကြက္ကုိျဖန္႔ေနတဲ့ SUV Model ၃မ်ိဳးရွိျပီး BX5 , BX7, BX7 TS တုိ႔ျဖစ္ပါတယ္။ ကဲ…အခုေတာ့ BX7 TS ကုိစျပီး မိတ္ဆက္ေပးခ်င္ပါတယ္။

ရုပ္ထြက္ပုိင္း
Borgward က BX7 TS ရဲ႕အသြင္အျပင္က ျမင္သူတုိင္းရဲ႕မ်က္စိထဲမွာထူးျခားျပီးစြဲမက္ဖြယ္ျဖစ္ေစရမယ္လုိ႔ ဆုိထားတဲ့အတုိင္းပါပဲ။သူ႕ရဲ႕အားေကာင္းျပီး ဝင့္ၾကြားတဲ့ပ်ားအုံသ႑ာန္ေရွ႕ရွဲေတြနဲ႔ သားရဲတစ္ေကာင္ရဲ႕ မ်က္ လုံးပုံစံ HID Headlamps ေတြကေတာ္ေတာ္ေလးလုိက္ဖက္ညီလွပါတယ္။ ေနာက္ျပီးရွဲေတြအလယ္မွာ ခန္႕ ခန္႕ထည္ထည္ေနရာယူထားတဲ့ လုိဂုိရယ္၊ေအာက္ဘက္က ေလစုပ္ေပါက္ေတြရဲ႕ဒီဇုိင္းကလည္း ခန္႕ညား ေသ သပ္တဲ့ SUV တစ္စီးရဲ႕အသြင္မ်ိဳးေပါက္ဖုိ႔ ကူညီေပးထားျပန္ပါတယ္။ Day Lamps,Fog Lamps ေတြအျပင္ ေဘာ္ဒီအခ်ိဳးအဆစ္၊ေဖာင္းလုိင္းတည္ေဆာက္ပုံေတြအရလည္း ဒီကားကေလခြင္းအားေကာင္းမယ္ဆုိတာ အထူးေျပာစရာမလုိေတာ့ပါဘူး။ ေနာက္ျပီး လုိသလုိေခါက္ႏိုင္၊ခ်ိန္ညွိႏိုင္၊အပူေပးႏိုင္တဲ့အျပင္ ျပင္ပ ပေယာဂ ေၾကာင့္ မ်က္စိစူးရွမွဳကုိပါမရွိေအာင္ျပဳလုပ္ေပးထားတဲ့ Side Mirror ေတြအျပင္ ဒီကားရဲ႕မွန္ေတြက အပူနဲ႔UV ကုိကာကြယ္ေပးႏိုင္ဦးမွာျဖစ္ပါတယ္။ ေနာက္တစ္ခုက ၾကီးမားတဲ့ Panoramic Sunroof ,Remote နဲ႔ဖြင့္ပိတ္ ႏိုင္တဲ့ Power Tailgate စနစ္၊ ၁၈ လက္မအလိြဳင္းဝွီးေတြကုိအသုံးျပဳထားပါတယ္။

အတြင္းခန္း
တစ္ခ်ိန္ကအဆင့္ျမင့္ကားေတြကုိနည္းပညာျမင့္မားစြာထုတ္လုပ္ႏိုင္ခဲ့တဲ့ Borgward ဟာသူတုိ႔ရဲ႕ Trend ကုိဆက္ထိန္းတဲ့အေနနဲ႔ ဒီကားမွာလည္းစုံလင္တ့ဲနည္းပညာေတြကုိ ခ်ျပႏိုင္ခဲ့ပါတယ္။ ပထမဆုံး Driver ကုိ Information အျပည့္ေပးႏိုင္ဖုိ႔ရည္ရြယ္ျပီး 4.2 in ရွိတဲ့ဒုိင္ခြက္ကုိ ျမင္ကြင္းေကာင္းျပီး ေတာက္ပတဲ့ အေရာင္ အေသြးနဲ႔ Digital ပုံစံေဖာ္ျပေပးထားပါတယ္။ ေနာက္ျပီးေတာ့ Function ေတြကုိထိန္းခ်ဳပ္ႏိုင္ဖုိ႔အတြက္ 12.3 in Touch Screen ပါဝင္ျပီး Audio,Setting,Function,Android Auto ခ်ိတ္ဆက္မွဳ ေတြအျပင္ အသံနဲ႔ အမိန္႔ ေပးခုိင္းေစႏိုင္တဲ့ Intelligent Voice Control ပါထည့္သြင္းထားပါတယ္။ ေနာက္တစ္ခုက 3D Multifunction Steering Wheel စနစ္ ပါရွိျပီး Volume Control ေတြပါပါဝင္ပါတယ္။ ေနာက္ျပီး Hand Free ဖုန္းေျပာဆုိမွဳ၊ Bluetooth ခ်ိတ္ဆက္မွဳေတြသာမကဘဲ Cruise Control ခ်ိတ္ဆက္မွဳေတြ ပါျပဳလုပ္ႏိုင္ မွာျဖစ္ပါတယ္။ ေနာက္ျပီး အသစ္ ဖန္တီးမွဳအေနနဲ႔ဖုန္းနဲ႔ခ်ိတ္ဆက္ အသံုးျပဳနုိင္တဲ့ Borgward BX7 TS ရဲ႕ Connect App ဟာ ဆိုရင္ User ကား ကုိ အသံုးျပဳခဲ့တဲ့ ခရီးမိုင္ႏႈန္း ၊ Fuel Level နဲ႔ တာယာေလေပါင္ခ်ိန္ေတြ ကို မိုဘိုင္းဖုန္းရဲ႕ အက္ပလီ ေကးရွင္းထဲကေန လြယ္လင့္တကူ ၾကည့္ရႈ႕စစ္ေဆးႏုိင္တဲ့ စနစ္လည္း ပါဝင္ပါတယ္။ ဒါ့အျပင္ တံခါးအဖြင့္ အပိတ္ေတြ lock ခ်တာေတြ ကအစ အက္ပလီေကးရွင္းကေန ခိုင္းေစႏိုင္ၿပီး ကားကို ခိုးယူ ဖို႔ၾကိဳးစား ေနရင္ေတာင္မွာ Alarm ေပးႏိုင္တဲ့ စနစ္ပါရိွတဲ့ ကားနဲ႔ မိုဘိုင္း ခ်ိတ္ဆက္ထားတဲ့ Connect App တစ္ခုလည္းျဖစ္ပါတယ္။ Dual ဇုန္ Air Con စနစ္၊ေနာက္ Fan ေပါက္၊ ေနာက္ခုံတန္းအပူေပးစနစ္၊ ေနာက္ ခုံတန္း Armrest ေတြအျပင္ 60/40 ေခါက္သိမ္းႏိုင္ပါေသးတယ္။ ထုိင္ခုံေတြအားလုံးကုိ လည္သာ ေတြပဲသုံးထားျပီး Driver Seat က Memory ပါျပီး ၈မ်ိဳး လုိသလုိခ်ိန္ညွိႏိုင္သလုိ ေရွ႕ Passenger ကုိလည္း ၄ မ်ိဳးခ်ိန္ညိွႏိုင္မွာပါ။ ျပီးေတာ့ Massage နဲ႔အပူေပးစနစ္ကုိပါ ေရွ႕ ၂ ခုံမွထည့္ သြင္းေပးထားပါတယ္။ Borgward ရဲ႕နည္းပညာေနာက္ထပ္တစ္ခုကေတာ့ စတီယာရင္ေဘးမွာ Function ၁၀မ်ိဳးေျပာင္းလဲျပီး Touch Screen ကုိထိန္းခ်ဳပ္ႏိုင္တဲ့ Control Knob တစ္ခုပါဝင္တာပဲျဖစ္ပါတယ္။ ျပီးေတာ့ ဒီကားက Keyless Entry နဲ႔ Push Start စနစ္သုံးထားျပီး ေဖ်ာ္ေျဖေရးအတြက္လည္း Hi Fi Stereo System စပီကာ ၁၀ လုံး ထည့္သြင္းေပးထားပါေသးတယ္။

စြမ္းေဆာင္ရည္
BX7 TS မွာ 2.0T turbocharged direction injection petrol engine ကုိသုံးထားျပီး Bosch,FEV,IHI တုိ႔ရဲ႕နည္းပညာအေထာက္အပံ့လည္းပါဝင္ထားလုိ႔ ဆီစားႏွဳန္းအထူးသက္သာေစသလုိ အင္ဂ်င္ရဲ႕စြမ္းရည္နဲ႔ ေရရွည္အတြက္စိတ္ခ်ယုံၾကည္ရမွဳအျပည့္ရွိေစတယ္လုိ႔ Borgward ကဆုိထားပါတယ္။ စြမ္းအင္ထြက္ရွိမွဳ ကေတာ့ rpm 5500 ကုိျမင္းေကာင္ေရ 220 ေက်ာ္ထြက္တာဆုိေတာ့ Performance ကေျပာစရာ မရွိ ေအာင္ကုိေကာင္းပါလိမ့္မယ္။ ျပီးေတာ့ ေျမျပင္ကင္းလြတ္ပမာဏက 170 mm ရွိျပီးေတာ့ ျပည္တြင္း အတြက္ အဆင္ေျပေစေလာက္တဲ့ အေနအထားပါ။ Transmission စနစ္က 6 Speed Auto ျဖစ္ျပီး AWD စနစ္ျဖစ္ပါတယ္။

လုံျခဳံေရး
ဒီကားမွာ ဆန္းသစ္မွဳအေနနဲ႔ ေရွ႕ေနာက္ကုိ ၃၆၀ ဒီဂရီကင္မရာေတြပါျပီး Parking Assist လည္းထည့္ သြင္းေပးထားပါတယ္။ ဒါ့အျပင္ Blind Spot, EPB,ABS,EBD,BA,VSC,Tire Pressure Monitoring system, Auto Hold တုိ႔အပါအဝင္ ေလအိတ္ ၈ လုံးထည့္သြင္းေပးထားပါတယ္။

စမ္းသပ္ေမာင္းႏွင္ျခင္း
အရုိးသားဆုံးဝန္ခံရရင္ Borgward ကုိဒီကုိစျပီးမိတ္ဆက္ေတာ့မွ သတိမိျပီးေလ့လာျဖစ္ခဲ့တာပါ။ ဒါေၾကာင့္ သူ႕အေၾကာင္းဘာမွသိပ္မသိပါဘူး။ ေမာင္းၾကည့္ေတာ့မွ လက္ခံရေလာက္တဲ့ကားတစ္စီးဆုိတာ လက္သင့္ခံ မိပါတယ္။ ပထမဆုံး ဂီယာထုိးရတာအရမ္းညက္ေညာတယ္။ မဆုိးဘူး။ နည္းနည္းေလးနင္းၾကည့္လုိက္တာ ေတာင္ ခဏေလးနဲ႔ ခ်က္ခ်င္းကုိေျပးေတာ့တာပါပဲ။ အျမန္လမ္းလုိေနရာေတြမွာေတာ့ ဒီထက္ပုိစမ္းလုိ႔ေကာင္း ပါလိမ့္မယ္။ ျငိမ့္ေညာင္းမွဳရွိတယ္။ စတီယာရင္ထိန္းခ်ဳပ္ရတာမဆုိးဘူး။ ခ်က္ခ်င္းအထေတြလည္း ေကာင္း တယ္။ Safety စနစ္ေတြလည္းစုံေတာ့ ေမာင္းရတာ စိတ္ခ်ယုံၾကည္မွဳရွိတယ္။အၾကိဳက္ဆုံးက ကုိယ့္ကား ထဲ ကေန ေထာင့္ေပါင္းစုံကုိၾကည့္ရတာ သိပ္ျပီးေကာင္းတယ္။ အရြယ္ၾကီးတဲ့SUV ေမာင္းရတယ္လုိ႔ ေတာင္မ ထင္ ေတာ့ဘဲ ကားေလးေတြေမာင္းရတယ္ထင္ရေလာက္ေအာင္ကုိ ပုိင္ပုိင္ႏိုင္ႏို္င္ရွိတယ္။
ေစ်းႏွဳန္းႏွင့္ သုံးသပ္ခ်က္
ေစ်းမေျပာခင္စျပီး ၾကိဳက္တဲ့အခ်က္ေတြေျပာပါမယ္။ သမိုင္းမွတ္တမ္းေကာင္းေတြရရွိထားတဲ့ ကားထုတ္ လုပ္ေရးရဲ႕တစ္ေက်ာ့ျပန္ခရီးမွာ BX7 TS ကလုံးဝကုိ ေျပာစမွတ္ျဖစ္ေလာက္တဲ့နည္းပညာ၊ Performance နဲ႔ လွပမွဳေတြက ေျပာစရာမရွိဘူး။ ျပည္တြင္းမွာလူသိမ်ားလာဖုိ႔ပဲလုိပါတယ္။ အားနည္းခ်က္ေျပာပါဆုိရင္ HP 220 ေက်ာ္ေလာက္ထြက္တဲ့ကားကုိ Sporty ျဖစ္ေအာင္ Manual ေမာင္းႏွင္နဲ႔ Peddle Shift ေလး ထည့္ရင္ပုိေကာင္းႏိုင္သလုိ အဲကြန္းစနစ္က ေနာက္ကုိ Fan ေလာက္ထည့္မယ့္အစား Round ပုံစံလုပ္ရင္ပုိျပီး အႏုစိတ္ႏိုင္သြားမယ္ထင္ပါတယ္။ ကဲ…ေစ်းပဲက်န္ေတာ့တယ္ေနာ္။သူက ရန္ကုန္လုိင္စင္အပါကုိ USD 68,000 က်သင့္ပါလိမ့္မယ္။
Specification…
Engine – 2.0T turbocharged engine
Fuel – Petrol
Transmissions – 6 Speed Auto
Maximum Power – 221 HP/5500 rpm
Maximum Torque – 300Nm/2000-4500 rpm
Drivetrain – AWD

Unicode Version…

စတိုင်ကျတဲ့ရုပ်ထွက်၊စုံလင်တဲ့နည်းပညာ၊ Dynamic စွမ်းရည်တွေနဲ့ Borgward BX7 TS
လက်ရှိ ၂၀၁၈ အတွင်းမှာ မြန်မာပြည်ထဲကို Brand New အမျိုးအစားအသစ်တွေအများကြီးဝင်ရောက် လာကြလို့ ဈေးကွက်အတွင်းပြိုင်ဆိုင်မှုပြင်းထန်လာပါတယ်။ Middle Class မှာ ဂျပန် Brand တွေ၊ကိုရီးယား Brand တွေသာမကဘဲ နောက်ပိုင်းနှစ်တွေမှာ ကားလောကကိုမင်းမူလာကြတဲ့ တရုတ်ကား Brand တွေ၊ တရုတ်အခြေစိုက်ကားထုတ်လုပ်ရေးကုမ္ပဏီတွေပါ ဝင်ရောက်လာကြလို့ Customer တွေအတွက် ရွေးချယ် နိုင်ခွင့်ပိုမိုများပြားလာခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ခါ Test Drive လုပ်ဖို့ရာအတွက် မြန်မာပြည်သူတွေနဲ့ အတန် ငယ်စိမ်းနေသေးတဲ့ Borgward နဲ့မိတ်ဆက်ပေးချင်ပါတယ်။ သူ့ကားအကြောင်း မပြောခင် သူ့ရဲ့ ကုမ္ပဏီ အကြောင်းနည်းနည်းပြောချင်ပါတယ်။ Germany နိုင်ငံ Bremen မှာ ၁၉၁၉ ကတည်းက Carl F. W. Borgward ကနေပြီးစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက Premium အဆင့် Coupe ကားတွေကို အဓိကထုတ်လုပ်ခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ ဒါ့အပြင် Sports racers တွေကိုလည်း ထုတ်လုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ 1961 ခုနှစ်မှာ တိုးပွားလာတဲ့ပြိုင်ဘက်တွေကြောင့် ဈေးကွက်ထဲမှာ ရပ် တည်ဖို့ခက်ခဲခဲ့ပြီး ဒေဝါလီခံခဲ့ရသလို တည်ထောင်သူ Carl F. W. Borgward လည်း ၂ နှစ်အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အဆင့်မြင့် နည်းပညာတွေကိုသယ်ဆောင်လာခဲ့တဲ့ Borgward ကကားလောကနဲ့ အတန်ကြာဝေးကွာခဲ့ရပေမယ့် သူတို့ရဲ့ Design Team ကတော့ ဂျာမန်နာမည်ကြီးကားထုတ်လုပ်ရေးတွေရဲ့ Design Assist အဖြစ်ဆက်လက်လုပ်ကိုင်ခဲ့ပါသေးတယ်။ ဒီလိုနဲ့ 54 နှစ်ကြာကားလောကနဲ့အဆက်ပြတ်နေမှု ကို ၂၀၀၈ ခုနှစ် မေလမှာ Borgward Group AG ကိုပြန်လည်တည်ထောင်ပြီး အဆုံးသတ်နိုင်ခဲ့ပါတယ်။ ရုံးချုပ် ကိုလည်း Stuttgart မြို့ကိုရွှေ့ပြောင်းခဲ့ပြီး ဆန်းသစ်တီထွင်မှုတွေအများအပြားပြုလုပ်နိုင်ဖို့အတွက် ငွေကြေး အင်အားကြီးမားအောင် တရုတ်ကားထုတ်လုပ်ရေး Beiqi Foton Motor နဲ့ ပူးပေါင်းခဲ့သလို တရုတ်ကို ပထမဆုံးကားတွေဖြန့်ချိခဲ့ပါတယ်။အဲဒီနည်းတူRussia, India, Brazil နဲ့ Mexico တို့ကိုလည်း ကား တွေဖြန့်ဖြူးရောင်းချခဲ့ပါတယ်။ အနာဂတ်မှာလည်း ကမ္ဘာအနှံ့ကို Borgward ကားတွေဆက်လက်ဖြန့်ချိဖို့ Plan တွေရှိနေသလို မြန်မာပြည်ဈေးကွက်မှာလည်း SKD စနစ်နဲ့ဖြန့်ဖို့လည်း ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ လက်ရှိပြည်တွင်းဈေးကွက်ကိုဖြန့်နေတဲ့ SUV Model ၃မျိုးရှိပြီး BX5 , BX7, BX7 TS တို့ဖြစ်ပါတယ်။ ကဲ…အခုတော့ BX7 TS ကိုစပြီး မိတ်ဆက်ပေးချင်ပါတယ်။
ရုပ်ထွက်ပိုင်း
Borgward က BX7 TS ရဲ့အသွင်အပြင်က မြင်သူတိုင်းရဲ့မျက်စိထဲမှာထူးခြားပြီးစွဲမက်ဖွယ်ဖြစ်စေရမယ်လို့ ဆိုထားတဲ့အတိုင်းပါပဲ။သူ့ရဲ့အားကောင်းပြီး ဝင့်ကြွားတဲ့ပျားအုံသဏ္ဍာန်ရှေ့ရှဲတွေနဲ့ သားရဲတစ်ကောင်ရဲ့ မျက် လုံးပုံစံ HID Headlamps တွေကတော်တော်လေးလိုက်ဖက်ညီလှပါတယ်။ နောက်ပြီးရှဲတွေအလယ်မှာ ခန့် ခန့်ထည်ထည်နေရာယူထားတဲ့ လိုဂိုရယ်၊အောက်ဘက်က လေစုပ်ပေါက်တွေရဲ့ဒီဇိုင်းကလည်း ခန့်ညား သေ သပ်တဲ့ SUV တစ်စီးရဲ့အသွင်မျိုးပေါက်ဖို့ ကူညီပေးထားပြန်ပါတယ်။ Day Lamps,Fog Lamps တွေအပြင် ဘော်ဒီအချိုးအဆစ်၊ဖောင်းလိုင်းတည်ဆောက်ပုံတွေအရလည်း ဒီကားကလေခွင်းအားကောင်းမယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူး။ နောက်ပြီး လိုသလိုခေါက်နိုင်၊ချိန်ညှိနိုင်၊အပူပေးနိုင်တဲ့အပြင် ပြင်ပ ပယောဂ ကြောင့် မျက်စိစူးရှမှုကိုပါမရှိအောင်ပြုလုပ်ပေးထားတဲ့ Side Mirror တွေအပြင် ဒီကားရဲ့မှန်တွေက အပူနဲ့UV ကိုကာကွယ်ပေးနိုင်ဦးမှာဖြစ်ပါတယ်။ နောက်တစ်ခုက ကြီးမားတဲ့ Panoramic Sunroof ,Remote နဲ့ဖွင့်ပိတ် နိုင်တဲ့ Power Tailgate စနစ်၊ ၁၈ လက်မအလွိုင်းဝှီးတွေကိုအသုံးပြုထားပါတယ်။
အတွင်းခန်း
တစ်ချိန်ကအဆင့်မြင့်ကားတွေကိုနည်းပညာမြင့်မားစွာထုတ်လုပ်နိုင်ခဲ့တဲ့ Borgward ဟာသူတို့ရဲ့ Trend ကိုဆက်ထိန်းတဲ့အနေနဲ့ ဒီကားမှာလည်းစုံလင်တဲ့နည်းပညာတွေကို ချပြနိုင်ခဲ့ပါတယ်။ ပထမဆုံး Driver ကို Information အပြည့်ပေးနိုင်ဖို့ရည်ရွယ်ပြီး 4.2 in ရှိတဲ့ဒိုင်ခွက်ကို မြင်ကွင်းကောင်းပြီး တောက်ပတဲ့ အရောင် အသွေးနဲ့ Digital ပုံစံဖော်ပြပေးထားပါတယ်။ နောက်ပြီးတော့ Function တွေကိုထိန်းချုပ်နိုင်ဖို့အတွက် 12.3 in Touch Screen ပါဝင်ပြီး Audio,Setting,Function,Android Auto ချိတ်ဆက်မှု တွေအပြင် အသံနဲ့ အမိန့် ပေးခိုင်းစေနိုင်တဲ့ Intelligent Voice Control ပါထည့်သွင်းထားပါတယ်။ နောက်တစ်ခုက 3D Multifunction Steering Wheel စနစ် ပါရှိပြီး Volume Control တွေပါပါဝင်ပါတယ်။ နောက်ပြီး Hand Free ဖုန်းပြောဆိုမှု၊ Bluetooth ချိတ်ဆက်မှုတွေသာမကဘဲ Cruise Control ချိတ်ဆက်မှုတွေ ပါပြုလုပ်နိုင် မှာဖြစ်ပါတယ်။ နောက်ပြီး အသစ် ဖန်တီးမှုအနေနဲ့ဖုန်းနဲ့ချိတ်ဆက် အသုံးပြုနိုင်တဲ့ Borgward BX7 TS ရဲ့ Connect App ဟာ ဆိုရင် User ကား ကို အသုံးပြုခဲ့တဲ့ ခရီးမိုင်နှုန်း ၊ Fuel Level နဲ့ တာယာလေပေါင်ချိန်တွေ ကို မိုဘိုင်းဖုန်းရဲ့ အက်ပလီ ကေးရှင်းထဲကနေ လွယ်လင့်တကူ ကြည့်ရှု့စစ်ဆေးနိုင်တဲ့ စနစ်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် တံခါးအဖွင့် အပိတ်တွေ lock ချတာတွေ ကအစ အက်ပလီကေးရှင်းကနေ ခိုင်းစေနိုင်ပြီး ကားကို ခိုးယူ ဖို့ကြိုးစား နေရင်တောင်မှာ Alarm ပေးနိုင်တဲ့ စနစ်ပါရှိတဲ့ ကားနဲ့ မိုဘိုင်း ချိတ်ဆက်ထားတဲ့ Connect App တစ်ခုလည်းဖြစ်ပါတယ်။ Dual ဇုန် Air Con စနစ်၊နောက် Fan ပေါက်၊ နောက်ခုံတန်းအပူပေးစနစ်၊ နောက် ခုံတန်း Armrest တွေအပြင် 60/40 ခေါက်သိမ်းနိုင်ပါသေးတယ်။ ထိုင်ခုံတွေအားလုံးကို လည်သာ တွေပဲသုံးထားပြီး Driver Seat က Memory ပါပြီး ၈မျိုး လိုသလိုချိန်ညှိနိုင်သလို ရှေ့ Passenger ကိုလည်း ၄ မျိုးချိန်ညှိနိုင်မှာပါ။ ပြီးတော့ Massage နဲ့အပူပေးစနစ်ကိုပါ ရှေ့ ၂ ခုံမှထည့် သွင်းပေးထားပါတယ်။ Borgward ရဲ့နည်းပညာနောက်ထပ်တစ်ခုကတော့ စတီယာရင်ဘေးမှာ Function ၁၀မျိုးပြောင်းလဲပြီး Touch Screen ကိုထိန်းချုပ်နိုင်တဲ့ Control Knob တစ်ခုပါဝင်တာပဲဖြစ်ပါတယ်။ ပြီးတော့ ဒီကားက Keyless Entry နဲ့ Push Start စနစ်သုံးထားပြီး ဖျော်ဖြေရေးအတွက်လည်း Hi Fi Stereo System စပီကာ ၁၀ လုံး ထည့်သွင်းပေးထားပါသေးတယ်။
စွမ်းဆောင်ရည်
BX7 TS မှာ 2.0T turbocharged direction injection petrol engine ကိုသုံးထားပြီး Bosch,FEV,IHI တို့ရဲ့နည်းပညာအထောက်အပံ့လည်းပါဝင်ထားလို့ ဆီစားနှုန်းအထူးသက်သာစေသလို အင်ဂျင်ရဲ့စွမ်းရည်နဲ့ ရေရှည်အတွက်စိတ်ချယုံကြည်ရမှုအပြည့်ရှိစေတယ်လို့ Borgward ကဆိုထားပါတယ်။ စွမ်းအင်ထွက်ရှိမှု ကတော့ rpm 5500 ကိုမြင်းကောင်ရေ 220 ကျော်ထွက်တာဆိုတော့ Performance ကပြောစရာ မရှိ အောင်ကိုကောင်းပါလိမ့်မယ်။ ပြီးတော့ မြေပြင်ကင်းလွတ်ပမာဏက 170 mm ရှိပြီးတော့ ပြည်တွင်း အတွက် အဆင်ပြေစေလောက်တဲ့ အနေအထားပါ။ Transmission စနစ်က 6 Speed Auto ဖြစ်ပြီး AWD စနစ်ဖြစ်ပါတယ်။

လုံခြုံရေး
ဒီကားမှာ ဆန်းသစ်မှုအနေနဲ့ ရှေ့နောက်ကို ၃၆၀ ဒီဂရီကင်မရာတွေပါပြီး Parking Assist လည်းထည့် သွင်းပေးထားပါတယ်။ ဒါ့အပြင် Blind Spot, EPB,ABS,EBD,BA,VSC,Tire Pressure Monitoring system, Auto Hold တို့အပါအဝင် လေအိတ် ၈ လုံးထည့်သွင်းပေးထားပါတယ်။

စမ်းသပ်မောင်းနှင်ခြင်း
အရိုးသားဆုံးဝန်ခံရရင် Borgward ကိုဒီကိုစပြီးမိတ်ဆက်တော့မှ သတိမိပြီးလေ့လာဖြစ်ခဲ့တာပါ။ ဒါကြောင့် သူ့အကြောင်းဘာမှသိပ်မသိပါဘူး။ မောင်းကြည့်တော့မှ လက်ခံရလောက်တဲ့ကားတစ်စီးဆိုတာ လက်သင့်ခံ မိပါတယ်။ ပထမဆုံး ဂီယာထိုးရတာအရမ်းညက်ညောတယ်။ မဆိုးဘူး။ နည်းနည်းလေးနင်းကြည့်လိုက်တာ တောင် ခဏလေးနဲ့ ချက်ချင်းကိုပြေးတော့တာပါပဲ။ အမြန်လမ်းလိုနေရာတွေမှာတော့ ဒီထက်ပိုစမ်းလို့ကောင်း ပါလိမ့်မယ်။ ငြိမ့်ညောင်းမှုရှိတယ်။ စတီယာရင်ထိန်းချုပ်ရတာမဆိုးဘူး။ ချက်ချင်းအထတွေလည်း ကောင်း တယ်။ Safety စနစ်တွေလည်းစုံတော့ မောင်းရတာ စိတ်ချယုံကြည်မှုရှိတယ်။အကြိုက်ဆုံးက ကိုယ့်ကား ထဲ ကနေ ထောင့်ပေါင်းစုံကိုကြည့်ရတာ သိပ်ပြီးကောင်းတယ်။ အရွယ်ကြီးတဲ့SUV မောင်းရတယ်လို့ တောင်မ ထင် တော့ဘဲ ကားလေးတွေမောင်းရတယ်ထင်ရလောက်အောင်ကို ပိုင်ပိုင်နိုင်နိုင်ရှိတယ်။
ဈေးနှုန်းနှင့် သုံးသပ်ချက်
ဈေးမပြောခင်စပြီး ကြိုက်တဲ့အချက်တွေပြောပါမယ်။ သမိုင်းမှတ်တမ်းကောင်းတွေရရှိထားတဲ့ ကားထုတ် လုပ်ရေးရဲ့တစ်ကျော့ပြန်ခရီးမှာ BX7 TS ကလုံးဝကို ပြောစမှတ်ဖြစ်လောက်တဲ့နည်းပညာ၊ Performance နဲ့ လှပမှုတွေက ပြောစရာမရှိဘူး။ ပြည်တွင်းမှာလူသိများလာဖို့ပဲလိုပါတယ်။ အားနည်းချက်ပြောပါဆိုရင် HP 220 ကျော်လောက်ထွက်တဲ့ကားကို Sporty ဖြစ်အောင် Manual မောင်းနှင်မှုနဲ့ Peddle Shift လေး ထည့်ရင်ပိုကောင်းနိုင်သလို အဲကွန်းစနစ်က နောက်ကို Fan လောက်ထည့်မယ့်အစား Round ပုံစံလုပ်ရင်ပိုပြီး အနုစိတ်နိုင်သွားမယ်ထင်ပါတယ်။ ကဲ…ဈေးပဲကျန်တော့တယ်နော်။သူက ရန်ကုန်လိုင်စင်အပါကို USD 68,000 ကျသင့်ပါလိမ့်မယ်။

ဈေးမပြောခင်စပြီး ကြိုက်တဲ့အချက်တွေပြောပါမယ်။ သမိုင်းမှတ်တမ်းကောင်းတွေရရှိထားတဲ့ ကားထုတ် လုပ်ရေးရဲ့တစ်ကျော့ပြန်ခရီးမှာ BX7 TS ကလုံးဝကို ပြောစမှတ်ဖြစ်လောက်တဲ့နည်းပညာ၊ Performance နဲ့ လှပမှုတွေက ပြောစရာမရှိဘူး။ ပြည်တွင်းမှာလူသိများလာဖို့ပဲလိုပါတယ်။ အားနည်းချက်ပြောပါဆိုရင် HP 220 ကျော်လောက်ထွက်တဲ့ကားကို Sporty ဖြစ်အောင် Manual မောင်းနှင်နဲ့ Peddle Shift လေး ထည့်ရင်ပိုကောင်းနိုင်သလို အဲကွန်းစနစ်က နောက်ကို Fan လောက်ထည့်မယ့်အစား Round ပုံစံလုပ်ရင်ပိုပြီး အနုစိတ်နိုင်သွားမယ်ထင်ပါတယ်။ ကဲ…ဈေးပဲကျန်တော့တယ်နော်။သူက ရန်ကုန်လိုင်စင်အပါကို USD 68,000 ကျသင့်ပါလိမ့်မယ်။
Specification…
Engine – 2.0T turbocharged engine
Fuel – Petrol
Transmissions – 6 Speed Auto
Maximum Power – 221 HP/5500 rpm
Maximum Torque – 300Nm/2000-4500 rpm
Drivetrain – AWD