Unicode Version…
၁၉၁၉ ခုနှစ်ကတည်းက ဂျာမနီနိုင်ငံ၊ဘာလင်မြို့တွင် အခြေစိုက်ထုတ်လုပ်ခဲ့သော Borgward ကုမ္ပဏီမှ SUV မော်ဒယ် ၃ မျိုးကို မြန်မာပြည်တွင်းသို့ တင်သွင်းရောင်းချနေပြီဖြစ်ပြီး လာမည့်နှစ်အစောပိုင်းတွင် SKD စနစ်ဖြင့်ထုတ်လုပ်ဖြန့်ဖြူး သွားမည်ဟုလည်းသိရသည်။ Borgward မှလက်ရှိတင်သွင်းရောင်းချပေးနေသော မော်ဒယ်များမှာ BX7,BX7 TS,BX5 တို့ဖြစ်ကြပြီး BX5 မှာ ၅ ယောက်စီးဖြစ်ကာ BX7,BX7 TS တို့မှာမူ ၇ ယောက်စီးမော်ဒယ်များဖြစ်ကြသည်။ ထို့အပြင် Optional အနေဖြင့်လည်း BX7,BX7 TS ကို ၅ယောက်စီးအဖြစ်မှာယူနိုင်ကြောင်းလည်း သိရသည်။ BX7 တွင် 2.0L GDI Turbo engine ကို အော်တိုဂီယာ ၆ ချက်နှင့်ထုတ်လုပ်ထားသည်။ ၎င်း၏စွမ်းအင်ထွက်ရှိမှုမှာ 224 HP နှင့် ရုန်းအားမှာ 300 Nm ဖြစ်သည်။ ယင်းကားတွင် အဆင့်မြင့်မီးတင်မီးချစနစ်ပါမီးကြီးစနစ်၊ လည်သာထိုင်ခုံများ၊ ဇုန်အဲကွန်းစနစ်၊ Round အဲကွန်း၊ မော်တာနှင့်ချိန်ညှိနိုင်သော ရှေ့ထိုင်ခုံများ၊ 12.3 inch Touch Screen စနစ်၊ Power Liftgate,Sunroof,Apple Carplay,Android Auto စသည်တို့အပြင် Blind Spot,EPB,ABS,EBD,BA,VSC, ပတ်လည်လေအိတ်စနစ် စသည့်လုံခြုံ ရေးစနစ်များဖြင့်ဖွဲ့စည်းပေးထားသည်။ BX5 တွင်မူ 1.4L GDI Turbo engine ကို အော်တိုဂီယာ ၆ ချက်နှင့်ထုတ် လုပ်ထားသည်။ ၎င်း၏ Features များမှာ BX 7 နှင့်အနည်းငယ်ဆင်တူသော်လည်း BX 7 ထက်အနည်းငယ် လျော့ နည်းမည်ဖြစ်သည်။ Borgward ၏မြန်မာပြည်ကိုယ်စားလှယ် Go Excellent Myanmar Co,.Ltd ၏ ဒါရိုက်တာ ဦးအောင် မိုးထွန်းက “ မြန်မာနိုင်ငံက သုံးစွဲသူများအနေနဲ့ မော်တော်ယာဉ်အမျိုးအစားအကြောင်းတွေကို သိကြပြီး သားဖြစ်မှာပါ။ ခေတ်မီကျော့ရှင်းတဲ့ SUV Model တွေနဲ့အတူ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ သုံးစွဲသူအခိုင် အမာရရှိမယ်လို့ ကျွန် တော်တို့ ယုံကြည်ပါတယ်” ဟုဆိုသည်။ BX5 ၏ဈေးနှုန်းမှာ USD 36,900 , BX7 မှာ USD 48,800 နှင့် BX7 TS မှာ USD 68,000 ဖြင့်အသီးသီးရောင်းချပေးလျက်ရှိပါသည်။

Zawgyi Version…

ထုတ္လုပ္မွဳသက္တမ္းႏွစ္ ၁၀၀ နီးပါးရွိသည့္ ဂ်ာမနီကားထုတ္လုပ္ေရး Borgward မွ ျပည္တြင္းသုိ႔ SUV ေမာ္ဒယ္ ၃ မ်ိဳးတင္သြင္းေရာင္းခ်
၁၉၁၉ ခုႏွစ္ကတည္းက ဂ်ာမနီႏိုင္ငံ၊ဘာလင္ျမိဳ႕တြင္ အေျခစုိက္ထုတ္လုပ္ခဲ့ေသာ Borgward ကုမၸဏီမွ SUV ေမာ္ဒယ္ ၃ မ်ိဳးကုိ ျမန္မာျပည္တြင္းသုိ႔ တင္သြင္းေရာင္းခ်ေနျပီျဖစ္ျပီး လာမည့္ႏွစ္အေစာပုိင္းတြင္ SKD စနစ္ျဖင့္ထုတ္လုပ္ျဖန္႕ျဖဴး သြားမည္ဟုလည္းသိရသည္။ Borgward မွလက္ရွိတင္သြင္းေရာင္းခ်ေပးေနေသာ ေမာ္ဒယ္မ်ားမွာ BX7,BX7 TS,BX5 တုိ႕ျဖစ္ၾကျပီး BX5 မွာ ၅ ေယာက္စီးျဖစ္ကာ BX7,BX7 TS တုိ႔မွာမူ ၇ ေယာက္စီးေမာ္ဒယ္မ်ားျဖစ္ၾကသည္။ ထုိ႔အျပင္ Optional အေနျဖင့္လည္း BX7,BX7 TS ကုိ ၅ေယာက္စီးအျဖစ္မွာယူႏိုင္ေၾကာင္းလည္း သိရသည္။ BX7 တြင္ 2.0L GDI Turbo engine ကုိ ေအာ္တုိဂီယာ ၆ ခ်က္ႏွင့္ထုတ္လုပ္ထားသည္။ ၎၏စြမ္းအင္ထြက္ရွိမွဳမွာ 224 HP ႏွင့္ ရုန္းအားမွာ 300 Nm ျဖစ္သည္။ ယင္းကားတြင္ အဆင့္ျမင့္မီးတင္မီးခ်စနစ္ပါမီးၾကီးစနစ္၊ လည္သာထုိင္ခုံမ်ား၊ ဇုန္အဲကြန္းစနစ္၊ Round အဲကြန္း၊ ေမာ္တာႏွင့္ခ်ိန္ညွိႏိုင္ေသာ ေရွ႕ထုိင္ခုံမ်ား၊ 12.3 inch Touch Screen စနစ္၊ Power Liftgate,Sunroof,Apple Carplay,Android Auto စသည္တုိ႔အျပင္ Blind Spot,EPB,ABS,EBD,BA,VSC, ပတ္လည္ေလအိတ္စနစ္ စသည့္လုံျခဳံ ေရးစနစ္မ်ားျဖင့္ဖြဲ႕စည္းေပးထားသည္။ BX5 တြင္မူ 1.4L GDI Turbo engine ကုိ ေအာ္တုိဂီယာ ၆ ခ်က္ႏွင့္ထုတ္ လုပ္ထားသည္။ ၎၏ Features မ်ားမွာ BX 7 ႏွင့္အနည္းငယ္ဆင္တူေသာ္လည္း BX 7 ထက္အနည္းငယ္ ေလ်ာ့ နည္းမည္ျဖစ္သည္။ Borgward ၏ျမန္မာျပည္ကုိယ္စားလွယ္ Go Excellent Myanmar Co,.Ltd ၏ ဒါရုိက္တာ ဦးေအာင္ မုိးထြန္းက “ ျမန္မာႏိုင္ငံက သုံးစြဲသူမ်ားအေနနဲ႔ ေမာ္ေတာ္ယာဥ္အမ်ိဳးအစားအေၾကာင္းေတြကုိ သိၾကျပီး သားျဖစ္မွာပါ။ ေခတ္မီေက်ာ့ရွင္းတဲ့ SUV Model ေတြနဲ႔အတူ လာမယ့္ႏွစ္အနည္းငယ္အတြင္းမွာ သုံးစြဲသူအခုိင္ အမာရရွိမယ္လုိ႔ ကြ်န္ ေတာ္တုိ႔ ယုံၾကည္ပါတယ္” ဟုဆုိသည္။ BX5 ၏ေစ်းႏွဳန္းမွာ USD 36,900 , BX7 မွာ USD 48,800 ႏွင့္ BX7 TS မွာ USD 68,000 ျဖင့္အသီးသီးေရာင္းခ်ေပးလ်က္ရွိပါသည္။