Unicode  version….

ကမ္ဘာလုံးဆိုုင်ရာ နည်းပညာနှင့်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည့် ထိပ်တန်း အဖွဲ့အစည်းတစ်ခုဖြစ်သော Bosch မှ မြန်မာနိုင်ငံတွင် လမ်းနှင့်ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ချက်များအား စဉ်ဆက်မပြတ် စိတ်အားထက်သန်စွာလုပ်ဆောင်နေသည့်အလျောက် #SafeRoadSafeKids လှုပ်ရှားဆောင်ရွက်မှု အသစ်အား မိတ်ဆက်လိုက်ပါသည်။

#SafeRoadSafeKids လှုပ်ရှားဆောင်ရွက်မှုသည် မြန်မာနိုင်ငံတွင် Bosch ၏ လမ်းနှင့်ယာဉ်အန္တရာယ်ကင်း ရှင်းရေး ဆောင်ရွက်မှု၏ ဒုတိယခြေလှမ်းတစ်ခုဖြစ်ပြီး ပဏာမလုပ်ဆောင်ချက်ဖြစ်သည့် “Beauty Beneath” ကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ပြုလုပ်ခဲ့ပါသည်။ ယခုလှုပ်ရှားဆောင်ရွက်မှုသည် မြန်မာနိုင်ငံတွင် အထူးသဖြင့် ယာဉ်မတော်တဆမှုနှင့် သေဆုံးမှုအမြင့်ဆုံးဖြစ်သည့် ရန်ကုန်မြို့တွင် လမ်းနှင့်ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့် ပူပေါင်းပါဝင်ဆောင်ရွက်မှုမြင့်မားလာစေရန်ဆိုသည့် ကုမ္ပဏီ၏ ရည်မှန်းချက်များထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

လူငယ်အနုပညာရှင် အာကာကျော်နှင့် ပူးပေါင်းဆောင်ရွက်၍ စမ်းချောင်းမြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှ မီတာ ၅၀ အကွာရှိ မဟာမြိုင်လမ်းမပေါ်တွင် အနုပညာဖန်တီးမှုတစ်ခုကို ပုံဖော်ခဲ့ပါသည်။ အဆိုပါအနုပညာဖန်တီးမှုကို ထင်ထင်ရှားရှား၊ တောက်တောက်ပပအရောင်များဖြင့် 3D ရုပ်လုံးကြွပုံစံဖန်တီးထားပြီး သတိပေးချက်စာသားကို ယာဉ်မောင်းသူများအနေဖြင့် အလွယ်တကူဖတ်ရှုနို်င်စေရန်အတွက် အောက်မှအထက်သို့ ရေးသားထားပါသည်။ ထို့အပြင် ရောင်ပြန်ဆေးကိုသုံးထားသည့်အတွက် ယာဉ်မောင်များအနေဖြင့် အဆိုပါသတိပေးချက် စာသားများကို ညအချိန်တွင်ပါမြင်နိုင်မည်ဖြစ်ပြီး ယာဉ်မောင်းနေစဉ်အချိန်တိုင်းတွင် သတိရှိနေစေမည်ဖြစ်သည်။

လူမှုအကျိုးပြုအဖွဲ့ဝင်များ၊ အစိုးရတာဝန်ရှိသူများနှင့်အတူ ရုပ်ရှင်သရုပ်ဆောင် အေးဝတ်ရည်သောင်းမှလည်း လမ်းပေါ်အနုပညာဖန်တီးမှုအစီအစဉ်တွင် အတူတကွပူးပေါင်းပါဝင်ခဲ့ပါသည်။Bosch သည် ပိုမိုလုံခြုံစိတ်ချရသည့်လမ်းများမှတဆင့် လူတို့အားအသက်ဘေးအန္တရာယ်မှကာကွယ်ပေးရန် စိတ်အားထက်သန်လျက်ရှိပါသည်။၂၀၁၂ ခုနှစ် မြန်မာနိုင်ငံပွင့်လင်းလာသည့်အချိန်မှစ၍ နိုင်ငံအတွင်း မော်တော်ယာဉ်များပိုမိုများပြားလာပြီး တိုင်းပြည်သည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။ ၎င်းသည် တိုးတက်လာခြင်း၏ လက္ခဏာတစ်ခုဖြစ်သော်လည်း လမ်းနှင့်ယာဉ်အန္တရာယ်များသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့၏အဆိုအရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် စတုတ္ထမြောက် အသက်ဆုံးရှုံးမှုအဖြစ်ပွားဆုံးသော နိုင်ငံတစ်ခုဖြစ်သည်။ ၂၀၁၆ ခုနှစ် တစ်နှစ်တည်းတွင် ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးမှုပေါင်း ၄၆၈၈ ခုရှိပြီး ၆၀% သည် လမ်းသွားလမ်းလာများနှင့် မော်တော်ဆိုင်ကယ်စီးသူများဖြစ်ကြသည်။ အာရှဖွံ့ဖြိုးရေးဘဏ်၏ လေ့လာတွေ့ရှိချက်အရ အကယ်၍အခြေအနေများသည်တိုးတက်ပြောင်းလဲမှုမရှိပါက လာမည့် ၂၀၂၅ ခုနှစ်ရောက်သည့်အခါ တစ်နှစ်လျှင် သေဆုံးမှုပေါင်း ၁၅၀၀၀ အထိရှိလာနိုင်သည််ဟု ခန့်မှန်းထားပါသည်။

Zawgyi version…

ကမၻာလံုးဆိုုင္ရာ နည္းပညာႏွင့္ဝန္ေဆာင္မႈလုပ္ငန္းမ်ား လုပ္ကိုင္ေဆာင္ရြက္ေနသည့္ ထိပ္တန္း အဖဲြ႔အစည္းတစ္ခုျဖစ္ေသာ Bosch မွ ျမန္မာႏုိင္ငံတြင္ လမ္းႏွင့္ယာဥ္အႏၱရာယ္ကင္းရွင္းေရးေဆာင္ရြက္ခ်က္မ်ားအား စဥ္ဆက္မျပတ္ စိတ္အားထက္သန္စြာလုပ္ေဆာင္ေနသည့္အေလ်ာက္ #SafeRoadSafeKids လႈပ္ရွားေဆာင္ရြက္မႈ အသစ္အား မိတ္ဆက္လုိက္ပါသည္။

#SafeRoadSafeKids လႈပ္ရွားေဆာင္ရြက္မႈသည္ ျမန္မာႏိုင္ငံတြင္ Bosch ၏ လမ္းႏွင့္ယာဥ္အႏၱရာယ္ကင္း ရွင္းေရး ေဆာင္ရြက္မႈ၏ ဒုတိယေျခလွမ္းတစ္ခုျဖစ္ျပီး ပဏာမလုပ္ေဆာင္ခ်က္ျဖစ္သည့္ “Beauty Beneath” ကို ၂၀၁၇ ခုႏွစ္ ဇူလိုင္လတြင္ ျပဳလုပ္ခဲ့ပါသည္။ ယခုလႈပ္ရွားေဆာင္ရြက္မႈသည္ ျမန္မာႏုိင္ငံတြင္ အထူးသျဖင့္ ယာဥ္မေတာ္တဆမႈႏွင့္ ေသဆံုးမႈအျမင့္ဆံုးျဖစ္သည့္ ရန္ကုန္ျမိဳ႕တြင္ လမ္းႏွင့္ယာဥ္အႏၱရာယ္ကင္းရွင္းေရး အသိပညာေပးျခင္းႏွင့္ ပူေပါင္းပါဝင္ေဆာင္ရြက္မႈျမင့္မားလာေစရန္ဆုိသည့္ ကုမဏီ၏ ရည္မွန္းခ်က္မ်ားထဲမွ တစ္စိတ္တစ္ပိုင္းျဖစ္သည္။

လူငယ္အႏုပညာရွင္ အာကာေက်ာ္ႏွင့္ ပူးေပါင္းေဆာင္ရြက္၍ စမ္းေခ်ာင္းျမိဳ႕နယ္၊ အမွတ္ (၂) အေျခခံပညာ အထက္တန္းေက်ာင္းမွ မီတာ ၅၀ အကြာရွိ မဟာျမိဳင္လမ္းမေပၚတြင္ အႏုပညာဖန္တီးမႈတစ္ခုကို ပံုေဖာ္ခဲ့ပါသည္။  အဆိုပါအႏုပညာဖန္တီးမႈကို ထင္ထင္ရွားရွား၊ ေတာက္ေတာက္ပပအေရာင္မ်ားျဖင့္ 3D ရုပ္လံုးၾကြပံုစံဖန္တီးထားျပီး သတိေပးခ်က္စာသားကို ယာဥ္ေမာင္းသူမ်ားအေနျဖင့္ အလြယ္တကူဖတ္ရႈႏို္င္ေစရန္အတြက္ ေအာက္မွအထက္သို႔ ေရးသားထားပါသည္။ ထို႔အျပင္ ေရာင္ျပန္ေဆးကိုသံုးထားသည့္အတြက္ ယာဥ္ေမာင္မ်ားအေနျဖင့္ အဆုိပါသတိေပးခ်က္ စာသားမ်ားကို ညအခ်ိန္တြင္ပါျမင္ႏိုင္မည္ျဖစ္ျပီး ယာဥ္ေမာင္းေနစဥ္အခ်ိန္တုိင္းတြင္ သတိရွိေနေစမည္ျဖစ္သည္။

လူမႈအက်ိဳးျပဳအဖြဲ႕ဝင္မ်ား၊ အစိုးရတာဝန္ရွိသူမ်ားႏွင့္အတူ ရုပ္ရွင္သရုပ္ေဆာင္ ေအးဝတ္ရည္ေသာင္းမွလည္း လမ္းေပၚအႏုပညာဖန္တီးမႈအစီအစဥ္တြင္ အတူတကြပူးေပါင္းပါဝင္ခဲ့ပါသည္။Bosch သည္ ပိုမိုလံုျခံဳစိတ္ခ်ရသည့္လမ္းမ်ားမွတဆင့္ လူတို႔အားအသက္ေဘးအႏၱရာယ္မွကာကြယ္ေပးရန္ စိတ္အားထက္သန္လ်က္ရွိပါသည္။၂၀၁၂ ခုႏွစ္ ျမန္မာႏုိင္ငံပြင့္လင္းလာသည့္အခ်ိန္မွစ၍ ႏုိင္ငံအတြင္း ေမာ္ေတာ္ယာဥ္မ်ားပိုမိုမ်ားျပားလာျပီး တိုင္းျပည္သည္လည္း ပိုမိုဖြံ႕ျဖိဳးတိုးတက္လာခဲ့ပါသည္။ သည္ တုိးတက္လာျခင္း၏ လကၡဏာတစ္ခုျဖစ္ေသာ္လည္း လမ္းႏွင့္ယာဥ္အႏၱရာယ္မ်ားသည္ စိန္ေခၚမႈတစ္ရပ္ျဖစ္လာခဲ့သည္။

ၿမန္မာနိုင္ငံယာဥ္လမ္းအႏၱရာယ္ကင္းရွင္းေရးအဖြဲ႕၏အဆုိအရ ျမန္မာႏုိင္ငံသည္ အေရွ႕ေတာင္အာရွတြင္ စတုတၳေျမာက္ အသက္ဆံုးရံႈးမႈအျဖစ္ပြားဆံုးေသာ ႏုိင္ငံတစ္ခုျဖစ္သည္။ ၂၀၁၆ ခုႏွစ္ တစ္ႏွစ္တည္းတြင္ ယာဥ္မေတာ္တဆမႈေၾကာင့္ အသက္ဆံုးရံႈးမႈေပါင္း ၄၆၈၈ ခုရွိျပီး ၆၀% သည္ လမ္းသြားလမ္းလာမ်ားႏွင့္ ေမာ္ေတာ္ဆုိင္ကယ္စီးသူမ်ားျဖစ္ၾကသည္။ အာရွဖြံ႔ျဖိဳးေရးဘဏ္၏ ေလ့လာေတြ႔ရွိခ်က္အရ အကယ္၍အေျခအေနမ်ားသည္တိုးတက္ေျပာင္းလဲမႈမရွိပါက လာမည့္ ၂၀၂၅ ခုႏွစ္ေရာက္သည့္အခါ တစ္ႏွစ္လွ်င္ ေသဆံုးမႈေပါင္း ၁၅၀၀၀ အထိရွိလာႏုိင္သည္္ဟု ခန္႔မွန္းထားပါသည္။