Zawgyi Version…
အေမရိကန္ႏိုင္ငံမွာ အေျခစိုက္ထားတဲ့ ကမာၻ ေက်ာ္ Ford ကား ကုမၸဏီရဲ႕ လြန္ခဲ့တဲ့ႏွစ္ေပါင္း (၅ဝ) ေလာက္နီးပါးက လူႀကိဳက္မ်ား ထင္ရွားခဲ့တဲ့ Boss 429 Mustang Sport Car ကေတာ့ Classic Sports Car ေလာက မွာ တစ္ေက်ာ့ျပန္လည္ ဆန္းသစ္လာ ခဲ့ၿပီး ျဖစ္ပါတယ္။ ကားထုတ္လုပ္ေရး သမိုင္းေၾကာင္းတ ေလွ်ာက္မွာ ၿပိဳင္ကားတစ္စီးရဲ႕ စြမ္းေဆာင္ရည္မ်ိဳး ျဖစ္ေအာင္ စတင္ႏိုင္ခဲ့ တဲ့ ဒီကားေတြရဲ႕ ဂုဏ္သတင္းက 1969-1970 ခုႏွစ္ အခ်ိန္ေလာက္မွာ ဒဏၰာရီတစ္ ပုဒ္လိုေျပာစမွတ္ျပဳခဲ့ၾကရပါ တယ္။ Boss 429 ကားကို “Boss 9” လို႔ လူသိမ်ားခဲ့ၿပီး ဒီေန႔ အခ်ိန္အတြက္ေတာ့ အရွားပါးဆုံးနဲ႔ တန္ဖိုးအရွိဆုံး Muscle ကားမ်ိဳးျဖစ္ခဲ့တာကိုေတာ့ Classic ကားေလာက မွာ ျငင္းပယ္ႏိုင္တဲ့သူရွိမွာမဟုတ္ပါဘူး။
အင္ဂ်င္ စြမ္းေဆာင္ရည္ ျမင့္မားတဲ့ ကားတစ္စီး ျဖစ္လာဖို႔ကို Ford ရဲ႕ အင္ဂ်င္နီယာေတြက အဆင့္ဆင့္ ေက်ာ္ျဖတ္လာခဲ့ၾကရတာျဖစ္ပါတယ္။ Original Boss 429 ကားအစီးေရ 1358 စီးကို စတင္ထုတ္လုပ္ခဲ့ေပမယ့္ NASCAR ရလဒ္မ်ိဳးကိုသာ ရရွိခဲ့လို႔ စြမ္းေဆာင္ရည္ ပို အားေကာင္းတဲ့ Hemi engine မ်ိဳးကို ေျပာင္းလဲတပ္ဆင္ ဖို႔ လုပ္ေဆာင္ခဲ့ၾကပါတယ္။
Boss 429 အင္ဂ်င္အသစ္ကို Ford 385 အင္ဂ်င္ နဲ႔ ေျပာင္းလဲတပ္ဆင္ခဲ့တာပါ။ အင္ဂ်င္အသစ္မွာ ေတာင့္ တင္းခိုင္မာမႈအတြက္ Steel Crank နဲ႔ Steel Connecting rods ေတြကို အသုံးျပဳခဲ့ၿပီး Aluminum Cylinder Heads ကို ျပဳလုပ္ထားပါတယ္။ Combustion Chamber ကို ေတာ့ Hemi Type အျဖစ္ျပဳျပင္ ေျပာင္းလဲ့ခဲ့ပါတယ္။
အသစ္ေျပာင္းလဲတပ္ဆင္ထားတဲ့ Combustion Chamber ကို “Crescent” လို႔ေခၚဆိုခဲ့ပါတယ္။ Gaskets မွာ Heads ကို တပ္ဆင္ထားျခင္းမရွိပဲ Dry-Deck method ကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။ Cylinder တစ္ခု ခ်င္းစီမွာ ေရနဲ႔ဆီ ျဖတ္သြားမယ့္ေနရာ သီးသန႔္စီ ပါရွိပါ တယ္။ “o” ကြင္းပုံစံ Seal ေတြနဲ႔ ယိုစိမ့္မႈမရွိေအာင္ အလုံ ပိတ္ထားခဲ့ပါတယ္။
Boss 429 engine မွာ Single Holley 4-Barrel Carburetor ကို အသုံးျပဳခဲ့ၿပီး Aluminum intake အေပၚ ဖက္မွာ 735 CFM ကို တပ္ဆင္ထားတဲ့အတြက္ ေလာင္ စာဆီစနစ္ စီးဆင္းမႈကို ေကာင္းမြန္ေအာင္ လုပ္ေဆာင္ ေပးႏိုင္ခဲ့ပါတယ္။ 1969 Models ကားေတြမွာ Hydraulic Lifter camshaft ကိုတပ္ဆင္ေပးထားၿပီး 1970 ကားေတြ မွာေတာ့Mechnical Lifter Camshaft ကိုအသုံးျပဳခဲ့ပါ တယ္။1970 ကားေတြမွာ စြမ္းေဆာင္ရည္ ပိုမိုေကာင္း မြန္လာတဲ့ Dual Exhaust System ကို စံသတ္မွတ္ခ်က္နဲ႔ ျပည့္စုံတဲ့ power output စနစ္အျဖစ္ အသုံးျပဳခဲ့ၾက ပါတယ္။
ထုထည္ႀကီးမားတဲ့ Boss 429 engine က Mustang ရဲ႕ အင္ဂ်င္ထည့္သြင္းတပ္ဆင္တဲ့ အခန္းနဲ႔ ဝင္ ဆန႔္ျခင္းမရွိတဲ့အတြက္ Michigan ၿမိဳ႕ (အေမရိကန္ႏိုင္ငံ) မွာ ရွိတဲ့ Kar Kraft ကုမၸဏီနဲ႔ တြဲဖက္ၿပီး ျပဳျပင္ ေျပာင္းလဲ မႈေတြကို လုပ္ေဆာင္ခဲ့ရပါတယ္။ Mustangs ရဲ႕ New Boss 429 Engine အျဖစ္ 4 Speed Cobra Jet V8 ကို ေျပာင္းလဲ အသုံးျပဳခဲ့ပါတယ္။ Ford ရဲ႕ အထူးထုတ္လုပ္ ထားတဲ့ကားနဲ႔ အင္ဂ်င္သစ္ရဲ႕ ပံ့ပိုးေပးႏိုင္မႈကို လက္ေတြ႕ စမ္းသပ္ေမာင္းႏွင္မႈကို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ Kar Kraft ကုမၸဏီက ထုတ္လုပ္ေပးခဲ့တဲ့ GT40 MKII အင္ဂ်င္က 1966 24 Hours of Le Mans ကားၿပိဳင္ပြဲမွာ Winner ဆု ကို ဆြတ္ခူးေပးႏိုင္ခဲ့ၿပီး GT 40 MKIV အင္ဂ်င္ကေတာ့ 1967 24 Hours of Le Mans ၿပိဳင္ပြဲမွာ Winner ဆုကို ဆြတ္ခူးေပးႏိုင္ခဲ့တဲ့ မွတ္တမ္းေကာင္း ေတြကို ပိုင္ဆိုင္ထား ခဲ့တာျဖစ္ပါတယ္။
1968 Boss 429 ကားကို Kar Kraft ရဲ႕ Brighton နဲ႔ Michigan မွာ ရွိတဲ့ စက္႐ုံေတြမွာ အသစ္ ေျပာင္းလဲ ထုတ္လုပ္ခဲ့ၿပီး Ford ရဲ႕ Rouge Plant ကို တိုက္႐ိုက္လြဲွေပးခဲ့တာပါ။ ကားရဲ႕ အေရွ႕ပိုင္းမွာ ႀကီးမား တဲ့ Boss 429 အင္ဂ်င္ကို တပ္ဆင္သုံးစြဲရာမွာ လုံ ေလာက္တဲ့ေနရာကို ရရွိေစဖို႔ Front Apron ကို တပ္ဆင္ ေပးထားပါတယ္။ ဒီဇိုင္းပုံစံသစ္ေၾကာင့္ ကားကပိုၿပီး ေတာ့ တင္းခိုင္မာလာသလို အျမင္သစ္နဲ႔လွပ ဆန္းျပား တဲ့ ဒီဇိုင္းမ်ိဳးကို ရရွိလာေစပါတယ္။ Front Fenders ရဲ႕ ေနရာကိုလည္း ေျပာင္းလဲေပးႏိုင္ခဲ့ပါတယ္။
ဘက္ထရီရဲ႕ တည္ေနရာကို ကိုယ္ထည္ေရွ႕ပိုင္း ကို ေျပာင္းလဲထားခဲ့ပါတယ္။ ကားရဲ႕ေနာက္ဖက္ပိုင္း ေတာင့္တင္းခိုင္မာမႈရွိေစဖို႔ ¾ inches sway bar ေတြကို တပ္ဆင္ခဲ့တဲ့အတြက္ အင္ဂ်င္အ႐ြယ္အစား ႀကီးမားတဲ့ ေခတ္ၿပိဳင္ Mustangs ကား ေတြထက္ စြမ္းေဆာင္ႏိုင္ ရည္ ပိုမိုေကာင္းမြန္တဲ့ track ကားအျဖစ္ လုပ္ေဆာင္ႏိုင္ လာခဲ့ပါတယ္။ အင္ဂ်င္လည္ပတ္ႏႈန္း 8,000 rpm ကို တိုင္းတာေပးႏိုင္တဲ့ အရွိန္ႏႈန္းတိုင္း Tachometer နဲ႔ AM လိုင္းတစ္မ်ိဳးတည္းကိုပဲ ဖမ္းယူႏိုင္တဲ့ Radio ေတြကိုပါ တပ္ဆင္ခဲ့ပါတယ္။
ကားရဲ႕ အမိုးေပၚမွာ ေလဝင္၊ ေလထြက္ စနစ္ကို ေကာင္းမြန္တဲ့ Hood Scoop ကိုပါ တပ္ဆင္ေပးခဲ့ၿပီး manually Controlled စနစ္အျဖစ္လုပ္ေဆာင္သြားႏိုင္မွာ ျဖစ္ပါတယ္။ Front Spolier ကို Boss 302 Spolier ထက္ နိမ့္ေအာင္ တပ္ဆင္ေပးထားလို႔ exhaust System ကို ပိုမိုေကာင္းမြန္လာေစပါတယ္။ ကားရဲ႕ ႐ုပ္သြင္ကို ေပၚ လြင္ထင္ရွားေစမယ့္ Dual racing Mirrors ကို တပ္ဆင္ေပးတဲ့ အျပင္အင္ဂ်င္စြမ္း ေဆာင္ရည္ကို ျမႇင့္တင္ေပးႏိုင္မယ့္ အရည္အေသြး ေကာင္းမြန္တဲ့ Engin Oil Cooler System လည္းပါဝင္ ပါတယ္။
ယာဥ္ကို ေမာင္းေနစဥ္မွာ တ႐ြတ္တိုက္ဆြဲသြား ျခင္းနဲ႔ ဘီးေခ်ာ္ထြက္မႈ အမ်ိဳးမ်ိဳးကို ကန႔္သတ္ေပးႏိုင္တဲ့ Traction-lock စနစ္ကို ေနာက္ဝင္႐ိုးတန္းမနဲ႔ 3.91 ratio မွာ တပ္ဆင္ေပးထားပါတယ္။ ျပန္လည္ဆန္းသစ္ထားတဲ့ အင္ဂ်င္က ျမင္းေကာင္ေရ 375 hp ထြက္ရွိၿပီး ႐ုန္းအား ကေတာ့ 450 ft/lb ျဖစ္ပါတယ္။ Top Speed ကေတာ့ 175 mph ပါ။ ျမင္းေကာင္ေရ 500hp ေလာက္ထြက္ရွိ ႏိုင္ဖို႔ စြမ္းေဆာင္ရည္ျမင့္မားတဲ့ 7.0 L အင္ဂ်င္နဲ႔ ကန႔္ သတ္ထုတ္လုပ္ခဲ့တဲ့ ကားေတြလည္း ရွိပါတယ္။
2008 ခုႏွစ္ e Bay and at Barrett – Jackson မွာ က်င္းပျပဳလုပ္ခဲ့တဲ့ ေလလံပြဲမွာ Boss 429 Mustang ကားကို အေမရိကန္ေဒၚလာ 375,000 နဲ႔ ေရာင္းခ်ခဲ့ၿပီး 2013 ခုႏွစ္ Mecum Action မွာ က်င္းပခဲ့တဲ့ ေလလံပြဲ မွာ ေတာ့ black 1969 Ford Mustang Boss 429 Fastback ကားကို အေမရိကန္ ေဒၚလာ 417,000 နဲ႔ ေရာင္းခ်ခဲ့ရ ပါတယ္။ 2016 ခုႏွစ္ Barrett-Jackson မွာ ျပလုပ္တဲ့ ေလလံပြဲမွာေတာ့ အေမရိကန္ ေဒၚလာ 500,000 အထိ တိုးျမႇင့္ရရွိခဲ့တာျဖစ္ပါတယ္။ စြမ္းေဆာင္ရည္ျမင့္မားၿပီး ႐ိုး ရွင္းလွပတဲ့ ဒီဇိုင္းနဲ႔ စြဲေဆာင္ႏိုင္ခဲ့တဲ့ 1969-70 Boss 429 Mustang ကားေတြက အခ်ိန္ၾကာေလေလ ရွားပါးလာ ေလေလမို႔ တန္ဖိုးကလည္း ပိုပိုၿပီး ျမင့္တက္လာမွာ ေျမ ႀကီး လက္ခတ္မလြဲႏိုင္ဘူးလို႔ ဆိုရပါလိမ့္မယ္။
1969 Model ကားကို အေရာင္ငါးေရာင္ ေ႐ြး ခ်ယ္ႏိုင္မွာျဖစ္ပါတယ္။ Raven Black, Wimbledon White, Royal Maroon, Candy apple Red နဲ႔ Black Jade အေရာင္ေတြကို ကိုယ္ထည္အေရာင္ေတြ အျဖစ္ ေ႐ြးခ်ယ္သြားႏိုင္မွာျဖစ္ၿပီး အတြင္းခန္း အတြက္ကေတာ့ အနက္ေရာင္ တစ္မ်ိဳးတည္းကိုသာ ရရွိႏိုင္ပါလိမ့္မယ္။ 1969 Boss 429 ကားကို Ford ကားကုမၸဏီက အစီးေရ 859 စီးခန႔္သာ ထုတ္လုပ္ခဲ့ပါတယ္။
1970 model ကလည္းျပင္ပ ကိုယ္ထည္ကို Grabber Orange, Grabber Green, Grabber Blue, Calypso Coral နဲ႔ Pastel Blue စတဲ့ အေရာင္ (၅) မ်ိဳး ကို ေ႐ြးခ်ယ္သြားႏိုင္မွာျဖစ္ၿပီး အတြင္းခန္းအေရာင္ကို ေတာ့ black (သို႔) white black ကို ေ႐ြးခ်ယ္သြားႏိုင္ပါ လိမ့္မယ္။ 1970 Boss 429 ကားကို အစီးေရ 499 စီး ထုတ္လုပ္ထားပါတယ္။
႐ိုး႐ိုးေလးနဲ႔ စြဲေဆာင္ႏိုင္မႈရွိတဲ့ Boss 429 Fastback ကားကေတာ့ တစ္ေခတ္တစ္ခါတုန္းက တန္ဖိုး ႀကီး အဆင့္ျမင့္ကားတစ္စီးျဖစ္ခဲ့သလို ကုမၸဏီအတြက္ ထိုက္တန္တဲ့ အက်ိဳးျမတ္ေတြကိုလည္း ရွာေဖြေပးႏိုင္ ခဲ့ပါတယ္။ Boss 429 ကားေတြရဲ႕ အစိတ္အပိုင္းေတြကို လည္း Sport ကားေကာင္းတစ္စီးရဲ႕ အရည္အေသြး အတိုင္းရွိေနဖို႔ အဆက္မျပတ္ ထပ္မံၿပီး မြမ္းမံမႈေတြ လုပ္ ေဆာင္ေပးခဲ့ပါတယ္။
Mechanical ပိုင္းမွာပါဝင္တဲ့ Suspension parts, Restoration parts အတြက္ Sheet metal, Maintenance ပိုင္းမွာ Filter, Spark plugs, Air Cleaners ေတြပါဝင္ၿပီး Stickers နဲ႔ lables တို႔ကို တပ္ဆင္ၿပီး429 ကားအမ်ိဳးအစား ပိုမိုအဆင့္ျမင့္မားၿပီး ဂုဏ္ရွိန္ဝင့္ထည္ လာေအာင္ upgrade ျပဳလုပ္ေပးထား ပါတယ္။
Classic ကားေတြကို ျမတ္ႏိုးၿပီး တန္ဖိုးထားတတ္ တဲ့ ကားခ်စ္သူေတြအတြက္ ယေန႔ခတ္ အခ်ိန္အခါမွာ ရွားပါးၿပီး ဂႏၲဝင္မွတ္တမ္းမွာ ဂုဏ္သိကၡာရွိရွိေနရာယူထား တဲ့ Boss 429 Mustang ကားေလးရဲ႕ Spec ကို ေလ့လာ ႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။
Specifications
Engine – V8 ,7.0L
Transmission – 4-speed Manual
Top Speed – 175 mph
Horse Power – 600hp
Torque -450 lb-ft






Unicode Version…
မြင်းပေါက်တစ်ကောင်လို အပြေးမြန်ပြီး ပြိုင်ကားသမိုင်းမှာထင်ရှားခဲ့တဲ့ Boss 429 Mustang Classic Sports Car (1969-1970)
အမေရိကန်နိုင်ငံမှာ အခြေစိုက်ထားတဲ့ ကမ္ဘာ ကျော် Ford ကား ကုမ္ပဏီရဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း (၅ဝ) လောက်နီးပါးက လူကြိုက်များ ထင်ရှားခဲ့တဲ့ Boss 429 Mustang Sport Car ကတော့ Classic Sports Car လောက မှာ တစ်ကျော့ပြန်လည် ဆန်းသစ်လာ ခဲ့ပြီး ဖြစ်ပါတယ်။ ကားထုတ်လုပ်ရေး သမိုင်းကြောင်းတ လျှောက်မှာ ပြိုင်ကားတစ်စီးရဲ့ စွမ်းဆောင်ရည်မျိုး ဖြစ်အောင် စတင်နိုင်ခဲ့ တဲ့ ဒီကားတွေရဲ့ ဂုဏ်သတင်းက 1969-1970 ခုနှစ် အချိန်လောက်မှာ ဒဏ္ဏာရီတစ် ပုဒ်လိုပြောစမှတ်ပြုခဲ့ကြရပါ တယ်။ Boss 429 ကားကို “Boss 9” လို့ လူသိများခဲ့ပြီး ဒီနေ့ အချိန်အတွက်တော့ အရှားပါးဆုံးနဲ့ တန်ဖိုးအရှိဆုံး Muscle ကားမျိုးဖြစ်ခဲ့တာကိုတော့ Classic ကားလောက မှာ ငြင်းပယ်နိုင်တဲ့သူရှိမှာမဟုတ်ပါဘူး။
အင်ဂျင် စွမ်းဆောင်ရည် မြင့်မားတဲ့ ကားတစ်စီး ဖြစ်လာဖို့ကို Ford ရဲ့ အင်ဂျင်နီယာတွေက အဆင့်ဆင့် ကျော်ဖြတ်လာခဲ့ကြရတာဖြစ်ပါတယ်။ Original Boss 429 ကားအစီးရေ 1358 စီးကို စတင်ထုတ်လုပ်ခဲ့ပေမယ့် NASCAR ရလဒ်မျိုးကိုသာ ရရှိခဲ့လို့ စွမ်းဆောင်ရည် ပို အားကောင်းတဲ့ Hemi engine မျိုးကို ပြောင်းလဲတပ်ဆင် ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။
Boss 429 အင်ဂျင်အသစ်ကို Ford 385 အင်ဂျင် နဲ့ ပြောင်းလဲတပ်ဆင်ခဲ့တာပါ။ အင်ဂျင်အသစ်မှာ တောင့် တင်းခိုင်မာမှုအတွက် Steel Crank နဲ့ Steel Connecting rods တွေကို အသုံးပြုခဲ့ပြီး Aluminum Cylinder Heads ကို ပြုလုပ်ထားပါတယ်။ Combustion Chamber ကို တော့ Hemi Type အဖြစ်ပြုပြင် ပြောင်းလဲ့ခဲ့ပါတယ်။
အသစ်ပြောင်းလဲတပ်ဆင်ထားတဲ့ Combustion Chamber ကို “Crescent” လို့ခေါ်ဆိုခဲ့ပါတယ်။ Gaskets မှာ Heads ကို တပ်ဆင်ထားခြင်းမရှိပဲ Dry-Deck method ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ Cylinder တစ်ခု ချင်းစီမှာ ရေနဲ့ဆီ ဖြတ်သွားမယ့်နေရာ သီးသန့်စီ ပါရှိပါ တယ်။ “o” ကွင်းပုံစံ Seal တွေနဲ့ ယိုစိမ့်မှုမရှိအောင် အလုံ ပိတ်ထားခဲ့ပါတယ်။
Boss 429 engine မှာ Single Holley 4-Barrel Carburetor ကို အသုံးပြုခဲ့ပြီး Aluminum intake အပေါ် ဖက်မှာ 735 CFM ကို တပ်ဆင်ထားတဲ့အတွက် လောင် စာဆီစနစ် စီးဆင်းမှုကို ကောင်းမွန်အောင် လုပ်ဆောင် ပေးနိုင်ခဲ့ပါတယ်။ 1969 Models ကားတွေမှာ Hydraulic Lifter camshaft ကိုတပ်ဆင်ပေးထားပြီး 1970 ကားတွေ မှာတော့Mechnical Lifter Camshaft ကိုအသုံးပြုခဲ့ပါ တယ်။1970 ကားတွေမှာ စွမ်းဆောင်ရည် ပိုမိုကောင်း မွန်လာတဲ့ Dual Exhaust System ကို စံသတ်မှတ်ချက်နဲ့ ပြည့်စုံတဲ့ power output စနစ်အဖြစ် အသုံးပြုခဲ့ကြ ပါတယ်။
ထုထည်ကြီးမားတဲ့ Boss 429 engine က Mustang ရဲ့ အင်ဂျင်ထည့်သွင်းတပ်ဆင်တဲ့ အခန်းနဲ့ ဝင် ဆန့်ခြင်းမရှိတဲ့အတွက် Michigan မြို့ (အမေရိကန်နိုင်ငံ) မှာ ရှိတဲ့ Kar Kraft ကုမ္ပဏီနဲ့ တွဲဖက်ပြီး ပြုပြင် ပြောင်းလဲ မှုတွေကို လုပ်ဆောင်ခဲ့ရပါတယ်။ Mustangs ရဲ့ New Boss 429 Engine အဖြစ် 4 Speed Cobra Jet V8 ကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ Ford ရဲ့ အထူးထုတ်လုပ် ထားတဲ့ကားနဲ့ အင်ဂျင်သစ်ရဲ့ ပံ့ပိုးပေးနိုင်မှုကို လက်တွေ့ စမ်းသပ်မောင်းနှင်မှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Kar Kraft ကုမ္ပဏီက ထုတ်လုပ်ပေးခဲ့တဲ့ GT40 MKII အင်ဂျင်က 1966 24 Hours of Le Mans ကားပြိုင်ပွဲမှာ Winner ဆု ကို ဆွတ်ခူးပေးနိုင်ခဲ့ပြီး GT 40 MKIV အင်ဂျင်ကတော့ 1967 24 Hours of Le Mans ပြိုင်ပွဲမှာ Winner ဆုကို ဆွတ်ခူးပေးနိုင်ခဲ့တဲ့ မှတ်တမ်းကောင်း တွေကို ပိုင်ဆိုင်ထား ခဲ့တာဖြစ်ပါတယ်။
1968 Boss 429 ကားကို Kar Kraft ရဲ့ Brighton နဲ့ Michigan မှာ ရှိတဲ့ စက်ရုံတွေမှာ အသစ် ပြောင်းလဲ ထုတ်လုပ်ခဲ့ပြီး Ford ရဲ့ Rouge Plant ကို တိုက်ရိုက်လွဲှပေးခဲ့တာပါ။ ကားရဲ့ အရှေ့ပိုင်းမှာ ကြီးမား တဲ့ Boss 429 အင်ဂျင်ကို တပ်ဆင်သုံးစွဲရာမှာ လုံ လောက်တဲ့နေရာကို ရရှိစေဖို့ Front Apron ကို တပ်ဆင် ပေးထားပါတယ်။ ဒီဇိုင်းပုံစံသစ်ကြောင့် ကားကပိုပြီး တော့ တင်းခိုင်မာလာသလို အမြင်သစ်နဲ့လှပ ဆန်းပြား တဲ့ ဒီဇိုင်းမျိုးကို ရရှိလာစေပါတယ်။ Front Fenders ရဲ့ နေရာကိုလည်း ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။
ဘက်ထရီရဲ့ တည်နေရာကို ကိုယ်ထည်ရှေ့ပိုင်း ကို ပြောင်းလဲထားခဲ့ပါတယ်။ ကားရဲ့နောက်ဖက်ပိုင်း တောင့်တင်းခိုင်မာမှုရှိစေဖို့ ¾ inches sway bar တွေကို တပ်ဆင်ခဲ့တဲ့အတွက် အင်ဂျင်အရွယ်အစား ကြီးမားတဲ့ ခေတ်ပြိုင် Mustangs ကား တွေထက် စွမ်းဆောင်နိုင် ရည် ပိုမိုကောင်းမွန်တဲ့ track ကားအဖြစ် လုပ်ဆောင်နိုင် လာခဲ့ပါတယ်။ အင်ဂျင်လည်ပတ်နှုန်း 8,000 rpm ကို တိုင်းတာပေးနိုင်တဲ့ အရှိန်နှုန်းတိုင်း Tachometer နဲ့ AM လိုင်းတစ်မျိုးတည်းကိုပဲ ဖမ်းယူနိုင်တဲ့ Radio တွေကိုပါ တပ်ဆင်ခဲ့ပါတယ်။
ကားရဲ့ အမိုးပေါ်မှာ လေဝင်၊ လေထွက် စနစ်ကို ကောင်းမွန်တဲ့ Hood Scoop ကိုပါ တပ်ဆင်ပေးခဲ့ပြီး manually Controlled စနစ်အဖြစ်လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ Front Spolier ကို Boss 302 Spolier ထက် နိမ့်အောင် တပ်ဆင်ပေးထားလို့ exhaust System ကို ပိုမိုကောင်းမွန်လာစေပါတယ်။ ကားရဲ့ ရုပ်သွင်ကို ပေါ် လွင်ထင်ရှားစေမယ့် Dual racing Mirrors ကို တပ်ဆင်ပေးတဲ့ အပြင်အင်ဂျင်စွမ်း ဆောင်ရည်ကို မြှင့်တင်ပေးနိုင်မယ့် အရည်အသွေး ကောင်းမွန်တဲ့ Engin Oil Cooler System လည်းပါဝင် ပါတယ်။
ယာဉ်ကို မောင်းနေစဉ်မှာ တရွတ်တိုက်ဆွဲသွား ခြင်းနဲ့ ဘီးချော်ထွက်မှု အမျိုးမျိုးကို ကန့်သတ်ပေးနိုင်တဲ့ Traction-lock စနစ်ကို နောက်ဝင်ရိုးတန်းမနဲ့ 3.91 ratio မှာ တပ်ဆင်ပေးထားပါတယ်။ ပြန်လည်ဆန်းသစ်ထားတဲ့ အင်ဂျင်က မြင်းကောင်ရေ 375 hp ထွက်ရှိပြီး ရုန်းအား ကတော့ 450 ft/lb ဖြစ်ပါတယ်။ Top Speed ကတော့ 175 mph ပါ။ မြင်းကောင်ရေ 500hp လောက်ထွက်ရှိ နိုင်ဖို့ စွမ်းဆောင်ရည်မြင့်မားတဲ့ 7.0 L အင်ဂျင်နဲ့ ကန့် သတ်ထုတ်လုပ်ခဲ့တဲ့ ကားတွေလည်း ရှိပါတယ်။
2008 ခုနှစ် e Bay and at Barrett – Jackson မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လေလံပွဲမှာ Boss 429 Mustang ကားကို အမေရိကန်ဒေါ်လာ 375,000 နဲ့ ရောင်းချခဲ့ပြီး 2013 ခုနှစ် Mecum Action မှာ ကျင်းပခဲ့တဲ့ လေလံပွဲ မှာ တော့ black 1969 Ford Mustang Boss 429 Fastback ကားကို အမေရိကန် ဒေါ်လာ 417,000 နဲ့ ရောင်းချခဲ့ရ ပါတယ်။ 2016 ခုနှစ် Barrett-Jackson မှာ ပြလုပ်တဲ့ လေလံပွဲမှာတော့ အမေရိကန် ဒေါ်လာ 500,000 အထိ တိုးမြှင့်ရရှိခဲ့တာဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားပြီး ရိုး ရှင်းလှပတဲ့ ဒီဇိုင်းနဲ့ စွဲဆောင်နိုင်ခဲ့တဲ့ 1969-70 Boss 429 Mustang ကားတွေက အချိန်ကြာလေလေ ရှားပါးလာ လေလေမို့ တန်ဖိုးကလည်း ပိုပိုပြီး မြင့်တက်လာမှာ မြေ ကြီး လက်ခတ်မလွဲနိုင်ဘူးလို့ ဆိုရပါလိမ့်မယ်။
1969 Model ကားကို အရောင်ငါးရောင် ရွေး ချယ်နိုင်မှာဖြစ်ပါတယ်။ Raven Black, Wimbledon White, Royal Maroon, Candy apple Red နဲ့ Black Jade အရောင်တွေကို ကိုယ်ထည်အရောင်တွေ အဖြစ် ရွေးချယ်သွားနိုင်မှာဖြစ်ပြီး အတွင်းခန်း အတွက်ကတော့ အနက်ရောင် တစ်မျိုးတည်းကိုသာ ရရှိနိုင်ပါလိမ့်မယ်။ 1969 Boss 429 ကားကို Ford ကားကုမ္ပဏီက အစီးရေ 859 စီးခန့်သာ ထုတ်လုပ်ခဲ့ပါတယ်။
1970 model ကလည်းပြင်ပ ကိုယ်ထည်ကို Grabber Orange, Grabber Green, Grabber Blue, Calypso Coral နဲ့ Pastel Blue စတဲ့ အရောင် (၅) မျိုး ကို ရွေးချယ်သွားနိုင်မှာဖြစ်ပြီး အတွင်းခန်းအရောင်ကို တော့ black (သို့) white black ကို ရွေးချယ်သွားနိုင်ပါ လိမ့်မယ်။ 1970 Boss 429 ကားကို အစီးရေ 499 စီး ထုတ်လုပ်ထားပါတယ်။
ရိုးရိုးလေးနဲ့ စွဲဆောင်နိုင်မှုရှိတဲ့ Boss 429 Fastback ကားကတော့ တစ်ခေတ်တစ်ခါတုန်းက တန်ဖိုး ကြီး အဆင့်မြင့်ကားတစ်စီးဖြစ်ခဲ့သလို ကုမ္ပဏီအတွက် ထိုက်တန်တဲ့ အကျိုးမြတ်တွေကိုလည်း ရှာဖွေပေးနိုင် ခဲ့ပါတယ်။ Boss 429 ကားတွေရဲ့ အစိတ်အပိုင်းတွေကို လည်း Sport ကားကောင်းတစ်စီးရဲ့ အရည်အသွေး အတိုင်းရှိနေဖို့ အဆက်မပြတ် ထပ်မံပြီး မွမ်းမံမှုတွေ လုပ် ဆောင်ပေးခဲ့ပါတယ်။
Mechanical ပိုင်းမှာပါဝင်တဲ့ Suspension parts, Restoration parts အတွက် Sheet metal, Maintenance ပိုင်းမှာ Filter, Spark plugs, Air Cleaners တွေပါဝင်ပြီး Stickers နဲ့ lables တို့ကို တပ်ဆင်ပြီး429 ကားအမျိုးအစား ပိုမိုအဆင့်မြင့်မားပြီး ဂုဏ်ရှိန်ဝင့်ထည် လာအောင် upgrade ပြုလုပ်ပေးထား ပါတယ်။
Classic ကားတွေကို မြတ်နိုးပြီး တန်ဖိုးထားတတ် တဲ့ ကားချစ်သူတွေအတွက် ယနေ့ခတ် အချိန်အခါမှာ ရှားပါးပြီး ဂန္တဝင်မှတ်တမ်းမှာ ဂုဏ်သိက္ခာရှိရှိနေရာယူထား တဲ့ Boss 429 Mustang ကားလေးရဲ့ Spec ကို လေ့လာ နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
Specifications
Engine – V8 ,7.0L
Transmission – 4-speed Manual
Top Speed – 175 mph
Horse Power – 600hp
Torque -450 lb-ft