Unicode version…
Guangzhou Automobile Group Company (GAC Motor) ကို ၁၉၉၇ ခုနှစ်၊ ဇွန်လ တွင် စတင်တည်ထောင်ခဲ့တာဖြစ်ပြီး GAC group မှ GAC motor အပြင် ခရီးသည်တင်ယာဉ်အနေဖြင့် Honda, Toyota, Mitsubishi, Zhongxing, Fiat, Chrysler နှင့် Jeep ၊ ကုန်တင်ယာဉ်အနေဖြင့် GAC Hino နှင့် GAC Bus သာမက Wuyang Honda မော်တော်ဆိုင်ကယ် အစရှိသည့် Brand များကို JV ဖြင့် ပူးပေါင်းလက်တွဲအလုပ်လုပ်ကိုင်နေသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ GAC Motor သည် တရုတ်ကားစျေးကွက်တွင် ၂၀၁၀ ခုနစ်မှ စတင်ပြီး Sedan၊ SUV နှင့် လျှပ်စစ်ကားများဖြစ်သော GA3, GA3S, GA5, GA6, GA8, GS5, GS 5 Super, GS 4 နှင့် GS 8 များကို ထုတ်လုပ်ရောင်းချလျက်ရှိသည်။ ထို့ကြောင့် GAC Motor ကားများသည် ဥရောပ၏နာမည်ကြီး နည်းပညာများပေါင်း စပ်ပါဝင်လျက်ရှိ နေခြင်းဖြစ်သည်။
လွန်ခဲ့သောလေးနှစ်ကတည်းက ကားစျေးကွက်ထဲတွင် GAC ကားများ တည်ရှိနေပြီး ကားအရေအတွက် ပေါင်း 17,000, 33,000, 85,000,116,800 စသည်ဖြင့် လေးနှစ် အတွင်း အရှိန်အဟုန် တိုးမြင့်စွာ ရောင်းချခဲ့ရပါသည်။ ထို့နောက် GAC motor သည် China CCTV မှ ပေးအပ်သော The brand of the year Award , Xuanyuan Award for Contributin to China’s Automobile Industry, Innovation for the Future Award ,Outstanding Contribution Award ဆုများကိုရရှိခဲ့သည်။ ထို့အပြင် GAC Motor သည် ၎င်းတို့၏ထုတ်လုပ်သောကားမော်ဒယ်တိုင်းကို Safety အလေးထားထုတ်လုပ်သဖြင့် ဒေသဆိုင်ရာလုံခြုံရေးဆုတံဆိပ်များကိုလည်း ရရှိပိုင်ဆိုင်ထားခဲ့သည်။
GAC Motor Myanmar မှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် GAC Motor နှင့် စာချုပ်ချုပ်ဆိုပြီး GA6, GA8 , GS3, GS4, GS5 Super,GM8,GS7နှင့် GS8 တို့ကို စတင်တင်သွင်းရောင်းချခဲ့သည်။ လက်ရှိတွင်လည်း GAC ကားမော်ဒယ်များကို တင်သွင်းရောင်းချပေးလျက်ရှိပြီး ပရိသတ်ကြီးသိရှိစေဖို့ Brand Guide ကဏ္ဍမှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
GAC Motor Myanmar Showroom – အမှတ် (၃၅၁)၊ ပြည်လမ်း၊ (ဟံသာဝတီအဝိုင်း)အနီး၊ စမ်းချောင်းမြို့နယ်။ ဖုန်း gacsale (09 964 227253)၊ 09 969 700625)
GA8
GAC က သူတို့ရဲ့ထုတ်ကုန် Flagship 8-Series မော်ဒယ်ကို စံနမူနာအဖြစ်ထုတ်လုပ်ထားပြီး Luxury ၊ Quality နဲ့ Performance တွေမှာ အကောင်းဆုံးဖြစ်အောင်စွမ်းဆောင်ထားပါတယ်။ ဒီစီးရီးထဲမှာပါတဲ့GA8 မှာ 2.0 Liter Turbo-Charge engine ကို သုံးစွဲထားပြီး 6 Speed Aisin Automatic Transmission ပါဝင်ပါတယ်။ မြင်းကောင်ရေ ၂၀၀ နီးပါးအားထွက်ရှိမယ့်အတွက် မောင်းနှင်ရတာလည်း သဘော ကျနိုင်မှာဖြစ်ပါတယ်။ပြီးတော့ ဥရောပထုတ်ကားလို့ထင်ရလောက်အောင်ကို ပါဝင်ပစ္စည်းနဲ့နည်းပညာပိုင်းကို အဆင့်မြှင့် ထားပါတယ်။ စိန်ပွင့်ပုံစံပြုလုပ်ထားတဲ့ LED မီးကြီးတွေ၊ တန်ဖိုးကြီးကားတွေမှာသာ သုံးတတ်ကြတဲ့ NAPPA လည်သာသုံး ထိုင်ခုံတွေ၊ Sunroof , ထိုင်ခုံအပူပေးစနစ်တွေ၊ 10 inch touch Screen, Harman/Kardon Speakers 10 လုံး၊ Sun roof စတာတွေ အစုံအ လင်ပါဝင်ပါတယ်။ Safety အနေနဲ့ ပတ်ပတ်လည်ကာကွယ်ပေးနိုင်တဲ့ Air Bag 8 လုံး၊ Electronic Stability Program(ESP) ၊ Hill Descent Control (HDC) ၊ Hill Hold Control(HHC) ,Adaptive Cruise Control (ACC), Forward Collision Warning(FCW) , Lane Deviation Warning System(LDW),Anti-Thief System တို့ပါဝင်လို့လည်း C-NCAP ရဲ့လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်မှာ ကြယ် ၅ ပွင့်ရရှိခဲ့တာဖြစ်ပါတယ်။ Estimate Price: 66,888
GS4
Compact Crossover SUV အဖြစ်ထုတ်ထားတဲ့ GS 4 ဟာ GS 5 Super နဲ့ဆင်တူပေမယ့် ပိုပြီးတော့Sport ဆန်သလို အကြမ်းခံ မှုတွေမှာလည်း အားရစရာကောင်းပါတယ်။ ဒါပေမဲ့ GS 4 က GS 5 ထက်နည်းနည်းအလျားတိုပေမယ့် ပိုတော့မြင့်တယ်။ နောက်ပြီးတော့ GAC Motor ရဲ့ ဒုတိယမျိုးဆက်ဖြစ်တဲ့ 200T အင်ဂျင်ကို ဂီယာ ရချက် ပါရှိသော G-DCT ကိုသုံး ထားတယ်။ အင်ဂျင်ပါဝါကတော့ 1.3L ဖြစ်လို့ဆီစားနှုန်းကတော့ သက်သာစေမှာအမှန်ပါ။ Turbo လည်းပါတော့ စပေါ့ ဆန်ဆန်မောင်း ဖို့အတွက် သံသယရှိစရာလိုမယ်မထင်မိပါဘူး။ တရုတ်နိုင်ငံရဲ့ Emission စံနှုန်းအတိုင်း Euro 5 နဲ့ထုတ်ထားတယ်ဆိုတော့ ပတ်ဝန်းကျင်အတွက်လည်းစိတ်ချရတာပေါ့။ GAC ရဲ့ထုံးစံအတိုင်း Feature တွေအတော်များများထည့်သွင်းထားတာတွေ့ရပါတယ်။ Estimate Price: USD 43,888
GS5 Super
သူ့ပုံစံက ခေတ်ဆန်ဆန်ကောင်လေးတစ်ယောက်လို ရဲရင့်တက်ကြွတဲ့ပုံမျိုးပေါက်နေတယ်။ 1.8 L Turocharged အင်ဂျင်ထိုင်ထားပြီး မြင်းကောင်ရေ ၁၈၀ အားထုတ်လုပ်ပေးနိုင်ပါတယ်။ စွမ်းဆောင်ရည်ကိုဦးစားပေးထားသလို ၁၇လက်မ ဘီးတွေတပ်ဆင်ထားပြီး Intelligent 4-Wheel Drive system , လည်သာခုံတွေ၊စုံလင်တဲ့သတင်းအချက်အလက်ပြစနစ်တွေ၊ ကားနဲ့အတူလိုက်ပါကွေ့နိုင်တဲ့ ရှေ့မီးကြီးတွေ၊ Head Light Washer System စတာတွေ၊ထိုင်ခုံအပူပေးစနစ်တွေ၊ ရွက်လှေတစ်စီးရဲ့ဒီဇိုင်းမျိုးနဲ့ ဖန်တီးထားတဲ့ အတွင်းခန်းစတာတွေက GS5 ကိုတန်းဝင် SUV တစ်စီးဖြစ်အောင်ကူညီပေးလိုက်တာပါပဲ။နောက်ပြီးတော့လေအိတ် ၈ လုံး၊ Bosch ရဲ့ Electronic Stability Progarm ၊ Hill Decent Control ၊ Hill Hold Control ၊ Electronic Parking Brake ၊ Push-start lgnition ၊ Electronic Cruise Control ၊ ၃၆၀ ဒီဂရီ Parking Camera တို့လိုလုံခြုံရေးစနစ်ကောင်းတွေလည်း ထည့်သွင်းပေးထားပါသေးတယ်။ Estimate Price: USD 39,888
GS3
Mini SUV ဖြစ်တဲ့ GS3 က GS4 ရဲ့ညီအစ်ကို ပုံစံထုတ်ထားပြီး Budget line အနေနဲ့ရနိုင်မယ့် ကားမျိုးပါ။ GAC ရဲ့SUV တွေထဲမှာ အသေးဆုံးဖြစ်ပြီး သူ့ကိုလည်း GS4 မှာသုံးထားတဲ့ 1.3L Turbo အင်ဂျင်ကိုပဲသုံးစွဲထားလို့ စွမ်းအင်ထွက်ရှိမှုက အတူတူလို့ပဲဆို ရမှာဖြစ်ပါတယ်။ လည်သာခုံတွေ၊ Touch Screen ၊ စတီယာရင် Volume Control တွေ၊ ဘက်ကြည့်ကင်မရာ၊ ထိုင်ခုံအပူပေး စနစ် တွေတော့ထည့်သွင်းထား ပါတယ်။ နောက်ပြီးတော့ GS 5 မှာပါတဲ့ Electronic Stability Progarm ၊ Hill Decent Control ၊ Hill Hold Control ၊ Electronic Parking Brake ၊ Push-start lgnition ၊ Electronic Cruise Control တို့လို Safety Feature အချို့ပါဝင်လာ လို့ အကောင်သေးပေမယ့် အထင်သေးလို့မရတဲ့ ကားတစ်စီးလို့ ဆိုချင်ပါတယ်။ Estimate Price: USD 29,888
GA6
GA8 ရဲ့ Platform ကိုအခြေခံပြီးထုတ်ထားတဲ့ GA6 ဟာတန်ကြေးသင့်ဆီဒင်တစ်စီးအသွင်မျိုးဖြစ်ပေမယ့် Flying Dynamics ဒီဇိုင်းနဲ့အတူ Xenon HID ရှေ့မီးကြီးစနစ်တွေ၊ 17″ Sporty alloy wheel ၊ 8″ touch screen ၊ Radio, CD, USB, Aux, iPod ၊HDMI mobile phone interconnection ၊ 8-speaker ၊ အပူပေးစနစ်အပြင် လိုသလိုချိန်ညှိနိုင်တဲ့ လည်သာထိုင်ခုံတွေ၊ sunroof ၊ cool box ၊ Push start စနစ် တို့စုံစုံလင်လင်ပါဝင်မှာဖြစ်ပါတယ်။ Safety အနေနဲ့လည်း Tire Pressure Monitoring System သာမက ABS, EBD, TCS, HBA, ESP, HHC , Forward Collision Warning System, Lane Departure Warning System, Blind Spots Warning နှင့် Rear Cross Traffic Alert စတာတွေကိုထည့်သွင်းထားလို့ Feature အစုံကြိုက်သူတွေအတွက် ထုတ်ပေးထားတဲ့ဆီဒင် တစ်စီးလို့ဆိုရမှာပါ။ Estimate Price: USD 34,888
GM8
ဒီကားက GAC ရဲ့ high-end level အတွက်ထုတ်တဲ့ Flagship 8-Series မော်ဒယ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး သူတို့ရဲ့ပထမဆုံး MPV ထုတ်လုပ်မှုလည်းဖြစ်ပါတယ်။ ရုပ်ထွက်ပိုင်းကတော့ GAC ရဲ့ Flying Dynamics design ကိုပဲအခြေခံထုတ်လုပ်ထားသလို အင် ဂျင်ပါဝါကလည်း GS8 နဲ့အတူတူပါပဲ။ဒါပေမဲ့ စွမ်းအင်ထွက်ရှိမှုက 200 hp ထွက်ရှိပြီး GAC ထုတ်မော်ဒယ်တွေထဲမှာ စွမ်းဆောင်ရည် အကောင်းဆုံးမော်ဒယ်တစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။ သူ့မှာထူးခြားတဲ့ပါဝင်မှုတွေကတော့ Message function ပါထိုင်ခုံတွေ၊ ၁၀ လက်မ Touch Screen ၊ မတော်တဆကားတိမ်းမှောက်ခဲ့ရင်လိမ့်မသွားစေမယ့် နည်းပညာ၊Adaptive Cruise Control (ACC) ၊ ၃၂ ရောင်အထိပြောင်းနိုင်တဲ့ ကားအတွင်းမီး၊ လေအေးပေးခြင်းကို အလိုအလျောက်ထိန်းညှိပေးနိုင်တဲ့ စနစ်၊ပြီးတော့ GAC ရဲ့များပြားလှတဲ့ လုံခြုံရေးစနစ်တွေထည့်သွင်းထားပါတယ်။ ရုပ်ထွက်ပိုင်းရော၊နည်းပညာပိုင်းပါကောင်းမွန်တဲ့ အဆင်မြင့် မိသားစု ရ ယောက်စီး MPV လို့ဆိုရမှာပါ။ Estimate Price: USD 69,888
GS7
GAC ရဲ့ပုံစံအတိုင်း အသစ်ထွက်လာတဲ့ စျေးတန်းအလိုက်ရွေးချယ်စရာ အနည်းဆုံးမော်ဒယ် Line up ၂ မျိုးထုတ်လေ့ရှိတာဆိုတော့ အခုလည်းအသစ်ထွက်ရှိလာတဲ့ GS7 က GS8 ရဲ့အမွှာလို့တောင်ပြောလို့ရနိုင်ပါတယ်။ သူက GS8 လိုပဲ 2.0 Turbo engine ကိုပဲသုံး ထားလို့စွမ်းအင်ထွက်ရှိမှုက အတူတူလို့ဆိုရမယ်။ နောက်ပြီး ဂီယာ ၆ ချက်ချင်းလည်းအတူတူ၊ အောက်ပိုင်းစနစ်မှာ သုံးထား တဲ့ပစ္စည်း တွေကလည်း အတူတူပါပဲ။ ဒါပေမဲ့ GS8 ကခုံ ၃ တန်း၊ GS7က ခုံ ၂တန်းပဲလာတယ်။ အချို့သော အတွင်းခန်း ပါဝင်မှုတွေကွာခြား ပါတယ်။ GS7 မှာ ၁၀လက်မ Touch Screen ၊ Wireless Charger စနစ်၊ Dual Zone Air Con,ထိုင်ခုံအပူပေးစနစ်၊ Bluetooth with Hand free ၊ ပတ်လည်လေအိတ်တွေ၊ ၃၆၀ ဒီဂရီကင်မရာစနစ်တို့လို Feature တွေ၊လုံခြုံရေးစနစ်တွေပါပြီး GS8 ကြိုက်ပြီးမတတ်နိုင်သူတွေအတွက်ရည်ရွယ်ထုတ်ထားတာပါ။ Estimate Price: USD $ 45,888
GS8
GAC ဆိုတဲ့နာမည်တစ်ခုကိုမွေးဖွားပေးလိုက်တဲ့မော်ဒယ်တစ်ခုလို့ ဆိုရမှာပါ။GS8 က Luxury SUV တစ်စီးဖြစ်ပြီး ကောင်းပေ့ဆိုတဲ့အရာ တွေထည့်ပြီးထုတ်ထားတယ်။ Austraian calf leather ထိုင်ခုံတွေ၊ ခုံ ၃ တန်းစနစ်၊ Harman Top-Level Entertainment System Speaker ၁၀ လုံး၊ ရ လက်မ LCD Touch Screen ၊ 3D Voice Navigation System ၊ နေရာဒေသ မရွေး မောင်းနှင်နိုင်ဖို့ Driving Mode 6 မျိုး၊ Panoramic Sunroof ၊ ပြီးတော့ အသိဉာဏ်မြင့်မားတဲ့ ခလုတ်ပေါင်း ၁၀၀ ကျော်ပါပါတယ်။ ပြီးတော့ BOSCH ရဲ့နည်း ပညာ ESP 9.1 ကိုသုံးထားပြီး ABS, EBD,TCS, HBA, ESP, HHC , လေအိတ်အပါအဝင် စုစုပေါင်းလေအိတ် ၈ လုံး ၊ 95% in high-strength steel ၊Child Safety lock,Cruise control ,Lane Change Assist Systemတွေပါသုံးထားလို့လုံခြုံစိတ်ချရမှုက ထိပ်တန်းအဆင့်မှာရှိနေပါတယ်။ အင်ဂျင်နဲ့စွမ်းအင်ထွက်ရှိမှုတွေကတော့ GS7 အတိုင်းပါပဲ။ Estimate Price: USD 62,888 (2WD) , USD 66,888 (4WD)
Zawgyi version..
GA8
GS4
GS5 Super
GS3
GA6
GM8
GS7
GS8