Unicode version….
1967 ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့Hyundai Motor Companyဟာ တောင်ကိုရီးယားနိုင် ငံအခြေစိုက် နိုင်ငံတကာမော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ အခြေစိုက် ပါတယ်။Hyundai ကို 1967 ခုနှစ်မှာ သူ့ရဲ့ 32.8% ပိုင်ဆိုင်တဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Kia ကုမ္ပဏီနဲ့ပူးတွဲ တည်ထောင်ခဲ့ပါတယ်။ ကုမ္ပဏီ (၂) ခုကို ပူးပေါင်းပြီး Hyundai Motor Group အဖြစ် တည် ထောင်ထားကာ 2012 ခုနှစ် စာရင်းများအရ ကမ္ဘာ့တတိယ အကြီးဆုံးမော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းအဖြစ် ရပ်တည် လျှက်ရှိပါတယ်။ 2008 ခုနှစ်မှာမူ Kia မပါဝင်ဘဲ Hyundai Motor ကုမ္ပဏီသီးသန့်အနေဖြင့် ကမ္ဘာ့အကြီးဆုံး ကားလုပ်ငန်းစုတွေထဲမှာအဆင့်(၈)နေရာရရှိခဲ့ပါတယ်။2012ခုနှစ်ကုမ္ပဏီရဲ့ ကမ္ဘာအနှံ့ ကားရောင်းချနိုင်မှု ပမာဏမှာ အစီးရေ 4.4 သန်းအထိ ရှိပြီး Kia ကုမ္ပဏီကိုပါ ထည့်သွင်းတွက်ချက်မယ်ဆိုပါက 7.12 သန်းအထိ ရှိခဲ့ပါတယ်။Hyundaiဟာ ယခုအချိန်မှာ ကမ္ဘာ့စတုတ္ထအကြီးဆုံး ကားထုတ်လုပ်ရေးလုပ်ငန်းအဖြစ် ရပ်တည် လျှက်ရှိပြီး ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်မှုစက်ရုံကို တောင်ကိုရီးယားနိုင်ငံ Ulsan ဒေသမှာ တည်ထောင် ထားရှိတယ်။အဲဒီစက်ရုံမှ တစ်နှစ်ကို ကားအစီးရေ 1.6 သန်းအထိ ထုတ်လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ကုမ္ပဏီအနေနဲ့ ကမ္ဘာအနှံ့ ဝန်ထမ်းပေါင်း 75,000 ကျော်ခန့်ထားပြီး နိုင်ငံ 193 နိုင်ငံမှာ ကားအရောင်းဌာနပေါင်း 5,000 ကျော် ဖွင့်လှစ်ထားရှိပါတယ်။ 2015 ခုနှစ် နိုဝင်ဘာမှာ Hyundai မှ ဇိမ်ခံကားအမှတ်တံဆိပ် အသစ်တစ်ခုဖြစ်တဲ့ Genesis Motors ကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။ လက်ရှိမှာ Hyundai ကားတွေရဲ့ဒီဇိုင်းပိုင်းကိုတာဝန်ယူထားသူက BMW 3 Series (E46)နဲ့ the BMW 6 Series (E63) တွေရဲ့ဒီဇိုင်းကိုပြုလုပ်ပေးခဲ့တဲ့ Thomas Bürkle ပဲဖြစ်ပါတယ်။ Green Car တွေနဲ့ပတ်သက်လို့ Hyundai ရဲ့ပထမဆုံးခြေလှမ်းကတော့ Sonata Electric Vehicle ကို ၁၉၉၁ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း လျှပ်စစ်ကားတွေအတွက်ရင်း နှီးမြှုပ်နှံမှုတွေထပ်မဲံပုလုပ်နေပါတယ်။မြန်မာနိုင်ငံမှာတော့ Hyundai ရဲ့လူစီးကားတွေကို တရားဝင်ဖြန့်ဖြူးရောင်းချပေးနေတဲ့ Hyundai Motor Myanmar Showroom ကို ၂၀၁၃ ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာ Genesis,Sonata, Grand i10,Accent,Elantra,H100,H1, Santafe,Tucsonနဲ့Creta စတဲ့ကားတွေကို ရောင်းချပေးနေပါတယ်။ ဒီကားတွေထဲကမှ အချို့ကား တွေရဲ့ အကြောင်းကို ပြန်ပြီးဖော်ပြပေးချင်ပါတယ်။ Hyundai ကရောင်းပေးတဲ့ကားတွေကတော့ အာမခံချက် တွေပါဝင်နေပြီး စိတ်ဝင်စားတဲ့ကားချစ်သူတွေအနေနဲ့
ရန်ကုန်အရာင်းပြခန်း: အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်းဘူ တာရုံလမ်း ထောင့်၊မရမ်းကုန်းမြို့နယ်၊ ရန်ကုန်၊ အရောင်းပြခန်း ဖုန်း ၀၁ ၅၂၂ ရ၂၃ ၊ ၀၉ ၄၂ ၁၀၀ ၂၀၅၁ ၀န်ဆောင်မှုစင်တာ -၀၁ ၅၂၂ ရ၂၄
မန္တလေးအရောင်းပြခန်း: အမှတ် (၃/F)၊ မြို့မဥယျာဉ်လမ်းနှင့် ရ၄ လမ်းကြား၊ တောင်မြင့်ရပ်ကွက်၊ ပြည်ကြီး တံခွန်မြို့နယ်၊ မန္တလေးစက်မှုနှင့် ကုန်သွယ်ရေးစင်တာ၊ မန္တလေးမြို့ ဖုန်း ၀၉ ၂၅၃ ၁၅၁ ၉၇၀၊ ၀၉ ၄၅၃ ၉၅၅ ၅၆၀၊ ၀န်ဆောင်မှုစင်တာ ဖုန်း ၀၉ ၉၇၁ ၃၄၇ ၀၀၁၊ ၀၉၄၂၁၈၈၈၂၂၀ များသို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Accent
Hyundai Accent ကို ဆီဒင်ကားအမျိုးအစားအဖြစ် ထုတ်လုပ်ထားပြီး Hyundai ရဲ့ အကောင်းမွန်ဆုံး အာမခံချက်ဖြစ်တဲ့ Power Window အဖွင့်အပိတ်၊ သော့မလိုကားစက်နှိုးမှုစနစ်နဲ့ အပူအအေး အော်တိုလေအေးပေးစနစ်တို့ ပါ၀င်ပါတယ်။ Hyundai Accent မော်ဒယ်မှာ မြင်းကောင်ရေအား 100 အင်ဂျင်နဲ့ 1.4-liter four-cylinder အင်ဂျင်ပါ၀င်ပြီး 6-speed အော်တိုဂီယာနဲ့ထုတ်လုပ်ထားပါတယ်။ မောင်းနှင်ပုံ အမျိုးမျိုးပါ၀င်သလို Hyundai က ဒီမော်ဒယ်ကို အများကြီးမျှော်လင့်ထားပုံရပြီး အဆင့်မြင့်တယ်ဆိုတဲ့ နည်းပ ညာတွေကိုထည့်သွင့်ပေးထားပါတယ်။ လည်သာထိုင်ခုံတွေ၊ကောင်းမွန်တဲ့လုံခြုံရေးစနစ်တွေပါဝင်လာမယ့် ဆီဒင်ကောင်းတစ်စီးကို တန်ကြေးနည်းနည်းနဲ့ရနိုင်မယ်ဆိုတော့ Accent က နေရာရလာနိုင်မယ့် မော်ဒယ်မျိုး ပါ။စျေးက အမေရိကန်ဒေါ်လာ 25,900 ဖြစ်ပါတယ်။
Tucson
အငယ်စား SUV (Compact SUV) ကားအမျိုးအစားဖြစ်ပြီး ယခုလက်ရှိ နောက်ဆုံးရုပ်ထွက်အသစ်နဲ့ ၂၀၁၈ မော်ဒယ် Tucson ဟာ မျိုးဆက်အနေနဲ့ပြောရရင် ဒုတိယမြောက်မျိုးဆက်ဖြစ်ပါတယ်။ ဒီကားဟာ ငယ်ရွယ် တက်ကြွတဲ့အသွင်ရှိတယ်၊ အငယ်စား SUV ဖြစ်ပေမယ့် အတွင်းခန်းကျယ်ပြီး မြင်နိုင်စွမ်းပိုအောင် ဒီဇိုင်းထုတ်ထားတယ်။ ရလဒ်အနေနဲ့ ပစ္စည်းအတင်အချလွယ်ပြီး ပါကင်ထိုးရတာအခက်အခဲမရှိစေတဲ့၊ မောင်းနှင်ရတာပျော်စရာကောင်းပြီး ကြည့်ရုံနဲ့တင်စိတ်လှုပ်ရှားစေတဲ့ ကားတစ်စီးအဖြစ် ထွက်ပေါ်လာပါပြီ။ ကားဒီဇိုင်းဟာဆိုရင်လည်း အရင်ကားများထက် ပိုမို ကြီးမားခိုင်ခ့ံအောင်ထုတ်လုပ်ထားပါတယ်။ အရည်အသွေး ကောင်းမွန်မှုကို အသားပေးထားပြီး customer တွေကို စိတ်ကျေနပ်မှု အကောင်းဆုံး ပေးနိုင်မဲ့ ကားလေးပဲဖြစ်ပါတယ်။ အင်ဂျင်ပါ၀ါက 2.0 လီတာ ဒီဇယ်ဖြစ်ပြီး 6-speed အော်တိုဂီယာ ကိုသုံးထားပါတယ်။စျေးကတော့ 2WD အတွက် အမေရိကန်ဒေါ်လာ ၄၂,၇၀၀ နဲ့ 4WD အတွက် အမေရိ ကန်ဒေါ်လာ ၄၆,၇၀၀ ဖြစ်ပါတယ်။
Creta
Creta ရဲ့ လုပ်ဆောင်မှုစွမ်းရည် နှင့် ဒီဇိုင်းပုံစံဟာဆိုရင် Hyundai ရဲ့ နာမည်ကြီးအမျိုးအစားဖြစ်သော Tuscon နဲ့ အတော်လေးကို တူညီမှုရှိပါတယ်။ သူ့ရဲ့အားသာချက်က Sport ပိုဆန်တယ်။ ပိုကောင်းတဲ့လုပ်ဆောင်မှု စွမ်းရည်ရှိခြင်း၊ လောင်စာဆီစားသက်သာခြင်း၊ ပါကင်ထိုးရာမှာလည်း နေရာယူမှုနည်းပါးခြင်းတို့ပဲဖြစ်ပါတယ်။ လူ ၅ ယောက်သက်တောင့်သက်သာစီးနိုင်မယ်၊ပစ ္စည်းလည်းတင်နိုင်တယ်။ပြီးတော့ မြို့တွင်း၊နယ်ဝေး ၂ ခုလုံးသွားလို့ အဆင်ပြေနိုင်တယ်။ 1.6 L CRDi အင်ဂျင်နဲ့ Diesel ကိုသုံးထားတယ်။နောက်ပြီး 6-speed အော်တိုဂီယာ ကိုတပ်ဆင်ထားလို့ စွမ်းအင်ထွက်ရှိမှုနဲ့အရုန်းအဆွဲတွေအတွက်ပါ စိတ်ချလို့ရနိုင်ပါတယ်။ စျေးကတော့ အမေရိကန်ဒေါ်လာ ၃၄,၃၀၀ ပဲဖြစ်ပါတယ်။
Grand i10
Grand i10 ကို ဂျာမနီနိုင်ငံမှာတည်ရှိတဲ့ Hyundai ဥရောပဒီဇိုင်းစင်တာမှာ ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပြီး Hyundai ရဲ့ Fluidic Design Theme ကိုအသုံးပြုပုံဖော်ခဲ့တာဖြစ်ပါတယ်။ Hyundai Grand i10ကို Sedan အနေနဲ့ (၁) ခမ်းနားတဲ့ပုံစံနဲ့ ကောင်းမွန်သာလွန်တဲ့ဒီဇိုင်း (၂) တမူထူးခြားလွန်းတဲ့ ကားအတွင်းပိုင်းအကျယ်အဝန်းနဲ့ ငြိမ့်ညောင်းမှု (၃) မောင်းနှင်ရလွယ်ကူချောမွေ့မှုနဲ့ ဆီစားအလွန်သက်သာမှုဆိုတဲ့ အချက်၃ချက်ကို အဓိကထားပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီကားဟာ အထူးထုတ်လုပ်တဲ့ အရွယ်အစား သေးငယ်တဲ့ Sedan ကားအမျိုးအစားအနည်းငယ်ထဲကတစ်ခုဖြစ်ပြီး အင်ဂျင်ပါ၀ါ 1.25 L MPiKappa အင်ဂျင်နဲ့ ဓါတ်ဆီသုံး 4-Speed အော်တိုဂီယာ မော်ဒယ်ဖြစ်ပါတယ်။ သူကကြေညာထားသလိုပါပဲ။ ဆီစားနှုန်းက မြို့တွင်းကို13.5 L ဖြစ်ပြီး မြို့ပြင်ကို 20 L ပဲဖြစ်လို့ City ကားတွေထဲမှာတော့ အတော်လေးကောင်းမွန်တယ်လို့ ဆိုနိုင်ပါ တယ်။စျေးကတော့ 20,800 USD ပဲဖြစ်ပါတယ်။
LF Sonata
ကမ္ဘာအနှံ့အစီးရေ ရ သန်းလောက်အထိ ရောင်းချထားပြီးဖြစ်သလို Hyundai တတိယမြောက် ရောင်းအား အကောင်းဆုံးကားတစ်စီးလည်းဖြစ်ပါတယ်။ နောက်ဆုံးမျိုးဆက် Sonata ကို ၃ နှစ်ကြာဒီဇိုင်းထုတ် ဖန်တီးထားပြီးနဲ့ ရင်းနှီးမြှုပ်နှံမှု ၄၅၀ ဘီလီယံ ၀မ်လောက် ကုန်ကျခဲ့ပါတယ်။ ဒါကြောင့် သူ့ပုံစံက တွေ့ကတည်းက စွဲမက်ဖွယ်ဒီဇိုင်းမျိုးဖြစ်နေတာပါ။ ဒါ့အပြင် ဒီကားဟာ သူ့ရဲ့နည်းပညာမြင့် လုံခြံုရေးစနစ် တွေကြောင့်လည်း ဆုတွေရယူထားနိုင်ပါသေးတယ်။ Full Size Sedan ကားဖြစ်လို့ကျယ်ဝန်းတဲ့နေရာထိုင်ခင်း၊ သက်တောင့်သက်သာရှိမှု၊သုံးထားတဲ့အဆင့်မြင့်နည်းပညာတွေကြောင့် စျေးကွက်မှာနေရာရလာတဲ့ ကား တစ်စီးပဲဖြစ်ပါတယ်။ အင်ဂျင်ပါ၀ါ က1,999 စီစီ ဓါတ်ဆီနဲ့6-Speed အော်တိုဂီယာကိုသုံးထားသလို Sport ဆန်တဲ့ပုံစံရယ်၊ Luxury ဖြစ်တဲ့အသုံးအဆောင်တွေကြောင့် Sonata ကအရမ်းကောင်းတဲ့ Sedan တစ်စီးလို့ညွှန်းဆိုပါရစေ။ စျေးကတော့ USD( 44,100 ) ပဲဖြစ်ပါတယ်။
SantaFe
လုံခြံုစိတ်ချမှုကို အသားပေးရုံသာမကခေတ်မှီဆန်းသစ်မှုကိုပါ အလေးထားလာတဲ့ နောက်ဆုံးထုတ်မော်ဒယ် SUV မော်ဒယ်SantaFe ရဲ့ဒီဇိုင်းဟာ အသုံးပြုရလွယ်ကူတဲ့အတွင်းခန်းအပြင်အဆင်နဲ့ အရည်အသွေးမြင့် ဇိမ်ခံ ထိုင်ခုံတွေအပြင် လှပဆန်းသစ်တဲ့ DTRL LED မီးလုံးများနဲ့ ပိုမိုထူးခြားဆန်းသစ်တဲ့ အသွင်ပုံစံ အသစ်တစ်မျိုုး ကိုအထူးအသားပေးထားပြီး စီးနင်းရတာလည်း ညက်ညောချောမွေ့တဲ့ကားဖြစ်ပါတယ်။ SantaFeမှာသုံး ထားတဲ့ ၂.၂ စီစီအင်ဂျင်ဟာ အမြင့်ဆုံးစွမ်းဆောင်ရည်အဖြစ် 3800 rpm မှာ မြင်းကောင်ရေ 197 ps ထုတ်ပေးပြီး အမြင့်ဆုံးရုန်းအားကတော့ 1800~2,500 rpm မှာ 44.5 kg.m ဖြစ်ပါတယ်။ ပြီးတော့ 6 Speed အော်တိုဂီယာနဲ့ ဒီဇယ်အင််ဂျင်ဖြစ်လို့ခရီးဝေးတွေအတွက် အရမ်းပဲသင့်တော်ပါတယ်။ ရ ယောက်စီးဖြစ်လို့ မိသားစုများသူတွေအတွက် အဆင်ပြေစေသလို ဇိမ်ခံအရည်အသွေးမြင့်ပစ္စည်းတွေက သင့်ကိုဆွဲဆောင်နိုင်စွမ်း အပြည့်ရှိပါတယ်။ အမေရိကန်ဒေါ်လာ 63,700 ကတော့ သူ့ရဲ့စျေးနှုန်းဖြစ်ပါတယ်။
Zawgyi version…
ရန်ကုန်အရာင်းပြခန်း: အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်းဘူ တာရုံလမ်း ထောင့်၊မရမ်းကုန်းမြို့နယ်၊ ရန်ကုန်၊ အရောင်းပြခန်း ဖုန်း ၀၁ ၅၂၂ ၇၂၃ ၊ ၀၉ ၄၂ ၁၀၀ ၂၀၅၁  ၀န်ဆောင်မှုစင်တာ   -၀၁ ၅၂၂ ၇၂၄
မန္တလေးအရောင်းပြခန်း: အမှတ် (၃/F)၊ မြို့မဥယျာဉ်လမ်းနှင့် ၇၄ လမ်းကြား၊ တောင်မြင့်ရပ်ကွက်၊ ပြည်ကြီး တံခွန်မြို့နယ်၊ မန္တလေးစက်မှုနှင့် ကုန်သွယ်ရေးစင်တာ၊ မန္တလေးမြို့ ဖုန်း ၀၉ ၂၅၃ ၁၅၁ ၉၇၀၊ ၀၉ ၄၅၃ ၉၅၅ ၅၆၀၊ ၀န်ဆောင်မှုစင်တာ ဖုန်း ၀၉ ၉၇၁ ၃၄၇ ၀၀၁၊ ၀၉၄၂၁၈၈၈၂၂၀ များသို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Accent
Tucson
Creta
Grand i10
 LF Sonata
SantaFe