Unicode version…
Strap
တောင်ကုန်းတွေ ချိုင့်ဝှမ်းတွေ အပေါ်ကနေ ကျော် ဖြတ်ပြီး ရွံ့နွံ့တွေ၊ ကျောက်စရစ်ခဲတွေ ပေါ်များတဲ့ တော တွင်း လမ်းကြမ်းတွေပေါ်မှာ မောင်းနှင်လာခဲ့တဲ့ Range Rover ကားတစ်စီးဟာ Strand Hotel ရှေ့က ကားပါ ကင်မှာ ထိုးရပ်လိုက်ပါတယ်။ မွန်းလွဲပိုင်း လ္ဘက်ရည် သောက်ချိန်မှာဘဲ ရောက်လာခဲ့တာပါ။ မူလ ဦးတည်ရာ လမ်းကြောင်းပေါ်မှာ မယိမ်းမယိုင်ဘဲ Range Rover ကားကို အောင်မြင်စွာ မောင်းနှင် လာခဲ့နိုင်တာဟာ ဒီကား ရဲ့ ကောင်းမွန်တဲ့ အရည်အသွေး နဲ့ စွမ်းဆောင်နိုင်ရည် ကို ဖော်ပြနေတာပါပဲ။ Ragne Rover ကား အမျိုးအစား ရဲ့ ဂုဏ်သိက္ခာကို ဖော်ညွန်းနေခြင်းပါပဲ။ ဒါဟာ ကမ္ဘာ ့ကြီး ကျယ်လှတဲ့ ကားမောင်းနှင်ခြင်းတွေထဲက အောင်ပွဲခံ “ဆု” ရနိုင်တဲ့ ဖြစ်ရပ်တစ်ခုကို နားစွန့်နေကြပါတယ်။
ပင်မအကြောင်းအရာစာသား
၁၉၇ဝ ခုနှစ် အစကနဦး ကတည်းက Range Rover ကားအမှတ်တံဆိပ် Brand ဖြတ်သန်းလာခဲ့တဲ့ ကာလ တစ်လျှောက်လုံးမှာ ငြိမ်းချမ်းမှုတွေ ချစ်ခင် နှစ်သက် မြတ်နိုးမှုတွေနဲ့ ဟစ်ပီတွေလို အထင်သေးခံရမှု မျိုးတွေ အမျိုးမျိုးကို တွေ့ကြုံ ရင်ဆိုင်ခဲ့ရပါတယ်။ ဗြိတိန် နိုင်ငံလုပ် ကားတွေ ဆုတ်ရုတ်ကျဆင်းမှု များပြားတဲ့ အခြေအနေတွေက ထိုးနှက်မှုတွေလည်း တွေ့ကြံုခဲ့ပါ တယ်။
၁၉၇ဝ ခုနှစ်မှာ Range Rover ကားတွေကို စတင် မိတ်ဆက်စဉ်ကပဲ အလွန်အားကောင်းတဲ့ ဖော်ညွန်းချက် တွေကြောင့် တရားဝင် အရောင်းကိုယ်စားလှယ်တွေ တန်းစီပြီး အများအပြား ပေါ်ထွန်းလာခဲ့ပါတယ်။ ဒါပေမဲ့ ပင်မတံခါး ပျဉ်ချပ်တွေ အမြဲတမ်းမကောင်းနိုင် သလိုပဲ၊ ပါးလွှာပေါ့ပါးတဲ့ ပြတင်းပေါက်တွေလည်း ဖြစ်ရိုးဖြစ်စဉ် အတိုင်း ကွဲထွက် ပျက်စီးသွားနိုင်ပါတယ်။ ဗြိတိန်က မော် တော်ကား အင်ဂျင်နီယာလုပ်ငန်းတွေ အမြဲတမ်းအောင် နိုင်ခြင်း မရှိတာလည်း ဒီသဘောပါပဲ။ သာမန် ယာဉ် မောင်းတွေ အတွက်တော့ ဒီအချက်က ခြိမ်းခြောက် ခံနေရဆဲ ဖြစ်ပါတယ်။
တစ်ချိန်တုန်းက Range Rover ကားတစ်စီးကို ဒေါ်လာ (၃ဝဝဝ) လောက်သာ ကုန်ကျခဲ့သော်လည်းပဲ ယခု အချိန်မှာတော့ စျေးနှုန်းက အဆပေါင်း (၄ဝ) လောက် ရှိနေပါပြီ။ ဒါဟာ ပြည့်စုံတဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ ငွေကြေးဖောင်းပွမှုကြောင့်လည်း ဖြစ်နို်င် ပါတယ်။ ခေတ်ပေါ် Range Rover ကားတစ်စီး ရရှိဖို့ အတွက် ငွေကြေး ပိုပြီးသုံးစွဲ ရပါလိမ့်မယ်။ ဒါဟာ သေချာ ခိုင်မာပြီး ယုံကြည်ရလောက်တဲ့ အဓိကအချက်ပဲ ဖြစ်ပါ တယ်။
တကယ်တော့ ခေတ်ပေါ် အော်ရီဂျင်နယ် ကား တစ်စီးမှာ ဘေးကင်းလုံခြံုမှု နည်းပညာတွေ၊ ဇိမ်ခံပစ္စည်း အတန်းအစား ဝင်နေတာတွေ၊ သတင်းဖျော်ဖြေမှု အဆင့် မြင့်နည်းပညာတွေထက် စက်မှုပိုင်းဆိုင်ရာ ကြန်အင် လက္ခဏာ အရည်အသွေး ကောင်းလွန်းတဲ့ အချက်တွေ ပေါ်မှာ မူတည်ပြီး တန်ဖိုးမြင့်မားစွာ ဖြစ်ပေါ်နေခြင်းပါ။
နှစ်ကာလတွေ ကြာလာတာနဲ့ အမျှ တစ်ခြားကား Model တွေလည်း ပုံစံအရွယ်အစား အမျိုးမျိုး၊ မြင်း ကောင်ရေ ပါဝါစွမ်းအား အမျိုးမျိုး၊ စျေးနှုန်း အမျိုးမျိုးနဲ့ ကွဲပြားခြားနားစွာပဲ သင်တို့ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီ အောင် ထုတ်လုပ်ခဲ့ကြပါတယ်။ သို့သော်ငြားလည်း အမှန် တကယ််မှာတော့ ကားအတန်းအစား အမျိုးအစား အား လုံးမှာ အဆင့်အတန်း အလိုက် သင့်တော်တဲ့ စက်မှုပိုင်း ဆိုင်ရာ မြင့်မားတဲ့ ရည်မှန်းချက်တွေ ပါရှိပြီးဖြစ်ပါတယ်။
Range Rover
အင်္ဂလန်နိုင်ငံထုတ် နာမည်ကြီး Range Rover ကားတစ်စီးပါ။ တောင်ကုန်း တောင်စောင်းတွေ ထူထပ်တဲ့ ဒေသမှာသုံးဖို့ စံပြထုတ်လုပ်ထားတဲ့ Flagship Model ဖြစ်ပါတယ်။ ဒီကားလေးနဲ့ တောတောင် သဘာဝရှုခင်း အလှတရားတွေ ခံစားရင်း အရာအားလုံကို ဇိမ်ကျကျ စိတ်ကူးယဉ် နိုင်ပါတယ်။ အင်ဂျင်ပါဝါ မြင်းကောင်ရေ 556 hp ထွက်ရှိတာကြောင့် စွမ်းရည်မြင့်မားတဲ့ ကားတစ် စီးပါ။ 10-inch touchscreens ၂လုံးတောင် ပါဝင်တာ ကြောင့် infotainment အရသာကို လိုက်ပါစီးနင်းသူ အားလုံး ခံစားနိုင်ပါတယ်။ ကွန်ပျူတာ ထိန်းချုပ်စနစ် နဲ့ အလုပ်လုပ်တဲ့ Air Suspension တပ်ဆင်ထားကြောင့် မြေမျက်နှာ အမျိုးမျိုးမှာ မညီမညာမှု မျိုးစုံကို အဆင်ပြေ အောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်။ မြို့တွင်း လမ်းတွေမှာ လည်း ငြိမ့်ငြိမ့်ညောင်းညောင်း စီးနိုင်အောင် ကြီးကျယ် ခမ်းနားတဲ့ တိတ်ဆိတ်တည်ငြိမ်မှုကို ပေးစွမ်းနိုင်ပါသေး တယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် သင့်ကားထဲမှာ ပါလာတဲ့ ကိတ်မုန့်ကိုတောင် ကိုက်စားရင်း ကားမောင်း နိုင်လောက်အောင် ညင်သာချောမွေ့လွန်းပါတယ်။
စျေးနှုန်းက ဒေါ်လာ $400,000 နဲ့ စဖွင့်ထား ပါတယ်။
Range Rover Sport
Range Rover ကားတွေထဲက Sport Type လူငယ်တွေ အကြိုက် ကားအမျိုးအစား ဖြစ်ပါတယ်။ ကြွက်သားတွေ သန်မာထွားကြိုင်းတဲ့ လူဆိုးလေး တစ် ယောက်အလား ဒီကား Model ပုံစံက ခတ်မိုက်မိုက် စတိုင် ပုံစံပါပဲ။ လမ်းပေါ်မှာရှိနေတဲ့ ကားတွေထက် ရက်ရက်စက်စက် သာလွန်ထင်ရှားတဲ့ လူငယ်ကြိုက် ပုံစံပါ။ မြင်းကောင်ရေပါဝါ 525 hp ရှိပြီး တောင့်တင်း ကြံ့ခိုင်မှု အပြည့်အဝရှိတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ Air Suspension စနစ် ပါရှိတာကြောင့် ကမ္ဘာမြေ ဘယ်လို မျက်နှာပြင်အနေအထား မှာဘဲဖြစ်ဖြစ် ဖြတ်ကျော်မောင်း နှင် နိုင်စွမ်းရှိတဲ့ ကား တစ်စီး ဖြစ်ပါတယ်။
အဖွင့်စျေးက ဒေါ်လာ 279,500 ဖြစ်ပါတယ်။
Range Rover Velar
All Wheel Drive ကားပုံစံအသစ်ဖြစ်ပါတယ်။ ကားအရွယ်အစားနဲ့ စျေးနှုန်းတန်ဖိုးကလည်း Full-sized Range Rover နဲ့ Evoque ကားအမျိုးအစားကြားထဲမှာ ရှိပါတယ်။ ဒီကားကို သစ်ပင်တွေပေါများတဲ့တောတွင်း လမ်းကြမ်း မျက်နှာပြင်အနေအထား အမျိုးမျိုးမှာ အလွယ် တကူထိန်းကျောင်း မောင်းနှင်နိုင်အောင် တည်ဆောက် ထား ပါတယ်။ ဇိမ်ခံတန်းဝင် ကားအမျိုးအစား ဖြစ်ပြီး ရဲဝံ့ ဝင့်ကြွားတဲ့ စတိုင်ပေါက်ပါတယ်။ စျေးကွက် ထဲက SUVs ကားတွေထဲမှာတော့ ဒီကားဒီဇိုင်းက သာလွန်တဲ့ စိတ်ကူး စိတ်သန်းတွေ ရှိတဲ့ လက်ရာကောင်း ကားတစ်စီးဖြစ် ပါတယ်။
Range Rover Evoque
Baby Range Rover လို့ခေါ်တဲ့ ဒီကားလေးက တော့ နောင်တော် Range Rover ကားတွေလို သန်မာ ထွားကြိုင်အောင် ထုပ်ထားသော်လည်း သိပ်ပြီးတော့ အားပျော့ပုံတော့ မရပါဘူး။ ညီငယ် Range Rover ဖြစ်တဲ့ Evoque Model ကားပုံစံက ကျစ်ကျစ်လစ်လစ် နဲ့ သန်မာ တောင့်တင်းတဲ့ စတိုင်ပုံပေါက်ပါတယ်။
စိတ်အားထက် သန်တဲ့ ခွေးဘီးလူးငယ် တစ်ကောင်အလား၊ မောင်းနှင် နိုင်တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။ Off-Road လမ်းမရှိတဲ့ မြေပြင်မှာပဲ ဖြစ်ဖြစ်လမ်းကောင်း (On-Road) မှာပဲ ဖြစ် ဖြစ် ပျော်ရွှင်ဖွယ် မောင်းနှင်နိုင်စွမ်းရှိတဲ့ ကားတစ်စီး ဖြစ် ပါတယ်။ ဒီကားရဲ့ ပုံစံအရွယ်အစားက ပြင်ပကမြင်ရတာ ထက် အတွင်းပိုင်းမှာ ပိုပြီး ကျယ်ဝန်းတယ်ဆိုတာ ယုံမှား သံသယ ဖြစ်စရာမလိုပါဘူး။
Range Rover Evoque ရဲ့ စျေးအဖွင့် Price ကတော့ ဒေါ်လာ 155,000 ရှိတယ်လို ဆိုပါတယ်။
All New Land Rover Discovery
Land Rover Discovery ကား ဒီဇိုင်း ပုံစံသစ် ကတော့ ကားလောကမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် လို့ ဆိုရအောင်ပါပဲ၊ အလှအပထက် အသုံးဝင်မှုကိုပိုပြီး ရည် ရွယ် ထားတဲ့ Model ဖြစ်ပါတယ်။ ဒီကားပုံစံက ယခင် ပုံစံ ဒီဇိုင်းထက်ကို ပိုပြီးချောမွေ့တောက်ပြောင်လွန်းတဲ့ စတိုင် ဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းလွန်းတဲ့ မြေပြင်အနေ အ ထားမျိုးမှာ မောင်နို်င်စွမ်းရှိအောင်၊ ခရီးရှည်ကြီး သွားရတဲ့ အခါမျိုးမှာလည်း နောက်တွဲ Trailer ကြီးကို ဆွဲသွားနိုင် အောင် ရည်ရွယ်ပြီး ကားဒီဇိုင်းကို ကြီးမားအကြမ်းခံနိုင် စွမ်းရှိဖို့ ဖန်တီးထားပါတယ်။
သို့သော်လည်းပဲ ကားရဲ့ အဆင့်အတန်းက Laxuary ဇိမ်ခံကားမျိုးဖြစ်ပြီး လူကြီး ရ-ယောက်အထိ လိုက်ပါစီးနိုင်အောင် ကျယ်ဝန်းလှပါ တယ်။
အဖွင့်စျေးနှုန်းက ဒေါ်လာ 210,000 ရှိပါတယ်။
Land Rover Discovery Sport
ဟိုအရင်တုန်းက ၂-ယောက်စီး Freelander ကားဟောင်းနေရာမှာ အစားထိုးပြီး ဒီဇိုင်းပြန်ပြင်ထားတာ ဖြစ်ပါတယ်။ Evoque ပလက်ဖောင်းပေါ်မှာ အခြေခံပြီး ဒီဇိုင်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကား နောက်ပိုင်း Suspension ဒီဇိုင်းကို ပြန်ပြင်ထားပါတယ်။
ကုန်ပစ္စည်း အထုပ်အပိုးတွေ များများတင်နို်င်ဖို့ ၂ယောက် စီးကနေ လူ ရ-ယောက်စီးနိုင်အောင် အောက်ပိုင်း Suspension ကို ဒီဇိုင်းပြင်ထားဖြစ်ပါတယ်။ Range Rover အတန်းအစားတွေထဲမှာ ပါဝါစွမ်းအား လွန်လွန် ကဲကဲ မကြီးမားသော်လည်းပဲ အမျိုးမျိုးသော မြေပြင် အနေအထားမှာ ဖြတ်သန်းမောင်းနှင်နိုင်ဖို့ သီးခြားပါဝါ စွမ်းအား အနည်းငယ်လောက်ပဲ ခွဲခြားဖယ်ထုတ်ပေးဖို့ တွန့်ဆုတ် မနေခဲ့ပါဘူး။ Sport ကားဒီဇိုင်းဖြစ်တာကြောင့် Off-Road လမ်းကြမ်းမြေပြင်အနေအထား အမျိုးမျိုးမှာ အင်ဂျင်ရုန်းအားကောင်းဖို့ ဒီဇိုင်းပြင်ဆင် တည်ဆောက် ထားပါတယ်။ အဖွင့်စျေးနှုန်း ဒေါ်လာ $ 135,000 ဖြစ်ပါတယ်။
Cameron Copper
Zawgyi version….
Strap
ေတာင္ကုန္းေတြ ခ်ဳိင့္ဝွမ္းေတြ အေပၚကေန ေက်ာ္ ျဖတ္ၿပီး ရြံ႕ႏြံ႕ေတြ၊ ေက်ာက္စရစ္ခဲေတြ ေပၚမ်ားတဲ့ ေတာ တြင္း လမ္းၾကမ္းေတြေပၚမွာ ေမာင္းႏွင္လာခဲ့တဲ့ Range Rover ကားတစ္စီးဟာ Strand Hotel ေရွ႕က ကားပါ ကင္မွာ ထုိးရပ္လိုက္ပါတယ္။ မြန္းလဲြပိုင္း လၻက္ရည္ ေသာက္ခ်ိန္မွာဘဲ ေရာက္လာခဲ့တာပါ။ မူလ ဦးတည္ရာ လမ္းေၾကာင္းေပၚမွာ မယိမ္းမယိုင္ဘဲ Range Rover ကားကို ေအာင္ျမင္စြာ ေမာင္းႏွင္ လာခဲ့ႏိုင္တာဟာ ဒီကား ရဲ႕ ေကာင္းမြန္တဲ့ အရည္အေသြး နဲ႔ စြမ္းေဆာင္ႏိုင္ရည္ ကို ေဖာ္ျပေနတာပါပဲ။ Ragne Rover ကား အမ်ဳိးအစား ရဲ႕ ဂုဏ္သိကၡာကို ေဖာ္ညြန္းေနျခင္းပါပဲ။ ဒါဟာ ကမၻာ ့ႀကီး က်ယ္လွတဲ့ ကားေမာင္းႏွင္ျခင္းေတြထဲက ေအာင္ပဲြခံ “ဆု” ရႏိုင္တဲ့ ျဖစ္ရပ္တစ္ခုကို နားစြန္႔ေနၾကပါတယ္။
ပင္မအေၾကာင္းအရာစာသား
၁၉၇ဝ ခုႏွစ္ အစကနဦး ကတည္းက Range Rover ကားအမွတ္တံဆိပ္ Brand ျဖတ္သန္းလာခဲ့တဲ့ ကာလ တစ္ေလွ်ာက္လံုးမွာ ၿငိမ္းခ်မ္းမႈေတြ ခ်စ္ခင္ ႏွစ္သက္ ျမတ္နိုးမႈေတြနဲ႔ ဟစ္ပီေတြလို အထင္ေသးခံရမႈ မ်ဳိးေတြ အမ်ဳိးမ်ဳိးကို ေတြ႕ႀကံဳ ရင္ဆုိင္ခဲ့ရပါတယ္။ ၿဗိတိန္ ႏိုင္ငံလုပ္ ကားေတြ ဆုတ္ရုတ္က်ဆင္းမႈ မ်ားျပားတဲ့ အေျခအေနေတြက ထုိးႏွက္မႈေတြလည္း ေတြ႕ႀကံဳခဲ့ပါ တယ္။
၁၉၇ဝ ခုႏွစ္မွာ Range Rover ကားေတြကို စတင္ မိတ္ဆက္စဥ္ကပဲ အလြန္အားေကာင္းတဲ့ ေဖာ္ညြန္းခ်က္ ေတြေၾကာင့္ တရားဝင္ အေရာင္းကိုယ္စားလွယ္ေတြ တန္းစီၿပီး အမ်ားအျပား ေပၚထြန္းလာခဲ့ပါတယ္။ ဒါေပမဲ့ ပင္မတံခါး ပ်ဥ္ခ်ပ္ေတြ အၿမဲတမ္းမေကာင္းႏိုင္ သလိုပဲ၊ ပါးလႊာေပါ့ပါးတဲ့ ျပတင္းေပါက္ေတြလည္း ျဖစ္ရိုးျဖစ္စဥ္ အတိုင္း ကဲြထြက္ ပ်က္စီးသြားႏိုင္ပါတယ္။ ၿဗိတိန္က ေမာ္ ေတာ္ကား အင္ဂ်င္နီယာလုပ္ငန္းေတြ အၿမဲတမ္းေအာင္ ႏိုင္ျခင္း မရွိတာလည္း ဒီသေဘာပါပဲ။ သာမန္ ယာဥ္ ေမာင္းေတြ အတြက္ေတာ့ ဒီအခ်က္က ၿခိမ္းေျခာက္ ခံေနရဆဲ ျဖစ္ပါတယ္။
တစ္ခ်ိန္တုန္းက Range Rover ကားတစ္စီးကို ေဒၚလာ (၃ဝဝဝ) ေလာက္သာ ကုန္က်ခဲ့ေသာ္လည္းပဲ ယခု အခ်ိန္မွာေတာ့ ေစ်းႏႈန္းက အဆေပါင္း (၄ဝ) ေလာက္ ရွိေနပါၿပီ။ ဒါဟာ ျပည့္စံုတဲ့ အေၾကာင္းျပခ်က္ မဟုတ္ပါဘူး။ ေငြေၾကးေဖာင္းပြမႈေၾကာင့္လည္း ျဖစ္ႏို္င္ ပါတယ္။ ေခတ္ေပၚ Range Rover ကားတစ္စီး ရရွိဖုိ႔ အတြက္ ေငြေၾကး ပိုၿပီးသံုးစဲြ ရပါလိမ့္မယ္။ ဒါဟာ ေသခ်ာ ခိုင္မာျပီး ယံုၾကည္ရေလာက္တဲ့ အဓိကအခ်က္ပဲ ျဖစ္ပါ တယ္။
တကယ္ေတာ့ ေခတ္ေပၚ ေအာ္ရီဂ်င္နယ္ ကား တစ္စီးမွာ ေဘးကင္းလံုၿခံဳမႈ နည္းပညာေတြ၊ ဇိမ္ခံပစၥည္း အတန္းအစား ဝင္ေနတာေတြ၊ သတင္းေဖ်ာ္ေျဖမႈ အဆင့္ ျမင့္နည္းပညာေတြထက္ စက္မႈပိုင္းဆုိင္ရာ ၾကန္အင္ လကၡဏာ အရည္အေသြး ေကာင္းလြန္းတဲ့ အခ်က္ေတြ ေပၚမွာ မူတည္ၿပီး တန္ဖိုးျမင့္မားစြာ ျဖစ္ေပၚေနျခင္းပါ။
ႏွစ္ကာလေတြ ၾကာလာတာနဲ႔ အမွ် တစ္ျခားကား Model ေတြလည္း ပံုစံအရြယ္အစား အမ်ဳိးမ်ဳိး၊ ျမင္း ေကာင္ေရ ပါဝါစြမ္းအား အမ်ဳိးမ်ဳိး၊ ေစ်းႏႈန္း အမ်ဳိးမ်ဳိးနဲ႔ ကြဲျပားျခားနားစြာပဲ သင္တို႔ရဲ႕ လိုအပ္ခ်က္ေတြနဲ႔ ကိုက္ညီ ေအာင္ ထုတ္လုပ္ခဲ့ၾကပါတယ္။ သုိ႔ေသာ္ျငားလည္း အမွန္ တကယ္္မွာေတာ့ ကားအတန္းအစား အမ်ဳိးအစား အား လံုးမွာ အဆင့္အတန္း အလိုက္ သင့္ေတာ္တဲ့ စက္မႈပိုင္း ဆုိင္ရာ ျမင့္မားတဲ့ ရည္မွန္းခ်က္ေတြ ပါရွိၿပီးျဖစ္ပါတယ္။
Range Rover
အဂၤလန္ႏိုင္ငံထုတ္ နာမည္ႀကီး Range Rover ကားတစ္စီးပါ။ ေတာင္ကုန္း ေတာင္ေစာင္းေတြ ထူထပ္တဲ့ ေဒသမွာသံုးဖို႔ စံျပထုတ္လုပ္ထားတဲ့ Flagship Model ျဖစ္ပါတယ္။ ဒီကားေလးနဲ႔ ေတာေတာင္ သဘာဝရႈခင္း အလွတရားေတြ ခံစားရင္း အရာအားလံုကို ဇိမ္က်က် စိတ္ကူးယဥ္ ႏိုင္ပါတယ္။ အင္ဂ်င္ပါဝါ ျမင္းေကာင္ေရ 556 hp ထြက္ရွိတာေၾကာင့္ စြမ္းရည္ျမင့္မားတဲ့ ကားတစ္ စီးပါ။ 10-inch touchscreens ၂လံုးေတာင္ ပါဝင္တာ ေၾကာင့္ infotainment အရသာကို လိုက္ပါစီးနင္းသူ အားလံုး ခံစားႏိုင္ပါတယ္။ ကြန္ပ်ဴတာ ထိန္းခ်ဳပ္စနစ္ နဲ႔ အလုပ္လုပ္တဲ့ Air Suspension တပ္ဆင္ထားေၾကာင့္ ေျမမ်က္ႏွာ အမ်ဳိးမ်ဳိးမွာ မညီမညာမႈ မ်ဳိးစံုကို အဆင္ေျပ ေအာင္ လုပ္ေပးႏိုင္စြမ္းရွိပါတယ္။ ၿမဳိ႕တြင္း လမ္းေတြမွာ လည္း ၿငိမ့္ၿငိမ့္ေညာင္းေညာင္း စီးႏိုင္ေအာင္ ႀကီးက်ယ္ ခမ္းနားတဲ့ တိတ္ဆိတ္တည္ၿငိမ္မႈကို ေပးစြမ္းႏိုင္ပါေသး တယ္။ ေနာက္ဆံုး ကုန္ကုန္ေျပာရရင္ သင့္ကားထဲမွာ ပါလာတဲ့ ကိတ္မုန္႔ကိုေတာင္ ကိုက္စားရင္း ကားေမာင္း ႏိုင္ေလာက္ေအာင္ ညင္သာေခ်ာေမြ႕လြန္းပါတယ္။
ေစ်းႏႈန္းက ေဒၚလာ $400,000 နဲ႔ စဖြင့္ထား ပါတယ္။
Range Rover Sport
Range Rover ကားေတြထဲက Sport Type လူငယ္ေတြ အႀကိဳက္ ကားအမ်ဳိးအစား ျဖစ္ပါတယ္။ ႂကြက္သားေတြ သန္မာထြားႀကိဳင္းတဲ့ လူဆိုးေလး တစ္ ေယာက္အလား ဒီကား Model ပံုစံက ခတ္မိုက္မိုက္ စတိုင္ ပံုစံပါပဲ။ လမ္းေပၚမွာရွိေနတဲ့ ကားေတြထက္ ရက္ရက္စက္စက္ သာလြန္ထင္ရွားတဲ့ လူငယ္ႀကိဳက္ ပံုစံပါ။ ျမင္းေကာင္ေရပါဝါ 525 hp ရွိၿပီး ေတာင့္တင္း ႀကံ႕ခိုင္မႈ အျပည့္အဝရွိတဲ့ ပံုစံမ်ဳိးျဖစ္ပါတယ္။ Air Suspension စနစ္ ပါရွိတာေၾကာင့္ ကမၻာေျမ ဘယ္လုိ မ်က္ႏွာျပင္အေနအထား မွာဘဲျဖစ္ျဖစ္ ျဖတ္ေက်ာ္ေမာင္း ႏွင္ ႏိုင္စြမ္းရွိတဲ့ ကား တစ္စီး ျဖစ္ပါတယ္။
အဖြင့္ေစ်းက ေဒၚလာ 279,500 ျဖစ္ပါတယ္။
Range Rover Velar
All Wheel Drive ကားပံုစံအသစ္ျဖစ္ပါတယ္။ ကားအရြယ္အစားနဲ႔ ေစ်းႏႈန္းတန္ဖိုးကလည္း Full-sized Range Rover နဲ႔ Evoque ကားအမ်ဳိးအစားၾကားထဲမွာ ရွိပါတယ္။ ဒီကားကို သစ္ပင္ေတြေပါမ်ားတဲ့ေတာတြင္း လမ္းၾကမ္း မ်က္ႏွာျပင္အေနအထား အမ်ဳိးမ်ဳိးမွာ အလြယ္ တကူထိန္းေက်ာင္း ေမာင္းႏွင္ႏိုင္ေအာင္ တည္ေဆာက္ ထား ပါတယ္။ ဇိမ္ခံတန္းဝင္ ကားအမ်ဳိးအစား ျဖစ္ၿပီး ရဲဝံ့ ဝင့္ႂကြားတဲ့ စတိုင္ေပါက္ပါတယ္။ ေစ်းကြက္ ထဲက SUVs ကားေတြထဲမွာေတာ့ ဒီကားဒီဇိုင္းက သာလြန္တဲ့ စိတ္ကူး စိတ္သန္းေတြ ရွိတဲ့ လက္ရာေကာင္း ကားတစ္စီးျဖစ္ ပါတယ္။
Range Rover Evoque
Baby Range Rover လို႔ေခၚတဲ့ ဒီကားေလးက ေတာ့ ေနာင္ေတာ္ Range Rover ကားေတြလို သန္မာ ထြားႀကိဳင္ေအာင္ ထုပ္ထားေသာ္လည္း သိပ္ၿပီးေတာ့ အားေပ်ာ့ပံုေတာ့ မရပါဘူး။ ညီငယ္ Range Rover ျဖစ္တဲ့ Evoque Model ကားပံုစံက က်စ္က်စ္လစ္လစ္ နဲ႔ သန္မာ ေတာင့္တင္းတဲ့ စတိုင္ပံုေပါက္ပါတယ္။
စိတ္အားထက္ သန္တဲ့ ေခြးဘီးလူးငယ္ တစ္ေကာင္အလား၊ ေမာင္းႏွင္ ႏိုင္တဲ့ စြမ္းေဆာင္ရည္ရွိပါတယ္။ Off-Road လမ္းမရွိတဲ့ ေျမျပင္မွာပဲ ျဖစ္ျဖစ္လမ္းေကာင္း (On-Road) မွာပဲ ျဖစ္ ျဖစ္ ေပ်ာ္ရႊင္ဖြယ္ ေမာင္းႏွင္ႏိုင္စြမ္းရွိတဲ့ ကားတစ္စီး ျဖစ္ ပါတယ္။ ဒီကားရဲ႕ ပံုစံအရြယ္အစားက ျပင္ပကျမင္ရတာ ထက္ အတြင္းပုိင္းမွာ ပိုၿပီး က်ယ္ဝန္းတယ္ဆုိတာ ယံုမွား သံသယ ျဖစ္စရာမလုိပါဘူး။
Range Rover Evoque ရဲ႕ ေစ်းအဖြင့္ Price ကေတာ့ ေဒၚလာ 155,000 ရွိတယ္လို ဆိုပါတယ္။
All New Land Rover Discovery
Land Rover Discovery ကား ဒီဇိုင္း ပံုစံသစ္ ကေတာ့ ကားေလာကမွာ ပ်ဳိတုိင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ လုိ႔ ဆုိရေအာင္ပါပဲ၊ အလွအပထက္ အသံုးဝင္မႈကိုပိုၿပီး ရည္ ရြယ္ ထားတဲ့ Model ျဖစ္ပါတယ္။ ဒီကားပံုစံက ယခင္ ပံုစံ ဒီဇိုင္းထက္ကို ပိုၿပီးေခ်ာေမြ႕ေတာက္ေျပာင္လြန္းတဲ့ စတိုင္ ျဖစ္ပါတယ္။ ခက္ခဲၾကမ္းတမ္းလြန္းတဲ့ ေျမျပင္အေန အ ထားမ်ဳိးမွာ ေမာင္ႏို္င္စြမ္းရွိေအာင္၊ ခရီးရွည္ႀကီး သြားရတဲ့ အခါမ်ဳိးမွာလည္း ေနာက္တဲြ Trailer ႀကီးကို ဆဲြသြားႏိုင္ ေအာင္ ရည္ရြယ္ၿပီး ကားဒီဇိုင္းကို ႀကီးမားအၾကမ္းခံႏိုင္ စြမ္းရွိဖုိ႔ ဖန္တီးထားပါတယ္။
သို႔ေသာ္လည္းပဲ ကားရဲ႕ အဆင့္အတန္းက Laxuary ဇိမ္ခံကားမ်ဳိးျဖစ္ၿပီး လူႀကီး ၇-ေယာက္အထိ လုိက္ပါစီးႏိုင္ေအာင္ က်ယ္ဝန္းလွပါ တယ္။
အဖြင့္ေစ်းႏႈန္းက ေဒၚလာ 210,000 ရွိပါတယ္။
Land Rover Discovery Sport
ဟုိအရင္တုန္းက ၂-ေယာက္စီး Freelander ကားေဟာင္းေနရာမွာ အစားထုိးၿပီး ဒီဇုိင္းျပန္ျပင္ထားတာ ျဖစ္ပါတယ္။ Evoque ပလက္ေဖာင္းေပၚမွာ အေျခခံၿပီး ဒီဇုိင္းတည္ေဆာက္ထားတာ ျဖစ္ပါတယ္။ ဒါေပမဲ့ ကား ေနာက္ပိုင္း Suspension ဒီဇိုင္းကို ျပန္ျပင္ထားပါတယ္။
ကုန္ပစၥည္း အထုပ္အပိုးေတြ မ်ားမ်ားတင္ႏို္င္ဖုိ႔ ၂ေယာက္ စီးကေန လူ ၇-ေယာက္စီးႏုိင္ေအာင္ ေအာက္ပုိင္း Suspension ကို ဒီဇိုင္းျပင္ထားျဖစ္ပါတယ္။ Range Rover အတန္းအစားေတြထဲမွာ ပါဝါစြမ္းအား လြန္လြန္ ကဲကဲ မႀကီးမားေသာ္လည္းပဲ အမ်ဳိးမ်ဳိးေသာ ေျမျပင္ အေနအထားမွာ ျဖတ္သန္းေမာင္းႏွင္ႏိုင္ဖုိ႔ သီးျခားပါဝါ စြမ္းအား အနည္းငယ္ေလာက္ပဲ ခဲြျခားဖယ္ထုတ္ေပးဖုိ႔ တြန္႔ဆုတ္ မေနခဲ့ပါဘူး။ Sport ကားဒီဇိုင္းျဖစ္တာေၾကာင့္ Off-Road လမ္းၾကမ္းေျမျပင္အေနအထား အမ်ဳိးမ်ဳိးမွာ အင္ဂ်င္ရုန္းအားေကာင္းဖို႔ ဒီဇိုင္းျပင္ဆင္ တည္ေဆာက္ ထားပါတယ္။ အဖြင့္ေစ်းႏႈန္း ေဒၚလာ $ 135,000 ျဖစ္ပါတယ္။
Cameron Copper