Unicode version…
DRIVE မဂ္ဂဇင်းရဲ့ Brand Guide ကနေ ကြိုဆိုလိုက်ပါတယ်။
ထုတ်ဝေတဲ့မဂ္ဂဇင်းတိုင်းမှာ ဘရန်းတစ်ခုစီမှာပါဝင်တဲ့ ကားမော်ဒယ်တွေအားလုံးကို ပရိသတ်များဖတ်ရှုသိရှိနိုင်စေဖို့ ကြိုးစားလျက်ရှိပါတယ်။
ကားတစ်စီးချင်းစီရဲ့ စွမ်းဆောင်ရည်နဲ့ ၄င်းမှာ ဘယ်လိုကောင်းမွန်မှုတွေရှိတယ်ဆိုတာရဲ့ အကျဉ်းချုပ်ကို ဖော်ပြပေးမှာဖြစ်ပါတယ်။
ဖို့ဒ်ဆိုတာ အမေရိကန်နိုင်ငံတကာ အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ ပထမဆုံးကားကုမ္ပဏီတစ်ခုဖြစ်ပြီး လူကြိုက်များစေဖို့ အကြီးအကျယ် ထုတ်လုပ်ခဲ့ပါတယ်။ ဘရန်းရဲ့တည်ထောင်သူ
မစ္စတာ Henry Ford ဟာ အလယ်အလတ်တန်းလူတန်းစားတွေအတွက် နာမည်ကျော်ကြားတဲ့ မော်ဒယ် T ပုံစံထဲမှာ ပထမဆုံးသော ဈေးနှုန်းသက်သာပြီး လွယ်လင့်တကူ ရရှိနိုင်ကာ မောင်းနှင်ရလွယ်ကူတဲ့ ကားတွေကို ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ ထိုထုတ်လုပ်မှုကို ကားသန်းပေါင်း
၁၆ ဒသမ ၅ သန်း ထုတ်လုပ်မှုနဲ့အတူ ၁၉၀၈ ခုနှစ်ကနေ ၁၉၂၇ ခုနှစ်အထိ နောက်ဆုံးထုတ်လုပ်ခြင်းကို ပြုလုပ်ခဲ့ပါတယ်။
တည်ထောင်သူ မစ္စတာ Henry Ford ရဲ့အမြင်၊ ရည်ရွယ်ချက်တို့နဲ့အတူ မော်ဒယ် T ဟာ ကမ္ဘာ့ပထမဆုံးကား ဖြစ်လာခဲ့ပါတယ်။ တောင်အမေရိက၊ မြောက်အမေရိက၊ ဥရောပ၊ အာရှတို့မှာ ဈေးနှုန်း အလွန်သက်သာစွာနဲ့ ထုတ်လုပ်တပ်ဆင်ခဲ့ကြပါတယ်။ ဒါတွေဟာ ဖို့ဒ်ရဲ့ ရေရှည်အနာဂတ်အတွက် အရေးပါတဲ့ ရှေ့ပြေးနိမိတ်တစ်ခုဖြစ်လာခဲ့ပါတယ်။
ကုမ္ပဏီဟာ အမေရိကရဲ့ Dearborn Michigan ပြည်နယ်ထဲမှာ ယခုတိုင် အခြေတည်ထားပေမယ့်လည်း
၄င်းရဲ့သမိုင်းတစ်လျှောက် နိုင်ငံတကာရဲ့ အစွန်းမှပဲ ထိန်းထားနိုင်ခဲ့ပါတယ်။ ကမ္ဘာမှာရှိတဲ့ ထိပ်ဆုံးကားကုမ္ပဏီ (၅)ခုမှာ ပါဝင်ပါတယ်။ နှစ်ပေါင်းအတော်ကြာ ဖို့ဒ်ဟာ မာဇဒါ၊ ဗောလ်ဗိုအပါအဝင် အဓိကဘရန်း အမျိုးအစားတွေမှာ Ownership အဖြစ်လည်း ပါဝင်ခဲ့ပြီးဖြစ်ပါတယ်။
အခုတော့ ဖို့ဒ် မြန်မာနိုင်ငံကိုရောက်လာခဲ့ပါပြီ။ ဒီမှာရှိတဲ့ မော်ဒယ်တွေကတော့ အမျိုးအစား (၁၀)မျိုးလောက်ရှိပါတယ်။ ကိုယ်နေထိုင်တဲ့ lifestyle ပေါ်မူတည်ပြီး ကားမော်ဒယ်တွေကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ပုံမှန်ထက် ဇိမ်ခံနဲ့ စပေါ့ကားအနည်းငယ်ပိုဆန်မှု အတွက် ဈေးနှုန်းမတူညီဘဲ အနည်းငယ် ချုံးထားတဲ့ တိုက်တေနီယမ် စခေုေါန တွေကို ဝယ်ယူနိုင်ပါတယ်။ အတိုချံုးဆန်းစစ်ပြီး ဖော်ပြပေးလိုက်ရပါတယ်။
Everest
Everest ကတော့ ရိမ်းဂျားပစ်ကပ်တွေလိုပဲ တူညီတဲ့ ပလက်ဖောင်းရှိပါတယ်။ တံခါးငါးပေါက်ဖြစ်တဲ့ မူကွဲအနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ လူ (၇)ယောက် စီးလို့ရပါတယ်။ ထိုထရပ်ကားဟာ အသန်မာဆုံး အရာတွေကိုတိုက်ဖို့ ဆန့်ကျင်ဘက် လိမ်အားကောင်းပြီး လိုအပ်လာတဲ့အခါ Transfer case နဲ့ လိမ်အား၊ လေးဘီးမောင်းစနစ်တွေနဲ့အတူ မြေအနေအထားစီမံခန့်ခွဲမှုအတွက် Solid အခြေခံတစ်ခုပါရှိပါတယ်။ ၈၀ စင်တီမီတာနဲ့အထက်ကို ရေထဲမှာ သွားလာနိုင်ပါတယ်။
ဒေါ်လာဈေး ၆၂၂၅၀ ကနေစတင်ထားပြီး မြန်မာကျပ်ငွေ ရ၄ဝ၇၇၅၀ဝ ကျသင့်မှာဖြစ်ပါတယ်။
everest
Explorer
SUV ဆိုဒ်အပြည့်ရှိတဲ့ ကားအမျိုးအစားဖြစ်ပါတယ်။ Intelligent 4WD၊ မြေအနေအထားစီမံခန့်ခွဲမှု စနစ်တွေကဲ့သို့သော နည်းပညာမြင့်အစိတ်အပိုင်းတွေပါရှိမှုနဲ့အတူ အရာအားလုံးဟာ တကယ်ဖြစ်လာခဲ့ပါပြီ။ တည်ငြိမ်မှုကိုထိန်းချုပ်မှု၊ Curve Control နဲ့အတူ AdvanceTrac ကဲ့သို့ Standard တပ်ဆင်မှုတွေ ပါဝင်ပါတယ်။ အတွင်းဘက်မှာတော့ PowerFold third-row နဲ့ second-row bucket ထိုင်ခုံတွေ ပါဝင်ပါတယ်။ ဇိမ်ခံကားအမျိုးအစားထဲမှာပါဝင်ပြီး လမ်းချောရော လမ်းကြမ်းပါ နှစ်မျိုးသုံးနိုင်ပါတယ်။
ဒေါ်လာ ၁၀၅ဝဝဝ ကနေစတင်ထားပြီး မြန်မာကျပ်ငွေ ၁၂၄၉၅၀ဝဝဝ ကျသင့်မှာ ဖြစ်ပါတယ်။
New 2016 Ford Explorer Limited series in White Platinum Metallic Tri-coat
Ecosport
Ecosport မော်ဒယ်ကတော့ ဖို့ဒ်ရဲ့ SUV အသေးစား subcompact crossover ဖြစ်ပါတယ်။ စတိုင်ကျပြီး ဈေးနှုန်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ လေးဘီးမောင်းနှင်မှုစနစ်ကို ပြောင်းလဲနိုင်တဲ့ Optional ပါဝင်ပါတယ်။ မြေအနေအထားအမျိုးမျိုးမှာ အံ့ဩဖွယ်ကောင်းပြီး အဆင်ပြေစွာ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ရေကြီးနေတဲ့ လမ်းမှာဖြစ်ဖြစ်၊ ချိုင့်ခွက်များတဲ့ လမ်းမှာဖြစ်ဖြစ်၊ ရွှံ့များတဲ့ လမ်းမှာဖြစ်ဖြစ်၊ ကိစ္စမရှိပါဘူး။ မြို့တွင်းမှာလည်း အနည်းငယ်အဆင်ပြေစွာ မောင်းနှင်နိုင်ပါတယ်။
ဈေးနှုန်းကိုတော့ ဒေါ်လာ ၃၁ဝဝဝ ကနေစတင်ထားပြီး မြန်မာကျပ်ငွေ ၃၆၈၉၀ဝဝဝ ကျသင့်မှာဖြစ်ပါတယ်။
ecosport
Transit Van
ဖို့ဒ်ရဲ့ Transit Van တွေဟာ သင်အလိုရှိတဲ့အတိုင်းဖြစ်နိုင်ပါတယ်။ လူပဲပို့ပို့၊ ပစ္စည်းပဲပို့ပို့ အဆင်ပြေစေပါတယ်။ ရိုးရိုးပဲဖြစ်ဖြစ်၊ ဇိမ်ခံပုံစံပဲဖြစ်ဖြစ် လိုအပ်သလိုအသုံးပြုနိုင်ပါတယ်။ စွမ်းအင်ပြည့်ဝတဲ့ အင်ဂျင်ရဲ့ နှုန်းအမျိုးမျိုးကိုလည်း ရွေးနိုင်ပါတယ်။ Standard မှာ အနောက်ကင်မရာတွေနဲ့လာပါတယ်။ ဒီတော့ ပါကင်တွေကို အဆင်ပြေပြေထိုးနိုင်ပြီပေါ့။
ဒေါ်လာ ၂၇၅၀ဝ ကနေစထားပြီး မြန်မာကျပ်ငွေ ၃၂၇၂၅ဝဝဝ ကျသင့်မှာ ဖြစ်ပါတယ်။
ford-transit
Fiesta
ဖို့ဒ်ဘရန်းရဲ့ Focus မော်ဒယ်ထက် နည်းနည်းထွက်တာ စောပါတယ်။ Devil ပုံအနည်းငယ်ဆန်တဲ့ compact ဆီဒန်လေးကတော့ မောင်းနှင်ရတာ အရမ်းကို ကောင်းပါတယ်။ မီးပွိုင့်တွေမှာ အဆင်ပြေစေပြီး လူလေးယောက်စာအတွက် နေရာကောင်းကောင်းရှိပါတယ်။ ဆီစားသက်သာပြီး တက္ကစီလုပ်ဖို့အကောင်းဆုံးယာဉ်အမျိုးအစားတစ်ခု ဖြစ်ပါတယ်။
ဒေါ်လာ ၂၁၉၀ဝ ကနေစတင်ထားပြီး မြန်မာကျပ်ငွေ ၂၆ဝ၆၁ဝဝဝ ကျသင့်မှာ ဖြစ်ပါတယ်။
ford-fiesta
Focus
Focus လို့ခေါ်တဲ့ ဖို့ဒ်ဘရန်းရဲ့ ဆီဒန်အလတ်စား ကားမော်ဒယ်လေးကတော့ ကောင်းတဲ့အချက်တွေကြောင့် ကမ္ဘာတစ်ဝှမ်းမှာ အရောင်းရဆုံးဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေအတွက်သာမဟုတ်ဘဲ လူကြီးတွေအတွက်ပါ အဆင်ပြေစေပါတယ်။ ခေတ်မီ အဆင့်မြင့်လုံခြံုရေးစနစ်တွေနဲ့ Suspension အကောင်းစားတွေနဲ့ ပြည့်နှက်နေပါတယ်။ ဆီစားသက်သာပြီး ကိုုင်တွယ်ရတာ အရမ်းကိုပေါ့ပါးပါတယ်။
ဒေါ်လာ ၂၅၅၀ဝ ကနေစတင်ထားပြီး မြန်မာကျပ်ငွေ ၃၀၃၄၅ဝဝဝ ကျသင့်မှာ ဖြစ်ပါတယ်။
ford-focus-1
Ranger
ဖို့ဒ်ဘရန်းဟာ တံခါးလေးပေါက်ပါ SUV ပုံစံ cabin comfort ပုံမျိုးနဲ့ သူ့ရဲ့တည်ရှိနေတဲ့ ပလက်ဖောင်းကို အများဆုံးပြုလုပ်တာ ဖြစ်ပါတယ်။ အနောက်ဘက် ထိုင်ခုံသေးပြီး ထိုင်ခုံနှစ်ခုံပဲ ပါရှိပါတယ်။ လမ်းတွေပေါ်မှာ အရမ်းကိုကောင်းတဲ့ ဘီးနှစ်ဘီးနဲ့ မောင်းနှင်မှုစနစ်ကို အခြေခံတဲ့ Standard model performs ဖြစ်ပေမယ့် လမ်းကြမ်းတွေမှာလည်း အနည်းငယ်မောင်းနှင်နိုင်ပါတယ်။ XLT မော်ဒယ်နဲ့ ထရပ်ကားတွေကို နေရာတိုင်းသွားလာနိုင်တဲ့ ယာဉ်တွေအဖြစ် ထုတ်လုပ်နေပါပြီ။ ထိုကားတွေဟာ စွမ်းအားပြည့်ဝပြီး လိုက်လျောညီထွေစွာ ပြုပြင်နိုင်တဲ့ လေးဘီးမောင်းစနစ်၊ Suspension တို့နဲ့ သွားလို့မရဘူးလို့ သင်ထင်ထားတဲ့ ကတ္တရာလမ်းတွေပေါ်ကို သွားလာနိုင်စေပါတယ်။
ဈေးနှုန်းကိုတော့ base SC အတွက် ဒေါ်လာ ၂၁ဝဝဝ ကနေစတင်ထားပြီး မြန်မာကျပ်ငွေ ၂၄၉၉၀ဝဝဝ ကျသင့်ပါတယ်။ top spec DC WT မော်ဒယ်အတွက်ကတော့ ဒေါ်လာ ၄၉၂၅၀ ကနေစတင်ထားပြီး မြန်မာကျပ်ငွေ ၅၈၆၀၇၅၀ဝ ကျသင့်မှာ ဖြစ်ပါတယ်။ တခြားမော်ဒယ်တွေ အများကြီးကျန်ပါသေးတယ်။
fordranger2016_01
Kuga
ဖို့ဒ်ဘရန်းဟာ SUV ကားအမျိုးမျိုးကို အလေးပေးထုတ်လုပ်ပြီး နာမည်ရယူပါတယ်။ Escape/Kuga မော်ဒယ်ကတော့compact SUV အမျိုးအစားဖြစ်ပြီး Ecosport မော်ဒယ်ထက်ကို အနည်းငယ်ပိုကြီးကာ explorer မော်ဒယ်ထက် သေးငယ်ပါတယ်။ သူ့ရဲ့ ညီအကိုတွေလိုပဲ ခေတ်မီပြီး သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေးစနစ်ပါဝင်တဲ့ touchscreen တစ်ခုပါရှိပါတယ်။ အထောက်အကူပြုပစ္စည်းတွေ ပါဝင်ပြီး အတိတ်ဆိတ်ဆုံး အတွင်းဘက်ကို ထို class မှာ ရနိုင်ပါတယ်။ ဒီတော့
ရန်ကုန်ရဲ့ ဟွန်းသံဆူညံမှုကနေ အနည်းငယ်သက်သာစေတာပေါ့။
ဈေးနှုန်းကိုတော့ ဒေါ်လာ ၅၄၉၀ဝ ကနေ စတင်ထားပြီး မြန်မာကျပ်ငွေ ၆၅၃၃၁ဝဝဝ ကျသင့်မှာ ဖြစ်ပါတယ်။
escape-kuga
Taurus
Taurus လို့ခေါ်တဲ့ အမေရိကန်စတိုင် Classic မိသားစု ဆီဒန်ကားလေးကတော့ ကမ္ဘာတစ်ဝှမ်းထုတ်လုပ်ခဲ့တဲ့ နှစ်ပေါင်း (၃၀)ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ယခု ၄င်းရဲ့မျိုးဆက် ခြောက်ခုမြောက်ကို ရောက်နေပါပြီ။ ခင်ဗျားရဲ့စမတ်ဖုန်းကို ဆက်သွယ်နိုင်ပြီး မတော်တဆဖြစ်မှုကို အပြည့်အဝ ကာကွယ်ပေးပါတယ်။ ပြီးတော့ ဆီစားလည်း အရမ်းကိုသက်သာပါတယ်။ ခန့်ခန့်ငြားငြားရှိပြီး လက်တွေ့ပိုကျပါတယ်။
ခရီးသွားမယ်ဆိုရင်လည်း အိတ်တွေထည့်ဖို့ နေရာအလုံအလောက်ပါရှိပါတယ်။
ဒေါ်လာ ၅၅၅၀ဝ ကနေစတင်ထားပြီး မြန်မာကျပ်ငွေဖြင့် ၆၅၄၅၀ဝဝဝ ကျသင့်မှာ ဖြစ်ပါတယ်။
taurus
Zawgyi vesion..
Everest
ဒေါ်လာဈေး ၆၂၂၅၀ ကနေစတင်ထားပြီး မြန်မာကျပ်ငွေ ၇၄ဝ၇၇၅၀ဝ ကျသင့်မှာဖြစ်ပါတယ်။
everest
Explorer
Ecosport
ecosport
Transit Van
ford-transit
Fiesta
ford-fiesta
Focus
ford-focus-1
Ranger
fordranger2016_01
Kuga
escape-kuga
Taurus
taurus