Unicode version….
ဆွီဒင်နိုင်ငံမှာ အခြေစိုက်တဲ့ Volvo ကားကုမ္ပဏီဟာ လူကြိုက်များပြီး ထင်ရှား ကျော်ကြားတဲ့ ကုမ္ပဏီ တစ်ခုပါဘဲ။ ကမ္ဘာ့ ကားထုတ်လုပ်ရေးလောကမှာ ဘေးကင်း လုံခြုံ မှုကို ဦးစားပေးထားလို့ Volvo ကားတွေအပေါ်မှာ customer တွေက ယုံကြည်လက်ခံခဲ့ကြတာ နှစ် ပေါင်းအတော်ကြာခဲ့ပါပြီ။ Volvo ကားကုမ္ပဏီရဲ့ အဆင့်မြင့်နည်းပညာသစ်တွေကြောင့် ပြိုင်ဖက် ဖြစ်ခဲ့တဲ့ ဂျာမနီ ကားကုမ္ပဏီတွေရဲ့ လေးစားမှုကိုပါ ရရှိနေပြီဖြစ်ပါတယ်။ Electronic နည်းပညာဖွံ့ ဖြိုးလာမှုနဲ့အတူ Volvo ကား တွေဟာ E-Volved ကားတွေအဖြစ် ပြောင်းလဲထုတ်လုပ် လာခဲ့ပါတယ်။ အသုံးပြုသူတွေ ယုံကြည်စိတ်ချမှုရှိတဲ့ Stylish and Luxurious boxy ကားတွေကို အခုလက်ရှိ အခြေအနေမှာ ထုတ်လုပ်ထားပါတယ်။
Volvoကားထုတ်လုပ်တဲ့ အင်ဂျင်နီယာ တွေက ဘေးကင်းလုံခြံုမှုအပြည့်အဝရှိတဲ့ SUV ကားတွေကို ထုတ်လုပ်ခဲ့ပါတယ်။ Volvo ကုမ္ပဏီက 1966 က ထုတ်လုပ်ထားတဲ့ Volvo Pl800 ကားကို အသုံးပြုခဲ့သူ အမေရိကန်သိပ္ပံဆရာတစ်ဦးရဲ့ မှတ်တမ်းတွေအရဒီကားကိုကီလိုမီတာ5,000,000အထိမောင်းနှင်ခဲ့ပြီးကမ္ဘာတဝှမ်းမှာ အကြိမ်ရေ 120 လောက်ပတ်မောင်းခဲ့ပြီလို့ ဆိုပါတယ်။ P1800 ကားက Solid ကားဖြစ်ပြီး ကျောင်းကားအဖြစ် အသုံးပြုခဲ့တဲ့ယာဉ်အို/ယာဉ်ဟောင်းကား တစ်စီးပါ။
P1800 ကားကို အခြေခံပြီး နည်းပညာတိုး တက်မှုကို စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့တဲ့ Volvo ကုမ္ပဏီဟာ အဆင့်မြင့်နည်းပညာတွေကို တီ ထွင်ဖန်တီးနိုင်ခဲ့လို့ ခိုင်ခန်းပေါ့ပါးတဲ့ သတ္တုတွေနဲ့ ယာဉ်ကို ပြုလုပ်နိုင်ခဲ့ပြီး engine efficiency, safety systems တွေကို သာလွန်ကောင်းမွန်တဲ့ အရည်အသွေးတွေနဲ့ အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။ ကုမ္ပဏီကို စတင်တည်ထောင်တဲ့ 1927 ခုနှစ်မှာ ကုမ္ပဏီရဲ့ founders တွေက Cars are driven by peopleလို့ ပြောကြားခဲ့ပါတယ်။ ဆိုလိုတာ ကတော့ လူတွေမောင်းနှင်ရမယ့်ကားတွေကလူတွေ အတွက် အန္တရာယ်ကင်းကင်းနဲ့ မောင်းနှင်နိုင်ဖို့ လိုအပ်တယ်လို့ ခံယူခဲ့တာပါ။ Safety ကို ဦးစားပေးစဉ်းစားခဲ့တဲ့ Volvo ရဲ့ ကိုယ်ပိုင်မူအရ ရည်မှန်းချက်တစ်ရပ်ကို လွန်ခဲ့တဲ့နှစ်ကစပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ 2020 ခုနှစ်မှာ Volvo ကားတွေကြောင့် လူ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု လုံးဝမရှိစေ ရဘူးဆိုတဲ့ ဦးတည်ချက်ဖြစ်ပါတယ်။ Volvo ကားတွေမှာ အသုံးပြုတဲ့ အင်ဂျင်အမျိုးအစား တွေကတော့
T5 Petrol Engine – Five – cylinder အင်ဂျင်ဖြစ်ပြီး အခုလက်ရှိအချိန်မှာ turbocharged 2-litre four –cylinder အင်ဂျင်ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ မြင်းကောင်ရေ 240hp ထွက်ရှိပြီး family sedan အမျိုး အစားမှာ တပ်ဆင်နိုင်မှာပါ။ T6 Petrol Engine- 2 litre four – cylinder အင်ဂျင်ဖြစ်ပြီး မြင်းကောင်ရေ 300 hp ထွက်ရှိလို့ T5 ထက် စွမ်းဆောင်ရည်ပိုသာ ပါလိမ့်မယ်။ XC 90 လို ကားကြီးမျိုးတွေမှာ တပ်ဆင်နိုင်ပါတယ်။ D4 Diesel Engine- ယနေ့ခေတ်အချိန်အခါမှာ ဒီဇယ်အင်ဂျင်တွေကို Emission အထွက်နည်းအောင် လုပ်ဆောင်နေ ကြပါပြီ။
Turbocharged 2-litre D4 အင်ဂျင်ဖြစ်ပြီး မြင်းကောင်ရေ 190hp ထွက်ရှိပါတယ်။ ရုန်းအား အပြည့်ရှိတဲ့ Powerful torque ဖြစ်လို့ ကားကြီးတွေမှာ တပ်ဆင်နိုင်သလို ပြိုင်ကား တွေမှာလည်း အသုံးပြုနိုင်ပါတယ်။
D5 Diesel Engine – မြင်ကောင်ရေ 225hp ထွက်ရှိမှာ ဖြစ်ပါတယ်။ လျင်မြန်တဲ့ speed မျိုး (သို့) မတ်စောက်တဲ့ တောင်တက်လမ်းတွေကို တက်မယ့် ကားအမျိုိးအစားမှာ အသုံးပြုပြီး လူဦးရေများများကို လည်း တင်ဆောင်မောင်း နှင်နိုင်ပါလိမ့်မယ်။ D4 အင်ဂျင်နဲ့ တူညီမှုရှိပေမယ့် စွမ်းဆောင်နိုင်ရည်က ပိုမိုကောင်းမွန်ပါတယ်။ အင်ဂျင်နှစ်မျိုးလုံး ဆီစားသက်သာမှာ ဖြစ်ပါ တယ်။
Model အနိမ့်အမြင့်အလိုက် အတွင်းခန်း တည်ဆောက်ပုံက ခြားနားမှုရှိပါတယ်။ Upper Level အတွက် Wood, Nappa Leather dashboard and seats တွေကို အသုံးပြု ပေးထားပါတယ်။ သက်သောင့်သက်သာ ထိုင်စီးနိုင်တဲ့ ထိုင်ခုံတွေကို ကားရဲ့ အမျိုး အစားပေါ်မူ တည်ပြီး ခွဲခြားတပ်ဆင်ပေးမှာပါ။
တခြား item တွေကတော့ curtains, molding, tread plates နဲ့ roof rails တို့ကို တပ်ဆင် ပေးမှာဖြစ်ပြီး roof rails ကို ယေ ဘုယျအားဖြင့် V ပုံ သတ္တုပြားနဲ့ အထဲနဲ့ အပြင်ကို ကာရံပေးထားပါတယ်။ တခြားသော Luxury ပစ္စည်းအမျိုးမျိုးကို အသုံးပြုခွင့်ရမှာဖြစ်လို့ မနက် စောစော အလုပ်သွားဖို့ ကားထဲဝင်လိုက်ချိန်မှာ စိတ်ကျေနပ်မှုကို ရရှိပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကား မောင်းသွားနိုင်မှာ ဖြစ်ပါတယ်။
V4OCC ကားက Sexy family ကားဖြစ်ပြီး entry-level ကားတစ်စီးလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက လူကြိုက်များခဲ့တဲ့ Station Wagon Style ပါ။ Compact ကားအမျိုးအစားဖြစ််ပြီး စွယ်စုံ အသုံးပြုနိုင်တဲ့ excellent urban car ဖြစ်ပါတယ်။ ဒါပေမယ့် ခရီးဝေးသွားဖို့တော့ မသင့်တော်ပါဘူး။ ပေါ့ပါး လျင် မြန်တဲ့ 245 hp T5 petrol engine ကို အသုံးပြုထားလို့ Funကားတွေထဲက အကောင်းဆုံး ကားတစ်စီး ဖြစ်ပါတယ်။
Volvo ရဲ့ mid-sized ဆလွန်းကားက 2010 ခုနှစ်မှာ ထုတ်ခဲ့တဲ့ ကားတွေအနက် လူကြိုက်အများ ဆုံးကားတစ်စီးဖြစ်ခဲ့ပါတယ်။ ကားရဲ့ safety နဲ့ accoutrements system တွေက စွမ်းဆောင်နိုင်ရည် မြင့်မားခဲ့လို့ ဘေးကင်းလုံခြံုမှုရှိစွာမောင်းနှင်နိုင်မှာပါ။ မိသားစု သက်သောင့်သက်သာနဲ့ စိတ်ချမ်းမြေ့ပျော်ရွင် စွာ စီးနိုင်မယ့် ကားလေးတစ်စီးပါဘဲ။
XC 60 ကားလေးကတော့ XC 90 ကားရဲ့ ညီငယ်လေးလို့ ပြောလို့ရပါတယ်။ XC 60 ကားက အ ရွယ်အစားပိုငယ်ပေမယ့် စွမ်းဆောင် နိုင်ရည်ကတော့ XC 90 နဲ့ တူညီတဲ့ အချက်တွေများပါတယ်။ Safety နဲ့ Luxury features တွေက အားလုံးတူညီမှုရှိပြီး ခရီးသည် အခန်းနဲ့ ပစ္စည်းတင်တဲ့ အခန်းတွေက ကျယ်ဝန်းပါတယ်။ Premium Mid-size SUV ကားအမျိုးအစားတွေအနက် Year at the First ASEANM Award ဆုကိုပါ ရရှိထားခဲ့တဲ့ ကားလေးပါဘဲ။
XC 90ကားက ထိပ်တန်းအဆင့်ကားအမျိုး အစားပါ။Volvoက ထုတ်လုပ်ခဲ့တဲ့ကားအမျိုးအစား တွေအနက် လူကြိုက်အများဆုံးကားလည်း ဖြစ်ပါတယ်။ ကိုယ်ထည်က ကြီးမားခန့်ထည်မှုရှိပြီး ပါ၀ါအတွက် စွမ်းဆောင်နိုင်ရည်မြင့်မားပါတယ်။ အင်ဂျင်အမျိုးအစား တစ်မျိုးတည်းကိုသာ ထုတ်လုပ်ထားလို့ ရွေးချယ်စရာ မရှိပါဘူး။ Traction နဲ့ Anti-Roll system တွေအတွက် အဆင့်မြင့် နည်းပညာရပ်ကို အသုံးပြုထားလို့ safetyအတွက် စိတ်ချရပါတယ်။ တစ်ခြားအံ့အားသင့်စရာ နည်းပညာရပ်များစွာ ပါ၀င်နေလို့ XC 90 ရဲ့ စွမ်းဆောင် နိုင်ရည်က ထိပ်ဆုံးအဆင့်မှာ ရှိနေခဲ့တာဖြစ်ပြီး လူ 8 ယောက် သက်သောင့်သက်သာစီးနိုင်မယ့် ကားကောင်း တစ်စီး ဖြစ်ပါတယ်။
Cameron
Zawgyi version…
Cameron