BRM ခေါ် ( British Racing Motors ) သည် Brand တည်ထောင်သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်ဖြင့် ၎င်း၏ ထင်ရှားခဲ့သည့် V16-Power Type 15 ပြိုင်ကား၏ ပုံတူအနေဖြင့် ကား (၃)စင်း ထုတ်လုပ်မည်ဖြစ်သည်။ မူလလက်ဟောင်း Type 15 Model များသည် (၁၅)စင်းသာ ကျန်ရှိပြီး အလွန်အဖိုးထိုက်တန်ကြောင်းကို ကုမ္ပဏီမှ မှတ်ချက်ပြုထားပါသည်။ ယခုပြန်လည် ဆန်းသစ်ထားသည့် Type 15 ကားများသည် 1950 ပြည့်နှစ်များတွင် ထင်ရှားခဲ့သည့် Model များကို ပြန်လည် ဆန်းသစ်ခြင်းဖြစ်ပြီး ( V 16 Engine ) ၊ ( 1500 hp ) ၊ ( 12,000 RPM ) Out Put ထွက်ရှိသည့် Supercharger Engine တစုံ ပါဝင်ပါသည်။ Brake အနေဖြင့် Disk Brake (သို့) Dum Brake တို့ ပါဝင်မည်ဖြစ်ပြီး မူလ Model တွင် (၂)ခုလုံး ပါဝင်ပါသည်။ BRM Type 15 သည် Formula One ပြိုင်ကားများတွင် ပထမဆုံး Disc Brake အား ( 1951 ) တွင် စတင်ထည့်သွင်း ခဲ့ပါသည်။ BRM Type 15 ကား (၃) စင်းအား ( British Restoration Shop Hall and Hall ) မှ တည်ထောင်မည်ဖြစ်ကာ ဈေးနှုန်းကိုမူ BRM မှ မကြေငြာပါ။ ကား (၃)စင်းအနက် တစင်းအား BRM အဖွဲ့၏ အကြီးအကဲဖြစ်ခဲ့သည့် Mr Alfred Owen ၏ မိသားစုမှ ဝယ်ယူထားသည့်အတွက် နှစ်စင်းသာ ကျန်ရှိမည်ဖြစ်သည်။ BRM သည် Racing ဆိုင်ရာများကို 1977 အထိသာ ပါဝင်ခဲ့ သော်လည်း ထင်ရှားသည့် Formula One Driver များနှင့် ဆက်သွယ်မှုများရှိထားပါသည်။

10 Nov 2020
0