Subaru BRZ နှင့် Toyota 86 တို့သည် မျိုးဆက်သစ်သို့ ကူးပြောင်းမည်ဖြစ်သည်။ ထို့ကြောင့် Subaru Germany သည် BRZ Limited – run Final Edition ကို အထူးထုတ် ဖန်တီးမည်။ ၎င်းတွင်ပုံမှန် Model ၏ အင်ဂျင်ဖြစ်သည့် ( 2.0 L Engine ) ၊ 179 hp ) အင်ဂျင် နှင့် 6 – Speed Manuel Gearbox ကို ရရှိနိုင်ပြီး 6 – Speed Auto Gear ကိုလည်းမှာယူနိုင်ပါမည်။ သို့သော် Handling စွမ်းဆောင်ရည်အတွက် Sachs Shock Absorber များနှင့် Bermbro Brake များဖြင့် အထူး Special ဖန်တီးထားပါသည်။ ထို့အတူ Gear Shift ၊ တံခါးဘောင်များ ၊ ခလုတ်များနှင့် Leather Steering တို့ကို Blue Accents များဖြင့် ထူးခြားစွာဖန်တီးထားပါသည်။ Alcantara နှင့် သားရေရောချုပ်ထားသည့် ထိုင်ခုံများ တပ်ဆင်ထားပြီး အရှေ့ဖက်ထိုင်ခုံများသည် အနက်နှင့် အပြာရောင် ဖြစ်ပြီး အနောက်ထိုင်ခုံများသည် အနက်ရောင်ဖြစ်သည်။ ကြမ်းခင်းများတွင် အပြာရောင် BRZ Logo ပါရှိမည်။ အဆိုပါအတွင်းခန်းအခင်းအကျင်းသည် BRZ Final Edition အတွက်သာ သီးသန့်ဖြစ်သည်။ Subaru BRZ Final Edition အား အစင်းရေ ( ၁၀၀ ) သာ ကန့်သတ် ရောင်းချမည်။
Zawgyi Version…
BRZ Final Edition အား Subaru Germany မှ အစင်း (၁၀၀) ထုတ်လုပ်မည်