VW သည် လျှပ်စစ်သီးသန့်ဖြစ်သည့် ID Range အတွက် Model အသစ်များကို ပုံမှန်မိတ်ဆက် နိုင်ခဲ့ပြီး ID.3 Model အား 2019 တွင် မိတ်ဆက်ခဲ့ပါသည်။ ယခုအခါ ID.2 အား All New Model အနေဖြင့် ဆက်လက်မိတ်ဆက်မည်ဖြစ်ပါသည်။ VW ID.2 သည် Budget EV Crossover ဖြစ်ပြီး 2025 မတိုင်ခင် ထုတ်လုပ်ရန် VW Group မှ ရည်ရွယ်ထားသည်ကိုသိရှိရပါသည်။

Upcoming VW ID.2 ၏ ဒီဇိုင်းသည် သေးငယ်ပြီး လှပသည့် ပုံစံရှိမည်ဖြစ်ကာ Small Crossover Type လည်းဖြစ်ပါသည်။ VW သည် ID.2 Model အား ID.3 နှင့် Skoda Enyaq တို့တွင် အသုံးပြုထားသည့် – All – Electric MEB Platform ဖြင့်ဖန်တီးသည် ဖြစ်ပြီး ၎င်းအတွက် ( Codename MEB Entry ) ကိုအသုံးပြုမည်ဖြစ်ပြီး အဆိုပါ Platform Type အား VW Group ၏ EV Model အသစ် ( ၄ ) မျိုးတွင်လည်း ဆက်လက်အသုံးပြုပါမည်။

VW ID.2 တွင် ID Model များ၏ Elements များ ပေါင်းစပ်ထားမည်ဖြစ်ကာ ( Flush Front Grille Design ) , ( Black Taillight Design ) , ( Cabin Design )စသည်တို့တွင် ID Model များ၏ အသွင်အပြင်များကို ခံစားရမည်ဖြစ်သည်။ အလားတူ ( Digital Dashboard ) , ( Rocker – Switch Drive Select ) စသည့် Unique Features များစွာကိုလည်း ထည့်သွင်းပေးထားပါမည်။

All – New ID.2 တွင် ( 30 kWh Battery ) မှစ၍ ( 45kWh battery ) အထိရှိမည့် Battery များစွာကိုရွေးချယ်နိုင်ရန် VW မှစီစဉ်ထားပါသည်။ ထို့အပြင် ( Lithium Iron – Phosphate LEP Technology ) ကိုလည်း အသုံးပြု ထားပြီး LEP နည်းပညာသည် လက်ရှိတွင်များစွာ Popular ဖြစ်နေသည့် EV ဆိုင်ရာ နည်းပညာ တခုဖြစ်ပါသည်။

#DriveMediaMyanmar