Bolide -( ပြင်သစ်တွင် အလွန်မြန်ဆန်ခြင်းဟု ဆိုလိုသည ်) သည် Bugatti ၏ အမြန်ဆုံးနှင့် အပေ့ါပါးဆုံး Concept Model ဖြစ်ပြီး One-off Model လည်းဖြစ်သည်။ Bolide Concept ကို ( Scale at 2734 lbs ) ဖြင့် ဖန်တီးထား၍ Subaru BRZ ထက်ပင် ပေါ့ပါးသည့် Model ဖြစ်ကာ စွမ်းဆောင်ရည်အနေဖြင့် ( Quad-turbocharged 8.0 L W 16 Engine ) ၊ ( 1825 hp Output ) ပါရှိသည့်အတွက် အလွန်မြင့်မားသည့် Performance ကို ရရှိမည်ဖြစ်သည်။ Top Speed သည် ( 310 mph ) ဖြစ်ပြီး ( 1364 lb – ft of Torque ) လည်း ရရှိထားပါသည်။ Bolide Concept တွင် ပါဝင်သည့် Intake နှင့် Exhaust စနစ်များသည် အလွန်အဆင့်မြင့် မည်ဖြစ်သည်။ (၈)လခန့် အချိန်ယူ ဖန်တီးထားသည့် Bolide Concept တွင် နောက်ဆုံးပေါ် Weight-Saving နည်းပညာများ ၊ အခြားနည်းပညာများ ပါရှိပြီး Bugatti တွင် ပထမဆုံး ဖန်တီးသည့် နည်းပညာများကို သုံးစွဲထားခြင်းဖြစ်သည်။ ရှားပါးသည့် Titanium သတ္တုကို ကား၏ ကိုယ်ထည်တွင် ထည့်သွင်းထားပြီး Drive Shafts များကို ကာဗွန်ဖိုက်ဘာနှင့် 3D-Titanium များ ရောစပ် ဖန်တီးထားပါသည်။ အလွန်သားနားလှသည့် အတွင်းခန်းတွင် Carbon Fiber Seat များကို ထူးခြားစွာ ထည့်သွင်းထားပြီး ထောင့်မှန်ပုံစံ Steering နှင့် Flat Screen ကဲ့သို့ Sporty အခင်းအကျင်းမျာစွာလည်း ပါရှိပါမည်။ ကား၏ကိုယ်ထည်ကို တတ်နိုင်သမျှ အပေ့ါပါးဆုံးနှင့် လျှင်မြန်သွက်လက်မှု အရှိဆုံး အနေအထားကို ခင်းကျင်းထားပြီး Aerodynamic Style ကိုလည်း ရရှိနိုင်ရန် Bugatti မှ ကြိုးစားထားပါသည်။ ကားအနောက်ဖက်သည် အလွန် Stylish ဖြစ်ပြီး Exhaust Tip (၄)ခုနှင့်အတူ ( X-Shaped Lights) များဖြင့် သားနားစွာ ဖန်တီးထားပါသည်။ Bugatti သည် Bolide Concept ကို ထုတ်လုပ်မည်ဆိုပါက ( Limited-Edition Model) အနေဖြင့်သာ ထုတ်လုပ်ပါမည်။