Bugatti သည္ Chiron Super Sport 300 + အားအစင္း ( ၃၀ ) ခန္႔သာ ထုတ္လုပ္မည

Bugatti သည္ ၎၏ နာမည္ေက်ာ္ Chiron အား Limited အေနျဖင့္ ဖန္တီးမည္ျဖစ္ၿပီး Chiron Super Sport 300 + အမည္ရကာ အစင္းေရ ( ၃၀ ) ခန္႔သာ ထုတ္လုပ္မည္ျဖစ္သည္။ 300 + သည္ Mr.Wallace ေမာင္းႏွင္ၿပီး ဂ်ာမနီႏိုင္ငံရွိ Ebra – lessen Test Track အတြင္း အျမန္ဆုံး ( 304 mph ) အထိ စံခ်ိန္တင္ေမာင္းႏွင္ခဲ့သည့္ Chiron ႏွင့္ ထပ္တူညီသည့္ Model ျဖစ္ကာ အဆိုပါ စမ္းသပ္မႈအား 2019 August ၌ ျပဳလုပ္ခဲ့ပါသည္။ 300 + Model မ်ားတြင္ ( 9.8 – inch ) အထူးရွိသည့္ ကာပြန္ဖိုင္ဘာမ်ားအား ကားေနာက္ဖက္တြင္ တပ္ဆင္ေပးမည္ျဖစ္ကာ ကားအေရွ႔တြင္ လည္းထူးျခားသည့္ ဖန္တီးမႈအေနျဖင့္ Vents chiseled အား ဘီးမ်ားအေပၚဖက္တြင္ တပ္ဆင္ ေပးထားပါမည္ၿပီး ပုံစံအသစ္ျဖင့္ ဖန္တီးထားသည့္ Rear Diffuser သည္ ေလဖိအားကို ေလ်ာ့ခ် ေပးမည္ျဖစ္သည္။ အေနာက္ဖက္အေတာင္ပံသည္ အရွိန္ျမင့္စြာျဖင့္ ေမာင္းႏွင္ျခင္းအတြက္ ဖုန္ထျခင္းမ်ားကုိ ေလွ်ာ့ခ်ေပးပါမည္။ 300 + ကားမ်ားတြင္ ( 1600 hp ) Output ထြက္ရွိသည့္ ( Quad – Turbocharged W 16 Engine ) ထည့္သြင္းထားၿပီး ( 7 – Speed Dual – clutch Transmission ) ႏွင့္ ( AWD System ) တုိ႔ျဖင့္ တြဲဖက္ထားပါမည္။ အင္ဂ်င္၏ စြမ္းေဆာင္ရည္သည္ ( O to 60 mph ) အား ( 2.4 Seconds ) ျဖင့္ အျမန္ဆုံးေရာက္ရွိႏိုင္မည္။ ကားတာယာမ်ားအား ( Michelin ) ကို ေရြးခ်ယ္ထားပါသည္။ Bugatti သည္ Chiron Super Sport 300 + အား ( USD 3.5 millions ) တန္ဖိုး သတ္မွတ္ၿပီးေရာင္းခ်မည္ျဖစ္သည္။

Unicode Version……

Bugatti သည် Chiron Super Sport 300 + အားအစင်း ( ၃၀ ) ခန့်သာ ထုတ်လုပ်မည်
Bugatti သည် ၎င်း၏ နာမည်ကျော် Chiron အား Limited အနေဖြင့် ဖန်တီးမည်ဖြစ်ပြီး Chiron Super Sport 300 + အမည်ရကာ အစင်းရေ ( ၃၀ ) ခန့်သာ ထုတ်လုပ်မည်ဖြစ်သည်။ 300 + သည် Mr.Wallace မောင်းနှင်ပြီး ဂျာမနီနိုင်ငံရှိ Ebra – lessen Test Track အတွင်း အမြန်ဆုံး ( 304 mph ) အထိ စံချိန်တင်မောင်းနှင်ခဲ့သည့် Chiron နှင့် ထပ်တူညီသည့် Model ဖြစ်ကာ အဆိုပါ စမ်းသပ်မှုအား 2019 August ၌ ပြုလုပ်ခဲ့ပါသည်။ 300 + Model များတွင် ( 9.8 – inch ) အထူးရှိသည့် ကာပွန်ဖိုင်ဘာများအား ကားနောက်ဖက်တွင် တပ်ဆင်ပေးမည်ဖြစ်ကာ ကားအရှေ့တွင် လည်းထူးခြားသည့် ဖန်တီးမှုအနေဖြင့် Vents chiseled အား ဘီးများအပေါ်ဖက်တွင် တပ်ဆင် ပေးထားပါမည်ပြီး ပုံစံအသစ်ဖြင့် ဖန်တီးထားသည့် Rear Diffuser သည် လေဖိအားကို လျော့ချ ပေးမည်ဖြစ်သည်။ အနောက်ဖက်အတောင်ပံသည် အရှိန်မြင့်စွာဖြင့် မောင်းနှင်ခြင်းအတွက် ဖုန်ထခြင်းများကို လျှော့ချပေးပါမည်။ 300 + ကားများတွင် ( 1600 hp ) Output ထွက်ရှိသည့် ( Quad – Turbocharged W 16 Engine ) ထည့်သွင်းထားပြီး ( 7 – Speed Dual – clutch Transmission ) နှင့် ( AWD System ) တို့ဖြင့် တွဲဖက်ထားပါမည်။ အင်ဂျင်၏ စွမ်းဆောင်ရည်သည် ( O to 60 mph ) အား ( 2.4 Seconds ) ဖြင့် အမြန်ဆုံးရောက်ရှိနိုင်မည်။ ကားတာယာများအား ( Michelin ) ကို ရွေးချယ်ထားပါသည်။ Bugatti သည် Chiron Super Sport 300 + အား ( USD 3.5 millions ) တန်ဖိုး သတ်မှတ်ပြီးရောင်းချမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here