Unicode Version…
ကမ္ဘာကျော် Bugatti ၏ တတိယမြောက် Super Car ဖြစ်သည့် Divo Model ထွက်ရှှိလာပြီး ၎င်းသည် (စတာလင်ပေါင် ငါးသန်း) ခန့် တန်ကြေးရှိကာ ဝယ်ယူသူ ( ၄၀ ) မှ Pre Order အနေဖြင့် ကြိုတင် မှာယူထားသည့် ကားလည်းဖြစ်သည်။ Bugatti Divo သည် Chiron Model အား အခြေခံ ကာ ဖန်တီးထားပြီး Chiron ထက် ( ၇၇ ပေါင် ) ပိုှိ၍ ပေါ့ပါးပါသည်။ ၎င်းတွင် အထူး စွမ်းဆောင်ရည် ရှိသည့် (8 .0 L W 12 Engine ) ကို ထည့်သွင်းထားမည်ဖြစ်ပြီး ( Max ၊ Speed ) သည် ( 236 mph ) ဖြစ်ပါမည်။ ( ယနေ့အချိန်တွင် , Bugatti အနေဖြင့် အကောင်းဆုံးစွမ်းဆောင်ရည် ၊ တိကျသည့် စွမ်းရည်ထုတ်လုပ်မှုနှင့် နောက်ဆုံးပေါ်နည်းပညာ ပါဝင်မှုများကို အချိုးညီညီ ပေါင်းစပ် ထားသည့် ကားများသာ ဖန်တီးမည် )ဟု Bugatti ၏ ဥက္ကဋ္ဌဖြစ်သူ Mr Stephan Windelmann မှပြောကြား ပါသည်။ Divo Model အား အချိုးအကွေ့ များစွာဖြင့် ဖန်တီးထားပြီး ကြီးမားကျယ်ပြန့် သည့် ကားအရှေ့ဖက် Spoiler များသည် သာမန်ထက်ပိုသည့် လေခွင်းအားကို ထောက်ပံ့ ကူညီ ပေးပါမည် ဖြစ်ပြီး ယခင် Model များထက် ၂၃ ℅ ပိုှိ၍ ကျယ်ပြန့်သည့် အနောက်ဖက် Spoiler များသည် အလိုလျှောက်ချိန်ညှိနိုင်၍ ကားပြိုင်မောင်းရာတွင် အကောင်းဆုံးဖြစ်စေပါမည်။ Aerodynamic Body ဒီဇိုင်းကိုလည်း အထူးဆန်းသစ်ထားပြီး အင်ဂျင်နှင့် ဘရိတ်စနစ်ဆီသို့ အအေးခံခြင်းများကိုလည်း အဆင့်မြှင့်တင်ထားပါသည်။ ပေါ့ပါးသောအလွိုင်းဘီးများ ၊ Carbon Fiber အကာများသည် အသံဆူညံသံများအား လုံးဝလျှောချပေးပါမည် ။ Divo ၏ Performance သည် Chiron Models ထက် ( ၈ စက္ကန့် ) ပို၍ လျှင်မြန်ပါသည်။ Veyron နှင့် Chiron Model များကဲ့သို့ Divo သည်လည်း လူနာမည်ဖြစ်ပြီး (1920 ) ပြည့်နှစ်များတွင် ကျင်းပခဲ့သည့် Targa Florio ကားပြိုင်ပွဲများတွင် ရွှေတံဆိပ် ( ၂) ကြိမ်တိတိဆွတ်ခူးခဲ့သည်။ Mr Albert Diuo အား ဂုဏ်ပြုထားခြင်းဖြစ်ပါသည်။
Zawgyi Version..
Bugatti ၏ တတိယေျမာက္ Super Car ျဖစ္သည့္ Bugatti Divo ကုိစတင္မိတ္ဆက္
ကမၻာေက်ာ္ Bugatti ၏ တတိယေျမာက္ Super Car ျဖစ္သည့္ Divo Model ထြက္ရွိွလာျပီး ၎သည္ (စတာလင္ေပါင္ ငါးသန္း) ခန္႔ တန္ေၾကးရွိကာ ဝယ္ယူသူ ( ၄၀ ) မွ Pre Order အေနျဖင့္ ႀကိဳတင္ မွာယူထားသည့္ ကားလည္းျဖစ္သည္။ Bugatti Divo သည္ Chiron Model အား အေျခခံ ကာ ဖန္တီးထားၿပီး Chiron ထက္ ( ၇၇ ေပါင္ ) ပိုွိ၍ ေပါ့ပါးပါသည္။ ၎တြင္ အထူး စြမ္းေဆာင္ရည္ ရွိသည့္ (8 .0 L W 12 Engine ) ကို ထည့္သြင္းထားမည္ျဖစ္ၿပီး ( Max ၊ Speed ) သည္ ( 236 mph ) ျဖစ္ပါမည္။ ( ယေန႔အခ်ိန္တြင္ , Bugatti အေနျဖင့္ အေကာင္းဆုံးစြမ္းေဆာင္ရည္ ၊ တိက်သည့္ စြမ္းရည္ထုတ္လုပ္မႈႏွင့္ ေနာက္ဆုံးေပၚနည္းပညာ ပါ၀င္မႈမ်ားကို အခ်ဳိးညီညီ ေပါင္းစပ္ ထားသည့္ ကားမ်ားသာ ဖန္တီးမည္ )ဟု Bugatti ၏ ဥကၠ႒ျဖစ္သူ Mr Stephan Windelmann မွေျပာၾကား ပါသည္။ Divo Model အား အခ်ဳိးအေကြ႔ မ်ားစြာျဖင့္ ဖန္တီးထားၿပီး ႀကီးမားက်ယ္ျပန္႔ သည့္ ကားအေရွ႔ဖက္ Spoiler မ်ားသည္ သာမန္ထက္ပိုသည့္ ေလခြင္းအားကို ေထာက္ပံ့ ကူညီ ေပးပါမည္ ျဖစ္ၿပီး ယခင္ Model မ်ားထက္ ၂၃ ℅ ပိုွိ၍ က်ယ္ျပန္႔သည့္ အေနာက္ဖက္ Spoiler မ်ားသည္ အလိုေလွ်ာက္ခ်ိန္ညိွႏိ္ုင္၍ ကားၿပိဳင္ေမာင္းရာတြင္ အေကာင္းဆုံးျဖစ္ေစပါမည္။ Aerodynamic Body ဒီဇိုင္းကိုလည္း အထူးဆန္းသစ္ထားၿပီး အင္ဂ်င္ႏွင့္ ဘရိတ္စနစ္ဆီသို႔ အေအးခံျခင္းမ်ားကိုလည္း အဆင့္ျမွင့္တင္ထားပါသည္။ ေပါ့ပါးေသာအလြဳိင္းဘီးမ်ား ၊ Carbon Fiber အကာမ်ားသည္ အသံဆူညံသံမ်ားအား လုံး၀ေလွ်ာခ်ေပးပါမည္ ။ Divo ၏ Performance သည္ Chiron Models ထက္ ( ၈ စကၠန္႔ ) ပို၍ လွ်င္္ျမန္ပါသည္။ Veyron ႏွင့္ Chiron Model မ်ားကဲ့သို႔ Divo သည္လည္း လူနာမည္ျဖစ္ၿပီး (1920 ) ျပည့္ႏွစ္မ်ားတြင္ က်င္းပခဲ့သည့္ Targa Florio ကားၿပိဳင္ပြဲမ်ားတြင္ ေရႊတံဆိပ္ ( ၂) ႀကိမ္တိတိဆြတ္ခူးခဲ့သည္။ Mr Albert Diuo အား ဂုဏ္ျပဳထားျခင္းျဖစ္ပါသည္။