Unicode version…

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က အစီးရေအကန့်အသတ်နဲ့ ထုတ်လုပ်ခဲ့တဲ့ Grand Sport ကား Bugatti Veyron L’or Blanc ဟာအဆင့်မြင့်ကြွေထည်ပစ္စည်းတွေကို ထည့်သွင်းတည်ဆောက်ခဲ့တဲ့ကမ္ဘာ့ပထမဆုံးကားဖြစ်ပြီး ဒီကားတန်ဖိုးက အမေရိ ကန်ဒေါ်လာ 2.5 သန်းဖြစ်လို့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးမော်တော်ကားစာရင်းမှာ ပါဝင်နိုင်ခဲ့ပါတယ်။ ဒီလိုကြွေ ထည်တွေ ကို ဂျာမနီအခြေစိုက် Königliche Porzellan-Manufatur Berlin (KPM) ကြွေထည် ထုတ်လုပ်ရေးအဖွဲ့က တာဝန် ယူပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကားရဲ့တည်ဆောက်ထားမှုက အဖြူရောင် ကား ကိုယ်ထည်ကို aluminum နဲ့ carbon fiber တွေရောစပ်အသုံးပြုထားတာဖြစ်ပြီး Designer တွေက ဆွဲဆန့် လို့ရနိုင်တဲ့တိတ်တွေကို အရမ်းနူးညံ့ လှတဲ့ ဂျပန်နိုင်ငံထုတ် Tissue တွေနဲ့တွဲသုံးကာ တိကျသေချာ တဲ့စုတ်ချက်တွေနဲ့ ဒီဇိုင်း ဖော်ခဲ့ကြပါတယ်။ ဒီလိုပြုလုပ် ရာမှာလည်း အလွန်သေးငယ်သော အနုစိတ်ကအစ အတိမ်းအစောင်း၊ အမှားအယွင်းမရှိဘဲ အနုသုခုမဆန်စွာ ပုံဖော် ခဲ့ကြတာဖြစ်ပါတယ်။

နောက်ပြီးတော့ အရည်အသွေးမြင့်လက်လုပ်ကြွေထည်ပစ္စည်း ၁၂ ခုကိုကားမှာ ထည့်သွင်းတည်ဆောက်ထားလို့ အလွန်ကိုဗိသုကာမြောက်တဲ့ အဆင့်မြင့်Super car အဖြစ် ဒီကနေ့အထိလက်ခံထားကြပါတယ်။ ဒီကားရဲ့ဆီတိုင် ကီအဖုံး၊ oil filler cap ၊ ကားဘီးတွေရဲ့အလယ်တည့်တည့်က အဖုံးတွေ၊ ကားနောက်ဘက် မှာပါတဲ့ ကုမ္ပဏီ တည်ထောင်သူ Ettore Bugatti ကိုဂုဏ်ပြုထားတဲ့”EB” အမှတ်တံဆိပ်၊ ပစ္စည်းထည့်စရာခွက်၊ ကားအတွင်းခန်းမှာ Bugatti ရဲ့ကျော်ကြားလှတဲ့အထိမ်းအမှတ်ဖြစ်တဲ့ မတ်တပ်ရပ်ပြီးကနေတဲ့ ဆင်ရုပ်ကိုတွေကို လက်လုပ်အဆင့်မြင့်ကြွေ ထည်တွေနဲ့ပြုလုပ်ခဲ့တာပါ။ အဲဒါတွေသာမကဘဲ အတွင်းခန်းမှာပါတဲ့ တံခါးဘောင်တွေမှာရေးသားထားတဲ့ ကားရဲ့ အထိမ်းအမှတ်စာသား L’Or Blanc တွေကလည်း စက်ပစ္စည်း အကူအညီမပါဘဲ လက်နဲ့ရေးသားခဲ့ကြတာဖြစ်ပါ တယ်။မြင်းကောင်ရေ 1,001 စွမ်း အားရှိတဲ့ Bugatti Veyron L’or Blanc ဟာ Hand made အများဆုံး အသုံးပြု လုပ်ထားပြီး ထုတ်လုပ်တဲ့ ကားအားလုံးရောင်းချပြီးသွားပါပြီ။ ဒီကားနဲ့အတူ Bugatti ကလည်း ခိုင်မာတဲ့ အမှတ်တံဆိပ်၊ အံ့သြလောက်စရာ အနုသုခုမပညာ၊လှပတဲ့ သမိုင်းသစ်တစ်ခုကိုကားလောကမှာ မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

Ref; motorauthority.com

Zawgyi version…


