Unicoe version…
ပီးခဲ့တဲ့ Issue ကမှစတင်မိတ်ဆက်ထည့်သွင်းပေးခဲ့တဲ့ Buyer’s Guide ကဏ္ဍအတွက်ထပ်မံဖော်ပြ ပေးချင် တာကတော့ ပြည်တွင်းရောက် Brand New Sedan တွေအကြောင်းပဲဖြစ်ပါတယ်။ ဒီကဏ္ဍကတော့ ကား သစ် ဝယ်ဖို့စဉ်းစားနေတဲ့ပရိသတ်တွေအတွက် ပြည်တွင်းရောက်ကားသစ်တွေထဲက အမျိုးအစားတွေကို ဘယ်လို ရွေးချယ်ရမလဲ။နောက်ပြီး ဘယ်ကားတွေက ဘယ်လိုအနေအထားမျိုးနဲ့ပိုပြီးလိုက်ဖက်တယ်။ ပေးရ တဲ့စျေးနဲ့ ထိုက်တန်ရဲ့လား၊ ဝယ်သူအပေါ်ဘယ်လောက်တန်ဖိုးထားသလဲ၊ ဘာကြောင့်ရွေးချယ်သင့်သလဲဆိုတာကို ဖော်ပြပေးသွားလိုပါတယ်။ဒီတစ်ခေါက်တော့ Mid-size Sedan အမျိုးအစားတွေဖြစ်တဲ့ KIA Optima, KIA Stinger, Hyundai Sonata, Jaguar XF , Mazda 6 ,Nissan Sunny, Toyota Camry, Volvo S 60, Mercedes Benz E-Class , Chevrolet Malibu, GAC GA8, Peugeot 508 တွေအကြောင်းပြောလိုပါတယ်။ နောက်ပြီး Budget, Middle Class နဲ့ Luxury တန်းဆိုပြီးခွဲခြား သတ်မှတ်ပေးမှာဖြစ်ပါတယ်။သူတို့ အကြောင်း မပြောခင် ပထမဆုံး Sedan ဆိုတာဘာလဲ၊သူ့ရဲ့အားသာချက်တွေ၊ အားနည်းချက်တွေကို အရင်ဆုံးပြောပြပေး ချင်ပါတယ်။
Sedan ဆိုတာ…
အင်ဂျင်၊ခရီးသည်နဲ့ပစ္စည်းတင်ဆောင်နိုင်တဲ့နေရာဆိုပြီး အပိုင်း ၃ ပိုင်းပါအောင်တည်ဆောက်ပေးထားတဲ့ လူစီး ယာဉ်တွေကို Sedan (အမေရိကန်၊ကနေဒါနဲ့သြစတြေးလျ အခေါ်) သို့ Saloon (ဗြိတိန််၊အိုင်းရစ်အခေါ်) လို့ အဓိပ္ပါယ်ရပါတယ်။ Sedan အများစုက ရှေ့ထိုင်အင်ဂျင်စနစ်၊အတွင်းခန်းမှာ ခုံ ၂ တန်းပါရှိပြီး ပစ္စည်းထည့် စရာ နေရာကတော့ နောက်ဘက်မှာသီးသန့်အနေအထားမျိုးနဲ့ပါရှိမှာဖြစ်ပါတယ်။ အချို့တွေကတော့ နောက်ထိုင် အင်ဂျင်စနစ်နဲ့လာတာတွေလည်းရှိပြီး အလွန်ရှားပါးပါတယ်။ နောက်ပြီး Tesla Model S လိုအင်ဂျင်မပါတဲ့ လျှပ် စစ်ကားတွေမှာတော့ ရှေ့၊နောက်နှစ်ခုစလုံးမှာ ပစ္စည်းထည့်စရာနေရာတွေပါရှိမှာဖြစ်ပါတယ်။ Sedan အများစု က တံခါး ၄ ပေါက် ဒါမှမဟုတ် ၂ ပေါက်စနစ်နဲ့သာလာကြပြီး sedan ဆိုတဲ့စကားလုံးက အီတလီ မြောက် ပိုင်း ဒေသကဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။ အဲဒီဒေသမှာအရင် ထိုင်ခုံပါပြီး အလုံပိတ်ယာဉ်အဖြစ် လူ နှစ်ယောက်က ရှေ့နောက်ကနေမပြီးသွားရတဲ့ယာဉ်တစ်မျိုးကို sedia (အင်္ဂလိပ်လိုထိုင်ခုံ)ဆိုပြီး ခေါ်ဝေါ်ကြပါ တယ်။ အဲဒီယာဉ်ကဘာကိုအနီးစပ်ဆုံးဥပမာပေးရမယ်ဆိုရင် တရုတ်၊ကိုရီးယားရှေးခေတ် ဇာတ်လမ်းတွေမှာ ပါ တတ်တဲ့ ရာထူးကြီးသူတွေ၊သူဌေးသူကြွယ်တွေစီးနင်းလိုက်ပါလေ့ရှိတဲ့ ဝေါယာဉ်နဲ့တူပါတယ်။ ပထမဆုံး ဆီဒင် ကားကတော့ 1899 မှာထုတ်တဲ့ Renault Voiturette Type B ဖြစ်ပေမယ့် သူကလူ ၂ ယောက်စီး ကားပါ။လူ ၄ ယောက်စီးကားကိုတော့ Speedwell Motor Car Company က 1911မှာ Speedwell sedan ကား ကိုစတင်တီထွင်ခဲ့တာဖြစ်ပါတယ်။
Sedan အမျိုးအစားများ…
အကြမ်းမျဉ်းအနေနဲ့ကတော့ Sedan မှာ ၄ မျိုးခွဲခြားထားလို့ရနိုင်ပါတယ်။ Subcompact car, Compact car , Mid-size car နဲ့ Full-size car တို့ပဲဖြစ်ပါတယ်။ Compact car (မြောက်အမေရိကအခေါ်) နဲ့ Small family car (ဗြိတိန်အခေါ်) မှာ subcompact car တွေထက်ကြီးပြီး mid-size car ကားတွေထက်သေးပါတယ်။ ပျှမ်း မျှအကျယ် အဝန်း ကတော့ 4,400 mm (173 in) မှ 4,750 mm (187 in) အရှည်ရှိကြပါတယ်။ နောက် တစ်မျိုးကတော့ Mid-size car တွေပါ။သူတို့က Compact car တွေထက်ကြီးတယ်။ တချို့ကတော့ Compact ဆိုက်လောက်ပဲရှိကြ ပါတယ်။ဒါပေမဲ့ Full-size car တွေထက်တော့ သေးတယ်။ ဒီကားတွေက 4.7 m (15.4 ft) အရှည်, 1.7 m (5.6 ft) အကျယ်, 2 m (6.6 ft) အမြင့်, ဒါမှမဟုတ်အင်ဂျင်ပါဝါက 2000 cc နဲ့အ ထက် မှာရှိတတ်ကြပါတယ်။ Passenger size vehicles တွေလိုခေါ်ကြတဲ့ mid-size car ကားတွေက အမေရိက စျေးကွက်မှာ ရောင်းအားကောင်းတဲ့စာရင်းထဲပါဝင်နေပါတယ်။ Full-size car ကားတွေက ဆီဒင် ကားတွေ ထဲမှာ အကြီးဆုံးနဲ့ပိုပြီးဇိမ်ရှိပြီး ပစ္စည်းထည့်တဲ့နေရာတွေ ပိုမိုကျယ်ဝန်းလာပါတယ်။ အရှည်အနေနဲ့ ကတော့ 4,953 mm (195 in) မှ 5,350 mm (211 in) အထိရှိတတ်ကြပါတယ်။
Sedan များရဲ့ကောင်းကွက်၊ဆိုးကွက်…
Sedan တစ်စီးကို သင်ပိုင်ဆိုင်ထားတယ်ဆိုပါစို့။ Sedan တစ်စီးမှာ မိသားစု ၅ ဦးသက်သောင့်သက်သာစီး နင်းနိုင်တဲ့အတွင်းခန်းမျိုးပါတယ်။ပြီးတော့ ပစ္စည်းတင်ဖို့ လုံလောက်တဲ့နေရာအကျယ်ရှိမယ်။ ခန့်ထည်တယ်။ နောက်ပြီးဆီဒင်တွေဆို Sporty တောင်ပိုဆန်သွားလို့ လူငယ်တွေပါကြိုက်နှစ်သက်လာကြပါတယ်။ ဆီဒင် တွေက Subcompact car နဲ့ Compact car တွေလောက်သာအင်ဂျင်သေးပြီး နောက်ပိုင်းကားကိုယ်ထည်ကြီး လာတာနဲ့ အင်ဂျင်ပါပိုကြီးလာတတ်ကြပါတယ်။အင်ဂျင်ကြီးတော့ မြို့တွင်းလိုကားကျပ်တွေထဲမှာ ဆီစားနှုန်း များနိုင်ပါတယ်။ နောက်တစ်ခုကတော့ ဆီဒင်တွေက ဟိုင်းဝေးလိုနေရာမျိုးအတွက် အသုံးဝင်သလား ဆိုတဲ့အ ချက်ဖြစ်ပါတယ်။ ပြောရရင် ဆီဒင်တွေက ဇိမ်ခံအတွက်သီးသန့်ထုတ်ထား သလိုဖြစ်လို့ အောက်ပိုင်းတွေက သိပ်မမြင့်ဘူး၊နောက်ပြီး Suspension စနစ်က လမ်းကြမ်းတွေအတွက် သီးသန့်ထုတ်ထားတာမဟုတ်တော့ SUV တွေလို လမ်းကြမ်းပိုင်းသုံးဖို့မသင့်တော်ပါဘူး။ ဒါပေမဲ့ အမြန်လမ်းလို လမ်းကောင်းတွေရှိတဲ့ ဟိုင်းဝေး တွေအတွက်တော့ ဆီဒင်တွေက သင့်တော်ပါတယ်။ ဒါပေမဲ့ ဆီဒင်တွေက နေရာစုံပွဲတိုးတဲ့ကားတွေဖြစ်ပါတယ်။ တကယ့်ထိပ်တန်းပုဂ္ဂိုလ်တွေက ဆီဒင်တွေကိုသာ တန်ဖိုးထားစီးနင်းလေ့ရှိသလို ပွဲတက်တွေမှာလည်း ဆီဒင် တွေကသာ အတင့်တယ်ဆုံးလို့ဆိုနိုင်ပါတယ်။
Zawgyi version..
Sedan ဆိုတာ…
Sedan အမျိုးအစားများ…
KIA Optima GT
Midsized Sedan တစ်စီးဖြစ်တဲ့ Optima ကို Sport luxury အသွင်ဆောင်တဲ့ GT Line လို ဖန်တီး လိုက်တာကြောင့် Design နဲ့ မောင်းနှင်မှုတွေက Sporty ဆန်သွားပါတယ်။ Xeon ၂ လုံးပါတဲ့ Head Lamps တွေ၊ GT Alloy တွေ၊ Peddle Shifter ၊ Dual Exhaust တို့ ပါဝင်လာပြီး အင်ဂျင်ပါဝါကလည်း 2400 cc ဖြစ်သွားပါတယ်။ ဒါပေမယ့် ဆီစားနှုန်းက ပျမ်းမျှတစ်ဂါလံမြို့တွင်း မိုင် 20 နဲ့ မြို့ပြင် မိုင် 30 အထိ မောင်းနှင်နိုင်တယ်။ ရှေ့ရှဲတွေကလည်း KIA ရဲ့အမှတ်သင်္ကေတဖြစ်တဲ့ Tiger Nose Grille တွေကို အခြေခံ ထားပေမယ့် အခု GT Line မှာတော့ ပိုပြီးပြေပြစ်တဲ့ပုံစံမျိုးကို မြင်တွေ့ခဲ့ရပါတယ်။ ပြီးတော့ GT Logo ပါတဲ့ Sports Leather ခုံတွေ၊ D ပုံစံ 3-Spokes စတီ ယာရင်စနစ် ၊ Premium Sound System ၊ ဇုန်အလိုက် ခွဲပြီး အပူအအေးလိုသလို ထိန်းညှိနိုင်တဲ့ စနစ်၊ထိုင်ခုံအပူအေးပေးတဲ့စနစ်တွေ သာမကဘဲ လေအိတ် ၇ လုံး အထိ သုံးထားတာကိုကြည့်ရင် Optima GT Line ကိုလုံးဝ Sport ကားတစ်စီးရဲ့ပါဝင်မှုမျိုးနဲ့ရနိုင်အောင်ပြုလုပ် ပေးထားသလိုပါပဲ။ နောက်ထွက်လာတဲ့ GT ကမောင်းနှင်မှုပုံစံ၊ လုံခြုံရေးစနစ်၊ နည်းပညာပိုင်းအရမ်းကောင်း လာတာကိုတွေ့ရပါတယ်။
Starting Price: USD 52,000
Available Total Seating – 5
Engine Type – 2.4 liter, DOHC 16-valve I-4
Fuel – Gasoline
Fuel consumption- 10.1L/100km (combined)
Drive – AWD
Horse Power – 185 hp(6000 rpm)
Euro NCAP test results- 5 Stars
License- YGN Plate Automatically
သုံးသပ်ချက်- Optima ကလက်ရှိပြည်တွင်းဈေးကွက်မှာ ရေပန်းစားနေတဲ့ မော်ဒယ်ဖြစ်ပြီး GT line ကအရင် ထက်တောင်ပိုလန်းသွားပြီး လုံးဝဇိမ်ခံပြိုင်ကားတစ်စီးလို ဖြစ်သွားတယ်။ ရန်ကုန်လိုင်စင်နဲ့အပြီးအစီးဈေးဖြစ်လို့ Middle Class ဆီဒင်တွေထဲမှာတော့ ရွေးချယ်ဖို့သင့်တော်ပါတယ်။
Hyundai Sonata
ကမ္ဘာအနှံ့အစီးရေ ၇ သန်းလောက်အထိ ရောင်းချထားပြီးဖြစ်သလို Hyundai တတိယမြောက် ရောင်းအား အကောင်းဆုံးကားတစ်စီးလည်းဖြစ်ပါတယ်။ နောက်ဆုံးမျိုးဆက် Sonata ကို ၃ နှစ်ကြာဒီဇိုင်းထုတ် ဖန်တီးထားပြီးနဲ့ ရင်းနှီးမြှုပ်နှံမှု ၄၅၀ ဘီလီယံဝမ်လောက် ကုန်ကျခဲ့ပါတယ်။ ဒါကြောင့် သူ့ပုံစံက တွေ့ ကတည်းက စွဲမက်ဖွယ်ဒီဇိုင်းမျိုးဖြစ်နေတာပါ။ ဒါ့အပြင် ဒီကားဟာ သူ့ရဲ့နည်းပညာမြင့် လုံခြုံရေးစနစ် တွေကြောင့်လည်း Safety ဆုတွေရယူထားနိုင်ပါသေးတယ်။ကျယ်ဝန်းတဲ့နေရာထိုင်ခင်း၊ သက်တောင့် သက်သာရှိမှု၊သုံးထားတဲ့အဆင့်မြင့်နည်းပညာတွေကြောင့် ဈေးကွက်မှာနေရာရလာတဲ့ ကားတစ်စီးပဲဖြစ် ပါ တယ်။ အင်ဂျင်ပါဝါ က1,999 စီစီ ဓါတ်ဆီနဲ့6-Speed အော်တိုဂီယာကိုသုံးထားသလို Sport ဆန်တဲ့ပုံစံရယ်၊ Luxury ဖြစ်တဲ့အသုံးအဆောင်တွေကြောင့် Sonata က လူတိုင်းကြိုက်နှစ်သက်မယ့် ကားမျိုးဖြစ်ပါတယ်။ ပြီး တော့ Normal ၊ Sports နဲ့ Eco ဆိုတဲ့မောင်းနှင်မှုပုံစံတွေ၊ စမတ်နောက်ဖုံးစနစ် ၊ အပူအအေး အော်တိုလေ အေးပေးစနစ် ၊ ထိုင်ခုံအပူပေးစနစ်လိုမျိုး အရမ်းအသုံးဝင်တဲ့ဇိမ်ခံပစ္စည်းတွေပါဝင်ပါတယ်။ အတွင်းခန်းကျယ် ဝန်းမှု ၊ နည်းပညာကောင်းတွေပါမှုတွေမှာ Sonata ကလုံးဝကို ကောင်းမွန်ပါတယ်။
Price: USD 44,100
Available Total Seating – 5
Engine Type – 2.0 Litre MPi
Fuel – Gasoline
Fuel consumption- 11.6L/100km (combined)
Drive – FWD
Max.output – 163 ps(6500 rpm)
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ်ချက်- ဒီကားက စွမ်းဆောင်ရည်ထက် လုံခြုံမှုနဲ့သက်တောင့်သက်သာရှိရေးကို အဓိကထားတာကို တွေ့ရပါတယ်။ ပွဲတက်တွေအတွက် တင့်တယ်မျက်နှာပန်းလှစေမယ့် ကားမျိုးပါ။ ဆီစားနှုန်းကတော့ နည်းနည်း များချင်ပါတယ်။
Mazda 6
Mazda ရဲ့နာမည်ကျော်ကြားလှတဲ့ KODO (Soul of Motion)ကို Mazda 6 မှာမြင်တွေ့ခွင့်ရခဲ့ပါတယ်။ အနုစိတ်အတိအကျပုံဖော်ထားပြီး လုံးဝကိုစပေါ့ပုံစံမျိုးဖြစ်ပါတယ်။ အဆင့်မြင့် Luxury ကားတွေရဲ့ ပါဝင်မှု တွေကို တွေ့မြင်ရမှာဖြစ်ပြီး Nappa leather seats တွေသုံးထားလို့ တန်းမီကားတစ်စီးအဖြစ်မှတ်ယူလို့ ရနိုင်ပါတယ်။ ပြီးတော့ Sport စတိုင် G-Vectoring Control ပါဝင်ပြီး Paddle Shifter လည်းထည့်သွင်းထားလို့ Mazda 6 က နာမည်ကျော်နေရတာဖြစ်ပါတယ်။ Head up Display ၊ စွမ်းဆောင်ရည်မြင့် Bose အမျိုး အစားSpeaker 9 ၊ ရှေ့ရှဲဇကာကွပ်တစ်လျှောက်အတန်းလိုက် အလှဆင်ပေးထားတဲ့မီးတန်းတွေလိုဆန်းသစ်တဲ့ အရာတွေပါဝင်သလို SKYACTIV TECHNOLOGY ကိုသုံးထားလို့ ဆီစားနှုန်းသက်သာခြင်း၊ စွမ်းဆောင် ရည်မြင့်မားခြင်းနဲ့Emission ထုတ်လွှတ်မှုလျော့နည်းစေခြင်း စတဲ့အားသာချက်တွေကို ရရှိစေမှာဖြစ်သလို Drive feeling ကိုလည်း အပြည့်အဝရရှိစေမှာဖြစ်ပါတယ်။ ပြီးတော့ Bodyကိုလည်း ပေါ့ပါးပြီးခိုင်ခန့်တဲ့ultra-high-tensile စတီးတွေနဲ့တည်ဆောက်ထားလို့ ကားကပေါ့ပါးပြီး လျင်မြန်တဲ့ အရုန်းအထတွေကို ရရှိစေ နိုင်မှာဖြစ်ပါတယ်။
Price: Start Price USD 49999
Available Total Seating – 5
Engine Type – SKYACTIV-G 2.0-liter DOHC 16-valve 4-cylinder
Fuel – Gasoline
Fuel consumption- 5.5 L/100km (combined)
Drive – FWD
Max.output – 155 hp (6000 rpm)
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ်ချက်- Mazda 6 ကိုအဓိကကျော်ကြားစေတာက ထူးခြားတဲ့ဒီဇိုင်းရယ်၊ဆီစားနှုန်းသက်သာတာရယ်နဲ့ မောင်းနှင်မှုပုံစံကောင်းတာရယ်ပါ။ ဆီစားနှုန်းသက်သာချက်က အံ့သြစရာလို့ ဆိုရမှာပါ။
Nissan Sunny
ပြည်တွင်းမှာရနေတဲ့ Mid-size Sedan တွေထဲမှာတော့ Sunny ကတန်ကြေးအနည်းဆုံး ကားတစ်စီးဖြစ် ပါတယ်။ ဒါကြောင့် အခြားတန်ကြေးသင့်နဲ့တန်ကြေးကြီးဆီဒင်တွေလိုတော့ ပါဝင်မှုအများကြီးတော့ မရှိပါဘူး။ သူ့ရဲ့အမြင့်ဆုံး Trim ဖြစ်တဲ့ SL grade မှာ အရင် ၂၀၁၇ မှာမပါတဲ့ 5 လက်မ TV ,Back cam ,Spoiler , မော်တာမှန်ချိုးမှန်ခေါက်တွေပါလာသလို အောက်ပိုင်းစနစ် ကပိုကောင်းသွားပါတယ်။အင်ဂျင်နဲ့စွမ်းဆောင်ရည် က အရင်အတိုင်းဖြစ်ပြီး 1.5 L Petrol ကိုပဲသုံးထားပါတယ်။ ဆီစားနှုန်းက 16.6 km ကို 1 လီတာနှုန်းဖြစ်လို့ မြို့တွင်းစီးဖို့သင့်တော်ပါတယ်။ Remote key , Push start , အော်တိုလေအေးပေးစနစ်တွေ၊ နောက်ဖက် ခန်းအတွက် အဲကွန်း fan ပေါက်တွေပါသလို Air Bag (၂) လုံး၊ Anti Lock Breaking System (ABS) ၊ ဘရိတ်နင်း ရာမှာ lock မကျစေတဲ့ စနစ် (EBD) နဲ့Brake Assist (BA)စနစ်တွေကြောင့် လက်ခံနိုင် လောက်တဲ့ လုံခြုံရေးစနစ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် hp 97 လောက်ပဲထွက်ရှိတဲ့ Sunny ရဲ့ရုန်းအားကတော့ သာမန်ကားတစ်စီးလောက်ပဲဆိုတာလက်ခံထားရမှာဖြစ်ပါတယ်။ Fog lamps, Day lamps တို့လိုအဆင် တန်ဆာတွေပါတဲ့အပြင် အတွင်းခန်းကလည်းချောင်ချိချိစီးနင်းလို့ရနိုင်ပါတယ်။
Price: ကျပ် ၂၅၆ သိန်း
Available Total Seating – 5
Engine Type – 1.5LDOHC 16 valve
Fuel – Petrol
Fuel consumption- 6.0 L/100km (combined)
Drive – 2WD
Max.output – 90 ps/4,000 rpm
Euro NCAP test results- 4 Stars
License- YGN Plate Automatically
သုံးသပ်ချက်- တန်ကြေးနည်းမော်ဒယ်ဖြစ်ပေမယ့် ရန်ကုန်လိုင်စင်ရမယ်။ရုပ်ထွက်လေးလည်းမဆိုးဘူး။ပြီးတော့ မြို့တွင်းသွားလာဖို့ပဲအဓိက သုံးမယ်ဆိုရင် ရွေးချယ်လို့ရနိုင်မယ့် ကားအမျိုးအစားပါ။ ဈေးနည်းနည်းသုံး ချင်သူတွေအတွက် မဖြစ်မနေထည့်သွင်းစဉ်းစားသင့်ပါတယ်။
Toyota Camry
Camry က Toyota မော်ဒယ်တွေထဲမှာ အဆင့်မြင့်ကားကောင်းတစ်စီးအဖြစ်နေရာယူထားပါတယ်။ သူ့ရဲ့ နာမည်ကျော်တဲ့ အချက်က အင်ဂျင်ကြီးပေမယ့် ဆီစားနှုန်းချိုသာတာပဲဖြစ်ပါတယ်။အဲဒီအပြင် Handling စနစ် ကောင်းလွန်းတာမို့ အမျိုးသမီးတွေတောင်အကြိုက်တွေ့လောက်ပါတယ်။ ရုပ်ထွက်ပိုင်းက ခန့်ညားတယ်။ အကောင်းစားလည်သာသုံးထိုင်ခုံတွေ၊လက်ကိုင်တွေပါတယ်။ပြီးတော့ 3-zone automatic air conditioner ၊ AM/FM/DVD/BT/USB(I)/WIFI/back camera/gesture control/voice control and phone connectivity တို့ပါတဲ့ ဖျော်ဖြေရေးစနစ်တွေပါသလို Parking assist sensor ၊ Anti-lock Brake System (ABS) with Brake Assist ၊ Vehicle Stability Control (VSC) ၊ Hill-start assist system ၊ Cruise control ၊ Electric Power Steering (EPS) ၊ Anti-theft system ၊ ပတ်လည်လေအိတ်စနစ်တွေလို လုံခြုံရေးတွေ ပါဝင်ပါတယ်။ ရှေ့မီးကြီးတွေက HID ဟေလိုဂျင်မီးတွေဖြစ်သွားလို့ လင်းအားနဲ့ကြည်လင်ပြတ်သားမှုက စိတ်ချရမှာပါ။ စွမ်းဆောင်ရည်ကလည်း 133kw(178hp) ဆိုတော့ မြန်မြန်မောင်းရတာကြိုက်သူတွေအတွက် အံကိုက်ပါပဲ။
Price: USD USD 53700 (Include income Tax)
Available Total Seating – 5
Engine Type – 2.5-liter 4-cyl. in-line, 16-value with Dual VVT-i
Fuel – Petrol
Fuel consumption- 6.0L/100km (combined)
Drive – FWD
Max.output – 133kw / 6000rpm
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ်ချက်- နာမည်ကြီးကားမော်ဒယ်တစ်ခုဖြစ်သလို အတွင်းခန်းအနေအထား၊Safety ၊ စွမ်းဆောင်ရည် အကုန်လုံးပြည့်စုံပါတယ်။ စတီယာရင်စနစ်ကို အဓိကထားချီးကျူးချင်ပြီး သက်တောင့်သက်သာရှိတဲ့ မောင်းနှင်မျိုးရရှိနိုင်ပါလိမ့်မယ်။
Chevrolet Malibu
အခုသုံးသပ်ပြမှာက Chevrolet Malibu LTZ Grade ဖြစ်ပါတယ်။ US market မှာရရှိတဲ့ option တွေအတိုင်း ပြည်တွင်းကို တင်သွင်းတာဖြစ်ပြီး စတီယာရင် အပူပေးတဲ့စနစ်တစ်ခုပဲ မပါဝင်တာဖြစ်ပြီး ကျန်တာတွေကတော့ အတူတူပဲဖြစ်ပါတယ်။ သူ့မှာ LED Projector Headlamp တွေ၊ အလိုအလျောက် အဖွင့် အပိတ်လုပ်နိုင်တဲ့ ရှေ့မီးကြီးတွေ၊ Dual exhaust ၊ Push Start ၊ ပြီးတော့ အပြင်ကနေ Remote မှတစ်ဆင့်စက်နှိုးလို့ရတယ်။ ဒီလိုပါဝင်မှုတွေသာမကဘဲ Dual Air Con ၊ သတင်းအချက်အလက်တွေအတွက် Chevrolet MyLink ၊ Premium စနစ်သုံး စပီကာ ၉ လုံး ၊ Panoramic sunroof တို့လို ပြည့်စုံတဲ့ပါဝင်မှုတွေကို တွေ့ရှိ ရ မှာဖြစ်ပါတယ်။ ပြီးတော့ မြင်းကောင်ရေ 253 ထွက်ရှိတဲ့ 2.0 L DOHC I-4 VVT DI Turbo စနစ်ပါ Petrol အင်ဂျင်ကိုသုံးထားပြီး ဂီယာကလည်း 6 Speed A/T ဖြစ်လို့ မောင်းနှင်မှုတွေအတွက် စိတ်ကြိုက်တွေ့စေမှာပါ။ Safety features ပိုင်းကလည်း အမေရိကန်ပီသစွာပဲ စုံစုံလင်လင်ပါ သလို ဟိုင်းဝေးတွေမှာ အသုံးတည့်စေတဲ့ Forward Collision Alert လိုစနစ်တောင်ထည့်သွင်းထားပါတယ်။ Turbo လည်းပါတော့ Sport ကားတွေ မောင်းရသလို ခံစားမှုမျိုးကိုရရှိနိုင်မှာပါ။
Price: USD 53000
Available Total Seating – 5
Engine Type – 2.0 L DOHC I-4 VVT DI Turbo
Fuel – Petrol
Fuel consumption- 8.0L/100km (combined)
Drive – FWD
Maximum Power(hp/rpm)- 253 / 5,300
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ်ချက်- အမေရိကန်မှာသုံးတဲ့ ဂရိတ်အတိုင်းသွင်းထားလို့ Safety ပိုင်းနဲ့ မာကျောမှုကလှည့်ကြည့် စရာမလိုပါဘူး။ အတွင်းခန်းကျယ်ဝန်းမှုနဲ့ ပါဝင်တဲ့ features တွေကသဘောကျလောက်ပါတယ်။ စွမ်းဆောင် ရည်ကလည်း လှစ်လှစ်ထနေသလိုပါပဲ။
GAC GA8
GAC က သူတို့ရဲ့ထုတ်ကုန် Flagship 8-Series မော်ဒယ်ကို စံနမူနာအဖြစ်ထုတ်လုပ်ထားပြီး Luxury ၊ Quality နဲ့ Performance တွေမှာ အကောင်းဆုံးဖြစ်အောင်စွမ်းဆောင်ထားပါတယ်။ GA8 မှာ 2.0 Liter Turbo-Charge engine ကို သုံးစွဲထားပြီး 6 Speed Aisin Automatic Transmission ပါဝင်ပါတယ်။ မြင်းကောင်ရေ ၂၀၀ နီးပါးအားထွက်ရှိမယ့်အတွက် မောင်းနှင်ရတာလည်း သဘောကျနိုင်မှာဖြစ် ပါ တယ်။ပြီးတော့ ဥရောပထုတ်ကားလို့ထင်ရလောက်အောင်ကို ပါဝင်ပစ္စည်းနဲ့နည်းပညာပိုင်းကို အဆင့်မြှင့် ထားပါတယ်။ စိန်ပွင့်ပုံစံပြုလုပ်ထားတဲ့ LED မီးကြီးတွေ၊ တန်ဖိုးကြီးကားတွေမှာသာ သုံးတတ်ကြတဲ့ NAPPA လည် သာသုံး ထိုင်ခုံတွေ၊ Sunroof , ထိုင်ခုံအပူပေးစနစ်တွေ၊ Bluetooth with Handfree,USB port, 10 inch touch Screen, Harman/Kardon Speakers 10 လုံး၊ပြီးတော့ လက်တင်ခုံတွေ၊ခွက်ထည့်စရာတွေ၊ Sun roof စတာတွေ အစုံအလင်ပါဝင်ပါတယ်။ Safety အနေနဲ့ပတ်ပတ်လည်ကာကွယ်ပေးနိုင်တဲ့ Air Bag 8 လုံး၊ Electronic Stability Program(ESP) ၊ Hill Descent Control (HDC) ၊ Hill Hold Control(HHC) ,Adaptive Cruise Control (ACC), Forward Collision Warning(FCW) , Lane Deviation Warning System(LDW),Anti-Thief System တို့ပါဝင်လို့လည်း C-NCAP ရဲ့လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်မှာ ကြယ် ၅ ပွင့်ရရှိခဲ့ တာဖြစ်ပါတယ်။
Price: USD USD 66,888
Available Total Seating – 5
Engine Type – 2.0L, 320T engine wih turbo
Fuel – Petrol
Fuel Consumption (Combined)- 7.9L/100 km
Drive – AWD
Maximum Power – 194 hp / 5,200 rpm
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ်ချက်- ဇိမ်ခံလည်းဖြစ်မယ်။ရုပ်ကလည်းလန်းတယ်၊လုံခြုံရေးစနစ်လည်းကောင်းမယ်။ ဒီလိုကားမျိုး ကိုမှရွေးချင်ရင် GA8 ကိုအဲဒီစာရင်းထဲမဖြစ်မနေထည့်သွင်းထားရမှာပါ။ ဈေးကလည်း USD 60,000 စွန်း စွန်းဆိုတော့ အလယ်အလတ်ဈေးတန်းမျိုးနဲ့ရရှိနိုင်မှာပါ။
Peugeot 508
ဥရောပဈေးကွက်မှာ အရမ်းအောင်မြင်နေတဲ့ Peugeot ရဲ့ကားတွေဟာ ဒီဇိုင်းပိုင်းမှာအရမ်းကို လှပပြီး ထူးခြားပါတယ်။ Peugeot 508 ဟာဆိုရင်လည်း ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ ငြိမ့်ညောင်း ဇိမ်ကျမှုကို အပြည့်အဝ ပေးနိုင်ပါတယ်။ စတိုင်ကျလှပစေဖို့ ဦးစားပေးထုတ်လုပ် ထားသလို Peugeot ရဲ့ အဆင့်မြင့် နည်းပညာတွေ ထည့်သွင်းပေးထားတဲ့အတွက် လုံခြုံစိတ်ချစေပါတယ်။ ယာဉ်မောင်းသူနေရာကို Jet Fighter Concept ပုံစံနဲ့ ဖွဲ့စည်းတည်ဆောက်ပေးထားတဲ့အတွက် ယာဉ်မောင်းသူအနေနဲ့ လေယာဉ်တစ်စီး မောင်းနှင်ရတဲ့ ခံစားမှုမျိုးကို ရရှိနိုင်တယ်။ ၁၆၀ဝ စီစီ ဓာတ်ဆီအင်ဂျင်ကို အသုံးပြုထားလို့ ဆီစားလည်းသက်သာစေပါတယ်။ ဒါ့အပြင် push-start ၊ head up display ၊ puddle shifter gear ၊ Premium vision cluster ၊ color head -up display ၊ Sunroof တို့လို အကောင်းစားပါဝင်မှုတွေအပြင် Blind spot detection ၊ cruise control ၊ Parking assist ၊ လေအိတ် ၆ လုံး စတဲ့ဘေးကင်းလုံခြုံရေးစနစ်တွေလည်း အများကြီးထည့်သွင်းပေးထားလို့ ကား ကောင်းကြိုက်သူတွေအတွက် ရွေးချယ်စရာတစ်မျိုးဖြစ်ပါတယ်။
Price: USD 67900
Available Total Seating – 5
Engine Type – 1.6L Si4
Fuel – Petrol
Fuel Consumption (Combined)- 5.8 L/100 km
Drive – FWD
Max.output – 177hp
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ်ချက်- ဆီစားနှုန်းကတော့ လက်ဖျားခါလောက်တယ်။ ဈေးက သိန်း ၁ထောင်နီးပါးကပ်ပေမယ့် ဥရောပကားရဲ့ အရသာကို ခံစားချင်ရင် Peugeot 508 ကိုဝယ်ယူသင့်တယ်။ မတူကွဲပြားတဲ့ ခံစားမှုကို ရရှိစေမှာပါ။
KIA Stinger GT
နည်းပညာပိုင်းတိုးတက်လာတဲ့ KIA ရဲ့နောက်ထပ်ထုတ်ကုန်သစ်ဖြစ်လာတဲ့ Stinger မှာပါဝင်မှုအသစ် တွေအပြင် ဒီဇိုင်းပိုင်းကလည်းလုံးဝကိုကြွရွနေပါတယ်။ ဒီကားဟာ KIA ရဲ့ဒီဇိုင်းသစ်ဖြစ်ပြီး ကိုကာကို လာပုလင်းပုံစံကို အခြေခံပြီး ဒီဇိုင်းထုတ်တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ပြီးတော့ ပျားအုံပုံစံ Radiator Grille ကိုသုံးထားလို့ လေခွင်းအားကောင်းမွန်ပါတယ်။ သူ့ကို အင်ဂျင်ပါဝါ ၂ မျိုးတင်သွင်းထားပြီး 2.0L GDi နဲ့ 3.3 L GDi ဆိုပြီးရှိပါတယ်။ 2.0 L မှာ Turbo Charge ပါဝင်ကာ 3.3 L မှာတော့ Twin Turbo Charge ပါဝင်မှာဖြစ်ပါတယ်။ အခုပြောမယ့် 2.0 L မှာတော့ Electronic Thermostat ပါဝင်ကာ အမြင့်ဆုံး Max Power 244 hp အထိပေးစွမ်းနိုင်ပါတယ်။ 8 Speed Auto ဂီယာစနစ်ဖြစ်ပြီး ကားကိုယ်ထည်ဟန်ချက်ကို အကောင်း ဆုံး ထိန်းညှိပေးနိုင်တဲ့ ECS စနစ်ပါဝင်ပါတယ်။ ဒါ့အပြင် Dual Aircon,Seat Ventilation,3 Zone air con system, Premium Speaker 15 လုံး၊ Head up display,Around view monitor,Driver rear,wireless smart phone charger,dynamic bending light (DBL) စသည့်တို့လည်းပါဝင်ပါသေးတယ်။ အဲဒီအပြင် Safety အတွက် ကြယ် ၅ ပွင့်ရရှိထားတဲ့ မော်ဒယ်တစ်ခုလည်းဖြစ်ပါတယ်။ GT ဖြစ်လို့ Sport ကြိုက် သူတွေအတွက် ရွေးချယ်စရာတိုးလာပါပြီ။
Price: USD 76000
Available Total Seating – 5
Engine Type – Theta II 2.0 T-GDI
Fuel – Petrol
Fuel Consumption (Combined)- 8.8 L/100 km
Drive – AWD
Max.output – 244 hp @ 6200 rpm
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ်ချက်- ဒီဇိုင်း၊ စွမ်းဆောင်ရည်၊ ပါဝင်တဲ့ပစ္စည်းတွေက လုံးဝကို တန်းမီသလို တံဆိပ်တွေသာမတပ် ထားရင် ဒီကားက Audi လိုဇိမ်ခံကားမျိုးလို့ မှားသွားလောက်စရာပါ။ KIA ရဲ့မြင့်မားလှတဲ့ နည်းပညာ ကိုကြည့်ချင်ရင် Stinger ကိုကြည့်လို့ဆိုရမှာပါ။
Mercedes-Benz E-Class
The New Mercedes-Benz E Class AMG Line က ကားနဲ့အတူလိုက်ပါကွေ့နိုင်တဲ့ အမြင့်ဆုံးစွမ်းရည်ရှိ LED မီးတွေ၊ ARTICO Man made လည်သာတွေ ၊ သတင်းအ ချက်အလက်ပြ 12.3 လက်မရှိ Screen ၊ ၆၄ ရောင်အထိပြောင်း လဲလို့ရနိုင်တဲ့ကားအတွင်းခန်းက LEDမီး၊ ဇုန်အလိုက် အပူ၊အအေးခွဲခြားဖြန့်ကျက်နိုင်တဲ့ Mercedesရဲ့မူပိုင်thermotronic အဲကွန်း စနစ်တွေသာမကဘဲ AMG Bodystyling ပုံစံချိုးဆစ်ထားတာမို့ လေခွင်းအားခွင်းကတော့ အရမ်းကောင်းမယ့်ကားမျိုးဖြစ် ပါတယ်။ နောက်ပြီးတော့ Entertainment အနေနဲ့Burmester surround sound system ကိုအသုံးပြုထားပြီး ဒီစနစ်က Mercedes ရဲ့မူပိုင် နည်းပညာဖြစ်တဲ့ pre safe ကိုသုံးထားလို့ အသံကျယ်လောင်မှုကြောင့် နားစည်ထိခိုက်မှုမရှိ အောင်ကာ ကွယ်ပေးထားပါတယ်။ နည်းပညာကောင်းမွန်တဲ့ Mercedes ထုတ်ကုန်ဖြစ်လို့ Safety ပိုင်းကလည်း ပြောစရာမရှိအောင်ကို ပြည့်စုံလှပါသေးတယ်။ Adaptive Brake Control system, 360 degree Camera, ယာဉ်မောင်းဒူးဘေးမှာ လေအိတ် ပါဝင်ခြင်း၊လုံခြုံရေးစနစ်များပါဝင်တဲ့မောင်းနှင်မှုစနစ်၊Cruise Control ၊ Eco Start/stop ၊ Keyless Go Package system တွေပါဝင်ပါတယ်။
Price: USD 155,000
Available Total Seating – 5
Engine Type – 2.0L 4 cylinders in-line engine
Fuel – Petrol
Fuel Consumption (Combined)- 6.1 L/100 km
Drive – AWD
Max.output – 184 hp
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ်ချက်- Mercedes-Benz E Class ကနည်းပညာ၊လုံခြုံမှု၊ဇိမ်ရှိစတဲ့ လက္ခဏာတွေနဲ့ပြည့်စုံတဲ့ကား ကောင်းတစ်စီးဖြစ်ပါတယ်။ အမှတ်တံဆိပ်အရပါ မြင့်မားတဲ့ကားဖြစ်သလို ဈေးကလည်းမြင့်မားလှတဲ့ Luxury ကားတစ်စီးပါ။
Jaguar XF
နာမည်ကြားလိုက်ရုံနဲ့ အဆင့်မြင့် Brand ဆိုတာလူတိုင်းသိပါတယ်။ ဒါဆို Jaguar မှာနာမည်ကျော်တာ ဘယ်အချက်လဲ။ ဒီအချက်ကတော့ မောင်းနှင်မှုနဲ့ စီးနင်းရမှုမှာ Jaguar ကဆရာကျပါတယ်။ အခု Jaguar XF မှာပါတဲ့ ADAPTIVE DYNAMICS နည်းပညာက နေရာပေါင်းစုံမှာမောင်းနှင်ဖို့အတွက် ယာဉ်မောင်းကို လုံးဝကွဲပြားတဲ့ အရသာကိုပေးနိုင်မှာပါ။ ဘယ်လို အကွေ့မျိုးမဆို XF ကသေသေသပ်သပ်နဲ့ အမှားအ ယွင်းမရှိအောင်စွမ်းဆောင်နိုင်သလို စီးနင်းရတာလည်းအရမ်းကို ကောင်းမွန်ပါတယ်။ နောက်ပြီးထိန်းကျောင်း မောင်းနှင်ရတာ အရမ်းကောင်းစေမယ့် XFရဲ့ Electric Power Assisted Steering (EPAS)စနစ်ပါပြီး အဲဒါက လမ်းမချော်ဖို့နဲ့ပါကင်စနစ်တွေကိုပါထောက်ပံ့ပေးသွားမှာပါ။ ရုပ်သွင်ပိုင်းက ရိုးရှင်းပေမယ့် နည်းပညာအစုံကို အပြင်ရော၊အတွင်းမှာပါထည့်သွင်းပေးထားပါတယ်။ ချုပ်ရိုးကြောင်း ၂ ခုပါတဲ့ လည်သာထိုင်ခုံတွေ၊ ဆီကုန် သက်သာစေဖို့အတွက် ရပ်နားထားရင်အလိုအလျောက် စက်သတ်စက်နှိုးပေးနိုင်တဲ့ Intelligent Stop / Start စနစ်၊ ဆင်ဆာစနစ်ပါတဲ့ 2-Zone Climate Control အဲကွန်းစနစ်၊ Cool Box တွေပါဝင်ပါတယ်။ 8-inch Full Colour HD Touchscreen ၊ အသံနဲ့အမိန့်ပေးညွှန်ကြားနိုင်တဲ့စနစ်တွေ၊ Headlamps Washersတွေ၊ Sunroof တွေပါဝင်ပါတယ်။ ပြီးတော့ကောင်းပေ့ဆိုတဲ့ Safety တွေအကုန်ထည့်သွင်းထားပါတယ်။ လုံးဝကို စပေါ့ စတိုင်မောင်းနှင်မှုကိုခံစားရမှာဖြစ်ပါတယ်။
Price: USD 179,500
Available Total Seating – 5
Engine Type – 3.0L, R –Sport V6 Supercharged
Fuel – Petrol
Fuel Consumption (Combined)- 8.3 L/100 km
Drive – AWD
Max Output- 250 kW / 340 PS @ 6,500 rpm
Euro NCAP test results- 5 Stars
License- YGN Plate
သုံးသပ်ချက်- XF ကိုကြိုက်ရတဲ့အချက်က ဘယ်မျက်နှာပြင်မဆိုမောင်းနှင်ဖို့အတွက် အာရုံခံဆင်ဆာပါဝင်ပြီး လမ်းချော်မှာတွေ၊ ကုန်းတက်တာတွေမပူရဘူး။ဒါ့အပြင် မောင်းနှင်မှုနဲ့စီးနင်းမှုတွေမှာ သူကဆရာတစ်ဆူပါပဲ။
Volvo S 60
စကင်ဒီးနေဗီးယန်းအငွေ့အသက်တွေခြုံလွှမ်းထားတဲ့ Volvo S 60 ဟာဒီဇိုင်းပိုင်းနဲ့ Safety ပိုင်းမှာအလွန် ကောင်းမွန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ Volvo ရဲ့ Standard အတိုင်း 2.0L engine ပဲထုတ်တယ်ဆိုပေမယ့် turbocharged ဆိုတော့မြင်းကောင်ရေ ၂၄၅ ကောင်အားထွက်တယ်ဆိုတော့ အမြန်နှုန်းမောင်းနှင်မှုအတွက် စပေါ့တစ်စီးလို လျင်မြန်နေမှာပါ။ နောက်ပြီးတော့ မြေပြင်ကင်းလွတ်ပမာဏ 7.9 inches လောက်ရှိတော့ မြို့တွင်း မှာမောင်းရတာ အောက်မလွတ်လို့ဆိုပြီး စိတ်အနှောင့်အယှက်မဖြစ်တော့ဘူးပေါ့။ HID ရှေ့ မီးကြီးတွေ၊ အကောင်းစား leather သုံးထိုင်ခုံ၊ဒတ်ရှ်ဘုတ်နဲ့လက်တင်ခုံတွေ၊ sunroof လိုပစ္စည်းတွေအပြင် push start, adaptive cruise control, lane-keeping assist, forward-collision-warning system တွေအပြင် အလိုအလျောက်အာရုံခံစနစ်နဲ့အရှိန်လျှော့ချပေးတဲ့စနစ်တွေပါဝင်ပါတယ်။ ပြီးတော့ စပေါ့ဆန် စေတဲ့ အလွိုင်းဝှီးတွေ၊ အိတ်ဇော ၂ပေါက်လည်းပါဝင်သလို လေခွင်းအားကောင်းတဲ့ဘော်ဒီမျိုးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။
Price: USD 88,000
Available Total Seating – 5
Engine Type – 2.0L, Four-cylinder direct injection turbo engine
Fuel – Petrol
Fuel Consumption (Combined)- 9.0 L/100 km
Drive – FWD
Max.output – 245 hp @ 5500 rpm
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ်ချက်- Safety ပိုင်းမှာဆရာတစ်ဆူလိုဖြစ်နေတဲ့ Volvo ရဲ့ထုတ်ကုန်တိုင်းကတော့ ဇိမ်ခံအကောင်း စားပိုင်းမှာ ထိပ်တန်းအဆင့်ရှိပါတယ်။ ရုပ်ထွက်ကလည်း လန်းတော့လူငယ်တွေလည်းအကြိုက်တွေ့နိုင်မှာပါ။