Zawgyi Version…
ပရိသတ္ႀကီးနဲ႔ရင္းႏွီးၿပီးသားျဖစ္ေနၿပီျဖစ္တဲ့ Drive ရဲ႕ Buyer’s Guide ကေနႀကိဳဆိုလိုက္ပါတယ္။ ဒီက႑ ကေတာ့ ကားသစ္ဝယ္ဖို႔စဥ္းစားေနတဲ့ပရိသတ္ေတြအတြက္ ျပည္တြင္းေရာက္ကားသစ္ေတြထဲက အမ်ိဳးအစား ေတြကိုဘယ္လိုေ႐ြးခ်ယ္ရမလဲ။ေနာက္ၿပီး ဘယ္ကားေတြက ဘယ္လိုအေနအထား မ်ိဳးနဲ႔ပိုၿပီးလိုက္ ဖက္တယ္။ ေပးရတဲ့ေဈးနဲ႔ ထိုက္တန္ရဲ႕လား၊ ဝယ္သူအေပၚဘယ္ေလာက္တန္ဖိုးထားသလဲ၊ ဘာေၾကာင့္ေ႐ြး ခ်ယ္သင့္သ လဲဆိုတာေတြကို ေဖာ္ျပေပးသြားလိုပါတယ္။ဒီတစ္ေခါက္ေတာ့ Hatchback အမ်ိဳးအစားေတြျဖစ္တဲ့ Mitsubishi Mirage , Suzuki Swift , Ford Fiesta, Peugeot 308,Kia Picanto, Kia Rio နဲ႔ Volvo V40 T3 ေတြအ ေၾကာင္းေျပာလိုပါတယ္။ သူတို႔ အေၾကာင္းမေျပာခင္ ပထမဆုံး Hatchback တစ္စီးရဲ႕ အားသာခ်က္ေတြ၊ အားနည္းခ်က္ေတြကိုအရင္ဆုံးေျပာျပေပးခ်င္ပါတယ္။

Hatchback ဆိုတာ…
Hatchback ဆိုတာ တံခါး ၅ေပါက္ပါကားလို႔ အဓိပၸါယ္ဖြင့္ဆိုႏိုင္ၿပီးဒီကားတိုင္းရဲ႕ေနာက္ဘက္ဖုံးကို အဖြင့္ အပိတ္ လုပ္ႏိုင္သလို passenger ထိုင္ခုံနဲ႔ cargo areas ေတြကို လိုသလို Share လုပ္ႏိုင္တဲ့ ကားမ်ိဳး ျဖစ္ပါတယ္။ ဒါ့အျပင္ Hatchback ေတြဟာ Segment ေတြအရ Small car အုပ္စုထဲမွာပါဝင္ၾကၿပီး သူတို႔ရဲ႕ တံခါး၅ ေပါက္ပါဝင္တာက အခ်ိဳ႕ေသာ Station Wagon , sports cars, SUVs နဲ႔ large luxury cars ေတြနဲ႔ဆင္တူပါတယ္။ Hatchback body style ေတြက ၁၉၆၀ ေက်ာ္ကာလေတြမွာ စတင္ဖြံ႕ၿဖိဳးလာခဲ့ၿပီး ၁၉၇၀ ေက်ာ္ကာလေတြဆီေရာက္မွ လူသိမ်ားေက်ာ္ၾကားလာတာျဖစ္ပါတယ္။ Hatchback ကားအမ်ားစုပုံစံက two-box design body style ျဖစ္ၿပီး cargo area နဲ႔ passenger areas ကတစ္ဆက္တည္းျဖစ္ပါတယ္။ ေနာက္ခုံေတြကိုေတာ့ ပစၥည္းတင္ဖို႔လိုအပ္လာခ်ိန္ေတြမွာ ေခါက္သိမ္းလို႔ရႏိုင္ပါတယ္။ သူနဲ႔ေတာ္ေတာ္ ေလးဆင္တဲ့ Station Wagon ေတြက အလ်ားပိုရွည္သလို ေခါင္လည္းျမင့္တယ္။ ၿပီးေတာ့ D-pillar ေတြပါပါတယ္။ Hatchback ေတြကို ျပင္သစ္ကားထုတ္လုပ္ေရးကုမၸဏီ Citroën ကေနစတင္ 1938 မွာ ထုတ္လုပ္ခဲ့တာျဖစ္ၿပီး ဒီကားကို Citroën 11CV လို႔ေခၚၿပီး ေနာက္တံခါးက အခုေခတ္ Hatchback လိုမ်ိဳးမဟုတ္ဘဲ ႏွစ္ျခမ္းဖြင့္ရတဲ့ တံခါးျဖစ္ပါတယ္။ ဒုတိယကမာၻစစ္ေနာက္ပိုင္းထုတ္တဲ့ ကားေတြမွာေတာ့ ေနာက္တံခါးက တစ္ခ်ပ္တည္းျဖစ္လာခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ Hatchback ယဥ္ေက်းမႈပို ထြန္းကားလာခဲ့ၿပီး ဥေရာပမွာေတာ့ superminins and compact cars ေတြအျဖစ္ Hatchback ေတြကို အဆင့္ျမႇင့္တင္လာခဲ့ၾကပါတယ္။ ဂ်ပန္ေဈးကြက္မွာေတာ့ ေရွ႕ဘီးယက္ကားေတြေခတ္စားလာခဲ့ၿပီး အရမ္းေသး ငယ္လြန္းတဲ့ Hatchback (Kei cars (“city cars”)) ေတြပါ ဖန္တီးထုတ္လုပ္လာၾကပါတယ္။

Hatchback မ်ားရဲ႕ေကာင္းကြက္၊ဆိုးကြက္…
ဒီကားအမ်ားစုက ေသးတယ္။ အင္ဂ်င္မႀကီးဘူး။ အမ်ားစုက 1.5L ေအာက္ပဲရွိတယ္။ ဒီေတာ့ ဆီစားခ်ိဳတယ္။ ၿမိဳ႕တြင္းလမ္းေတြမွာ ဝင္ရ၊ထြက္ရ၊ပါကင္ထိုးရလြယ္တယ္။ မိန္းကေလးေတြပါ ႏိုင္ႏိုင္နင္းနင္းကိုင္တြယ္ေမာင္း ႏွင္ႏိုင္ေလာက္ေအာင္ ေသးတယ္။ ကားက်ပ္တဲ့ ၿမိဳ႕တြင္းလမ္းေတြအတြက္ အထူးဖန္တီးထားတဲ့ ကား ေတြျဖစ္ၿပီး ကားတန္ဖိုးကလည္း Budget ျဖစ္ပါတယ္။ ဒါေပမဲ့ ဒီကားေလးေတြက ပါေဖာင့္မန႔္ပိုင္း၊ Safety ပိုင္းနဲ႔ လူဝင္ဆံ့မႈပိုင္းေတြမွာေတာ့ အားနည္းခ်က္ေတြရွိလာႏိုင္သလို ဟိုင္းေဝးေတြသြားဖို႔လည္း မသင့္ ေတာ္ပါဘူး။ ျမန္မာႏိုင္ငံမွာေတာ့ လူေတြက Hatchback ေတြသာမကဘဲ 660 CC Mini ကားေတြနဲ႔ေတာင္ ခရီးေတြသြားေနတာဆိုေတာ့ ဟိုင္းေဝးသြားတဲ့ကိစၥကို အထူးတလည္ဆက္မေျပာေတာ့ပါဘူးေနာ္။ ကားဖန္တီး သူေတြက လမ္းအေျခအေန၊ ရာသီဥတုစတာေတြနဲ႔ ကိုက္ညီမယ့္ Car Type ေတြကိုဖန္တီး ထုတ္လုပ္ခဲ့ တာျဖစ္ပါတယ္။ဒီေတာ့ Hatchback ေတြက ၁၀၀ ရာခိုင္ႏႈန္း ၿမိဳ႕တြင္းစီးကားေတြလို႔ ဆိုရမွာျဖစ္ပါတယ္။

Mitsubishi Mirage
ၿမိဳ႕တြင္းမွာ အသုံးျပဳဖို႔အတြက္ က်စ္လ်စ္မႈပုံစံကို ဒီဇိုင္းေဖာ္ေပးထားပါတယ္။ Mirageမွာ အတြင္းခန္းထိုင္ခုံေတြကအစ က်န္တဲ့အပိုင္းေတြကိုပါ႐ိုးရွင္းတဲ့တည္ေဆာက္ပုံနဲ႔ဖန္တီးထားပါတယ္။ Push Start စနစ္၊ ၁၅ လက္မအလြိဳင္းဝွီး၊ေလအိတ္ ၂ လုံးနဲ႔ ABS စနစ္ေတြပါပါတယ္။ ဒါ့အျပင္ အလိုအေလ်ာက္ အလုပ္လုပ္ေပးတဲ့ Air Conditioning စနစ္ ပါဝင္လာတယ္။ အဲဒီအျပင္ စမတ္ဖုန္းကို Bluetooth ကတစ္ဆင့္ ခ်ိတ္ဆက္ၿပီးေနာက္မွာ စတီယာရင္ေပၚမွာရွိတဲ့ ခလုတ္ေတြကိုသုံးလို႔ ဖုန္းေခၚဆိုေျဖၾကားတာမ်ိဳးေတြ လုပ္ႏိုင္ေအာင္လည္း စီမံေပးထားတယ္။ ကားကေသးေတာ့ ၿမိဳ႕တြင္းလမ္းေတြအတြက္ ေတာ္ေတာ္ေလးအဆင္ေျပေစပါလိမ့္မယ္။ Back Cam တို႔၊ေအာ္တိုမွန္ခ်ိဳးမွန္ေခါက္ေတြေတာ့ မပါပါဘူး။ က်န္တာေတြ ကေတာ့ ၿမိဳ႕တြင္းစီးကားတစ္စီးအတြက္ ပါသင့္ပါထိုက္တာေတြပါဝင္ပါတယ္။
Price: USD 19500
Available Total Seating – 5
Engine Type – 1.2 L DOHC MIVEC
Fuel – Gasoline
Fuel consumption- 1L/21km (combined)
Drive – 2WD
Max.output – 76 hp
License- NO YGN Plate Automatically
သုံးသပ္ခ်က္- Mitsubishi ကားေတြက အင္ဂ်င္နဲ႔ အၾကမ္းခံမႈမွာ အာမခံခ်က္အျပည့္ရွိတယ္။ ဒါေပမဲ့ ပါဝင္ပစၥည္းပိုင္းနဲ႔ Quality ပိုင္းေတာ့ အားနည္းခ်င္တယ္။ ေပးရတဲ့ ကားတန္ဖိုးအတိုင္း ျပန္ရပါလိမ့္မယ္။

Suzuki Swift
Used ေဈးကြက္မွာ ရင္းႏွီးၿပီးသားျဖစ္ေနတဲ့ Suzuki Swift ကိုျပည္တြင္းမွာ Assembly လုပ္တာျဖစ္လို႔ ေဈးကေတာ့ အေတာ္အတန္သက္သာပါလိမ့္မယ္။ ႐ုပ္ထြက္ပိုင္းက ဆန္းသြားသလို က်စ္က်စ္လ်စ္ လ်စ္နဲ႔ဆြဲေဆာင္မႈရွိပါတယ္။ ႐ိုး႐ိုးဂရိတ္မွာေတာ့ Manual Air-con, 15 inches alloy wheels, ေသာ့စနစ္ေတြနဲ႔သြားမွာျဖစ္လို႔ Used ကားေတြေလာက္ပဲ ရွိပါတယ္။ ဂရိတ္အျမင့္မွာသာ Automatic air-con system, push-start, key-less entry,3.5 inches LCD,Cruise control, 16 inches alloy wheel ေတြပါမွာျဖစ္လို႔ သိန္း ၃၀ ေလာက္ထပ္သုံးရပါလိမ့္မယ္။ သူက အဆင့္ျမင့္ပစၥည္းေတြမပါေပမယ့္လည္း ၿမိဳ႕တြင္းစီး Budget ကား တစ္စီး အျဖစ္ေတာ့ အဆင္ေျပပါလိမ့္မယ္။
Starting Price: 19,900,000 Kyats
Available Total Seating – 5
Engine Type – 1.2L
Fuel – Gasoline
Fuel consumption- 5 litre/100km (combined)
Drive – 2WD
Horse Power – 81 hp
License- YGN Plate Automatically
သုံးသပ္ခ်က္- Swift ကအရင္ပုံစံေတြထက္ေသးငယ္သေယာင္ရွိသြားေပမယ့္ ဒီဇိုင္းပုံစံေတြက ဆန္း သြားပါတယ္။ ေရွ႕ရွဲပုံစံေတြ၊ ေနာက္တံခါးလက္ကိုင္က အေပၚေရာက္သြားတာေတြက ဆန္းသစ္သြားပါတယ္။ ရန္ကုန္လိုင္စင္အလိုအေလ်ာက္ရတာေတြကလည္း အားသာခ်က္ျဖစ္သြားတယ္။ ဒါေပမဲ့ အၾကမ္းခံမႈနဲ႔ ေရရွည္အတြက္ေတာ့ သိပ္ၿပီးအာမမခံရဲဘူး။

Ford Fiesta

Focus ထက္အ႐ြယ္အားေသးငယ္ၿပီး ပုံစံဆန္းတဲ့ Fiesta က ၿမိဳ႕တြင္းစီးဆိုေပမယ့္လည္း စုံလင္တဲ့ features ေတြထည့္သြင္းထားပါတယ္။ အတြင္းခန္းမွာလည္း အလိုအေလ်ာက္ေလေအးေပးစနစ္၊ Push Start Button ၊ စတီယာရင္ Control ေတြ ပါသလို လုံၿခဳံေရးစနစ္မွာလည္း အေမရိကန္ကားပီပီ Hill Start Assist ,Stability Control, ABS, Electronic Brake Distribution တို႔လို အရာေတြထည့္သြင္းထားလို႔ စိတ္ခ်လက္ခ်အေနအ ထားမ်ိဳးျဖစ္ပါတယ္။ ဒီဇိုင္းတည္ေဆာက္မႈ ခိုင္ခံ့ႀကီးမားေလ့ရွိတဲ့ Ford ရဲ႕ ကားေတြထဲမွာမွ ထူးထူးျခားျခား လူငယ္ဆန္စြာ က်စ္လစ္လွပသစ္လြင္ျခင္း ၊ ေခတ္ဆန္ျခင္းဒီဇိုင္းေတြကို ေတြ႕ရပါတယ္။

Price: 24,995 USD
Available Total Seating – 5
Engine Type – 1.5L TiVCT
Fuel – Petrol
Fuel consumption- 5.8L/100km (combined)
Drive – FWD
Max.output – 110 HP
License- YGN Plate Automatically
သုံးသပ္ခ်က္- ကားက ေသးေပမယ့္ 1.5L သုံးထားေတာ့ ဆီစားႏႈန္းက ပိုၿပီေပါ့။ Ford ရဲ႕ပုံစံအတိုင္း အၾကမ္းခံမႈနဲ႔လုံၿခဳံေရးကိုဦးစားေပးထားေပမယ့္ ၿမိဳ႕တြင္းစီးေလာက္ပဲဆိုေတာ့ အင္ဂ်င္ပါဝါေသးလည္း ျပႆနာမရွိေလာက္ဘူးလို႔ ထင္ပါတယ္။

Peugeot 308
Hatchback တစ္စီးနဲ႔မမွ်ေအာင္ကို Safety ေတြ၊Performance ေတြပါဝင္တဲ့ 308 က Peugeot ရဲ႕ ဒီဇိုင္းပုံစံ Theme အတိုင္းပုံေဖာ္ထားၿပီး Full LED Technology ေရွ႕မီးႀကီးေတြ၊ ေနာက္ၿပီးအလိုအေလ်ာက္ မီးအတင္ အခ်စနစ္ပါဝင္သလို Auto Wiper စနစ္၊ Peugeot Signature Lion’s Claw Design ပုံစံျဖစ္တဲ့ ျခေသၤ့ လက္သည္းျခစ္ရာပုံစံမ်ိဳးဖန္တီးထားတဲ့ LED ေနာက္မီးေတြ၊ Dual Ventilation System အဲကြန္းေတြအျပင္ Air Bag 6 လုံးေတာင္သုံးစြဲထားတာကိုၾကည့္ရင္ 308 ကဥေရာပကားပီပီ Safety ကိုဦးစားေပးထားတယ္ ဆိုတာလည္းေပၚလြင္ေစပါတယ္။ ဆင္ဆာ ၈ လုံးပါဝင္ၿပီး ABS,EBD,EBAနဲ႔ ESP တို႔လိုအေရးေပၚဘရိတ္ အုပ္ေပးတဲ့စနစ္ေတြလည္းပါဝင္ပါေသးတယ္။ Traction Control System လိုလမ္းမေခ်ာ္ေစဖို႔ထိန္းခ်ဴပ္ ေပးတဲ့စနစ္ေတြပါဝင္ပါတယ္။ ေတာ္ေတာ္ေလးၿပီးျပည္စုံတဲ့ ကားေလးပါ။
Price: USD 58,700
Available Total Seating – 5
Engine Type – 1.6 L
Fuel – Petrol
Fuel consumption- 6.5L(100km/L)
Drive – 2WD
Max.output – 160 HP/rpm 3500
License- No YGN Plate Automatically
သုံးသပ္ခ်က္- အထက္မွာေျပာခဲ့သလိုပါပဲ။ 308 ကေတာ္ေတာ္ စြမ္းပကားႀကီးတယ္။ Hatchback တစ္စီးထက္ Compact Sedan ေလာက္ကိုျဖစ္ေနတယ္။ ဟိုင္းေဝးအတြက္ပါ စဥ္းစားထားပုံရပါတယ္။ ဒါေပမဲ့ ေဈးတန္းျမင့္တယ္။ ဆီစားမခ်ိဳဘူး။ဒီေဈးေလာက္ဆို ဆလြန္းဘက္ေတာင္စိတ္ကူးယဥ္လို႔ ရႏိုင္ပါတယ္။

KIA Picanto
ၿမိဳ႕တြင္းစီး Hatch back ကားတစ္စီးအျဖစ္ဖန္တီးထားတဲ့ KIA Picanto မွာ Leather Seat ၊ Sunroof ၊ Digital Aircon၊ FM/CD ေျပာင္းဖို႔ Mode၊ အသံအတိုးအက်ယ္ channel ေျပာင္းဖို႔ ခလုတ္ေတြအျပင္ Bluetooth hand Free Systemပါတဲ့ Steering Control ေတြပါတယ္။ Picanto က 1200 cc နဲ႔လာလို႔ ၁ ဂါလံကို ၃၅ မိုင္ႏႈန္းသြားလို႔ရေတာ့ ဆီစားခ်ိဳသာမွာအေသအခ်ာပါ။ Original Alloy , ေလအိတ္ ၆ လုံး ၊ Electric Stability Control System လိုစနစ္ေတြေၾကာင့္ Safety လည္းလ်စ္လ်ဴမရႈထားဘူးလို႔ဆိုရမွာပါ။ ကားပုံစံ City Car အတြင္းခန္းက က်ဥ္းတယ္လို႔ထင္ရေပမယ့္ ပါဝင္ပစၥည္းေတြ၊နည္းပညာေတြေၾကာင့္ လူနည္းသူေတြအတြက္ အဆင္ေျပေစမွာပါ။
Price: USD 21,500
Available Total Seating – 5
Engine Type – 1.2 L DOHC
Fuel – Petrol
Fuel consumption- 1 gallon/ 35 miles
Drive – 2WD
Max.output – 85 hp
License- YGN Plate Automatically
သုံးသပ္ခ်က္-ဒီကားေလးက Mini ဆိုက္ေလာက္ပဲရွိေတာ့ ၿမိဳ႕တြင္းအသြားအလာေလာက္အတြက္ေတာ့ အံကိုက္ပါပဲ။ဒါေပမဲ့ အတြင္းခန္းက က်ဥ္းတယ္။ ဒီေတာ့ ေနာက္ခန္း ၃ ေယာက္ေခ်ာင္ေခ်ာင္ခ်ိခ်ိျဖစ္ဖို႔ မလြယ္ဘူး။ ပါဝင္ပစၥည္းပိုင္းမွာေတာ့ Kia ကလုံးဝမခိုထားဘူး။

KIA Rio
Picanto ထက္ပိုႀကီးလာၿပီး Hatchback ပုံမွန္အမ်ိဳးအစားမ်ိဳးထုတ္ထားတဲ့ Rio က႐ုပ္ထြက္ပိုင္းမွာ အရင္ေမာ္ဒယ္ေဟာင္း ေတြထက္ပိုၿပီး လွပကာ Sport ဆန္သြားတယ္။ သူ႔မွာက သာမန္ ဆလြန္းကားတစ္စီးေလာက္က်ယ္ဝန္းတဲ့ အတြင္းခန္း၊ ပစၥည္းထည့္စရာ ေနရာေတြအျပင္ Small Car ေတြမွာ ျမင္ေတြ႕ေနက်မဟုတ္တဲ့ Android Auto, Apple Car play,2 Tone Leather Seat,7 Inches Back Camera မ်ဥ္းေကြး၊ Sunroof တို႔ပါဝင္ပါတယ္။ 1400 cc Engine ကို 4 Speed Auto နဲ႔လာေတာ့ ဆီစားသက္သာတာက Picanto ေလာက္နီးပါးပါပဲ။ ေလအိတ္ ၆ လုံးအပါအဝင္ ABS ၊ Electric Stability Control System ေတြပါလို႔ Rio ကဟိုင္းေဝး ခရီးေတြအတြက္ပါ အဆင္ေျပေစဖို႔ ရည္႐ြယ္ထားပုံရပါတယ္။

Price: USD 25500
Available Total Seating – 5
Engine Type – 1.4 L
Fuel – Petrol
Fuel consumption- 1 gallon/ 30 miles
Drive – 2WD
Max.output – 109 HP
License- YGN Plate Automatically
သုံးသပ္ခ်က္- ပစၥည္းစုံတယ္။ ႐ုပ္ထြက္လန္းတယ္။ ဒါေပမဲ့ သူ႔ေဈးတန္းကလည္း Budget ဆီဒင္ေတြ ေလာက္ေဈးရွိေနေတာ့ ဝယ္သူေတြအနည္းငယ္စဥ္းစားရမယ့္ပုံေပါက္ေနပါတယ္။ ရန္ကုန္လိုင္စင္ရမွာကေတာ့ စိတ္ဝင္စားစရာပါ။

Volvo V40 T3
နည္းပညာသစ္ေတြနဲ႔ အရင္ old Volvo ကားေတြရဲ႕အေငြ႕အသက္ေတြေရာႁပြန္းထားတဲ့ ဒီကားကလည္း တန္ဖိုးႀကီး Hatchback စာရင္းထဲပါပါတယ္။ ဒါေပမဲ့ Volvo ရဲ႕အရွိန္အဝါေၾကာင့္ Driver Seat , 8 လက္မ TFT ေမာ္နီတာ၊ Engine Start/Stop, Key less Entry, ၾကည္လင္ျပတ္သားစြာျမင္ေတြ႕ရမယ့္ ေဘာင္ေပ်ာက္ေနာက္ၾကည့္မွန္၊ ေလကိုသန႔္စင္ေပးႏိုင္တဲ့စနစ္ Clean Zone ပါဝင္သည့္အဲကြန္း၊ High Performance Sound System တို႔လည္းပါဝင္သလို Safety အေနနဲ႔လည္း Side Impact Protection System,City Safety Generation 2 , Blind Spot Info System,Cross Traffic Alert, Forward Collision Warning Generation 3 , Rear Parking Camera, Rain sensor Generation 2 , Hill Start Assist, Lane Keeping Aid နဲ႔ ေလအိတ္ ၉ လုံးပါဝင္ပါတယ္။ ဒါက ႐ိုးရာမပ်က္တဲ့ Volvo ရဲ႕ အားထုတ္မႈျဖစ္ပါတယ္။
Price: USD 53,000
Available Total Seating – 5
Engine Type – 1.5 L
Fuel – Petrol
Fuel consumption- 5.6/100km
Drive – 2WD
Max.output – 152 HP
License- No YGN Plate Automatically
သုံးသပ္ခ်က္- Volvo အမွတ္တံဆိပ္ကားတစ္စီးကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ ဒီေလာက္ေတာ့ ေငြသုံးရပါလိမ့္မယ္။ ဒါေပမဲ့ လက္ရွိျပည္တြင္းမွာရွိတဲ့ Mid size sedan ေတြ၊ SUV ေတြေလာက္ေဈးရွိေနေတာ့ ဝယ္သူ ဘက္စဥ္းစားစရာျဖစ္လာပါလိမ့္မယ္။

Unicode Version..

Buyer’s Guide Hatchback
ပရိသတ်ကြီးနဲ့ရင်းနှီးပြီးသားဖြစ်နေပြီဖြစ်တဲ့ Drive ရဲ့ Buyer’s Guide ကနေကြိုဆိုလိုက်ပါတယ်။ ဒီကဏ္ဍ ကတော့ ကားသစ်ဝယ်ဖို့စဉ်းစားနေတဲ့ပရိသတ်တွေအတွက် ပြည်တွင်းရောက်ကားသစ်တွေထဲက အမျိုးအစား တွေကိုဘယ်လိုရွေးချယ်ရမလဲ။နောက်ပြီး ဘယ်ကားတွေက ဘယ်လိုအနေအထား မျိုးနဲ့ပိုပြီးလိုက် ဖက်တယ်။ ပေးရတဲ့ဈေးနဲ့ ထိုက်တန်ရဲ့လား၊ ဝယ်သူအပေါ်ဘယ်လောက်တန်ဖိုးထားသလဲ၊ ဘာကြောင့်ရွေး ချယ်သင့်သ လဲဆိုတာတွေကို ဖော်ပြပေးသွားလိုပါတယ်။ဒီတစ်ခေါက်တော့ Hatchback အမျိုးအစားတွေဖြစ်တဲ့ Mitsubishi Mirage , Suzuki Swift , Ford Fiesta, Peugeot 308,Kia Picanto, Kia Rio နဲ့ Volvo V40 T3 တွေအ ကြောင်းပြောလိုပါတယ်။ သူတို့ အကြောင်းမပြောခင် ပထမဆုံး Hatchback တစ်စီးရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေကိုအရင်ဆုံးပြောပြပေးချင်ပါတယ်။

Hatchback ဆိုတာ…
Hatchback ဆိုတာ တံခါး ၅ပေါက်ပါကားလို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပြီးဒီကားတိုင်းရဲ့နောက်ဘက်ဖုံးကို အဖွင့် အပိတ် လုပ်နိုင်သလို passenger ထိုင်ခုံနဲ့ cargo areas တွေကို လိုသလို Share လုပ်နိုင်တဲ့ ကားမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် Hatchback တွေဟာ Segment တွေအရ Small car အုပ်စုထဲမှာပါဝင်ကြပြီး သူတို့ရဲ့ တံခါး၅ ပေါက်ပါဝင်တာက အချို့သော Station Wagon , sports cars, SUVs နဲ့ large luxury cars တွေနဲ့ဆင်တူပါတယ်။ Hatchback body style တွေက ၁၉၆၀ ကျော်ကာလတွေမှာ စတင်ဖွံ့ဖြိုးလာခဲ့ပြီး ၁၉၇၀ ကျော်ကာလတွေဆီရောက်မှ လူသိများကျော်ကြားလာတာဖြစ်ပါတယ်။ Hatchback ကားအများစုပုံစံက two-box design body style ဖြစ်ပြီး cargo area နဲ့ passenger areas ကတစ်ဆက်တည်းဖြစ်ပါတယ်။ နောက်ခုံတွေကိုတော့ ပစ္စည်းတင်ဖို့လိုအပ်လာချိန်တွေမှာ ခေါက်သိမ်းလို့ရနိုင်ပါတယ်။ သူနဲ့တော်တော် လေးဆင်တဲ့ Station Wagon တွေက အလျားပိုရှည်သလို ခေါင်လည်းမြင့်တယ်။ ပြီးတော့ D-pillar တွေပါပါတယ်။ Hatchback တွေကို ပြင်သစ်ကားထုတ်လုပ်ရေးကုမ္ပဏီ Citroën ကနေစတင် 1938 မှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒီကားကို Citroën 11CV လို့ခေါ်ပြီး နောက်တံခါးက အခုခေတ် Hatchback လိုမျိုးမဟုတ်ဘဲ နှစ်ခြမ်းဖွင့်ရတဲ့ တံခါးဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းထုတ်တဲ့ ကားတွေမှာတော့ နောက်တံခါးက တစ်ချပ်တည်းဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ Hatchback ယဉ်ကျေးမှုပို ထွန်းကားလာခဲ့ပြီး ဥရောပမှာတော့ superminins and compact cars တွေအဖြစ် Hatchback တွေကို အဆင့်မြှင့်တင်လာခဲ့ကြပါတယ်။ ဂျပန်ဈေးကွက်မှာတော့ ရှေ့ဘီးယက်ကားတွေခေတ်စားလာခဲ့ပြီး အရမ်းသေး ငယ်လွန်းတဲ့ Hatchback (Kei cars (“city cars”)) တွေပါ ဖန်တီးထုတ်လုပ်လာကြပါတယ်။

Hatchback များရဲ့ကောင်းကွက်၊ဆိုးကွက်…
ဒီကားအများစုက သေးတယ်။ အင်ဂျင်မကြီးဘူး။ အများစုက 1.5L အောက်ပဲရှိတယ်။ ဒီတော့ ဆီစားချိုတယ်။ မြို့တွင်းလမ်းတွေမှာ ဝင်ရ၊ထွက်ရ၊ပါကင်ထိုးရလွယ်တယ်။ မိန်းကလေးတွေပါ နိုင်နိုင်နင်းနင်းကိုင်တွယ်မောင်း နှင်နိုင်လောက်အောင် သေးတယ်။ ကားကျပ်တဲ့ မြို့တွင်းလမ်းတွေအတွက် အထူးဖန်တီးထားတဲ့ ကား တွေဖြစ်ပြီး ကားတန်ဖိုးကလည်း Budget ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကားလေးတွေက ပါဖောင့်မန့်ပိုင်း၊ Safety ပိုင်းနဲ့ လူဝင်ဆံ့မှုပိုင်းတွေမှာတော့ အားနည်းချက်တွေရှိလာနိုင်သလို ဟိုင်းဝေးတွေသွားဖို့လည်း မသင့် တော်ပါဘူး။ မြန်မာနိုင်ငံမှာတော့ လူတွေက Hatchback တွေသာမကဘဲ 660 CC Mini ကားတွေနဲ့တောင် ခရီးတွေသွားနေတာဆိုတော့ ဟိုင်းဝေးသွားတဲ့ကိစ္စကို အထူးတလည်ဆက်မပြောတော့ပါဘူးနော်။ ကားဖန်တီး သူတွေက လမ်းအခြေအနေ၊ ရာသီဥတုစတာတွေနဲ့ ကိုက်ညီမယ့် Car Type တွေကိုဖန်တီး ထုတ်လုပ်ခဲ့ တာဖြစ်ပါတယ်။ဒီတော့ Hatchback တွေက ၁၀၀ ရာခိုင်နှုန်း မြို့တွင်းစီးကားတွေလို့ ဆိုရမှာဖြစ်ပါတယ်။

Mitsubishi Mirage
မြို့တွင်းမှာ အသုံးပြုဖို့အတွက် ကျစ်လျစ်မှုပုံစံကို ဒီဇိုင်းဖော်ပေးထားပါတယ်။ Mirageမှာ အတွင်းခန်းထိုင်ခုံတွေကအစ ကျန်တဲ့အပိုင်းတွေကိုပါရိုးရှင်းတဲ့တည်ဆောက်ပုံနဲ့ဖန်တီးထားပါတယ်။ Push Start စနစ်၊ ၁၅ လက်မအလွိုင်းဝှီး၊လေအိတ် ၂ လုံးနဲ့ ABS စနစ်တွေပါပါတယ်။ ဒါ့အပြင် အလိုအလျောက် အလုပ်လုပ်ပေးတဲ့ Air Conditioning စနစ် ပါဝင်လာတယ်။ အဲဒီအပြင် စမတ်ဖုန်းကို Bluetooth ကတစ်ဆင့် ချိတ်ဆက်ပြီးနောက်မှာ စတီယာရင်ပေါ်မှာရှိတဲ့ ခလုတ်တွေကိုသုံးလို့ ဖုန်းခေါ်ဆိုဖြေကြားတာမျိုးတွေ လုပ်နိုင်အောင်လည်း စီမံပေးထားတယ်။ ကားကသေးတော့ မြို့တွင်းလမ်းတွေအတွက် တော်တော်လေးအဆင်ပြေစေပါလိမ့်မယ်။ Back Cam တို့၊အော်တိုမှန်ချိုးမှန်ခေါက်တွေတော့ မပါပါဘူး။ ကျန်တာတွေ ကတော့ မြို့တွင်းစီးကားတစ်စီးအတွက် ပါသင့်ပါထိုက်တာတွေပါဝင်ပါတယ်။
Price: USD 19500
Available Total Seating – 5
Engine Type – 1.2 L DOHC MIVEC
Fuel – Gasoline
Fuel consumption- 1L/21km (combined)
Drive – 2WD
Max.output – 76 hp
License- NO YGN Plate Automatically
သုံးသပ်ချက်- Mitsubishi ကားတွေက အင်ဂျင်နဲ့ အကြမ်းခံမှုမှာ အာမခံချက်အပြည့်ရှိတယ်။ ဒါပေမဲ့ ပါဝင်ပစ္စည်းပိုင်းနဲ့ Quality ပိုင်းတော့ အားနည်းချင်တယ်။ ပေးရတဲ့ ကားတန်ဖိုးအတိုင်း ပြန်ရပါလိမ့်မယ်။

Suzuki Swift
Used ဈေးကွက်မှာ ရင်းနှီးပြီးသားဖြစ်နေတဲ့ Suzuki Swift ကိုပြည်တွင်းမှာ Assembly လုပ်တာဖြစ်လို့ ဈေးကတော့ အတော်အတန်သက်သာပါလိမ့်မယ်။ ရုပ်ထွက်ပိုင်းက ဆန်းသွားသလို ကျစ်ကျစ်လျစ် လျစ်နဲ့ဆွဲဆောင်မှုရှိပါတယ်။ ရိုးရိုးဂရိတ်မှာတော့ Manual Air-con, 15 inches alloy wheels, သော့စနစ်တွေနဲ့သွားမှာဖြစ်လို့ Used ကားတွေလောက်ပဲ ရှိပါတယ်။ ဂရိတ်အမြင့်မှာသာ Automatic air-con system, push-start, key-less entry,3.5 inches LCD,Cruise control, 16 inches alloy wheel တွေပါမှာဖြစ်လို့ သိန်း ၃၀ လောက်ထပ်သုံးရပါလိမ့်မယ်။ သူက အဆင့်မြင့်ပစ္စည်းတွေမပါပေမယ့်လည်း မြို့တွင်းစီး Budget ကား တစ်စီး အဖြစ်တော့ အဆင်ပြေပါလိမ့်မယ်။
Starting Price: 19,900,000 Kyats
Available Total Seating – 5
Engine Type – 1.2L
Fuel – Gasoline
Fuel consumption- 5 litre/100km (combined)
Drive – 2WD
Horse Power – 81 hp
License- YGN Plate Automatically
သုံးသပ်ချက်- Swift ကအရင်ပုံစံတွေထက်သေးငယ်သယောင်ရှိသွားပေမယ့် ဒီဇိုင်းပုံစံတွေက ဆန်း သွားပါတယ်။ ရှေ့ရှဲပုံစံတွေ၊ နောက်တံခါးလက်ကိုင်က အပေါ်ရောက်သွားတာတွေက ဆန်းသစ်သွားပါတယ်။ ရန်ကုန်လိုင်စင်အလိုအလျောက်ရတာတွေကလည်း အားသာချက်ဖြစ်သွားတယ်။ ဒါပေမဲ့ အကြမ်းခံမှုနဲ့ ရေရှည်အတွက်တော့ သိပ်ပြီးအာမမခံရဲဘူး။
Ford Fiesta

Focus ထက်အရွယ်အားသေးငယ်ပြီး ပုံစံဆန်းတဲ့ Fiesta က မြို့တွင်းစီးဆိုပေမယ့်လည်း စုံလင်တဲ့ features တွေထည့်သွင်းထားပါတယ်။ အတွင်းခန်းမှာလည်း အလိုအလျောက်လေအေးပေးစနစ်၊ Push Start Button ၊ စတီယာရင် Control တွေ ပါသလို လုံခြုံရေးစနစ်မှာလည်း အမေရိကန်ကားပီပီ Hill Start Assist ,Stability Control, ABS, Electronic Brake Distribution တို့လို အရာတွေထည့်သွင်းထားလို့ စိတ်ချလက်ချအနေအ ထားမျိုးဖြစ်ပါတယ်။ ဒီဇိုင်းတည်ဆောက်မှု ခိုင်ခံ့ကြီးမားလေ့ရှိတဲ့ Ford ရဲ့ ကားတွေထဲမှာမှ ထူးထူးခြားခြား လူငယ်ဆန်စွာ ကျစ်လစ်လှပသစ်လွင်ခြင်း ၊ ခေတ်ဆန်ခြင်းဒီဇိုင်းတွေကို တွေ့ရပါတယ်။

Price: 24,995 USD
Available Total Seating – 5
Engine Type – 1.5L TiVCT
Fuel – Petrol
Fuel consumption- 5.8L/100km (combined)
Drive – FWD
Max.output – 110 HP
License- YGN Plate Automatically
သုံးသပ်ချက်- ကားက သေးပေမယ့် 1.5L သုံးထားတော့ ဆီစားနှုန်းက ပိုပြီပေါ့။ Ford ရဲ့ပုံစံအတိုင်း အကြမ်းခံမှုနဲ့လုံခြုံရေးကိုဦးစားပေးထားပေမယ့် မြို့တွင်းစီးလောက်ပဲဆိုတော့ အင်ဂျင်ပါဝါသေးလည်း ပြဿနာမရှိလောက်ဘူးလို့ ထင်ပါတယ်။

Peugeot 308
Hatchback တစ်စီးနဲ့မမျှအောင်ကို Safety တွေ၊Performance တွေပါဝင်တဲ့ 308 က Peugeot ရဲ့ ဒီဇိုင်းပုံစံ Theme အတိုင်းပုံဖော်ထားပြီး Full LED Technology ရှေ့မီးကြီးတွေ၊ နောက်ပြီးအလိုအလျောက် မီးအတင် အချစနစ်ပါဝင်သလို Auto Wiper စနစ်၊ Peugeot Signature Lion’s Claw Design ပုံစံဖြစ်တဲ့ ခြင်္သေ့ လက်သည်းခြစ်ရာပုံစံမျိုးဖန်တီးထားတဲ့ LED နောက်မီးတွေ၊ Dual Ventilation System အဲကွန်းတွေအပြင် Air Bag 6 လုံးတောင်သုံးစွဲထားတာကိုကြည့်ရင် 308 ကဥရောပကားပီပီ Safety ကိုဦးစားပေးထားတယ် ဆိုတာလည်းပေါ်လွင်စေပါတယ်။ ဆင်ဆာ ၈ လုံးပါဝင်ပြီး ABS,EBD,EBAနဲ့ ESP တို့လိုအရေးပေါ်ဘရိတ် အုပ်ပေးတဲ့စနစ်တွေလည်းပါဝင်ပါသေးတယ်။ Traction Control System လိုလမ်းမချော်စေဖို့ထိန်းချူပ် ပေးတဲ့စနစ်တွေပါဝင်ပါတယ်။ တော်တော်လေးပြီးပြည်စုံတဲ့ ကားလေးပါ။
Price: USD 58,700
Available Total Seating – 5
Engine Type – 1.6 L
Fuel – Petrol
Fuel consumption- 6.5L(100km/L)
Drive – 2WD
Max.output – 160 HP/rpm 3500
License- No YGN Plate Automatically
သုံးသပ်ချက်- အထက်မှာပြောခဲ့သလိုပါပဲ။ 308 ကတော်တော် စွမ်းပကားကြီးတယ်။ Hatchback တစ်စီးထက် Compact Sedan လောက်ကိုဖြစ်နေတယ်။ ဟိုင်းဝေးအတွက်ပါ စဉ်းစားထားပုံရပါတယ်။ ဒါပေမဲ့ ဈေးတန်းမြင့်တယ်။ ဆီစားမချိုဘူး။ဒီဈေးလောက်ဆို ဆလွန်းဘက်တောင်စိတ်ကူးယဉ်လို့ ရနိုင်ပါတယ်။

KIA Picanto
မြို့တွင်းစီး Hatch back ကားတစ်စီးအဖြစ်ဖန်တီးထားတဲ့ KIA Picanto မှာ Leather Seat ၊ Sunroof ၊ Digital Aircon၊ FM/CD ပြောင်းဖို့ Mode၊ အသံအတိုးအကျယ် channel ပြောင်းဖို့ ခလုတ်တွေအပြင် Bluetooth hand Free Systemပါတဲ့ Steering Control တွေပါတယ်။ Picanto က 1200 cc နဲ့လာလို့ ၁ ဂါလံကို ၃၅ မိုင်နှုန်းသွားလို့ရတော့ ဆီစားချိုသာမှာအသေအချာပါ။ Original Alloy , လေအိတ် ၆ လုံး ၊ Electric Stability Control System လိုစနစ်တွေကြောင့် Safety လည်းလျစ်လျူမရှုထားဘူးလို့ဆိုရမှာပါ။ ကားပုံစံ City Car အတွင်းခန်းက ကျဉ်းတယ်လို့ထင်ရပေမယ့် ပါဝင်ပစ္စည်းတွေ၊နည်းပညာတွေကြောင့် လူနည်းသူတွေအတွက် အဆင်ပြေစေမှာပါ။
Price: USD 21,500
Available Total Seating – 5
Engine Type – 1.2 L DOHC
Fuel – Petrol
Fuel consumption- 1 gallon/ 35 miles
Drive – 2WD
Max.output – 85 hp
License- YGN Plate Automatically
သုံးသပ်ချက်-ဒီကားလေးက Mini ဆိုက်လောက်ပဲရှိတော့ မြို့တွင်းအသွားအလာလောက်အတွက်တော့ အံကိုက်ပါပဲ။ဒါပေမဲ့ အတွင်းခန်းက ကျဉ်းတယ်။ ဒီတော့ နောက်ခန်း ၃ ယောက်ချောင်ချောင်ချိချိဖြစ်ဖို့ မလွယ်ဘူး။ ပါဝင်ပစ္စည်းပိုင်းမှာတော့ Kia ကလုံးဝမခိုထားဘူး။

KIA Rio
Picanto ထက်ပိုကြီးလာပြီး Hatchback ပုံမှန်အမျိုးအစားမျိုးထုတ်ထားတဲ့ Rio ကရုပ်ထွက်ပိုင်းမှာ အရင်မော်ဒယ်ဟောင်း တွေထက်ပိုပြီး လှပကာ Sport ဆန်သွားတယ်။ သူ့မှာက သာမန် ဆလွန်းကားတစ်စီးလောက်ကျယ်ဝန်းတဲ့ အတွင်းခန်း၊ ပစ္စည်းထည့်စရာ နေရာတွေအပြင် Small Car တွေမှာ မြင်တွေ့နေကျမဟုတ်တဲ့ Android Auto, Apple Car play,2 Tone Leather Seat,7 Inches Back Camera မျဉ်းကွေး၊ Sunroof တို့ပါဝင်ပါတယ်။ 1400 cc Engine ကို 4 Speed Auto နဲ့လာတော့ ဆီစားသက်သာတာက Picanto လောက်နီးပါးပါပဲ။ လေအိတ် ၆ လုံးအပါအဝင် ABS ၊ Electric Stability Control System တွေပါလို့ Rio ကဟိုင်းဝေး ခရီးတွေအတွက်ပါ အဆင်ပြေစေဖို့ ရည်ရွယ်ထားပုံရပါတယ်။

Price: USD 25500
Available Total Seating – 5
Engine Type – 1.4 L
Fuel – Petrol
Fuel consumption- 1 gallon/ 30 miles
Drive – 2WD
Max.output – 109 HP
License- YGN Plate Automatically
သုံးသပ်ချက်- ပစ္စည်းစုံတယ်။ ရုပ်ထွက်လန်းတယ်။ ဒါပေမဲ့ သူ့ဈေးတန်းကလည်း Budget ဆီဒင်တွေ လောက်ဈေးရှိနေတော့ ဝယ်သူတွေအနည်းငယ်စဉ်းစားရမယ့်ပုံပေါက်နေပါတယ်။ ရန်ကုန်လိုင်စင်ရမှာကတော့ စိတ်ဝင်စားစရာပါ။

Volvo V40 T3
နည်းပညာသစ်တွေနဲ့ အရင် old Volvo ကားတွေရဲ့အငွေ့အသက်တွေရောပြွန်းထားတဲ့ ဒီကားကလည်း တန်ဖိုးကြီး Hatchback စာရင်းထဲပါပါတယ်။ ဒါပေမဲ့ Volvo ရဲ့အရှိန်အဝါကြောင့် Driver Seat , 8 လက်မ TFT မော်နီတာ၊ Engine Start/Stop, Key less Entry, ကြည်လင်ပြတ်သားစွာမြင်တွေ့ရမယ့် ဘောင်ပျောက်နောက်ကြည့်မှန်၊ လေကိုသန့်စင်ပေးနိုင်တဲ့စနစ် Clean Zone ပါဝင်သည့်အဲကွန်း၊ High Performance Sound System တို့လည်းပါဝင်သလို Safety အနေနဲ့လည်း Side Impact Protection System,City Safety Generation 2 , Blind Spot Info System,Cross Traffic Alert, Forward Collision Warning Generation 3 , Rear Parking Camera, Rain sensor Generation 2 , Hill Start Assist, Lane Keeping Aid နဲ့ လေအိတ် ၉ လုံးပါဝင်ပါတယ်။ ဒါက ရိုးရာမပျက်တဲ့ Volvo ရဲ့ အားထုတ်မှုဖြစ်ပါတယ်။
Price: USD 53,000
Available Total Seating – 5
Engine Type – 1.5 L
Fuel – Petrol
Fuel consumption- 5.6/100km
Drive – 2WD
Max.output – 152 HP
License- No YGN Plate Automatically
သုံးသပ်ချက်- Volvo အမှတ်တံဆိပ်ကားတစ်စီးကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဒီလောက်တော့ ငွေသုံးရပါလိမ့်မယ်။ ဒါပေမဲ့ လက်ရှိပြည်တွင်းမှာရှိတဲ့ Mid size sedan တွေ၊ SUV တွေလောက်ဈေးရှိနေတော့ ဝယ်သူ ဘက်စဉ်းစားစရာဖြစ်လာပါလိမ့်မယ်။