Unicode Version…
ပရိသတ်ကြီးနဲ့ရင်းနှီးပြီးသားဖြစ်နေပြီဖြစ်တဲ့ Drive ရဲ့ Buyer’s Guide ကနေကြိုဆိုလိုက်ပါတယ်။ ဒီကဏ္ဍ ကတော့ ကားသစ်ဝယ်ဖို့စဉ်းစားနေတဲ့ပရိသတ်တွေအတွက် ပြည်တွင်းရောက်ကားသစ်တွေထဲက အမျိုးအစား တွေကိုဘယ်လိုရွေးချယ်ရမလဲ။နောက်ပြီး ဘယ်ကားတွေက ဘယ်လိုအနေအထား မျိုးနဲ့ပိုပြီးလိုက် ဖက်တယ်။ ပေးရတဲ့ဈေးနဲ့ ထိုက်တန်ရဲ့လား၊ ဝယ်သူအပေါ်ဘယ်လောက်တန်ဖိုးထားသလဲ၊ ဘာကြောင့်ရွေး ချယ်သင့်သ လဲဆိုတာတွေကို ဖော်ပြပေးသွားလိုပါတယ်။ဒီတစ်ခေါက်တော့ MPV(Multi Purpose Vehicle) အမျိုးအစား တွေဖြစ်တဲ့ Suzuki Ertiga,DFM C37,Toyota Avanza,Chevrolet Orlando,GAC GM8,KIA Carnival,KIA Carens နဲ့ Mercedes-Benz V Class တွေအကြောင်းပြောလိုပါတယ်။ သူတို့ အကြောင်းမပြောခင် ပထမဆုံး MPV တစ်စီးရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေကိုအရင်ဆုံးပြောပြပေးချင်ပါတယ်။
MPV ဆိုတာ…
MPV(Multi Purpose Vehicle) ဆိုတာမိသားစုများသူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ယာဉ်လို့ဆို နိုင်ပြီး Minivan , Multi Utility Vehicle (MUV), People Carrier ဆိုပြီးလည်းခေါ်ဝေါ်ကြပါတယ်။ သူ့ရဲ့ ဘော်ဒီ တည်ဆောက်ပုံက Station Wagon တွေနဲ့ဆင်တူပြီး နောက်ဘက်တံခါးတွေ၊ လိုက်ပါစီးနင်း နိုင်သူဦးရေတွေကလည်း Station Wagon အတိုင်းပါပဲ။ ဒါပေမဲ့ MPV တွေက သာမန်ဆီဒင်တွေ၊ Compact တွေ၊ Station Wagon တွေထက်ပိုကြီးသလို အတွင်းခန်းကလည်းပိုကျယ်ပါတယ်။နောက်ပြီး MPV အများစုက ၇ယောက် စီးနဲ့အထက်လိုက်ပါစီးနင်းနိုင်တဲ့ ထိုင်ခုံတွေပါဝင်ပါတယ်။
ပထမဆုံး MPV (သို့) Minivan ဆိုတာကို Brubaker Box အဖြစ်သတ်မှတ်ရမှာဖြစ်ပြီး ဒီကားကို ၁၉၇၂ မှာ ဒီဇိုင်နာလည်းဖြစ်၊ကားကို ရူးသွပ်သူလည်းဖြစ်တဲ့ Curtis Brukbaker က အကန့်အသတ်နဲ့ထုတ်လုပ်ခဲ့တာဖြစ် ပါတယ်။ ဒီကားကို Volkswagen Beetle ရဲ့chassis ကိုအထိုင်ယူပြီး ဘော်ဒီမှာ original fiberglass တွေသုံးထားပါတယ်။ ပြီးတော့ ဒီကားမှာ ဘေး Slide တံခါးတွေလည်းပါပါသေးတယ်။ ဒါပေမယ့် Brubaker Box တွေက ဈေးကွက်အတွင်းဖြန့်ချိရောင်းချရတဲ့အထိတော့ မဖြစ်ခဲ့ပါဘူး။ ပထမဆုံး MPV (သို့) Minivan ကိုဈေးကွက်အတွင်းစတင်ဖြန့်ချိရောင်းချခဲ့တဲ့ကုမ္ပဏီကတော့ Volkswagen ဖြစ်ပြီး သူက Volkswagen Type 2 “minibus” ကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီမော်ဒယ်မှာ နောက်ထိုင်အင်ဂျင်စနစ်၊နောက်ဘီးယက်စနစ် တွေနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ VW က အင်ဂျင်ရှေ့ထိုင်၊ရှေ့ဘီးယက်စနစ်တွေကို ထုတ်လုပ် နေပြီဖြစ်ပါတယ်။ Lloyd Motoren Werke Group ကနေပြီးတော့ လက်ရှိ MPV ကားတွေနဲ့ ပိုပြီးဆင်တူစေမယ့် Lloyd LT မော်ဒယ်ကို မိတ်ဆက်ခဲ့ပါတယ်။
MPV အမျိုးအစားများ…
MPV ကိုအမျိုးအစား ၃ မျိုးခွဲခြားနိုင်ပြီး Mini MPV , Compact MPV , Minivan တို့ဆိုပြီး ယေဘူယျ မှတ်ယူလို့ရနိုင်ပါတယ်။ Mini MPV တွေက Hatchback ပုံစံဘော်ဒီမျိုးဖြစ်ပြီး တံခါး ၅ ပေါက်ပါတယ်။ ခေါင်မြင့်တယ်။ ပြီးတော့ အတွင်းခန်းက ကျယ်ဝန်းပါတယ်။ ၅ ယောက် (သို့) ၇ယောက်လိုက်ပါစီးနင်းနိုင်ဖို့ ထိုင်ခုံတွေပါပါတယ် ဥပမာ – Suzuki Ertiga, Toyota Avanza)။ Compact MPV တွေကတော့ Mini MPV တွေထက်ပိုပြီးကောင်းတဲ့ အတွင်းခန်း၊ထိုင်ခုံတွေ၊ စုံလင်တဲ့ Function တွေပါဝင်မှာဖြစ်ပြီး ၅ ယောက် (သို့) ၇ယောက်လိုက်ပါစီးနင်းနိုင်ဖို့ ထိုင်ခုံတွေပါပါတယ် (ဥပမာ- Kia Carens , Volkswagen Touran) ။ MPV ထဲမှာအကြီးဆုံးဖြစ်တဲ့ Minivan တွေမှာ ခေါင်တွေပိုမြင့်တယ် ၊ အင်ဂျင်ပါဝါပိုကြီးတယ်၊ ရှေ့ဘီးယက် တွေသာမကဘဲ All Wheel Drive စနစ်တွေပါရနိုင်တယ်။ ခုံ ၂ တန်း (သို့) ၃ တန်းပါပြီး လိုက်ပါသူတွေပိုပြီး ကျယ်ဝန်းတဲ့ အတွင်းခန်းကို ရရှိမှာဖြစ်သလို ပစ္စည်းတင်စရာနေရာလည်း ပိုများသွားမှာဖြစ်ပါတယ်။ နောက်ပြီး လျှောက်လမ်းပါလာသလို ဘေး Slide တံခါးက ၂ချပ် (သို့) ၁ ချပ်ပါဝင်မှာဖြစ်ပါတယ်။ (ဥပမာ – Kia Carnival , Mercedes-Benz V Class)။
MPV များရဲ့ကောင်းကွက်၊ဆိုးကွက်…
MPV တစ်စီးက မိသားစုသုံးအတွက်အရမ်းကိုအသုံးဝင်လွန်းပါတယ်။ အတွင်းခန်းကျယ်တယ်၊ ဇိမ်ကျကျစီး နိုင်မယ်။ ထိုင်ခုံတွေကို လိုသလိုခေါက်သိမ်းတာတွေလုပ်နိုင်တော့ ပစ္စည်းလည်းတင်ဆောင်မှုပမာဏများ တာပေါ့။ အချို့MPV ကားသေးတွေဆိုရင် မြို့တွင်းမှာအသုံးပြုဖို့အရမ်းကို အဆင်ပြေစေပါတယ်။ ဒါပေမဲ့ SUV ကားတွေနဲ့ယှဉ်ရင် ဖက်ရှင်ကျနမှုမှာ နောက်ကျနေခဲ့သလို MPV ကားကြီးတွေက ထိန်းချုပ်မောင်းနှင်ရ ခက်ခဲပါတယ်။ နောက်ပြီးတော့ Off Road မောင်းနှင်မှုတွေမှာလည်း SUV တွေလို မောင်းနှင်လို့မရပါဘူး။ Suspension စနစ်နဲ့ Ground Clearance ပိုင်းမှာ SUV လိုမဟုတ်တဲ့အတွက် ဖြစ်ပါတယ်။
DFM C37
Budget ကားတစ်စီးဖြစ်ပြီး ကားက ဖယ်ရီတွေ၊ကျောင်းကားတွေနဲ့ နယ်တွေမှာ လိုင်းကားဆွဲဖို့သင့်တော် တယ်လို့ ဆိုရမှာပါ။ ကားက အရှည်ကြီးမဟုတ်ပေမယ့် ၁၁ စီးလို့ရအောင်ဖန်တီးပေးထားတာက လူများများ ဆန့်ချင်သူတွေအတွက် ကြိုက်နှစ်သက်စရာဖြစ်လာပါတယ်။ ဒါပေမဲ့တစ်ဖက်က ကြည့်ရင်တော့ အတွင်းခန်း မှာချောင်ချောင်ချိချိရှိမှာမဟုတ်ပါဘူး။ အင်ဂျင်ပါဝါ ၁၅၀၀ စီစီ ဖြစ်လို့ အရုန်းအဆွဲတွေပိုင်းကို သိပ်မကြိုက် ချင်ဘူး။ဒါပေမဲ့ ဆီစားနှုန်းကတော့ အတော်လေးသက်သာမယ့်သဘောရှိပါတယ်။ ဘေးဆွဲတံခါး နှစ်ဘက်ပါ (Tow Slide Door ) ဖြစ်တယ်။ Transmission ကိုတော့ Manual Gear ရှေ့ ၅ ချက် ၊ Dual air outlet ဖြစ်တယ်။ လုံခြုံရေးအပိုင်းကတော့ မြင့်မားတဲ့စနစ်တွေသိပ်မသုံးထားဘူး။ ဒါပေမဲ့ အောက်ပိုင်းစနစ်တွေက ကားအရှေ့ပိုင်းမှာ Macpherson independent suspension ဆိုတဲ့ butterfly ပုံစံ ဖွဲ့စည်းမှုမျိုးဖြစ်ပြီး ကားနောက်ပိုင်း Suspension ကိုတော့ Leaf Spring Type နောက်လေးချောင်းများနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် 1970 Kg ဝိတ်တင်နိုင်အားနဲ့ ကောင်းမွန်စွာ သယ်ဆောင်နိုင်ပြီး နယ်လမ်းခရီးတွေမှာ ကား အောက်ပိုင်း Suspension ကို အားနာနေစရာလိုမှာမဟုတ်ပါဘူး။ ဆီစားနှုန်းကလည်း ဆီစားနှုန်းကတော့ တစ် နာရီ ၉၀ ကီလိုမီတာတန်း မောင်းနေမယ်ဆိုရင် ကီလိုမီတာတစ်ရာမှာ 7.2 လီတာ ကုန်မှာဖြစ်ပါတယ်။ ဒီတော့ ဒီကားက နယ်မြို့တွေ၊လူများများဆန့်ချင်တဲ့ အကြမ်းသုံးချင်သူတွေအတွက် တန်ကြေးနည်းနည်းနဲ့ရနိုင် တဲ့ကားမျိုးဖြစ်ပါတယ်။

Price: 185 LKHS
Available Total Seating – 11
Engine Type – 1.5 Litre DK15-06VVT
Fuel – Gasoline
Fuel consumption- 7.2L/100km (combined)
Drive – 2WD
Max.output – 99 hp
License- NO YGN Plate Automatically
သုံးသပ်ချက်- အကြမ်းခံတယ်၊ဈေးချိုတယ်၊ဆီစားသက်သာတယ်။ဒါပေမယ့် အတွင်းခန်းကျဉ်းတယ်၊အဆင့်မြင့် Function တွေမပါဘူး။ Safety ပိုင်းအားနည်းတယ်။ နယ်အကြိုက်ကားမျိုးဖြစ်ပါတယ်။
Suzuki Ertiga
Ertiga က လက်ရှိပြည်တွင်း MPV ဈေးကွက်မှာ ရောင်းအားအကောင်းဆုံးဖြစ်နေပြီး အဓိကအချက် ၃ ချက် အပေါ်မှာမူတည်နေပါတယ်။ အဲဒါတွေကတော့ ဆီစားသက်သာတာ၊ ရန်ကုန်လိုင်စင်အလိုအလျောက်ရတာနဲ့ ဈေးနှုန်းသက်သာလို့ ပဲဖြစ်ပါတယ်။ သူက Push Start ဖြစ်တယ်၊ ၇ယောက်စီးဖို့ ခုံ ၃ တန်းပါတယ်။ ခုံတွေက လိုသလိုခေါက်သိမ်းနိုင်တယ်။ ဒါပေမဲ့ နောက်ခုံတန်းက ကလေးတွေသာချောင်ချောင်ချိချိ လိုက်ပါစီးနင်းဖို့ အဆင်ပြေနိုင်ပါတယ်။ Round Air Con နဲ့လာတယ်။ Bluetooth နဲ့ချိတ်ဆက်နိုင်တဲ့စနစ်ပါတယ်။ Safety အနေနဲ့တော့ရှေ့လေအိတ် ၂ လုံး၊ ABS with EBD၊ အသံနဲ့ အချက်ပြပေးတဲ့စနစ်တွေပါဝင်ပါတယ်။ ဈေးအရကြည့်ရင် ဒီပါဝင်မှုလောက်ပဲရသင့်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ထောက်ပြစရာရှိ လာတာ ကတော့ အင်ဂျင်ပါဝါနဲ့ Safety ပိုင်းပါ။ 1.4 L ကို မြင်းကောင်ရေ ၉၄ ကောင်အားပဲထွက်တာဆိုတော့ နယ်ဝေး တွေမှာလူ ၇ ယောက်နဲ့ ရေရှည်သွားဖို့ဆိုတာ အဆင်မ ပြေလောက်ပါဘူး။ နောက်တစ်ခုကတော့ MPV တစ်စီးကမိသားစုစီးဖြစ်လို့ Safety ကောင်းဖို့လိုပါတယ်။ ဒီကားမှာက လုံခြုံရေးပါဝင်မှုတွေက သိပ်ပြီး အား ရစရာမရှိပါဘူး။ Back Camera တောင် Option အနေနဲ့မှာယူရမှာဆိုတော့ မြို့တွင်းလောက်ဆိုရင်ပဲအ ဆင်ပြေစေမယ့်ကားမျိုးဖြစ်ပါတယ်။
Starting Price: 23,170,000 Kyats
Available Total Seating – 7
Engine Type – 1.4LVVT
Fuel – Gasoline
Fuel consumption- 6.4L/100km (combined)
Drive – FWD
Horse Power – 94 hp(6000 rpm)
Euro NCAP test results- 4 Stars
License- YGN Plate Automatically
သုံးသပ်ချက်- မြို့တွင်းမှာဆိုရင်တော့ Ertiga ကအတော်အဆင်ပြေစေမှာဖြစ်ပါတယ်။ ဆီစားသက်သာတယ်။ မိသားစုများများဆန့်တယ်။ ပြီးတော့ လမ်းကောင်းတဲ့အနီးအနားနယ်မြို့တွေကို မောင်းနိုင်ဦးမယ်။ ဈေးလည်း သက်သာတယ်။ ရန်ကုန်လိုင်စင်လည်းရတယ်။ ဒါပေမဲ့ Safety နဲ့ အရုန်းအဆွဲကိုတော့ သိပ်မကြိုက်ပါဘူး။

Toyota Avanza

မြန်မာဈေးကွက်ထဲကို အသစ်ဝင်ရောက်လာခဲ့တဲ့ Avanza က Ertiga ရဲ့အဓိကပြိုင်ဘက်ဖြစ်လာပါပြီ။ အင်ဂျင်သေးတော့ ဆီစားသက်သာတယ်။ ဈေးကလည်း သက်သာတယ်။ ဒီကားက ပါဝင်မှုပိုင်းမှာ Ertiga နဲ့ မတိမ်းမယိမ်းပဲ။ ဒါပေမဲ့ သူကတော့ အာဆီယံဈေးကွက်မှာတော်တော်လေးပေါက်တဲ့ ကားမျိုးဖြစ်နေပါတယ်။ Push Start မဖြစ်ဘူး။ စတီယာရင် Volume Control တွေမပါဘူး။ ဒါတွေက ထောက်ပြစရာဖြစ်လာပါတယ်။ ဒါပေမဲ့ 1.3L ဖြစ်လို့ ဆီစားသက်သာတယ်။ ဆူညံမှုတွေ၊တုန်ခါမှုတွေကို လျှော့ချပေးနိုင်တဲ့စနစ်တွေ၊ ရေဒီ ယိုတွေ၊အသံစနစ်တွေကို ထိန်းချုပ်နိုင်တဲ့ Touch Screen၊ Round Air con စနစ်၊ လက်ကိုင်ဖုန်း (၂)ခုစာထည့်နိုင်တဲ့ ခွက်တွေ၊ Projector Headlampsတွေ စတဲ့ပါဝင်မှုတွေတော့ ပါဝင်ပါတယ်။ ဒါပေမဲ့ Safety ပိုင်းကတော့ ရှေ့လေအိတ် ၂ လုံး၊ Anti-lock Braking System (ABS) ၊ Electronic Brake-force Distribution (EBD) ၊ ကလေးငယ်တွေကို ထိန်းပေးတဲ့ စနစ်တို့လောက်ပဲ ပါဝင်လို့ တောင်တက်တွေ၊ ဟိုင်း ဝေးတွေအတွက်တော့ မကောင်းပါဘူး။ သူကလည်း Ertiga လိုတန်ကြေးနည်းအဖြစ်သာထုတ်လာလို့ မြို့တွင်းစီးအတွက်ပဲအားပေးချင်ပါတယ်။
Price: USD 19,500
Available Total Seating – 7
Engine Type – 1.3L 16 Valves DOHC with dual VVT-i
Fuel – Gasoline
Fuel consumption- 6.2L/100km (combined)
Drive – 2WD
Max.output – 95 hp (6000 rpm)
Euro NCAP test results- 4 Stars
License- No YGN Plate Automatically
သုံးသပ်ချက်- ဆီစားအရမ်းသက်သာတယ်။ အတွင်းခန်းကျယ်တယ်။ လုံလောက်တဲ့မြေပြင်ကင်းလွတ် ပမာဏရှိတယ်။ ဒါပေမဲ့ ထိုင်ခုံပိုင်းကို သိပ်မကြိုက်ဘူး။ ပါဝင်ပစ္စည်းတွေက သိပ်မစုံဘူး။ Brand အရ ရော၊တန်ကြေးအရတော့ သင့်တော်ပါတယ်။
KIA Carens
Luxury Grade နဲ့ထုတ်ထားတဲ့ MPV တစ်စီးဖြစ်ပြီး လူ ၇ ဦးလိုက်ပါစီးနင်းလို့ရတယ်။ ခုံ ၃ တန်းပါပြီး လည်သာတွေကိုသုံးထားတာကြောင့် မိသားစုသုံးအတွက်ရေရှည်မှာပါ စိတ်ချရတယ်။ ပြီးတော့လည်း လေပူ၊ လေအေးထုတ်ပေးနိုင်တဲ့ Air Ventilation Seat စနစ်ကို ရှေ့ ၂ ခုံမှာ တပ်ဆင်အသုံးပြုထားလို့ ဟိုင်းဝေး တွေကို သက်သက်သာသာမောင်းနိုင်မယ်။ နည်းပညာနဲ့ပတ်သက်ရင် အကုန် ထုတ်သုံးတတ်တဲ့ KIA က HID Push Start ၊ Head Lamps ၊ Panoramic Sunroof ၊ Dynamic Bending Light တွေသာမကဘဲ Auto Defog System တွေ၊ Round Air Con စနစ်၊ လေအိတ် ၆ လုံး၊ ABS ၊ Electric Stability Control System တွေပါလို့ အဆင့်မြင့် MPV တစ်စီးကို စီးနင်းခွင့်ရနိုင်မှာဖြစ်ပါတယ်။ အင်ဂျင်က 1700 cc ဒီဇယ်နဲ့ 6 Speed Auto ဆိုတော့ ဟိုင်းဝေးသွားတတ်တဲ့ မိသားစုများသူတွေအတွက် အကိုက်ပါပဲ။ ဒါပေမဲ့ ဒီဇယ်ကားဆိုတော့ အထနှေးတတ်ပါတယ်။ မြို့တွင်းမှာတော့ သိပ်မကောင်းပေမယ့် ဟိုင်းဝေးလမ်းတွေပေါ်မှာတော့ မောင်း လေမြန်လေဖြစ်လာမှာပါ။

Price: USD 43,800
Available Total Seating – 7
Engine Type – SX 1.7 L Diesel DCTine
Fuel – Diesel
Fuel consumption- 6.6 L/100km (combined)
Drive – FWD
Max.output – 139 hp @ 4000rpm
Euro NCAP test results- 5 Stars
License- YGN Plate Automatically
သုံးသပ်ချက်- လူများများလည်းဆန့်တယ်၊ Function တွေလည်းစုံတယ်။ ဒီဇယ်လည်းဖြစ်တော့ ဟိုင်း ဝေးလည်းစိတ်ကြိုက်သွားလို့ရတယ်။ဒါပေမယ့် အပိုပစ္စည်းရှားမယ်။ ပြီးတော့ တာဘိုလေးပါလိုက်ရင် ပိုပြီးသွက်လက်မယ်ထင်ပါတယ်။
GAC GM8
ဒီကားက GAC ရဲ့ high-end level အတွက်ထုတ်တဲ့ Flagship 8-Series မော်ဒယ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး သူတို့ရဲ့ပထမဆုံး MPV ထုတ်လုပ်မှုလည်းဖြစ်ပါတယ်။ ရုပ်ထွက်ပိုင်းကတော့ GAC ရဲ့ Flying Dynamics design ကိုပဲအခြေခံထုတ်လုပ်ထားသလို အင်ဂျင်ပါဝါကလည်း GS8 လိုမျိုး 2.0L ပါ။ဒါပေမဲ့ စွမ်းအင်ထွက်ရှိမှုက 200 hp ထွက်ရှိပြီး GAC ထုတ်မော်ဒယ်တွေထဲမှာ စွမ်းဆောင်ရည် အကောင်းဆုံး မော်ဒယ်တစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။ သူ့မှာထူးခြားတဲ့ပါဝင်မှုတွေကတော့ Message function ပါထိုင်ခုံတွေ၊ ၁၀ လက်မ Touch Screen ၊ မတော်တဆကားတိမ်းမှောက်ခဲ့ရင်လိမ့်မသွားစေမယ့် နည်းပညာ၊Adaptive Cruise Control (ACC) ၊ ၃၂ ရောင်အထိပြောင်းနိုင်တဲ့ ကားအတွင်းမီး၊ လေအေးပေးခြင်းကို အလိုအလျောက် ထိန်းညှိပေးနိုင်တဲ့ စနစ်၊ပြီးတော့ GAC ရဲ့များပြားလှတဲ့ လုံခြုံရေးစနစ်တွေထည့်သွင်းထားပါတယ်။ ရုပ် ထွက်ပိုင်းရော၊နည်းပညာပိုင်းပါကောင်းမွန်တဲ့ အဆင်မြင့် မိသားစု ၇ ယောက်စီး MPV လို့ဆိုရမှာပါ။ ဒါပေမဲ့ ဈေးတန်းအရကြည့်ရင်များနေ တော့တန်ဖိုးနည်း MPV တွေလောက်ရောင်းအားများဖို့တော့ ခက်သွားနိုင်ပါ တယ်။
Estimate Price: USD 69,888
Available Total Seating – 7
Engine Type – 2.0 liter E-Turbo/GCCS/DCVVT
Fuel – Petrol
Fuel consumption- 8.9L/100km (combined)
Drive – FWD
Max.output – 200 hp @ 5,200 rpm
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ်ချက်- အဆင့်မြင့် MPV တစ်စီးရဲ့အသွင်အပြင်မျိုးကို တွေ့ရတယ်။ အတွင်းခန်းကျယ်တယ်။ ဇိမ် ကျတယ်။ ဒါပေမဲ့ ဆီကတော့စားမယ့်သဘောရှိတယ်။ ပြီးတော့လက်ရှိမှာ GT grade ပဲဝင်သေးတော့ အချို့ပါဝင်မှုတွေက Perfect မဖြစ်သေးပါဘူး။

KIA Carnival
ပြည်တွင်းရောက် Brand New MPV တွေထဲမှာ ဒီကားက တန်ကြေးမြင့်မော်ဒယ်တွေထဲမှာတစ် ခုအပါအဝင်ဖြစ်ပါတယ်။ ခုံ ၃ တန်းပါပြီး ၇ယောက်စီးဖြစ်သလို ဒုတိယတန်းထိုင်ခုံတွေကို အထူးပြုလုပ်ထားတဲ့ Frist-Class ထိုင်ခုံတွေတပ်ဆင်ထားပြီး Leather ထိုင်ခုံအမျိုးအစားတွေအဖြစ်တွေ့ရပါတယ်။ နောက်ခန်း ထိုင်ခုံနေရာကိုလည်းကျယ်ဝန်းတဲ့နေရာတစ်ခုပေးထားပြီး သက်တောင့်သက်သာရှိစေမှုကို ဦးစားပေးထုတ် လုပ်ထားပါတယ်။ ပြီးတော့ Tri-Zone Automatic Climate Control စနစ်၊ Blind-Spot Detection စနစ် ၊ Smart Power Liftgate စနစ်၊ Electronic Stability Control နဲ့ Cornering Brake Control စနစ်တွေ၊ Hill-Start Assist Control ၊ လမ်းကြောင်းထိန်းစနစ်(TCS) စတဲ့အရာတွေထည့်သွင်းထားလို့ KIA Carnival က မိသားစုစီးအတွက်တော်တော်လေးအဆင်ပြေစေမှာဖြစ်ပါတယ်။ Engine power 2.2 Diesel စနစ်သုံး 6 Speed Auto သုံးထားတော့ နယ်ဝေးတွေအတွက်မပူရပေမယ့် မြို့တွင်းလမ်းတွေမှာတော့ အထနှေး နိုင်ပါတယ်။

Price: USD 62,000
Available Total Seating – 7
Engine Type – 2.2 Liter In-line 4 cyl. CRDi
Fuel – Diesel
Fuel consumption- 7.6L/100km (combined)
Drive – FWD
Max.Power – 147Kw@3800rpm
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ်ချက်- အတွင်းခန်းကျယ်တယ်။ ပစ္စည်းထည့်ဖို့နေရာအလုံအလောက်ပါတယ်။ လုံခြုံရေးစနစ်ပါဝင်မှုတွေ ကလည်း လက်ခံနိုင်စရာရှိတယ်။ ဒါပေမယ့် ကားဝိတ်ကများတယ်။ပြီးတော့ ဒီဇယ်သုံးဆိုတော့ မြို့ထဲမှာဆိုရင် အထနှေးမယ်၊ ကားကကြီးတော့ ကားကျပ်ထဲမှာမောင်းရတာခက်နိုင်တယ်။
Mercedes-Benz V Class
ပြည်တွင်းရောက် MPV တွေထဲမှာတန်ကြေး အကြီးဆုံးမော်ဒယ်တစ်ခုဖြစ်ပြီး ပါဝင်မှုတွေကလည်း များပြား လှပါတယ်။ ဒီကားမျိုးက မိသားစုအများစုဆိုတာထက် Luxury ကိုသာအဓိကထားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ Brand ကိုသာစီးချင်တဲ့သူမျိုးတွေအတွက် အဓိကထုတ်လုပ်ပေးထားတာမျိုးပါ။ ကားစီး နေရင်းနဲ့ Meeting လုပ်တာတွေ၊ ကော်ဖီသောက်ရင်း Laptop ကြည့်တာတွေကို ကိုယ့်ရုံးခန်းထဲမှာထိုင်ပြီး လုပ်နေရသလိုမျိုး အတွေ့အကြုံကိုရရှိစေနိုင်မှာဖြစ်ပါတယ်။ အတွင်းခန်းမှာပါတဲ့ Luxury Function တွေကတော့ လိုအပ်သလို optional အနေနဲ့ထပ်ထည့်သွင်းလို့ ရနိုင်ပါတယ်။ 2.2L in-line engine ကိုသုံးထားတယ်။ ရုပ်ထွက်၊မောင်းနှင်မှုတွေက အားလုံးကောင်းတယ်။ 163 hp သာထွက်ပေမယ့် တစ်နာရီ ၁၉၅ ကီလိုလောက်အမြန်ဆုံးရောက်အောင်မောင်းနိုင်တယ်။ ပြီးတော့ လုံခြုံရေးစနစ်က လုံးဝစိတ်ချရတယ်။ ဂုဏ်ဒြပ်ရှိသူတွေအတွက် V Class မပါမဖြစ်အဆင်တန်ဆာတစ်ခုလို့ဆိုရမှာပါ။ ဒါပေမဲ့ ဈေးနှုန်းပိုင်းက အရမ်းများသလို Option တွေကလည်း ထပ်ဖြည့်မှစိတ်တိုင်းကျရမှာဆိုတော့ အကန့်အသတ်နဲ့ပဲစီးရမယ့် သဘောမျိုးဖြစ်နေပါတယ်။
Starting Price: USD 150,000
Available Total Seating – 6 or 7
Engine Type – 2.2L in-line Engine
Fuel – Gasoline
Fuel Consumption (Combined)- 5.7L/100 km
Drive – FWD
Maximum Power – 163 hp / 3,800 rpm
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ်ချက်- တကယ့်ကို အဆင့်မြင့်ပြီး မိသားစုအတွက်ရော၊ အလုပ်များတဲ့ လုပ်ငန်းရှင်တွေအတွက်ပါ အသုံးဝင်ပါတယ်။ ပြီးတော့ Brand ရဲ့ဂုဏ်သိက္ခာပဲကြည့်ရင်လည်း ရနိုင်ပါတယ်။ ဒါပေမယ့် Option တွေပါစိတ်တိုင်းကျထပ်ဖြည့်မယ်ဆိုရင် ကုန်ကျစရိတ်က ပိုကြီးသွားမယ်။ လူအနည်းငယ်လောက်အတွက်ပဲ ရည်ရွယ်ထုတ်ထားသလိုဖြစ်နေပါတယ်။
Zawgyi Version…
Buyer’s Guide
MPV
ပရိသတ္ၾကီးနဲ႔ရင္းႏွီးျပီးသားျဖစ္ေနျပီျဖစ္တဲ့ Drive ရဲ႕ Buyer’s Guide ကေနၾကိဳဆုိလုိက္ပါတယ္။ ဒီက႑ ကေတာ့ ကားသစ္ဝယ္ဖုိ႔စဥ္းစားေနတဲ့ပရိသတ္ေတြအတြက္ ျပည္တြင္းေရာက္ကားသစ္ေတြထဲက အမ်ိဳးအစား ေတြကုိဘယ္လုိေရြးခ်ယ္ရမလဲ။ေနာက္ျပီး ဘယ္ကားေတြက ဘယ္လုိအေနအထား မ်ိဳးနဲ႕ပုိျပီးလုိက္ ဖက္တယ္။ ေပးရတဲ့ေစ်းနဲ႕ ထုိက္တန္ရဲ႕လား၊ ဝယ္သူအေပၚဘယ္ေလာက္တန္ဖုိးထားသလဲ၊ ဘာေၾကာင့္ေရြး ခ်ယ္သင့္သ လဲဆုိတာေတြကုိ ေဖာ္ျပေပးသြားလုိပါတယ္။ဒီတစ္ေခါက္ေတာ့ MPV(Multi Purpose Vehicle) အမ်ိဳးအစား ေတြျဖစ္တဲ့ Suzuki Ertiga,DFM C37,Toyota Avanza,Chevrolet Orlando,GAC GM8,KIA Carnival,KIA Carens နဲ႕ Mercedes-Benz V Class ေတြအေၾကာင္းေျပာလုိပါတယ္။ သူတုိ႔ အေၾကာင္းမေျပာခင္ ပထမဆုံး MPV တစ္စီးရဲ႕ အားသာခ်က္ေတြ၊ အားနည္းခ်က္ေတြကုိအရင္ဆုံးေျပာျပေပးခ်င္ပါတယ္။
MPV ဆုိတာ…
MPV(Multi Purpose Vehicle) ဆုိတာမိသားစုမ်ားသူေတြအတြက္ ရည္ရြယ္ထုတ္လုပ္ထားတဲ့ယာဥ္လုိ႔ဆုိ ႏိုင္ျပီး Minivan , Multi Utility Vehicle (MUV), People Carrier ဆုိျပီးလည္းေခၚေဝၚၾကပါတယ္။ သူ႕ရဲ႕ ေဘာ္ဒီ တည္ေဆာက္ပုံက Station Wagon ေတြနဲ႔ဆင္တူျပီး ေနာက္ဘက္တံခါးေတြ၊ လုိက္ပါစီးနင္း ႏိုင္သူဦးေရေတြကလည္း Station Wagon အတုိင္းပါပဲ။ ဒါေပမဲ့ MPV ေတြက သာမန္ဆီဒင္ေတြ၊ Compact ေတြ၊ Station Wagon ေတြထက္ပုိၾကီးသလုိ အတြင္းခန္းကလည္းပုိက်ယ္ပါတယ္။ေနာက္ျပီး MPV အမ်ားစုက ၇ေယာက္ စီးနဲ႕အထက္လုိက္ပါစီးနင္းႏိုင္တဲ့ ထုိင္ခုံေတြပါဝင္ပါတယ္။
ပထမဆုံး MPV (သို႔) Minivan ဆုိတာကုိ Brubaker Box အျဖစ္သတ္မွတ္ရမွာျဖစ္ျပီး ဒီကားကုိ ၁၉၇၂ မွာ ဒီဇုိင္နာလည္းျဖစ္၊ကားကုိ ရူးသြပ္သူလည္းျဖစ္တဲ့ Curtis Brukbaker က အကန္႕အသတ္နဲ႔ထုတ္လုပ္ခဲ့တာျဖစ္ ပါတယ္။ ဒီကားကုိ Volkswagen Beetle ရဲ႕chassis ကုိအထုိင္ယူျပီး ေဘာ္ဒီမွာ original fiberglass ေတြသုံးထားပါတယ္။ ျပီးေတာ့ ဒီကားမွာ ေဘး Slide တံခါးေတြလည္းပါပါေသးတယ္။ ဒါေပမယ့္ Brubaker Box ေတြက ေစ်းကြက္အတြင္းျဖန္႕ခ်ိေရာင္းခ်ရတဲ့အထိေတာ့ မျဖစ္ခဲ့ပါဘူး။ ပထမဆုံး MPV (သို႔) Minivan ကုိေစ်းကြက္အတြင္းစတင္ျဖန္႔ခ်ိေရာင္းခ်ခဲ့တဲ့ကုမၸဏီကေတာ့ Volkswagen ျဖစ္ျပီး သူက Volkswagen Type 2 “minibus” ကုိထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။ ဒီေမာ္ဒယ္မွာ ေနာက္ထုိင္အင္ဂ်င္စနစ္၊ေနာက္ဘီးယက္စနစ္ ေတြနဲ႕ ထုတ္လုပ္ခဲ့တာျဖစ္ျပီး လက္ရွိမွာေတာ့ VW က အင္ဂ်င္ေရွ႔ထုိင္၊ေရွ႕ဘီးယက္စနစ္ေတြကုိ ထုတ္လုပ္ ေနျပီျဖစ္ပါတယ္။ Lloyd Motoren Werke Group ကေနျပီးေတာ့ လက္ရွိ MPV ကားေတြနဲ႕ ပုိျပီးဆင္တူေစမယ့္ Lloyd LT ေမာ္ဒယ္ကုိ မိတ္ဆက္ခဲ့ပါတယ္။
MPV အမ်ိဳးအစားမ်ား…
MPV ကုိအမ်ိဳးအစား ၃ မ်ိဳးခဲြျခားႏိုင္ျပီး Mini MPV , Compact MPV , Minivan တုိ႔ဆုိျပီး ေယဘူယ် မွတ္ယူလုိ႔ရႏိုင္ပါတယ္။ Mini MPV ေတြက Hatchback ပုံစံေဘာ္ဒီမ်ိဳးျဖစ္ျပီး တံခါး ၅ ေပါက္ပါတယ္။ ေခါင္ျမင့္တယ္။ ျပီးေတာ့ အတြင္းခန္းက က်ယ္ဝန္းပါတယ္။ ၅ ေယာက္ (သို႔) ၇ေယာက္လုိက္ပါစီးနင္းႏိုင္ဖုိ႔ ထုိင္ခုံေတြပါပါတယ္ ဥပမာ – Suzuki Ertiga, Toyota Avanza)။ Compact MPV ေတြကေတာ့ Mini MPV ေတြထက္ပုိျပီးေကာင္းတဲ့ အတြင္းခန္း၊ထုိင္ခုံေတြ၊ စုံလင္တဲ့ Function ေတြပါဝင္မွာျဖစ္ျပီး ၅ ေယာက္ (သို႔) ၇ေယာက္လုိက္ပါစီးနင္းႏိုင္ဖုိ႔ ထုိင္ခုံေတြပါပါတယ္ (ဥပမာ- Kia Carens , Volkswagen Touran) ။ MPV ထဲမွာအၾကီးဆုံးျဖစ္တဲ့ Minivan ေတြမွာ ေခါင္ေတြပုိျမင့္တယ္ ၊ အင္ဂ်င္ပါဝါပုိၾကီးတယ္၊ ေရွ႕ဘီးယက္ ေတြသာမကဘဲ All Wheel Drive စနစ္ေတြပါရႏိုင္တယ္။ ခုံ ၂ တန္း (သို႕) ၃ တန္းပါျပီး လုိက္ပါသူေတြပုိျပီး က်ယ္ဝန္းတဲ့ အတြင္းခန္းကုိ ရရွိမွာျဖစ္သလုိ ပစၥည္းတင္စရာေနရာလည္း ပုိမ်ားသြားမွာျဖစ္ပါတယ္။ ေနာက္ျပီး ေလွ်ာက္လမ္းပါလာသလုိ ေဘး Slide တံခါးက ၂ခ်ပ္ (သို႔) ၁ ခ်ပ္ပါဝင္မွာျဖစ္ပါတယ္။ (ဥပမာ – Kia Carnival , Mercedes-Benz V Class)။
MPV မ်ားရဲ႕ေကာင္းကြက္၊ဆုိးကြက္…
MPV တစ္စီးက မိသားစုသုံးအတြက္အရမ္းကိုအသုံးဝင္လြန္းပါတယ္။ အတြင္းခန္းက်ယ္တယ္၊ ဇိမ္က်က်စီး ႏိုင္မယ္။ ထုိင္ခုံေတြကုိ လုိသလုိေခါက္သိမ္းတာေတြလုပ္ႏိုင္ေတာ့ ပစၥည္းလည္းတင္ေဆာင္မွဳပမာဏမ်ား တာေပါ့။ အခ်ိဳ႕MPV ကားေသးေတြဆုိရင္ ျမိဳ႕တြင္းမွာအသုံးျပဳဖုိ႔အရမ္းကုိ အဆင္ေျပေစပါတယ္။ ဒါေပမဲ့ SUV ကားေတြနဲ႕ယွဥ္ရင္ ဖက္ရွင္က်နမွဳမွာ ေနာက္က်ေနခဲ့သလုိ MPV ကားၾကီးေတြက ထိန္းခ်ဳပ္ေမာင္းႏွင္ရ ခက္ခဲပါတယ္။ ေနာက္ျပီးေတာ့ Off Road ေမာင္းႏွင္မွဳေတြမွာလည္း SUV ေတြလုိ ေမာင္းႏွင္လုိ႔မရပါဘူး။ Suspension စနစ္နဲ႔ Ground Clearance ပုိင္းမွာ SUV လုိမဟုတ္တဲ့အတြက္ ျဖစ္ပါတယ္။
DFM C37
Budget ကားတစ္စီးျဖစ္ျပီး ကားက ဖယ္ရီေတြ၊ေက်ာင္းကားေတြနဲ႔ နယ္ေတြမွာ လုိင္းကားဆဲြဖုိ႔သင့္ေတာ္ တယ္လုိ႔ ဆုိရမွာပါ။ ကားက အရွည္ၾကီးမဟုတ္ေပမယ့္ ၁၁ စီးလုိ႔ရေအာင္ဖန္တီးေပးထားတာက လူမ်ားမ်ား ဆန္႔ခ်င္သူေတြအတြက္ ၾကိဳက္ႏွစ္သက္စရာျဖစ္လာပါတယ္။ ဒါေပမဲ့တစ္ဖက္က ၾကည့္ရင္ေတာ့ အတြင္းခန္း မွာေခ်ာင္ေခ်ာင္ခ်ိခ်ိရွိမွာမဟုတ္ပါဘူး။ အင္ဂ်င္ပါ၀ါ ၁၅၀၀ စီစီ ျဖစ္လုိ႔ အရုန္းအဆြဲေတြပုိင္းကုိ သိပ္မၾကိဳက္ ခ်င္ဘူး။ဒါေပမဲ့ ဆီစားႏွဳန္းကေတာ့ အေတာ္ေလးသက္သာမယ့္သေဘာရွိပါတယ္။ ေဘးဆြဲတံခါး ႏွစ္ဘက္ပါ (Tow Slide Door ) ျဖစ္တယ္။ Transmission ကိုေတာ့ Manual Gear ေရွ႕ ၅ ခ်က္ ၊ Dual air outlet ျဖစ္တယ္။ လုံျခဳံေရးအပုိင္းကေတာ့ ျမင့္မားတဲ့စနစ္ေတြသိပ္မသုံးထားဘူး။ ဒါေပမဲ့ ေအာက္ပုိင္းစနစ္ေတြက ကားအေရွ႕ပိုင္းမွာ Macpherson independent suspension ဆိုတဲ႕ butterfly ပံုစံ ဖြဲ႕စည္းမႈမ်ိဳးျဖစ္ၿပီး ကားေနာက္ပိုင္း Suspension ကိုေတာ့ Leaf Spring Type ေနာက္ေလးေခ်ာင္းမ်ားနဲ႕ ဖြဲ႕စည္းထားပါတယ္။ ဒါေၾကာင့္ 1970 Kg ၀ိတ္တင္ႏိုင္အားနဲ႕ ေကာင္းမြန္စြာ သယ္ေဆာင္ႏိုင္ၿပီး နယ္လမ္းခရီးေတြမွာ ကား ေအာက္ပိုင္း Suspension ကို အားနာေနစရာလိုမွာမဟုတ္ပါဘူး။ ဆီစားႏွဳန္းကလည္း ဆီစားႏႈန္းကေတာ့ တစ္ နာရီ ၉၀ ကီလုိမီတာတန္း ေမာင္းေနမယ္ဆိုရင္ ကီလိုမီတာတစ္ရာမွာ 7.2 လီတာ ကုန္မွာျဖစ္ပါတယ္။ ဒီေတာ့ ဒီကားက နယ္ျမိဳ႕ေတြ၊လူမ်ားမ်ားဆန္႔ခ်င္တဲ့ အၾကမ္းသုံးခ်င္သူေတြအတြက္ တန္ေၾကးနည္းနည္းနဲ႔ရႏိုင္ တဲ့ကားမ်ိဳးျဖစ္ပါတယ္။
Price: 185 LKHS
Available Total Seating – 11
Engine Type – 1.5 Litre DK15-06VVT
Fuel – Gasoline
Fuel consumption- 7.2L/100km (combined)
Drive – 2WD
Max.output – 99 hp
License- NO YGN Plate Automatically
သုံးသပ္ခ်က္- အၾကမ္းခံတယ္၊ေစ်းခ်ိဳတယ္၊ဆီစားသက္သာတယ္။ဒါေပမယ့္ အတြင္းခန္းက်ဥ္းတယ္၊အဆင့္ျမင့္ Function ေတြမပါဘူး။ Safety ပုိင္းအားနည္းတယ္။ နယ္အၾကိဳက္ကားမ်ိဳးျဖစ္ပါတယ္။
Suzuki Ertiga
Ertiga က လက္ရွိျပည္တြင္း MPV ေစ်းကြက္မွာ ေရာင္းအားအေကာင္းဆုံးျဖစ္ေနျပီး အဓိကအခ်က္ ၃ ခ်က္ အေပၚမွာမူတည္ေနပါတယ္။ အဲဒါေတြကေတာ့ ဆီစားသက္သာတာ၊ ရန္ကုန္လုိင္စင္အလုိအေလ်ာက္ရတာနဲ႔ ေစ်းႏွဳန္းသက္သာလုိ႔ ပဲျဖစ္ပါတယ္။ သူက Push Start ျဖစ္တယ္၊ ၇ေယာက္စီးဖုိ႔ ခုံ ၃ တန္းပါတယ္။ ခုံေတြက လုိသလုိေခါက္သိမ္းႏိုင္တယ္။ ဒါေပမဲ့ ေနာက္ခုံတန္းက ကေလးေတြသာေခ်ာင္ေခ်ာင္ခ်ိခ်ိ လုိက္ပါစီးနင္းဖုိ႔ အဆင္ေျပႏိုင္ပါတယ္။ Round Air Con နဲ႕လာတယ္။ Bluetooth နဲ႔ခ်ိတ္ဆက္ႏိုင္တဲ့စနစ္ပါတယ္။ Safety အေနနဲ႕ေတာ့ေရွ႕ေလအိတ္ ၂ လုံး၊ ABS with EBD၊ အသံနဲ႕ အခ်က္ျပေပးတဲ႕စနစ္ေတြပါဝင္ပါတယ္။ ေစ်းအရၾကည့္ရင္ ဒီပါဝင္မွဳေလာက္ပဲရသင့္တယ္လုိ႔ ဆုိရမွာျဖစ္ပါတယ္။ ဒါေပမဲ့ေထာက္ျပစရာရွိ လာတာ ကေတာ့ အင္ဂ်င္ပါဝါနဲ႔ Safety ပို္င္းပါ။ 1.4 L ကုိ ျမင္းေကာင္ေရ ၉၄ ေကာင္အားပဲထြက္တာဆုိေတာ့ နယ္ေဝး ေတြမွာလူ ၇ ေယာက္နဲ႔ ေရရွည္သြားဖုိ႔ဆုိတာ အဆင္မ ေျပေလာက္ပါဘူး။ ေနာက္တစ္ခုကေတာ့ MPV တစ္စီးကမိသားစုစီးျဖစ္လုိ႔ Safety ေကာင္းဖုိ႔လုိပါတယ္။ ဒီကားမွာက လုံျခဳံေရးပါဝင္မွဳေတြက သိပ္ျပီး အား ရစရာမရွိပါဘူး။ Back Camera ေတာင္ Option အေနနဲ႔မွာယူရမွာဆုိေတာ့ ျမိဳ႕တြင္းေလာက္ဆုိရင္ပဲအ ဆင္ေျပေစမယ့္ကားမ်ိဳးျဖစ္ပါတယ္။
Starting Price: 23,170,000 Kyats
Available Total Seating – 7
Engine Type – 1.4LVVT
Fuel – Gasoline
Fuel consumption- 6.4L/100km (combined)
Drive – FWD
Horse Power – 94 hp(6000 rpm)
Euro NCAP test results- 4 Stars
License- YGN Plate Automatically
သုံးသပ္ခ်က္- ျမိဳ႕တြင္းမွာဆိုရင္ေတာ့ Ertiga ကအေတာ္အဆင္ေျပေစမွာျဖစ္ပါတယ္။ ဆီစားသက္သာတယ္။ မိသားစုမ်ားမ်ားဆန္႔တယ္။ ျပီးေတာ့ လမ္းေကာင္းတဲ့အနီးအနားနယ္ျမိဳ႕ေတြကုိ ေမာင္းႏိုင္ဦးမယ္။ ေစ်းလည္း သက္သာတယ္။ ရန္ကုန္လုိင္စင္လည္းရတယ္။ ဒါေပမဲ့ Safety နဲ႔ အရုန္းအဆဲြကုိေတာ့ သိပ္မၾကိဳက္ပါဘူး။
Toyota Avanza
ျမန္မာေစ်းကြက္ထဲကုိ အသစ္ဝင္ေရာက္လာခဲ့တဲ့ Avanza က Ertiga ရဲ႕အဓိကျပိဳင္ဘက္ျဖစ္လာပါျပီ။ အင္ဂ်င္ေသးေတာ့ ဆီစားသက္သာတယ္။ ေစ်းကလည္း သက္သာတယ္။ ဒီကားက ပါဝင္မွဳပုိင္းမွာ Ertiga နဲ႕ မတိမ္းမယိမ္းပဲ။ ဒါေပမဲ့ သူကေတာ့ အာဆီယံေစ်းကြက္မွာေတာ္ေတာ္ေလးေပါက္တဲ့ ကားမ်ိဳးျဖစ္ေနပါတယ္။ Push Start မျဖစ္ဘူး။ စတီယာရင္ Volume Control ေတြမပါဘူး။ ဒါေတြက ေထာက္ျပစရာျဖစ္လာပါတယ္။ ဒါေပမဲ့ 1.3L ျဖစ္လုိ႔ ဆီစားသက္သာတယ္။ ဆူညံမွဳေတြ၊တုန္ခါမွဳေတြကုိ ေလွ်ာ့ခ်ေပးႏိုင္တဲ့စနစ္ေတြ၊ ေရဒီ ယုိေတြ၊အသံစနစ္ေတြကုိ ထိန္းခ်ဳပ္ႏိုင္တဲ့ Touch Screen၊ Round Air con စနစ္၊ လက္ကိုင္ဖုန္း (၂)ခုစာထည့္ႏိုင္တဲ့ ခြက္ေတြ၊ Projector Headlampsေတြ စတဲ့ပါဝင္မွဳေတြေတာ့ ပါဝင္ပါတယ္။ ဒါေပမဲ့ Safety ပုိင္းကေတာ့ ေရွ႕ေလအိတ္ ၂ လုံး၊ Anti-lock Braking System (ABS) ၊ Electronic Brake-force Distribution (EBD) ၊ ကေလးငယ္ေတြကို ထိန္းေပးတဲ့ စနစ္တုိ႔ေလာက္ပဲ ပါဝင္လုိ႔ ေတာင္တက္ေတြ၊ ဟုိင္း ေဝးေတြအတြက္ေတာ့ မေကာင္းပါဘူး။ သူကလည္း Ertiga လုိတန္ေၾကးနည္းအျဖစ္သာထုတ္လာလုိ႔ ျမိဳ႕တြင္းစီးအတြက္ပဲအားေပးခ်င္ပါတယ္။
Price: USD 19,500
Available Total Seating – 7
Engine Type – 1.3L 16 Valves DOHC with dual VVT-i
Fuel – Gasoline
Fuel consumption- 6.2L/100km (combined)
Drive – 2WD
Max.output – 95 hp (6000 rpm)
Euro NCAP test results- 4 Stars
License- No YGN Plate Automatically
သုံးသပ္ခ်က္- ဆီစားအရမ္းသက္သာတယ္။ အတြင္းခန္းက်ယ္တယ္။ လုံေလာက္တဲ့ေျမျပင္ကင္းလြတ္ ပမာဏရွိတယ္။ ဒါေပမဲ့ ထုိင္ခုံပုိင္းကုိ သိပ္မၾကိဳက္ဘူး။ ပါဝင္ပစၥည္းေတြက သိပ္မစုံဘူး။ Brand အရ ေရာ၊တန္ေၾကးအရေတာ့ သင့္ေတာ္ပါတယ္။
KIA Carens
Luxury Grade နဲ႔ထုတ္ထားတဲ့ MPV တစ္စီးျဖစ္ျပီး လူ ၇ ဦးလုိက္ပါစီးနင္းလုိ႔ရတယ္။ ခုံ ၃ တန္းပါျပီး လည္သာေတြကုိသုံးထားတာေၾကာင့္ မိသားစုသုံးအတြက္ေရရွည္မွာပါ စိတ္ခ်ရတယ္။ ျပီးေတာ့လည္း ေလပူ၊ ေလေအးထုတ္ေပးႏိုင္တဲ့ Air Ventilation Seat စနစ္ကုိ ေရွ႕ ၂ ခုံမွာ တပ္ဆင္အသုံးျပဳထားလုိ႔ ဟုိင္းေဝး ေတြကုိ သက္သက္သာသာေမာင္းႏုိင္မယ္။ နည္းပညာနဲ႕ပတ္သက္ရင္ အကုန္ ထုတ္သုံးတတ္တဲ့ KIA က HID Push Start ၊ Head Lamps ၊ Panoramic Sunroof ၊ Dynamic Bending Light ေတြသာမကဘဲ Auto Defog System ေတြ၊ Round Air Con စနစ္၊ ေလအိတ္ ၆ လုံး၊ ABS ၊ Electric Stability Control System ေတြပါလုိ႔ အဆင့္ျမင့္ MPV တစ္စီးကုိ စီးနင္းခြင့္ရႏုိင္မွာျဖစ္ပါတယ္။ အင္ဂ်င္က 1700 cc ဒီဇယ္နဲ႕ 6 Speed Auto ဆုိေတာ့ ဟုိင္းေဝးသြားတတ္တဲ့ မိသားစုမ်ားသူေတြအတြက္ အကုိက္ပါပဲ။ ဒါေပမဲ့ ဒီဇယ္ကားဆုိေတာ့ အထေႏွးတတ္ပါတယ္။ ျမိဳ႕တြင္းမွာေတာ့ သိပ္မေကာင္းေပမယ့္ ဟုိင္းေဝးလမ္းေတြေပၚမွာေတာ့ ေမာင္း ေလျမန္ေလျဖစ္လာမွာပါ။
Price: USD 43,800
Available Total Seating – 7
Engine Type – SX 1.7 L Diesel DCTine
Fuel – Diesel
Fuel consumption- 6.6 L/100km (combined)
Drive – FWD
Max.output – 139 hp @ 4000rpm
Euro NCAP test results- 5 Stars
License- YGN Plate Automatically
သုံးသပ္ခ်က္- လူမ်ားမ်ားလည္းဆန္႔တယ္၊ Function ေတြလည္းစုံတယ္။ ဒီဇယ္လည္းျဖစ္ေတာ့ ဟုိင္း ေဝးလည္းစိတ္ၾကိဳက္သြားလုိ႔ရတယ္။ဒါေပမယ့္ အပုိပစၥည္းရွားမယ္။ ျပီးေတာ့ တာဘုိေလးပါလုိက္ရင္ ပုိျပီးသြက္လက္မယ္ထင္ပါတယ္။
GAC GM8
ဒီကားက GAC ရဲ႕ high-end level အတြက္ထုတ္တဲ့ Flagship 8-Series ေမာ္ဒယ္ေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္ျပီး သူတုိ႔ရဲ႕ပထမဆုံး MPV ထုတ္လုပ္မွဳလည္းျဖစ္ပါတယ္။ ရုပ္ထြက္ပုိင္းကေတာ့ GAC ရဲ႕ Flying Dynamics design ကုိပဲအေျခခံထုတ္လုပ္ထားသလုိ အင္ဂ်င္ပါဝါကလည္း GS8 လုိမ်ိဳး 2.0L ပါ။ဒါေပမဲ့ စြမ္းအင္ထြက္ရွိမွဳက 200 hp ထြက္ရွိျပီး GAC ထုတ္ေမာ္ဒယ္ေတြထဲမွာ စြမ္းေဆာင္ရည္ အေကာင္းဆုံး ေမာ္ဒယ္တစ္ခုလုိ႔ဆုိရမွာျဖစ္ပါတယ္။ သူ႕မွာထူးျခားတဲ့ပါဝင္မွဳေတြကေတာ့ Message function ပါထုိင္ခုံေတြ၊ ၁၀ လက္မ Touch Screen ၊ မေတာ္တဆကားတိမ္းေမွာက္ခဲ့ရင္လိမ့္မသြားေစမယ့္ နည္းပညာ၊Adaptive Cruise Control (ACC) ၊ ၃၂ ေရာင္အထိေျပာင္းႏိုင္တဲ့ ကားအတြင္းမီး၊ ေလေအးေပးျခင္းကုိ အလုိအေလ်ာက္ ထိန္းညွိေပးႏိုင္တဲ့ စနစ္၊ျပီးေတာ့ GAC ရဲ႕မ်ားျပားလွတဲ့ လုံျခဳံေရးစနစ္ေတြထည့္သြင္းထားပါတယ္။ ရုပ္ ထြက္ပုိင္းေရာ၊နည္းပညာပုိင္းပါေကာင္းမြန္တဲ့ အဆင္ျမင့္ မိသားစု ၇ ေယာက္စီး MPV လုိ႔ဆုိရမွာပါ။ ဒါေပမဲ့ ေစ်းတန္းအရၾကည့္ရင္မ်ားေန ေတာ့တန္ဖုိးနည္း MPV ေတြေလာက္ေရာင္းအားမ်ားဖုိ႔ေတာ့ ခက္သြားႏိုင္ပါ တယ္။
Estimate Price: USD 69,888
Available Total Seating – 7
Engine Type – 2.0 liter E-Turbo/GCCS/DCVVT
Fuel – Petrol
Fuel consumption- 8.9L/100km (combined)
Drive – FWD
Max.output – 200 hp @ 5,200 rpm
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ္ခ်က္- အဆင့္ျမင့္ MPV တစ္စီးရဲ႕အသြင္အျပင္မ်ိဳးကုိ ေတြ႕ရတယ္။ အတြင္းခန္းက်ယ္တယ္။ ဇိ္မ္ က်တယ္။ ဒါေပမဲ့ ဆီကေတာ့စားမယ့္သေဘာရွိတယ္။ ျပီးေတာ့လက္ရွိမွာ GT grade ပဲဝင္ေသးေတာ့ အခ်ိဳ႕ပါဝင္မွဳေတြက Perfect မျဖစ္ေသးပါဘူး။
KIA Carnival
ျပည္တြင္းေရာက္ Brand New MPV ေတြထဲမွာ ဒီကားက တန္ေၾကးျမင့္ေမာ္ဒယ္ေတြထဲမွာတစ္ ခုအပါအဝင္ျဖစ္ပါတယ္။ ခုံ ၃ တန္းပါျပီး ၇ေယာက္စီးျဖစ္သလုိ ဒုတိယတန္းထိုင္ခုံေတြကို အထူးျပဳလုပ္ထားတဲ့ Frist-Class ထိုင္ခုံေတြတပ္ဆင္ထားၿပီး Leather ထိုင္ခုံအမ်ိဳးအစားေတြအျဖစ္ေတြ႔ရပါတယ္။ ေနာက္ခန္း ထိုင္ခုံေနရာကိုလည္းက်ယ္၀န္းတဲ့ေနရာတစ္ခုေပးထားၿပီး သက္ေတာင့္သက္သာရွိေစမႈကို ဦးစားေပးထုတ္ လုပ္ထားပါတယ္။ ျပီးေတာ့ Tri-Zone Automatic Climate Control စနစ္၊ Blind-Spot Detection စနစ္ ၊ Smart Power Liftgate စနစ္၊ Electronic Stability Control နဲ႔ Cornering Brake Control စနစ္ေတြ၊ Hill-Start Assist Control ၊ လမ္းေၾကာင္းထိန္းစနစ္(TCS) စတဲ့အရာေတြထည့္သြင္းထားလုိ႔ KIA Carnival က မိသားစုစီးအတြက္ေတာ္ေတာ္ေလးအဆင္ေျပေစမွာျဖစ္ပါတယ္။ Engine power 2.2 Diesel စနစ္သုံး 6 Speed Auto သုံးထားေတာ့ နယ္ေဝးေတြအတြက္မပူရေပမယ့္ ျမိဳ႕တြင္းလမ္းေတြမွာေတာ့ အထေႏွး ႏိုင္ပါတယ္။
Price: USD 62,000
Available Total Seating – 7
Engine Type – 2.2 Liter In-line 4 cyl. CRDi
Fuel – Diesel
Fuel consumption- 7.6L/100km (combined)
Drive – FWD
Max.Power – 147Kw@3800rpm
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ္ခ်က္- အတြင္းခန္းက်ယ္တယ္။ ပစၥည္းထည့္ဖုိ႔ေနရာအလုံအေလာက္ပါတယ္။ လုံျခဳံေရးစနစ္ပါဝင္မွဳေတြ ကလည္း လက္ခံႏိုင္စရာရွိတယ္။ ဒါေပမယ့္ ကားဝိတ္ကမ်ားတယ္။ျပီးေတာ့ ဒီဇယ္သုံးဆုိေတာ့ ျမိဳ႕ထဲမွာဆုိရင္ အထေႏွးမယ္၊ ကားကၾကီးေတာ့ ကားက်ပ္ထဲမွာေမာင္းရတာခက္ႏိုင္တယ္။
Mercedes-Benz V Class
ျပည္တြင္းေရာက္ MPV ေတြထဲမွာတန္ေၾကး အၾကီးဆုံးေမာ္ဒယ္တစ္ခုျဖစ္ျပီး ပါဝင္မွဳေတြကလည္း မ်ားျပား လွပါတယ္။ ဒီကားမ်ိဳးက မိသားစုအမ်ားစုဆုိတာထက္ Luxury ကုိသာအဓိကထားတဲ့ စီးပြားေရး လုပ္ငန္းရွင္ေတြ၊ Brand ကုိသာစီးခ်င္တဲ့သူမ်ိဳးေတြအတြက္ အဓိကထုတ္လုပ္ေပးထားတာမ်ိဳးပါ။ ကားစီး ေနရင္းနဲ႕ Meeting လုပ္တာေတြ၊ ေကာ္ဖီေသာက္ရင္း Laptop ၾကည့္တာေတြကုိ ကုိယ့္ရုံးခန္းထဲမွာထုိင္ျပီး လုပ္ေနရသလုိမ်ိဳး အေတြ႔အၾကဳံကုိရရွိေစႏိုင္မွာျဖစ္ပါတယ္။ အတြင္းခန္းမွာပါတဲ့ Luxury Function ေတြကေတာ့ လုိအပ္သလုိ optional အေနနဲ႔ထပ္ထည့္သြင္းလုိ႔ ရႏိုင္ပါတယ္။ 2.2L in-line engine ကုိသုံးထားတယ္။ ရုပ္ထြက္၊ေမာင္းႏွင္မွဳေတြက အားလုံးေကာင္းတယ္။ 163 hp သာထြက္ေပမယ့္ တစ္နာရီ ၁၉၅ ကီလုိေလာက္အျမန္ဆုံးေရာက္ေအာင္ေမာင္းႏိုင္တယ္။ ျပီးေတာ့ လုံျခဳံေရးစနစ္က လုံးဝစိတ္ခ်ရတယ္။ ဂုဏ္ျဒပ္ရွိသူေတြအတြက္ V Class မပါမျဖစ္အဆင္တန္ဆာတစ္ခုလုိ႔ဆုိရမွာပါ။ ဒါေပမဲ့ ေစ်းႏွဳန္းပုိင္းက အရမ္းမ်ားသလုိ Option ေတြကလည္း ထပ္ျဖည့္မွစိတ္တုိင္းက်ရမွာဆုိေတာ့ အကန္႔အသတ္နဲ႔ပဲစီးရမယ့္ သေဘာမ်ိဳးျဖစ္ေနပါတယ္။
Starting Price: USD 150,000
Available Total Seating – 6 or 7
Engine Type – 2.2L in-line Engine
Fuel – Gasoline
Fuel Consumption (Combined)- 5.7L/100 km
Drive – FWD
Maximum Power – 163 hp / 3,800 rpm
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ္ခ်က္- တကယ့္ကုိ အဆင့္ျမင့္ျပီး မိသားစုအတြက္ေရာ၊ အလုပ္မ်ားတဲ့ လုပ္ငန္းရွင္ေတြအတြက္ပါ အသုံးဝင္ပါတယ္။ ျပီးေတာ့ Brand ရဲ႕ဂုဏ္သိကၡာပဲၾကည့္ရင္လည္း ရႏိုင္ပါတယ္။ ဒါေပမယ့္ Option ေတြပါစိတ္တုိင္းက်ထပ္ျဖည့္မယ္ဆုိရင္ ကုန္က်စရိတ္က ပုိၾကီးသြားမယ္။ လူအနည္းငယ္ေလာက္အတြက္ပဲ ရည္ရြယ္ထုတ္ထားသလုိျဖစ္ေနပါတယ္။