Unicode version…
ကျွန်တော်တို့သည် (SUV)သို့ (Truck)ကားများအား(Good Second Hand Model)များ ထို၀ယ်ယူမည်ဆိုပါက၄င်းတို့၏(Payload Capacity-၀န်တင်ဆောင်နိုင်စွမ်း) အားသိရှိရန်လိုအပ်ပါသည်။ထိုအချက်အားသိရှိနိုင်ရန်ပြုလုပ်ရမည်(Process)များအားဖော်ပြပါမည်။
Check the Manual (ကားအသုံးပြုပုံစာအုပ်တွင် ရှာဖွေပါ။)
ပထမအကြံပြုချက်အနေဖြင့် (SUV) (Truck)ကားများ ၀ယ်ယူပါက၄င်းတို့၏ ၀န်တင်နိုင်မှုအား ကြည့်ရှုရန်အား တွင်ပါ၀င်သည့် (Owner’s Manual-မော်တော်ယာဉ်ပိုင်ဆိုင်မှု အသုံးပြုမှုစာအုပ်)အားအသုံးပြုပြီးရှာဖွေနိုင်ပါသည်။(Second Hands)ကားအများစုတွင် ရောင်းသူများမှလည်း (Owner’s Manual) များထည့်သွင်းထားလေ့ရှိပါသည်။ ၄င်းစာအုပ်တွင် ကား၏ယာဉ်အလေးချိန် ၀န်အလေးချိန်တို့ အားတွက်ချက်ဖော်ပြထားမည် ဖြစ်ပါသည်။
Search the Web (၀က်(ဘ်)ဆိုက်တွင်ရှာဖွေပါ။)
ဒုတိယအကြံပြုချက်အနေဖြင့် (Internet)မှ အဆင့် (Web Site)များအသုံးပြု၍ ရှာဖွေရမည်ဖြစ် သည်။ပထမအနေဖြင့် ကားတွင် (Owner’s Manual)မပါရှိပါကကား၏ (Model)အပါအဝင် အချက် အလက်များကိုအခြေခံပြီးအင်တာနက်ရှိ (Amazone)နှင့် (e Bay) sites များတွင် ၀င်ရောက်ရှာဖွေနိုင်ပါ သည်။ ထို့အပြင်ကား၏ (Brand) နှင့်သက်ဆိုင်သည့် (Official site)များတွင်လည်း (Model) (Year)တို့ဖြင့် တိုက်ဆိုင်ရှာဖွေနိုင်ပါသည်။ (Car Brands)အများစု၏(Sites)များတွင်(Owner’sManual)ဆိုင်ရာအချက်များအားဖော်ပြထားသည်ကိုတွေ့ရပါမည်။
Talk to Experts (ကျွမ်းကျင်သူများအားမေးမြန်းပါ။)
တတိယအကြံပြုချက်မှာအထက်တွင် ဖော်ပြမှုများအား ပြုလုပ်ရန် အဆင်မပြေပါက ကျွမ်းကျင်သူ (၀ပ်ရှော့၊ အရောင်းစင်တာ၊ သီးခြားကျွမ်းကျင်သူ)များထံ ၀ယ် ယူထားသည့် ယာဉ်ကို ပြသပြီးမေးမြန်နိုင်ပါ သည်။ ကားဆိုင်ရာ ကျွမ်းကျင်သူများသည် ယာဉ်၏ (Payload Capacity)အားသာမန်လူများထက် လွယ်ကူစွာရှာဖွေနိုင်ပါသည်။ ထို့အတူအကြံကောင်းများလည်းပေးအပ်နိုင်မည်ဖြစ်ပါသည်။
(SUV)(Truck)ကားများ၏ ၀န်တင်မှုအား သိရှိလိုပါကအထက်ပါအချက်များသည် အထောက်အကူပြုမည်ဟုထင်မြင်မိပါသည်ခင်ဗျား။
Zawgyi version…