Global Pandemic တစ်ခုရှိနေတဲ့လက်ရှိအချိန်မှာ ကားသစ်တစ်စီးဝယ်ယူဖို့ကိစ္စက အရင်ကလောက် မလွယ်ကူေနနိုင်ေတာ့ပါဘူး။ ပြန်ဖွင့်တာသိပ်မကြာသေးတဲ့ ကားအရောင်းပြခန်းတွေနဲ့ ကားအရောင်းဆိုင်တွေမှာ ကန့်သတ်တားမြစ်မှုေတွရှိလာခြင်းကလည်း စိတ်ကသိကအောင့်ဖြစ်ရစေမှာပါ။ အရင်ကလို ကားတွေကိုကြည့်ပြီးဟိုကိုင် ဒီကိုင်လုပ်တာမျိုး၊ လက်ဆွဲနှုတ်ဆက်ကြတာမျိုး၊ ကော်ဖီသောက်ရင်းကားအကြောင်းပြောကြတာမျိုးတွေအစား Mask နဲ့ လက်အိတ်တွေ၊ email နဲ့အဆက်အသွယ်ပြုလုပ်မှုတွေ၊ ဝန်ထမ်းဦးရေနည်းပါးလို့ ပိုပြီးအချိန်ကြာကြာစောင့်ေနရတာမျိုးတွေကိုပဲ ကြုံတွေ့ကြရတော့မှာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဝယ်ဖို့အကြောင်းေပါ်လာခဲ့ရင် ဝယ်ကိုဝယ်ကြရမှာပါပဲ။ ဒါကြောင့် တကယ့်တကယ် ကားသွားဝယ်ရေတာ့မယ့်အခါ လုပ်သင့်တဲ့အချက်ေတွကို ကြိုသိထားနိုင်ေအာင် မျှဝေပေးလိုက်ပါတယ်။
၁။ စေ့စပ်တိကျတဲ့ Research လုပ်ခြင်းနဲ့အစပြုပါ
အရင်ဆုံး ကိုယ်လိုချင်တဲ့ကားအမျိုးအစားကို online မှာ စေ့စေ့စပ်စပ် research လုပ်ကြည့်ပါ။ ရောင်းချသူအတော်များများကေတာ့ သူတို့ဆီမှာရှိနေတဲ့ကားတွေရဲ့စာရင်းကို online မှာတင်ထားေလ့ရှိပါတယ်။ ဒါပေမဲ့ စေ့စေ့စပ်စပ် research လုပ်ဖို့ေပြာတဲ့အကြောင်းရင်းကတော့ စာရင်းမှာပါေနတဲ့ကားတိုင်းက ရောင်းချမယ့်ကားမဟုတ်ေနတာ ဒါမှမဟုတ် ကားကို test drive ပြုလုပ်ခွင့်မပေးတာမျိုးအဖြစ်တွေနဲ့ကြုံရတတ်လို့ပဲဖြစ်ပါတယ်။
၂။ မဝယ်ခင် Test Drive လုပ်
မြင်မြင်ချင်းသဘောကျမိသွားအောင် ဖန်တီးပုံေဖာ်ပြထားတဲ့ကားေကြာ်ငြာေတွကြည့်ပြီးရုံေလာက်နဲ့တော့ ကားဝယ်ဖို့စကားမစလိုက်သင့်ပါဘူး။ အချိန်ကြာရှည်အသုံးပြုသွားမယ့်ဘယ်စက်ယန္တရားကိုမဆို အရင်စမ်းသပ်စစ်ဆေးကြည့်ပြီး စိတ်တိုင်းကျမှ ဝယ်ယူသင့်ပါတယ်။
၃။ ကြိုတင်ချိန်းဆိုပြီးမှသွား
အရောင်းပြခန်း သို့ ဆိုင်ဖွင့်ချိန်သတ်မှတ်မှုက ကုမ္ပဏီတစ်ခုနဲ့တစ်ခု မတူညီေနနိုင်ပါဘူး။ ဒါကြောင့် ကိုယ်သွားမယ့်ကုမ္ပဏီရဲ့ အရောင်းပြခန်း သို့ ဆိုင်ဖွင့်ချိန်ကိုကြိုစုံစမ်း၊ ချိန်းဆိုမှုလုပ်ပြီးမှသွားတာက ပိုအဆင်ပြေစေပါလိမ့်မယ်။
၄။ ဈေးနှုန်းအလျော့အတင်းညှိတာက အရေးကြီးကိစ္စမဟုတ်
ကမ္ဘာ့စီးပွားရေးကဏ္ဍရဲ့ လက်ရှိအနေအထားအရတော့ ရောင်းသူေတွက သူတို့ထုတ်ကုန်ရောင်းထွက်သွားဖို့အတွက်ပဲစိတ်ေလာနေကြတာပါ။ ဒါကြောင့် အခုချိန်ကဈေးဆစ်ဖို့အကောင်းဆုံးအချိန်ပါပဲ။ အွန်လိုင်းကြော်ငြာမှာေတွ့ထားတဲ့ ကားရဲ့ေစျးနှုန်းက အရောင်းပြခန်းမှာကပ်ထားတဲ့ေစျးနှုန်းထက် ဒေါ်လာထောင်ဂဏန်း (အခွန်မပါ) နီးပါးလောက် ပိုသက်သာနေတာေတွ့ရမှာပါ။ အဲဒါကတော့ ရောင်းသူတွေက အွန်လိုင်းေကြာ်ငြာအတွက် တကယ်အနိမ့်ဆုံးထားေရာင်းေပးနိုင်တဲ့ဈေးနှုန်းကိုပဲသုံးလေ့ရှိလို့ဖြစ်ပါတယ်။ အဲဒီအချက်ကြောင့် ကားကိုတကယ်ဝယ်ယူနိုင်ချေရှိသူေတွကိုပဲ ဝန်ဆောင်မှုေပးဖို့လိုေတာ့တဲ့အေခြအေနရှိလာပြီး အရောင်းပြခန်းမှာေရာင်းချရတာမျိုးထက် ပိုပြီးအချိန်ကုန်သက်သာသွားပါတယ်။
၅။ ေရာင်းသူ ဝယ်သူနှစ်ဦးစလုံး ကျန်းမာရေးအသိရှိဖို့လို
ကားအရောင်းအဝယ်ကိစ္စတစ်ခုအတွက်ဆို လူတစ်ဦးနဲ့တစ်ဦး တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ အဲဒီလိုေတွ့ဆုံရမယ်ဆိုရင်တော့ mask၊ လက်အိတ်နဲ့ hand sanitizer တွေသုံးဖို့ သတိထားဖို့လိုမှာပါ။ အဲဒီပစ္စည်းေတွေကြာင့် မလွတ်လပ်သလိုခံစားရနိုင်ပေမဲ့လည်း Hand Washing နဲ့ Social Distancing ဆိုတာတွေက အခုကာလအတွင်း မမေ့ေနသင့်တဲ့အရာေတွပါ။
၆။ အချိန်ကြန့်ကြာမှုရှိလာနိုင်တယ်လို့ ကြိုတွေးထားသင့်
လုပ်ငန်းတွေက Covid-19 Pandemic ရဲ့ဂယက်ကြောင့်ဝန်ထမ်းအင်အားလျှော့ချထားတာမျိုးရှိနိုင်လို့ ဝယ်သူဆီပစ္စည်းပို့ေပးတဲ့ကိစ္စကလည်း ထင်ထားတာထက်ပိုပြီးအချိန်ကြာသွားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဝန်ထမ်းတွေအေနနဲ့က ကန့်သတ်တားမြစ်ချက်အပြည့်ရှိနတဲ့လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်နေရတာဖြစ်တဲ့အတွက်ကြောင့် စိတ်ရှည်ရှည်နဲ့သာေစာင့်ပေးလိုက်ပါ။
Ref: CNet
Thiha