Unicode Version…
တရုတ်ကားထုတ်လုပ်ရေး Byton မှအဆင့်မြင့်နည်းပညာများပါဝင်သော M-Byte Concept ကားကိုစတင်မိတ်ဆက်သွားခဲ့သည်။ ထိုကားမှာ 191 inches (4.85 meters) ရှည်လျားပြီး ဆန်းသစ် သောဒီဇိုင်းများဖြင့် ဖန်တီးထားပြီး လျှပ်စစ်ကားလော ကတွင်မင်းမူထားသော Tesla ကိုအဓိကယှဉ်ပြိုင်လိမ့်မည်ဟု သုံးသပ်ထားကြသည်။ အဆိုပါကားတွင် တံခါးလက်ကိုင်မပါခြင်း၊ အင်တန်နာများကို ဖျောက်ထားခြင်း၊ ခေါင်များကိုလျောက်စောက်ပုံစံဖန်တီးထားခြင်း၊ ဘေးကြည့်မှန်များနေရာတွင် ကင်မရာများကိုအစားထိုးလာခြင်း စသည့်ထူးခြားမှုများပါဝင်လာသည်။အတွင်းခန်းတွင် ၄၈ လက်မ Display ပါဝင်သောဖန်သားပြင်ကို ဒတ်ရှ်ဘုတ် အရှေ့ဘက် တွင်ထည့် သွင်းပေး ထားပြီး အချက်အလက်ပေါင်းများစွာကို Smart ဖုန်းတစ် လုံးကဲ့သို့အသုံးပြုနိုင်ပြီး မိမိမိုဘိုင်း ဖုန်းဖြင့်လည်း အလွယ်တကူချိတ်ဆက်သုံးနိုင်သည်။
အတွင်းခန်းတွင် သက်သောင့်သက်သာရှိသော ဇိမ်ခံထိုင်ခုံများအပြင် စတီယာရင်တွင်လည်း ၇ လက်မ Touch Screenပါဝင်ပြီး ဒရိုင်ဘာအတွက်အထောက်အကူ ပေးနိုင်ပါသည်။ထို့အပြင် ပါကင်ထိုးရာတွင် လည်း ကောင်း၊ ယာဉ်ကြောကျပ်တည်းချိန်၊ ဟိုင်းဝေး ခရီးသွားစဉ်များတွင်လည်း အလိုအလျောက်မောင်းနှင် မှုပုံစံပြောင်းလဲနိုင်သည်။ ထိုကားတွင် သော့စနစ်မလိုဘဲ Smart Watch မှတစ်ဆင့်ကားအတွင်း ဝင်ရောက်နိုင်ပြီး Smart Watch မှလည်း ကားကိုစေခိုင်းနိုင်သည်။ ထို့အပြင် မျက်နှာပြင် Scan ဖတ်ပြီးမှသာ ကားကိုစက်နှိုးမောင်းနှင်နိုင်သည့် လုံခြုံရေးစနစ်များလည်းပါဝင်ကာ ကားကိုအ သံဖြင့်အမိန့်ပေးစေခိုင်းနိုင်ခြင်း၊ Touch Screen ကိုထိစရာမလိုဘဲ ခြေဟန်လက်ဟန်ဖြင့် စေခိုင်း နိုင်ခြင်း၊ နောက်ဘက်ခန်းတွင်လည်း Entertainment စနစ်များထည့်သွင်း ထားခြင်းစသည့် စနစ်များအပြင် User ၏ကျန်းမာရေးနှင့်ပတ်သက်သော ဒေတာများကို စုဆောင်းပေးထားပြီး သတိပေးမှုများပြုလုပ်ပေးနိုင်သည့် စနစ်များလည်းပါရှိပါသည်။ ပိုင်ရှင်ထံသို့ Smart ဖုန်းမှ တစ်ဆင့်ဆက်သွယ်ပေးပြီးအား သွင်းရန် အခြားပြင်ဆင် မှုများပြုလုပ်ရန်လိုအပ်သည်များကို အကြောင်း ကြားပေးနိုင်သလို ပိုင်ရှင်မှလည်း သိရှိလိုသည်များကို ဖြေကြားပေးနိုင်သည့် Intelligent EV တစ်စီးဖြစ်သည်။ Crossover Concept အမျိုးအစားဖြစ်သော Byton M-Byte တွင် 5G စနစ်ကွန်ယက်ကို ထောက်ပံ့ပေးနိုင်ပြီး Trim Level ၂ မျိုးဖြင့်ခွဲခြားထုတ်လုပ်နိုင် ရန်စီစဉ် ထားကြောင်းလည်း သိရသည်။ Entry-level အဖြစ် 71-kWh ဘက်ထရီပါပြီး တစ်ဆက်တည်း ၂၅၀ မိုင်သွားနိုင်သောမော်ဒယ်မှာ ပေါင် ၃၅၀၀၀ ဝန်းကျင်ဖြင့်စတင်နိုင်ပြီး အကြီးစား 95-kWh ဘက်ထရီပါပြီး မိုင် ၃၂၀ အထိတစ်ဆက်တည်းမောင်းနိုင်သော ဂရိတ်ကိုလည်း ဖန်တီးထုတ်လုပ် သွားမည်ဟု သိရသညအဆိုပါကားကိုဈေးကွက်ထဲသို့ လာမည့် ၂၀၂၀ တွင်စတင်ဖြန့်ချိသွားမည်ဟုလည်း သိရသည်။်။
Zawgyi Version…
၄၈ လက်မ Display ပါဝင်သည့် အဆင့်မြင့်နည်းပညာသုံး ဥာဏ်ရည်မြင့်မားသော လျှပ်စစ်ကားကို တရုတ်ကားထုတ်လုပ်ရေး Byton မှစတင်မိတ်ဆက်