Zawgyi Version…
ေဘာလံုးပရိတ္သတ္ေတြရဲ႕ အသည္းစြဲ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ နာမည္ေက်ာ္ဇိမ္ခံကားေတြနဲ႔ ၿပိဳင္ကားေတြကို ဝယ္ယူစုေဆာင္းရာမွာ ဝါသနာႀကီးတဲ့ သူတစ္ဦးျဖစ္တာကို သတိထားမိမွာပါ။
ဂ်ဴဗင္တပ္စ္အသင္းတြင္ တစ္ပတ္လုပ္ခလစာ ေပါင္ ၅ သိန္း (ေဒၚလာ ၆ .၅၆ သိန္း)ရရွိေနေသာ စီေရာ္နယ္ဒိုဟာ အဆင့္ျမင့္ကားေတြကို ဝယ္ယူရာမွာ အသံုးအစဲြႀကီးသူျဖစ္သလို သူစုေဆာင္း ထားတဲ့ထဲမွာ ထိပ္တန္းကားေတြျဖစ္တဲ့ Aston Martins၊ Lamborghinis၊ Rolls Royce Phantom စတဲ့ အဆမတန္ေစ်းျမင့္ တဲ့ ကားေတြပါဝင္ပါတယ္။
ေရာ္နယ္ဒိုဟာ သူပိုင္ဆိုင္ထားတဲ့ကားေတြကို ထုတ္ေဖာ္ျပသေလ့ရိွသူတစ္ဦးျဖစ္ေပမယ့္ ဒီတစ္ခါမွာေတာ့ ကမၻာ့အေကာင္းဆံုးထိပ္တန္းကားတစ္စီးကို တိတ္တဆိတ္ဝယ္ယူခဲ့ကာ လွ်ိဳ႕ဝွက္ထားခဲ့ပါတယ္။
ျပင္သစ္ကားကုမၸဏီ Bugatti ဟာ ၿပီးခဲ့တဲ့ Geneva Motor Show မွာ ကုမၸဏီတည္ေထာင္တဲ့ (၁၁၀) ျပည့္ႏွစ္ေျမာက္အျဖစ္ တစ္စီးတည္းေသာ ေခတ္ေရွ႕ေျပး Sportcar ျဖစ္တဲ့ Bugatti La Voiture Noire ကို ပြဲထုတ္ျပသခဲ့ပါတယ္။ အဲဒီကားမွာ 8.0-litre turbocharged W16 engine ကုိသုံးထားျပီး ၁နာရီကုိ 260 မုိင္ေရာက္ေအာင္ေမာင္းႏွင္ႏိုင္ပါတယ္။
ဒီကားဟာ တစ္မူထူးျခားတဲ့ ေရွ႕ေျပးနည္းပညာနဲ႔ အထူးဖန္တီးထုတ္လုပ္ထားတဲ့ ကားျဖစ္ကာ ေစ်းႏႈန္းကလည္း တန္ေၾကးအျမင့္ဆံုးအျဖစ္ ေပါင္(၉.၅)သန္းနဲ႔ မိတ္ဆတ္ေပးခဲ့ၿပီး ဝယ္ယူသူအ မည္ကိုေတာ့ ကုမၸဏီကေတာ့ ထုတ္ျပန္ခဲ့ျခင္း မရိွပါဘူး။
ဒါေပမယ့္ စပိန္သတင္းဌာန AS ကေတာ့ ကမၻာ့ထိပ္တန္းကားတစ္စီးျဖစ္တဲ့ Bugatti La Voiture Noire ရဲ႕ ပိုင္ရွင္ဟာ ေရာ္နယ္ဒိုျဖစ္ေၾကာင္း ထုတ္ေဖာ္သြားခဲ့ပါတယ္။











Bugatti La Voiture Noire ကို တိတ္တဆိတ္ ဝယ္ယူခဲ့တဲ့ ေရာ္နယ္ဒိုအေနနဲ႔ လက္ရိွမွာေတာ့ အဆုိပါ Hyper car ကို ၂၀၂၁ မတိုင္ခင္ထိ ေမာင္းႏွင္ႏုိင္ဦးမွာ မဟုတ္ဘဲ ကုမၸဏီအေနနဲ႔ ဆန္းသစ္ထားတဲ့ နည္းပညာအသစ္ေတြအေပၚ အေသးစိတ္ စိစစ္သြားဦးမွာျဖစ္ပါတယ္။
နည္းပညာျမင့္ကားေတြကို စုေဆာင္းသူတစ္ဦးျဖစ္တဲ့ ေရာ္နယ္ဒို ပိုင္ဆုိင္တဲ့ ကားအခ်ိဳ႕ကိုလည္း Drive ပရိ္သတ္ေတြအတြက္ စုေဆာင္းေဖာ္ျပေပးလိုက္ပါတယ္။
ေရာ္နယ္ဒုိအေနနဲ႔ ယခုတန္ဖုိးၾကီးကားကုိ မဝယ္ခင္က တန္ဖုိးၾကီးကား ၁၉ စီးေလာက္ ကုိဝယ္ ယူထားျပီး စုစုေပါင္း USD 4.9 မီလီယံေလာက္ကုိသုံးစြဲခဲ့ပါတယ္။ သူ႕မွာရွိတဲ့ ေစ်းအနည္း ဆုံးကားက Mercedes-Benz C220 CDI ျဖစ္ျပီး သူ႔မွာ $ 3,18,000 တန္ေၾကးရွိ Lamborghini Aventador LP 700-4 ၊ $ 220,000 တန္ေၾကးရွိ Bentley GT ၊ $ 200,000 တန္ေၾကးရွိ Aston Martin DB9 ၊ $ 150,000 တန္ေၾကးရွိ Audi R8 ၊ $ 3,85,000 တန္ေၾကးရွိ Ferrari 599 GTO ၊ $ 310,000 တန္ေၾကးရွိ Ferrari 599 GTB Fiorano နဲ႔ Ferrari F430 ၊ $ 400,000 တန္ေၾကးရွိ Rolls Royce Phantom ၊ $ 140,000 တန္ေၾကးရွိ Maserati GranCabrio စတဲ့ကားေတြအျပင္ BMW M6, Bentley Continental GTC, Mercedes-Benz C-Class Sports Coupé, Porsche Cayenne, Porsche 911 Carrera 2S Cabriolet, Porsche Cayenne Turbo, Audi Q7, Audi RS6 and a Mercedes-Benz C220 CDI တုိ႔ကုိလည္း ပုိင္ဆုိင္ထားပါေသးတယ္။


Unicode Version…
တစ်စီးတည်းသာထုတ်လုပ်ခဲ့တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး Bugatti Voiture Noire ကိုဝယ်ယူခဲ့တဲ့ စီရော်နယ်ဒို
ဘောလုံးပရိတ်သတ်တွေရဲ့ အသည်းစွဲ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ နာမည်ကျော်ဇိမ်ခံကားတွေနဲ့ ပြိုင်ကားတွေကို ဝယ်ယူစုဆောင်းရာမှာ ဝါသနာကြီးတဲ့ သူတစ်ဦးဖြစ်တာကို သတိထားမိမှာပါ။
ဂျူဗင်တပ်စ်အသင်းတွင် တစ်ပတ်လုပ်ခလစာ ပေါင် ၅ သိန်း (ဒေါ်လာ ၆ .၅၆ သိန်း)ရရှိနေသော စီရော်နယ်ဒိုဟာ အဆင့်မြင့်ကားတွေကို ဝယ်ယူရာမှာ အသုံးအစွဲကြီးသူဖြစ်သလို သူစုဆောင်း ထားတဲ့ထဲမှာ ထိပ်တန်းကားတွေဖြစ်တဲ့ Aston Martins၊ Lamborghinis၊ Rolls Royce Phantom စတဲ့ အဆမတန်ဈေးမြင့် တဲ့ ကားတွေပါဝင်ပါတယ်။
ရော်နယ်ဒိုဟာ သူပိုင်ဆိုင်ထားတဲ့ကားတွေကို ထုတ်ဖော်ပြသလေ့ရှိသူတစ်ဦးဖြစ်ပေမယ့် ဒီတစ်ခါမှာတော့ ကမ္ဘာ့အကောင်းဆုံးထိပ်တန်းကားတစ်စီးကို တိတ်တဆိတ်ဝယ်ယူခဲ့ကာ လျှို့ဝှက်ထားခဲ့ပါတယ်။
ပြင်သစ်ကားကုမ္ပဏီ Bugatti ဟာ ပြီးခဲ့တဲ့ Geneva Motor Show မှာ ကုမ္ပဏီတည်ထောင်တဲ့ (၁၁၀) ပြည့်နှစ်မြောက်အဖြစ် တစ်စီးတည်းသော ခေတ်ရှေ့ပြေး Sportcar ဖြစ်တဲ့ Bugatti La Voiture Noire ကို ပွဲထုတ်ပြသခဲ့ပါတယ်။ အဲဒီကားမှာ 8.0-litre turbocharged W16 engine ကိုသုံးထားပြီး ၁နာရီကို 260 မိုင်ရောက်အောင်မောင်းနှင်နိုင်ပါတယ်။
ဒီကားဟာ တစ်မူထူးခြားတဲ့ ရှေ့ပြေးနည်းပညာနဲ့ အထူးဖန်တီးထုတ်လုပ်ထားတဲ့ ကားဖြစ်ကာ ဈေးနှုန်းကလည်း တန်ကြေးအမြင့်ဆုံးအဖြစ် ပေါင်(၉.၅)သန်းနဲ့ မိတ်ဆတ်ပေးခဲ့ပြီး ဝယ်ယူသူအ မည်ကိုတော့ ကုမ္ပဏီကတော့ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။
ဒါပေမယ့် စပိန်သတင်းဌာန AS ကတော့ ကမ္ဘာ့ထိပ်တန်းကားတစ်စီးဖြစ်တဲ့ Bugatti La Voiture Noire ရဲ့ ပိုင်ရှင်ဟာ ရော်နယ်ဒိုဖြစ်ကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။
Bugatti La Voiture Noire ကို တိတ်တဆိတ် ဝယ်ယူခဲ့တဲ့ ရော်နယ်ဒိုအနေနဲ့ လက်ရှိမှာတော့ အဆိုပါ Hyper car ကို ၂၀၂၁ မတိုင်ခင်ထိ မောင်းနှင်နိုင်ဦးမှာ မဟုတ်ဘဲ ကုမ္ပဏီအနေနဲ့ ဆန်းသစ်ထားတဲ့ နည်းပညာအသစ်တွေအပေါ် အသေးစိတ် စိစစ်သွားဦးမှာဖြစ်ပါတယ်။
နည်းပညာမြင့်ကားတွေကို စုဆောင်းသူတစ်ဦးဖြစ်တဲ့ ရော်နယ်ဒို ပိုင်ဆိုင်တဲ့ ကားအချို့ကိုလည်း Drive ပရိသတ်တွေအတွက် စုဆောင်းဖော်ပြပေးလိုက်ပါတယ်။
ရော်နယ်ဒိုအနေနဲ့ ယခုတန်ဖိုးကြီးကားကို မဝယ်ခင်က တန်ဖိုးကြီးကား ၁၉ စီးလောက် ကိုဝယ် ယူထားပြီး စုစုပေါင်း USD 4.9 မီလီယံလောက်ကိုသုံးစွဲခဲ့ပါတယ်။ သူ့မှာရှိတဲ့ ဈေးအနည်း ဆုံးကားက Mercedes-Benz C220 CDI ဖြစ်ပြီး သူ့မှာ $ 3,18,000 တန်ကြေးရှိ Lamborghini Aventador LP 700-4 ၊ $ 220,000 တန်ကြေးရှိ Bentley GT ၊ $ 200,000 တန်ကြေးရှိ Aston Martin DB9 ၊ $ 150,000 တန်ကြေးရှိ Audi R8 ၊ $ 3,85,000 တန်ကြေးရှိ Ferrari 599 GTO ၊ $ 310,000 တန်ကြေးရှိ Ferrari 599 GTB Fiorano နဲ့ Ferrari F430 ၊ $ 400,000 တန်ကြေးရှိ Rolls Royce Phantom ၊ $ 140,000 တန်ကြေးရှိ Maserati GranCabrio စတဲ့ကားတွေအပြင် BMW M6, Bentley Continental GTC, Mercedes-Benz C-Class Sports Coupé, Porsche Cayenne, Porsche 911 Carrera 2S Cabriolet, Porsche Cayenne Turbo, Audi Q7, Audi RS6 and a Mercedes-Benz C220 CDI တို့ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။