Cadillac သည် New EV Flagship Model အသစ်ဖြစ်သည့် Celestiq ၏အချက်အလက်အချို့ကို မိတ်ဆက်လိုက်ပါသည်။ ၎င်းသည် 4 – Door Luxury Hatchback အမျိုးအစားဖြစ်ပြီး အထူးအဆင့်မြင့် နည်းပညာများစွာပါဝင်သည့် Model လည်းဖြစ်သည်။ Celestiq တွင်အရွယ်ကြီးမားသည့် ဘီးများ ၊ အကွေ့အကောက်ဒီဇိုင်းရှိသည့် Taillight စသည့်တမူထူးခြားသည့် အခင်းအကျင်းများပါဝင်ပါသည်။ Cadillac Celestiq အား 2025 တွင်စတင်ရောင်းချမည်ဖြစ်ကာ Tesla Model S နှင့် Mercedes – Benz EQS တို့ကိုယှဉ်ပြိုင်ရန် ရည်ရွယ်ပါသည်။ Celestiq EV Model တွင် Lang Hood ၊ L- shape Tailgate ၊ illuminated Fender Graphic စသည့် Design Theme များကို Production Model တွင်ဆက်လက်အသုံးပြုဖွယ် ရှိပါသည်။

 

Concept Model သည်အလွန်ခေတ်ရှေ့ပြေးသည့် ပုံစံရှိသည့်အတွက် အမှန်တကယ်ထုတ်လုပ်မည်ဆိုပါက အချို့ Design ဆိုင်ရာများကိုလက်တွေ့ ကျသည့် အခင်းအကျင်းသို့ပြောင်းလဲရမည်ဆိုသော်လည်း Celestiq ၏ Stylish ဆန်သည့်ဟန်ပန်ကို အဓိကအလေးထားထုတ်လုပ်မည်ဖြစ်သည်။ Cadillac Cesastiq တွင် အဓိကအားဖြင့် 4 – Wheel Steering ၊ Dual – Motor AWD powertrain ၊ ပြင်ပမှဖေါက်ထွင်းမြင်တွေ့နိုင်သည့် မှန်အမိုး ၊ Dashboard နေရာအပြည့်နီးပါး ခင်းကျင်းထားမည့် Display Screen စသည့် Unique Features များစွာပါဝင်မည်အပြင် EV ဆိုင်ရာအနေဖြင့် GM ၏ Ultrium Battery Platform ကိုအသုံးပြုထားမည့်အပြင် – 100. 0 – kWh of Capacity ရရှိမည့် Battery Pack လည်းပါဝင်ပါမည်။ အလားတူနာမည်ကျော် GM’s Super Cruise Driver – Assistance Tech တို့လည်းထည့်သွင်းထားမည်ဖြစ်သည်။

#DriveMediaMyanmar