Zawgyi Version…
အေမရိကန္နာမည္ေက်ာ္အမွတ္တံဆိပ္တစ္ခုျဖစ္ေသာ Full size sedan Cadillac CT6 ကုိျပီးခဲ့သည့္ ဇြန္လအတြင္းက Pacific Alpine Myanmar မွစတင္မိတ္ဆက္ျပသသြားခဲ့သည္။ အဆုိပါ CT6 သည္ Mercedes S Class, BMW 7 Series တုိ႔၏ျပိဳင္ဘက္ျဖစ္ျပီး Luxury ဆီဒင္တစ္စီးလည္းျဖစ္သည္။ ထုိကားမွာ Cadillac Style ကုိထင္ဟပ္ေပၚလြင္ေစျပီး Luxury ဒီဇုိင္းပုံစံ၊ ျမင့္မားသည့္ နည္းပညာ၊ အေကာင္းဆုံးေသာ စြမ္းေဆာင္ရည္၊ သက္ေတာင့္သက္သာေမာင္းႏွင္ႏိုင္မွဳႏွင့္ ျမင့္မားေသာ လုံျခဳံ စိတ္ခ်ရမွဳမ်ားကုိ ေပးစြမ္းႏုိင္ေၾကာင္း ျမန္မာျပည္အေရာင္းကုိယ္စားလွယ္ Pacific Alpine Myanmar မွဆုိထားသည္။ Cadillac CT6 ၏ေရွ႕ရုပ္ထြက္မွာ ဒီဇုိင္းသစ္ျဖစ္ျပီး ေရွ႕ရွဲႏွင့္ ေန႔အလင္းမီးပုံစံမွာ ထူးျခားဆန္းသစ္သည့္ပုံစံမ်ိဳးေတြ႔ရသည္။ ေရွ႕ေနာက္ဆင္ဆာ ၆ လုံးစီပါရွိျပီး ၃၆၀ ဒီဂရီကင္မရာမ်ား လည္း တပ္ဆင္ေပးထားသည္။ အတြင္းခန္းတြင္ Premium Luxury Interior Design မ်ိဳးတည္ ေဆာက္ထားကာ Instrument Panel မ်ားကုိ လည္သာႏွင့္ Chrome ေရာစပ္ထားသည့္ Trim မ်ိဳး ကုိသုံးထားသည္။ Infotainment အတြက္ 10” Touch Screen ကုိတပ္ဆင္ေပးထားျပီး Apple Car Play ႏွင့္ Android တုိ႔သုံးစြဲႏုိင္သလုိ AutoAutomatic Climate Control ျဖစ္ကာ ေနာက္ခန္း အ တြက္လည္း Vent ပါရွိသည္။ ေရွ႕ခုံမ်ားမွာ Cool and Heater Seat မ်ားျဖစ္ျပီး ေနာက္ခုံမ်ား မွာ လည္း Heater Seat မ်ားအျဖစ္ဖန္တီးေပးထားကာ Armrest တြင္ Cup Holder ႏွင့္ Storage မ်ား သာမက Power Outlet အျဖစ္ 12V,110V ႏွင့္ 120V တုိ႔တပ္ဆင္ေပးထားသည္။ အင္ဂ်င္အမ်ိဳး အ စားမွာ 3.6 L V6 DOHC 6 CYLINDER ဓါတ္ဆီျဖစ္ျပီး 8 Speed Transmission ကုိသုံးထားျပီး Auto/Manual ၂မ်ိဳးသုံးႏိုင္သည္။ (Horsepower) မွာ335 HP ထြက္ရွိမည္ျဖစ္ျပီး Tour , Sport, Snow/ Ice ဟူ၍ Drive Mode 3 ခုေျပာင္းလဲေမာင္း ႏွင္ႏိုင္မည္ျဖစ္သည္။ လုံျခဳံေရးအေနျဖင့္ 10 Airbags ၊ Lane Departure Warning ၊ Forward Collision Alert ၊ Cruise Control, Traction Control, Tire Pressure Monitoring System , Rear Cross Traffic Alert , Side Blind Zone Alert စသည့္စနစ္မ်ားထည့္သြင္းထားသည္။၎၏ေစ်းႏွုန္းမွာ USD 250000 ျဖစ္ျပီး ဂရိတ္တစ္မ်ိဳး တည္းသာ တင္သြင္းေရာင္းခ်ေနေၾကာင္း သိရသည္။

Unicode Version…

Full size sedan အဖြစ်ဖန်တီးထားသည့် Cadillac CT6 ကို Pacific Alpine Myanmar မှစတင်မိတ်ဆက်
အမေရိကန်နာမည်ကျော်အမှတ်တံဆိပ်တစ်ခုဖြစ်သော Full size sedan Cadillac CT6 ကိုပြီးခဲ့သည့် ဇွန်လအတွင်းက Pacific Alpine Myanmar မှစတင်မိတ်ဆက်ပြသသွားခဲ့သည်။ အဆိုပါ CT6 သည် Mercedes S Class, BMW 7 Series တို့၏ပြိုင်ဘက်ဖြစ်ပြီး Luxury ဆီဒင်တစ်စီးလည်းဖြစ်သည်။ ထိုကားမှာ Cadillac Style ကိုထင်ဟပ်ပေါ်လွင်စေပြီး Luxury ဒီဇိုင်းပုံစံ၊ မြင့်မားသည့် နည်းပညာ၊ အကောင်းဆုံးသော စွမ်းဆောင်ရည်၊ သက်တောင့်သက်သာမောင်းနှင်နိုင်မှုနှင့် မြင့်မားသော လုံခြုံ စိတ်ချရမှုများကို ပေးစွမ်းနိုင်ကြောင်း မြန်မာပြည်အရောင်းကိုယ်စားလှယ် Pacific Alpine Myanmar မှဆိုထားသည်။ Cadillac CT6 ၏ရှေ့ရုပ်ထွက်မှာ ဒီဇိုင်းသစ်ဖြစ်ပြီး ရှေ့ရှဲနှင့် နေ့အလင်းမီးပုံစံမှာ ထူးခြားဆန်းသစ်သည့်ပုံစံမျိုးတွေ့ရသည်။ ရှေ့နောက်ဆင်ဆာ ၆ လုံးစီပါရှိပြီး ၃၆၀ ဒီဂရီကင်မရာများ လည်း တပ်ဆင်ပေးထားသည်။ အတွင်းခန်းတွင် Premium Luxury Interior Design မျိုးတည် ဆောက်ထားကာ Instrument Panel များကို လည်သာနှင့် Chrome ရောစပ်ထားသည့် Trim မျိုး ကိုသုံးထားသည်။ Infotainment အတွက် 10” Touch Screen ကိုတပ်ဆင်ပေးထားပြီး Apple Car Play နှင့် Android တို့သုံးစွဲနိုင်သလို AutoAutomatic Climate Control ဖြစ်ကာ နောက်ခန်း အ တွက်လည်း Vent ပါရှိသည်။ ရှေ့ခုံများမှာ Cool and Heater Seat များဖြစ်ပြီး နောက်ခုံများ မှာ လည်း Heater Seat များအဖြစ်ဖန်တီးပေးထားကာ Armrest တွင် Cup Holder နှင့် Storage များ သာမက Power Outlet အဖြစ် 12V,110V နှင့် 120V တို့တပ်ဆင်ပေးထားသည်။ အင်ဂျင်အမျိုး အ စားမှာ 3.6 L V6 DOHC 6 CYLINDER ဓါတ်ဆီဖြစ်ပြီး 8 Speed Transmission ကိုသုံးထားပြီး Auto/Manual ၂မျိုးသုံးနိုင်သည်။ (Horsepower) မှာ335 HP ထွက်ရှိမည်ဖြစ်ပြီး Tour , Sport, Snow/ Ice ဟူ၍ Drive Mode 3 ခုပြောင်းလဲမောင်း နှင်နိုင်မည်ဖြစ်သည်။ လုံခြုံရေးအနေဖြင့် 10 Airbags ၊ Lane Departure Warning ၊ Forward Collision Alert ၊ Cruise Control, Traction Control, Tire Pressure Monitoring System , Rear Cross Traffic Alert , Side Blind Zone Alert စသည့်စနစ်များထည့်သွင်းထားသည်။၎င်း၏ဈေးနှုန်းမှာ USD 250000 ဖြစ်ပြီး ဂရိတ်တစ်မျိုး တည်းသာ တင်သွင်းရောင်းချနေကြောင်း သိရသည်။