Cadillac CTS
Unicode version…
Cadillac သည် အလက်တန်းအဆင့် ဆီဒင်ဇိမ်ခံကားဖြစ်ပြီး အမေရိကန် အခြေစိုက်(Cadillac)မှ (၂၀ဝ၃) ခုနှစ်တွင် ထုတ်လုပ်ခဲ့ပါသည်။ (CTS)၏ အဓိပ္ပာယ်မှာ (Catera Touring Sedan)ဟုအမည်ရပြီး ၄င်းသည် (၂၀ဝ၂)ခုနှစ်၊ အထိ ထုတ်လုပ်ခဲ့သည့် (Cadillac Cetera)၏ အစားထိုး (Model)လည်းဖြစ်ပါသည်။ (Cadillac CTS)အား (4 door Second),(2 door Coupe)နှင့် (5 door Sport Wagon )ဟူ၍ ပုံစံ(၃)မျိုး အဓိကထုတ်လုပ်ပါ သည်။
(Cadillac CTS) ၏ ပထမ မျိုးဆက်အား (၂၀ဝ၃)ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး (နောက်ဘီးယက်)စနစ်သုံးကားအဖြစ် ထုတ်လုပ်ခဲ့ပါသည်။ ၄င်းတွင် အင်ဂျင်များအနေဖြင့် (3.2L, LA3 V6Engine) (220hp)နှင့်(3.6L DOHC V6 Engine) ,(25.5 hp)တို့အား ထည့်သွင်းခဲ့ပါသည်။ (Gear Box)အနေဖြင့် (5-Speed SL 40-E Automatic Gear)အား အသုံးပြုခဲ့ပါသည်။ (၂၀ဝ၅)ခုနှစ်တွင်မူ (2.8L DOHC V6 Engine )နှင့် ( Aisin AY-6 6-Speed Automatic Gear)အား ထပ်မံထည့်သွင်းခဲ့ပါသည်။ ပထမမျိုးဆက်(CTS Models )များတွင် (Brembo Brake) ,Anti-roll bar နှင့် Damper (၂)ခုပါဝင်သည့်အောက်ပါစနစ်စသည့်အဆင့်မြင့်ပါဝင်မှုများအား ထည့်သွင်းထား ပါသည်။
(Cadillac CTS)၏ ဒုတိယမျိုးဆက်အား (၂၀ဝ၇) ခုနှစ်နှစ်ကုန်ပိုင်းတွင် ထုတ်လုပ်ရောင်းချခဲ့ပါသည်။ ဒုတိယမျိုးဆက်တွင် အင်ဂျင်များအနေဖြင့် (3.0L. VVT V6 Engine)(304 hp) အင်ဂျင်များနှင့် (6-Speed 6K50 Auto Geor)တို့အား တပ်ဆင်ထားခဲ့ပါ သည်။ ထို့အတူ Sure monitor ), (40 GB HDD music storage ), (Remote Engine Starber )တို့အား ဒုတိယမျိုးဆက်တွင်ထည့်သွင်းခဲ့ပါသည်။ CTS၏ (Facelift )Model အား (၂၀၁၂)တွင် ပြောင်းလဲထုတ်လုပ်ခဲ့ပြီး (New Vertical Design )ပုံစံအသစ်ဖြင့် ထုတ်လုပ်ခဲ့ပါသည်။ (CTS Coupe)အား (၂၀၁၀ August )တွင် ထုတ်လုပ်ခဲ့ပါသည် ၄င်းတွင် (New 3.6L Direct Injected V6 Engine) 304 Hp အင်ဂျင်နှင့် (6-Speed Automatic and Manual GearBox)တို့ အား ထပ်ဆင့်ထားခဲ့ပါသည်။ ထို့အတူ (CTS Sport Wagon)အား (U.S Market)တစ်မျိုး ကိုသာရောင်းချရန်အတွက် (၂၀၁၀)ပြည့်နှစ်တွင် စတင်ထုတ်လုပ်ခဲ့ပါသည်။
(Cadillac CTS)၏ တတိယမျိုးဆက်အား (၂၀၁၃) March တွင် (၂၀၁၄ Model ) အနေဖြင့် မိတ်ဆက်ခဲ့ပြီး(၂၀၁၃)ခုနှစ်ကုန်ခန့်တွင် ရောင်းချခဲ့ပါသည်။ ၄င်းတွင် အင်ဂျင်အသစ် များဖြစ်ကြသည့် (New 2.0L Turbocharged I4Engine )နှင့် (3.6 LV6 ALL-New Twin-turbo changed Engine ) ၁ (420 hp)အင်ဂျင်များအားတပ်ဆင်ထားပါသည်။ ထို့အပြင် (Cadillac )၏နာမည်ကျော် (CUE-Entertainment System )အပါအဝင် ခေတ်မှီပါဝင်မှုများ အား စုံလင်စွာထည့်သွင်းထားခဲ့ပါသည်။ တတိယမျိုးဆက်(CTS)သည် ၄င်း၏မျိုးဆက်သုံး ဆက်တွင် အရောင်းရဆုံးမျိုးဆက်အဖြင့် စံချိန်တင်နိုင်ခဲ့ပါသည်။
Zawgyi version..