Unicode Version
လွန်ခဲ့သည့် ဆယ်ခုနှစ်မှ စတင်၍ အချို့သော Concept Car များတွင် ဘေးဖက် နောက်ကြည့်မှန်များနေရာ၌ ကင်မရာစနစ်များဖြင့် အစားထိုးတပ်ဆင်၍ မိတ်ဆက်ကြပါသည်။ သို့သော် ယခုအခါ Lexus မှ ထုတ်လုပ်သည့် 2019 ES Model တွင် အဆိုပါ ( Side Camera ) စနစ်အား စတင်အသုံးပြုလိုက်ပြီး ဂျပန်ပြည်တွင်းရှိ Lexus ES Model ၌သာ ကနဦးအနေဖြင့် ထည့်သွင်းမည်ဖြစ်သည်။ ယခုအသစ်ထည့်သွင်းမည့် ကင်မရာသည် ( Aerodynamic Camera Stalk ) ပုံစံဖြစ်သည်။ အဆိုပါ ကင်မရာငယ်လေးများမှ တိကျသည့် ပုံရိပ်များကို ဖမ်းယူပြီး ကားအတွင်းရှိ Display Screen ဆီသို့ အမြဲမပြတ် သတင်းပေးပို့မည်ဖြစ်သည်။ ၎င်းတို့၏ အရွယ်အား ပုံမှန်ဘေးမှန်များထက်ပို၍ သေးငယ်စွာ ဖန်တီးထားပြီး ပြင်းထန်သည့် ရာသီဥတု၊ နှင်းကျခြင်း ၊ မိုးရွာခြင်းကဲ့သို့ အခြေအနေများတွင် ခံနိုင်ရည်ရှိပြီး မြင်ကွင်းကို ကြည်လင်စွာ ဖမ်းယူနိုင်ရန် ဒီဇိုင်းထုတ်ထားပါသည်။ Aerodynamic ပုံစံဖြစ်သည့်အတွက် ပြင်းထန်သည့် လေခွင်းအားကို ကောင်းစွာ ခုခံနိုင်မည်ဖြစ်ပြီး အလွယ်တကူ ကျိုးပဲ့ခြင်းလည်း မဖြစ်ပါ။ ယခု မိတ်ဆက်ထည့်သွင်း လိုက်သည့် ( Side Camera ) စနစ်ကို ဥရောပတိုက် ၊ ဂျပန်နှင့် အချို့သောနိုင်ငံများတွင် ဥပဒေအရ တပ်ဆင်နိုင်မည်ဖြစ်သော်လည်း ( U.S .A ) တွင် တရားဝင်ခွင့်ပြုခြင်းမရှိသည့်အတွက် ထည့်သွင်း ထားမည်မဟုတ်ဘဲ ဂျပန်နိုင်ငံတွင်သာ ပထမဆုံး တပ်ဆင်ထားပါမည်။ Lexus ကဲ့သို့ပင် Audi သည်လည်း 2019 E – Tron Model တွင် အဆိုပါစနစ်ကို တီထွင်ထားပြီး ယခုနှစ်ကုန်ခန့်တွင် ဥရောပဈေးကွက်၌ စတင်ရောင်းချရန်ရည်ရွယ်ထားပါသည်။ Lexus ES အား ဂျပန်နိုင်ငံတွင် ယခုနှစ် October တွင် စတင်ရောင်းချမည်ဖြစ်ပါသည်။

Zawgyi Version

2019 Lexus ES Model တြင္ ပထမဆုံးေသာ ေဘးၾကည့္မွန္အစားထိုးကင္မရာစနစ္ကို တပ္ဆင္ထားမည္
လြန္ခဲ့သည့္ ဆယ္ခုႏွစ္မွ စတင္၍ အခ်ဳိ႔ေသာ Concept Car မ်ားတြင္ ေဘးဖက္ ေနာက္ၾကည့္မွန္မ်ားေနရာ၌ ကင္မရာစနစ္မ်ားျဖင့္ အစားထိုးတပ္ဆင္၍ မိတ္ဆက္ၾကပါသည္။ သို႔ေသာ္ ယခုအခါ Lexus မွ ထုတ္လုပ္သည့္ 2019 ES Model တြင္ အဆိုပါ ( Side Camera ) စနစ္အား စတင္အသုံးျပဳလုိုက္ၿပီး ဂ်ပန္ျပည္တြင္းရွိ Lexus ES Model ၌သာ ကနဦးအေနျဖင့္ ထည့္သြင္းမည္ျဖစ္သည္။ ယခုအသစ္ထည့္သြင္းမည့္ ကင္မရာသည္ ( Aerodynamic Camera Stalk ) ပုံစံျဖစ္သည္။ အဆုိပါ ကင္မရာငယ္ေလးမ်ားမွ တိက်သည့္ ပုံရိပ္မ်ားကို ဖမ္းယူၿပီး ကားအတြင္းရွိ Display Screen ဆီသို႔ အျမဲမျပတ္ သတင္းေပးပို႔မည္ျဖစ္သည္။ ၎တို႔၏ အရြယ္အား ပုံမွန္ေဘးမွန္မ်ားထက္ပို၍ ေသးငယ္စြာ ဖန္တီးထားၿပီး ျပင္းထန္သည့္ ရာသီဥတု၊ ႏွင္းက်ျခင္း ၊ မိုးရြာျခင္းကဲ့သို႔ အေျခအေနမ်ားတြင္ ခံႏိုင္ရည္ရွိၿပီး ျမင္ကြင္းကို ၾကည္လင္စြာ ဖမ္းယူႏိုင္ရန္ ဒီဇိုင္းထုတ္ထားပါသည္။ Aerodynamic ပုံစံျဖစ္သည့္အတြက္ ျပင္းထန္သည့္ ေလခြင္းအားကို ေကာင္းစြာ ခုခံႏိုင္မည္ျဖစ္ၿပီး အလြယ္တကူ က်ဳိးပဲ့ျခင္းလည္း မျဖစ္ပါ။ ယခု မိတ္ဆက္ထည့္သြင္း လိုက္သည့္ ( Side Camera ) စနစ္ကို ဥေရာပတိုက္ ၊ ဂ်ပန္ႏွင့္ အခ်ဳိ႔ေသာႏိုင္ငံမ်ားတြင္ ဥပေဒအရ တပ္ဆင္ႏိုင္မည္ျဖစ္ေသာ္လည္း ( U.S .A ) တြင္ တရား၀င္ခြင့္ျပဳျခင္းမရွိသည့္အတြက္ ထည့္သြင္း ထားမည္မဟုတ္ဘဲ ဂ်ပန္ႏိုင္ငံတြင္သာ ပထမဆုံး တပ္ဆင္ထားပါမည္။ Lexus ကဲ့သို႔ပင္ Audi သည္လည္း 2019 E – Tron Model တြင္ အဆိုပါစနစ္ကို တီထြင္ထားၿပီး ယခုႏွစ္ကုန္ခန္႔တြင္ ဥေရာပေစ်းကြက္၌ စတင္ေရာင္းခ်ရန္ရည္ရြယ္ထားပါသည္။ Lexus ES အား ဂ်ပန္ႏိုင္ငံတြင္ ယခုႏွစ္ October တြင္ စတင္ေရာင္းခ်မည္ျဖစ္ပါသည္။