Unicode version…
အစမ်း မောင်းနှင်းခြင်း
ဆုပ်ကိုင်မှုက သိပ်သေချာလွန်းတော့၊ ဆန်းကျယ်တဲ့ နှင်းမုန်တိုင်းကို
ကျွန်တော်မျှော်နေမိခဲ့တယ်။
Captiva Escape
ရန်ကုန်လမ်းတွေက သူရဲဘောကြောင်တဲ့လူတွေအတွက် မဟုတ်ပါဘူး။
မြင်ကွင်းကောင်းကောင်း၊ ဘေးကင်းတဲ့ အသွင်ပြင်တွေနဲ့ သပ်ရပ်တဲ့
အပြင်ပိုင်းအသွင်အပြင်တွေက မျှော်လင့်ထားတာထက် မြို့ပြလမ်းတွေနဲ့
သင့်လျှော်တယ်လေ။
.
အရေးကြီးတာ ပထမဆိုသလိုပါပဲ။ ရန်ကုန်မြို့မှာ တစ်နေ့တာလောက်
လှည့်လည်မောင်းနှင်လိုက်မယ်ဆိုရင်၊ အခြားကားတွေနဲ့ လူတွေကို
မတိုက်မိအောင်ကြိုးပမ်းနေရတယ်။ ဒါကြောင့်လဲ Chevy Captiva ကျွန်တော်
အကြိုက်ပိုလာတာပေါ့။chevrolet-captiva-7
‘ကားသရဲတစ်ယောက်’ ဖြစ်တာကြောင့်၊ နည်းနည်းပါးပါးဇီဇာကြောင်ပြီး၊ SUVs
တွေရဲ့ လန့်စရာကောင်းတဲ့ အောင်မြင်မှုက ကျွန်တော်ကို မှတ်သက်မိစေပါတယ်။
ဒီကားတွေကိုတော့ သဘာဝယုတ္တိတဲ့ မညီနဲ့
စိတ်ပိုင်းဆိုင်ရာရောင်ပြန်ဟပ်မှုတွေလို့ ကျွန်တော်ကတော့ ထင်တယ်။
လူလတ်တန်းစားလွန် ပိုင်ရှင်တွေနဲ့အတူ သိသိသာသာသုံးစွဲ၊ ကြီးထွားလာတယ်။
ပျင်းရိလာတယ်။
မိသားစုပုံပြင်- မိဘတွေက ကလေးတွေကို နေရာတကာမှာ ကားမောင်းဖို့
တိုက်တွန်းတယ်။ ဒါကြောင့်လဲ ဒီစက်ကြီးတွေနဲ့ ပွရောင်းရောင်း
သယ်ဆောင်နိုင်စွမ်းတွေကိုလဲ စွဲလမ်းလာတယ်။ မီးကုန်ကားလိုဟာမျိုးတွေကို
ကိုင်တွယ်ရမယ်ဆိုရင်တောင်၊ ရက်ပါတွေရဲ့ ဇိမ်ခံကားတွေလို
လည်နိုင်စွမ်းအားတွေ ရှိနေဦးမှာပါ။
သာမန်ထုံထိုင်းထိုင်းလူတွေထက် ကားထုတ်လုပ်သူတွေက စီးပွားရေးအခြေအနေတွေ
ဘာတွေဖြစ်လာနိုင်သလဲဆိုတာကို ကြိုမြင်တက်ပါတယ်။(ဒါက မော်ဒန်အသစ်ကို
ဖန်တီးဖို့ အချိန်အများကြီးယူစေပြီး၊ ကမ္ဘာ့ရေစီးကြောင်းကို ချိန်ဆဖို့ကလဲ
သူတို့ရဲ့ အလုပ်ပဲလေ။) ဒါကြောင့်လဲ အဆင်မပြေတာတွေကို ကိုင်တွယ်ပြီး၊
“Crossover SUV” ကား ကို ကိုင်တွယ်တော့တာပဲ။2013-chevrolet-traverse-interior
“Crossoverကားတွေက အရွယ်သေးသေး၊ ခပ်နိမ့်နိမ့် ပြိုင်ကားပုံစံကား (SUVs)
တွေပါ။ အများအားဖြင့် ကားပလက်ဖောင်းမှာ အခြေခံပြီး၊ တကယ့်စွမ်းအားကတော့
ကားမောင်းချိန်မှာ သိသာတယ်။ ကားတစ်စင်းလိုပဲ၊ မြစ်ထဲက လှေနဲ့တော့
မတူဘူးပေါ့။
Captiva ကလဲ ဒီလိုလုပ်ဆောင်ချက်တွေ လုပ်တဲ့ ကားမျိုးပဲ။
အင်ဂျီနီယာတွေကလဲ ပြောစရာတွေရှိသလို၊ စျေးကွက်သမားတွေကလဲ
ဒီလိုလက်တွေ့ကားလေးထုတ်တဲ့အတွက် ပြောစရာတွေရှိနေတယ်လေ။ (စာရင်းအင်းဌာနကလဲ
စူးရှတဲ့ အကြံဉာဏ်တွေ ရှိနိုင်တာပဲ။) ယောကျ်ားဆန်ဆန်
အကြိုက်ဖြစ်နိုင်တဲ့အပြင်၊ Captiva က ပျော်ပျော်ရွှင်ရွှင်
မောင်းပျော်တဲ့ကားလေးပါပဲ။3_-captiva
သေးငယ်တဲ့ နှစ်လီတာ တာဘိုဒီဇယ်ကလဲ လည်အားကောင်းစေပြီး၊
စွမ်းအားကောင်းစေကာ၊ ၁၀ စက္ကန့်အတွင်း ၀-၁၀၀ km/h သွားတာဆိုတော့
အမြောက်ပစ်သလို မြန်တယ်လို့တော့ ပြောလို့မရဘူးပေါ့။
လက်တွေ့ရည်ရွယ်ချက်အများအပြားရှိပါသေးတယ်။ အဝေးပြေးလမ်းမှာဆို ခင်ဗျားကို
နေရာမှန်ရောက်စေသလို ဒါမှမဟုတ် ဖုန်းပြောဖို့ နေရာရှာနေတဲ့ကားဆရာတွေကိုလဲ
ကျော်ဖြတ်သွားနိုင်တယ်လေ။ ဒါတွေက အရေးပါတယ်နော်။
ခင်ဗျားသာ သိပ်ပြီး မာန်ကြွထက်သန်မနေဘူးဆိုရင်တော့ အားကောင်းတဲ့
ဒီဇယ်အနည်းငယ်က ဆီစားသက်သာစေပြီး၊ ၉ လီတာလောက်နဲ့ ၁၀၀
ကီလိုမီတာကိုရောက်စေမှာဖြစ်ပါတယ်။
ကိုင်တွယ်ရတာကလဲ ကျေနပ်စရာပါပဲ။ ဂငယ်ကွေ့ကွေ့ရင်လဲ သူအရွယ်အစားနဲ့ဆို
သေးငယ်လှပါတယ်။ ရန်ကုန်လို ကားကြပ်တဲ့ လမ်းတွေမှာဆို
ကောင်းကောင်းလှိမ့်နိုင်တာပေါ့။ ကားပါကင်ထိုးရင် လျောလျောရှုရှုဖြစ်ပြီး၊
အေးဆေးပေါ့။(ကားပါကင်ကနေ ကားခေါင်းထွက်တက်တော့
နောက်ကြည့်ကင်မရာလေးပါတာကလဲ အကျိုးကျေးဇူးများတယ်လေ။) ပါဝါစီယာတိုင်ကလဲ
ပေါ့ပါးပြီး၊ လမ်းနဲ့ ပတ်သက်ပြီး ဖိအားပေးပြောကြဆိုကြတာလဲ သိပ်မရှိဘူးလေ။
ဒါက အီတလီထုတ် Maserati ဇိမ်ခံကားမှ မဟုတ်တာ။
AWD Systemရဲ့ အစိတ်အပိုင်းအများစုက လမ်းပေါ်ရောက်တာနဲ့ အသားကျသွားပြီး၊
ကိုယ်ထည်လေးက ပြားဝပ်နေကာ သက်သောင့်သက်သာဖြစ်သွားတော့တာပဲ။
ခင်ဗျား မျှော်မှန်းထားတာထက်ကို မြန်မြန်ဆန်ဆန် ဒေါင့်ဘက်ကို
ကပ်နိုင်ပြီး၊ ခင်ဗျားမိန်းမကိုတောင် အလန့်တကြား အော်စေမှာဖြစ်ပါတယ်။
ဆုပ်ကိုင်မှုက သိပ်သေချာလွန်းတော့၊ ဆန်းကျယ်တဲ့ နှင်းမုန်တိုင်းကို
ကျွန်တော်မျှော်နေမိခဲ့တယ်။
စိတ်လှုပ်ရှားစရာတွေအများအပြားရှိပါသေးတယ်။ မိုးဆင်ဆာ၊ ဆတ်ခနဲ့
ပိတ်ဖွင့်လို့ရတဲ့ လျှပ်စစ်မှန်တွေ (အချိန်ကိုက်တာ ခင်ဗျားလုပ်နိုင်ရင်
ဘေးကဖြတ်သွားတဲ့ ဆိုက်ကားဆရာရဲ့ လက်မောင်းကိုတောင် ချိုးလို့ရသေးတယ်။)
ခွက်ထည့်တဲ့ဟာတွေ၊ passive entry နဲ့ ၈ မျိုးလောက် လျှပ်စစ်နည်းအရ
ချိန်ညှိလို့ရတဲ့ ရှေ့ထိုင်ခုံတွေ နဲ့ အခြားအရာ အနည်းငယ်လဲရှိပါသေးတယ်။
အနောက်ထိုင်ခုံ နှစ်တန်းလုံးက လုံးဝကို ခေါက်လို့ရတယ်။ ဒါမှမဟုတ်
ခေါက်ပြီး သီးသန့်ထားလို့ရတယ်။ ခင်ဗျားသာ ခပ်ငုံ့ငုံ့လေး နေတက်ရင်
ဂျက်ပစီလူမျိုးတွေနေတဲ့ အိမ်လောက်ကို နေရာလွတ်တွေရလာလိမ့်မယ်။
ဒါလိုကားမျိုးက လိုအင်ဆန္ဒအတိုင်းပြည့်စုံစေတဲ့ ကားမျိုးလေ။ လူတွေအတွက်
အဓိပ္ပာယ်ပြည့်ဝစေတဲ့ ကားမျိုးလေ။ မိသားစုများများနဲ့ ကုန်များများလဲ
သယ်နိုင်ပြီး၊ လမ်းပေါ်မှာ အမြင်တင့်တယ်စေသလို၊ အတွင်းပိုင်းလိုပဲ၊
အပြင်ဘက်ကလဲ သိပ်မကြီးလှပါဘူး။ ရော်ဘာတွေကို မလောင်ကျွမ်းစေသလို၊
စွမ်းအားတွေလဲ များပြားလှပါတယ်။ ဇိမ်ခံကားသက်သက်မဟုတ်သေးပါဘူး။
သေသပ်ပြီး၊ ဂျာမနီထုတ် တန်ဖိုးကြီးကားတွေမှာ တောင်မှ မကြာသေးမီမှ
ပါဝင်လာတဲ့ စံနှုန်းမြင့်ပစ္စည်းတွေလဲ ပါဝင်ပါသေးတယ်။
ခင်ဗျားကိုယ်ရေးကိုယ်သွေးကို ပြောင်းသွားစေမယ့်၊ စျေးလဲသက်သာမယ့်
လက်တွေ့ကျကျကားမျိုးရှာနေတယ်ဆိုရင်တော့၊ ဒီကားသာ ဝယ်လိုက်ပါတော့။
Chevrolet Captiva LT
ဓာတ်ဆီအင်ဂျင်: l ဆလင်ဒါ
လေးလုံး၊ ၂.၀လီတာ တာဘို ဒီဇယ်
Power: 163 bhp @ 3,800rpm
Torque: 400 Nm @ 2,000rpm
Acceleration အရှိန်: 0-100 km/h in 9.5 seconds ( ၉.၅ စက္ကန့်တွင် 0-100 km/h)
Transmission ထုတ်လွှတ်အား : အလိုအလျောက် ခြောက်ဆနှုန်း Six-speed
automatic, All Wheel Drive
ဆီစားနှုန်း: 8.8lt/100km
အလေးချိန်: 1986kg
Zawgyi version…
Captiva Escape
သင့်လျှော်တယ်လေ။
.
အကြိုက်ပိုလာတာပေါ့။chevrolet-captiva-7
ပျင်းရိလာတယ်။
မတူဘူးပေါ့။
အင်ဂျီနီယာတွေကလဲ ပြောစရာတွေရှိသလို၊ ဈေးကွက်သမားတွေကလဲ
စူးရှတဲ့ အကြံဥာဏ်တွေ ရှိနိုင်တာပဲ။) ယောက်ျားဆန်ဆန်