Unicode version…
ကားစျေးကွက်ထွန်းကားလာမှုနဲ့အတူ ပြည်တွင်းကို Brand မျိုးစုံဝင်ရောက်လာပါတယ်။အဲဒီမှာ လူငယ်တွေအကြိုက် Sport type ပြိုင်ကားတွေလည်းဝင်ရောက်လာခဲ့ပါတယ်။ ဒါကြောင့် လူငယ်တွေက အပြိုင်အဆိုင် မိမိကားတွေကို modify လုပ်လာကြပါတယ်။ဒီလိုလုပ်လာကြတဲ့နောက်မှာတော့ ကားတွေကို အဓိက Modify လုပ်တဲ့ Workshop တွေပေါ်ထွက်လာကြတဲ့ထဲက နာမည်ကျော်လူကြိုက်များတဲ့ modify workshop တစ်ခုနဲ့မိတ်ဆက်ပေးပါရစေ…
မေး။ပထမဆုံးအနေနဲ့အစ်ကို ဒီဆိုင်လေးဖွင့်ဖြစ်ပုံရည်ရွယ်ချက်လေးနဲ့ဘယ်တုန်းကစတင်ဖွင့်လှစ်ခဲ့တယ်ဆိုတာ မိတ်ဆက်ပြောပြပေးပါ။
ဖြေ။ ဒီဆိုင်ကို စတင်လုပ်ကိုင်ခဲ့တာက ၂၀၁၆၃လပိုင်းကစလုပ်ခဲ့တယ်။သက်တမ်းအနေနဲ့ကတော့ တစ်နှစ်ကျော် ပဲရှိသေးတယ်။ဒီဆိုင်လေးကိုလုပ်ဖြစ် သွားတဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့လို ကားချစ်သူတွေ ပြိုင်ကား ကြိုက်တဲ့သူတွေ ကားလေးတွေကို အလှဆင်ချင်တဲ့သူတွေ ကားဒီဇိုင်း ကိုသူများနဲ့မတူ သီးသန့်ခွဲထွက်ပြီး စီးချင်တဲ့သူတွေ အတွက်ပေါ့။ဒီနိုင်ငံမှာက ဒီလိုကားတွေကို Modify လုပ်ပေးနိုင်တဲ့ဆိုင်တွေကနည်းသေးတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ကားတွေကိုဒီလိုမျိုး Modify လုပ်ရတာစိတ်ဝင်စားတာကြောင့် ဖွင့်လှစ်ဖြစ်ခဲ့တာ ပါ။
မေး။ဒီဆိုင်မှာ ဘယ်လိုကားအမျိုးအစားတွေ Modify လုပ်လို့ရလဲ။ ပြင်ဆင်လိုတဲ့ ဒီဇိုင်းပုံစံ ကို ကိုယ်တိုင်ရွေးချယ်လို့ရလား။
ဖြေ။ဆိုင်မှာ Modify လုပ်ချင်တယ်ဆိုရင်တော့ စီးပွားရေးလုပ်ငန်းသုံး တဲ့ကုန်တင်ကားကြီးတွေကလွဲ ပြိုင်ကားတွေ၊ အိမ်စီးကားတွေအားလုံး လုပ်ပေးပါတယ်။ ဆိုင်မှာ Modify လာလုပ်မယ်ဆိုရင် ပိုင်ရှင်ကိုယ်တိုင် စိတ်ကြိုက်ဒီဇိုင်းကို ပုံစံပြတာတို့ ပြောပြပြီး လုပ်နိုင်သလို ကျွန်တော်တို့ဘက်က လည်း သူများနဲ့မတူတဲ့ ဒီဇိုင်းမျိုးကိုမှ အလှဆင်ချင်တယ်ဆိုရင်လည်း အကောင်းဆုံးဆောင်ရွက်ပေးပါတယ်။ဒီနိုင်ငံမှာက တံခါးနှစ် ပေါက်ပြိုင်ကားတွေတင်သွင်းခွင့် ကန့်သတ်ချက်ရှိတာရယ် ပြိုင်ကားချစ်တဲ့သူတွေ ရှိတာကြောင့် အိမ်စီး စလွန်းကားအများစုကတော့ ပြိုင်ကားပုံစံ မျိုး Modify လာလုပ်ကြတာများတယ်။တစ်ခုရှိတာက လုပ်တဲ့ သူတွေက ဓါတ်ပုံပြပြီး ဒီပုံအတိုင်းလုပ်ပေး ဆိုပြီးလာရင်တောင် ကားပုံစံကိုကြည့်ပြီး တကယ်လိုက်ဖက်မှပဲ ဆောင်ရွက်ပေးတယ်။ကျွန်တော်တို့ကအခကြေးငွေယူပြီး လုပ်ပေးတာဖြစ်တဲ့အတွက် လာလုပ်တဲ့သူလည်း အဆင်ပြေမယ့်ဒီဇိုင်းမျိုးကိုရွေးချယ်ပေးပါတယ်။သူကြိုက်တဲ့ ပုံစံကိုပဲဖြစ်အောင်လုပ်ပေးပါဆိုရင်တော့ မှားယွင်း နေတဲ့အပိုင်း ဆိုရင်မလုပ်ဖို့ အတွက် ရှင်းပြပါတယ်။
မေး။ပြိုင်ကားပုံစံမျိုး ကြိုက်နှစ်သက်သူတွေအတွက် body ပိုင်းကိုပဲ Modify လုပ်ပေးတာလား။ပြိုင်ကားနဲ့အိမ်စီးကားတို့ ရဲ့ကွာခြားချက်လေးကိုလဲ ရှင်းပြပေးပါ။
ဖြေ။ ပြိုင်ကားနဲ့ပုံစံတူအောင်ကတော့ body ပိုင်းကိုပဲ Modify အဓိကလုပ်ပေးတာပါ။ အိမ်စီးကားပဲဖြစ်ဖြစ် ပြိုင်ကားပဲဖြစ်ဖြစ် ဘရိတ်က အရေး ကြီးဆုံးပါ။ပြိုင်ကားဆိုတာမျိုးက အရှိန်ပြင်း မောင်းနှင်မယ်၊ရုတ်တရက်ချိုး ကွေ့ပြီး dirft ဆွဲမယ်ဆိုရင် Safety ဖြစ်ဖို့အတွက်ဘရိတ်နဲ့ Suspension ကတခြား ကားတွေထက် ပိုကောင်းဖို့လိုပါ တယ်။အဲ့ဒီ့အတွက်လည်း ကားချစ်သူတွေသိအောင်ရှင်းပြပေးပါတယ်။
မေး။ အကို့ဆီမှာ အခြားဘာService တွေလုပ်ပေးပါသေးသလဲ။
ဖြေ။ ဟုတ်ကဲ့ ကျနော်တို့ဆီမှာ ဆေးမှုတ်ခြင်း၊ဘော်ဒီပြုပြင်ခြင်း၊စက်ပေါ်လစ်တိုက်ပေးခြင်း၊အတွင်း ခန်း သန့်ရှင်းရေးလုပ်ပေးခြင်း စတာတွေအပြင် အပိုပစ္စည်းတွေကိုပါရောင်းချပေးနေပါတယ်။
မေး။ ကားအလှဆင်ချင်သူတွေကို စကားလက်ဆောင်လေးပြောပေးပါဦး။
ဖြေ။ အခုဆိုရင်ပြည်တွင်းမှာ modify လုပ်ပေးတဲ့ Service တွေများလာပါပြီ။ဒါပေမဲ့ Quality ကိုဦးစားပေးတဲ့ နေရာကတော့ ရှားပါတယ်။Modify လုပ်မယ်ဆိုရင် စိတ်ချရပြီး သေသပ်တဲ့နေရာမျိုးကိုရွေးချယ်သင့်ပါတယ်။ ဒါမှသာ ငွေကုန်ရကျိုးနပ်မှဖြစ်သလို ကိုယ့်ကားကလည်းအခြားကားတွေကြားမှာ ထင်ထင်ရှားရှားဖြစ်လာ စေမှာပါ။
နေနွယ်
Zawgyi version…
ကားေစ်းကြက္ထြန္းကားလာမွဳနဲ႕အတူ ျပည္တြင္းကုိ Brand မ်ိဳးစုံဝင္ေရာက္လာပါတယ္။အဲဒီမွာ လူငယ္ေတြအၾကိဳက္ Sport type ျပိဳင္ကားေတြလည္းဝင္ေရာက္လာခဲ့ပါတယ္။ ဒါေၾကာင့္ လူငယ္ေတြက အျပိဳင္အဆုိင္ မိမိကားေတြကုိ modify လုပ္လာၾကပါတယ္။ဒီလုိလုပ္လာၾကတဲ့ေနာက္မွာေတာ့ ကားေတြကုိ အဓိက Modify လုပ္တဲ့ Workshop ေတြေပၚထြက္လာၾကတဲ့ထဲက နာမည္ေက်ာ္လူၾကိဳက္မ်ားတဲ့ modify workshop တစ္ခုနဲ႕မိတ္ဆက္ေပးပါရေစ…
ေမး။ပထမဆံုးအေနနဲ႔အစ္ကို ဒီဆိုင္ေလးဖြင့္ျဖစ္ပံုရည္ရြယ္ခ်က္ေလးနဲ႔ဘယ္တုန္းကစတင္ဖြင့္လွစ္ခဲ့တယ္ဆိုတာ မိတ္ဆက္ေျပာျပေပးပါ။
ေျဖ။ ဒီဆိုင္ကို စတင္လုပ္ကိုင္ခဲ့တာက ၂၀၁၆၃လပိုင္းကစလုပ္ခဲ့တယ္။သက္တမ္းအေနနဲ႔ကေတာ့ တစ္ႏွစ္ေက်ာ္ ပဲရွိေသးတယ္။ဒီဆိုင္ေလးကိုလုပ္ျဖစ္ သြားတဲ့ရည္ရြယ္ခ်က္ကေတာ့ ကၽြန္ေတာ္တို႔လို ကားခ်စ္သူေတြ ၿပိဳင္ကား ႀကိဳက္တဲ့သူေတြ ကားေလးေတြကို အလွဆင္ခ်င္တဲ့သူေတြ ကားဒီဇိုင္း ကိုသူမ်ားနဲ႔မတူ သီးသန္႕ခြဲထြက္ၿပီး စီးခ်င္တဲ့သူေတြ အတြက္ေပါ့။ဒီနိုင္ငံမွာက ဒီလိုကားေတြကို Modify လုပ္ေပးနိုင္တဲ့ဆိုင္ေတြကနည္းေသးတယ္။ ကၽြန္ေတာ္ ကိုယ္တိုင္လည္း ကားေတြကိုဒီလိုမ်ိဳး Modify လုပ္ရတာစိတ္၀င္စားတာေၾကာင့္ ဖြင့္လွစ္ျဖစ္ခဲ့တာ ပါ။
ေမး။ဒီဆိုင္မွာ ဘယ္လိုကားအမ်ိဳးအစားေတြ Modify လုပ္လို႔ရလဲ။ ျပင္ဆင္လိုတဲ့ ဒီဇိုင္းပံုစံ ကို ကိုယ္တိုင္ေရြးခ်ယ္လို႔ရလား။
ေျဖ။ဆိုင္မွာ Modify လုပ္ခ်င္တယ္ဆိုရင္ေတာ့ စီးပြားေရးလုပ္ငန္းသံုး တဲ့ကုန္တင္ကားႀကီးေတြကလြဲ ၿပိဳင္ကားေတြ၊ အိမ္စီးကားေတြအားလံုး လုပ္ေပးပါတယ္။ ဆိုင္မွာ Modify လာလုပ္မယ္ဆိုရင္ ပိုင္ရွင္ကိုယ္တိုင္ စိတ္ႀကိဳက္ဒီဇိုင္းကို ပံုစံျပတာတို႔ ေျပာျပၿပီး လုပ္နိုင္သလို ကၽြန္ေတာ္တို႔ဘက္က လည္း သူမ်ားနဲ့မတူတဲ့ ဒီဇိုင္းမ်ိဳးကိုမွ အလွဆင္ခ်င္တယ္ဆိုရင္လည္း အေကာင္းဆံုးေဆာင္ရြက္ေပးပါတယ္။ဒီနိုင္ငံမွာက တံခါးႏွစ္ ေပါက္ၿပိဳင္ကားေတြတင္သြင္းခြင့္ ကန္႕သတ္ခ်က္ရွိတာရယ္ ၿပိဳင္ကားခ်စ္တဲ့သူေတြ ရွိတာေၾကာင့္ အိမ္စီး စလြန္းကားအမ်ားစုကေတာ့ ၿပိဳင္ကားပံုစံ မ်ိဳး Modify လာလုပ္ၾကတာမ်ားတယ္။တစ္ခုရွိတာက လုပ္တဲ့ သူေတြက ဓါတ္ပံုျပၿပီး ဒီပံုအတိုင္းလုပ္ေပး ဆိုၿပီးလာရင္ေတာင္ ကားပံုစံကိုၾကည့္ၿပီး တကယ္လိုက္ဖက္မွပဲ ေဆာင္ရြက္ေပးတယ္။ကၽြန္ေတာ္တို႔ကအခေၾကးေငြယူၿပီး လုပ္ေပးတာၿဖစ္တဲ့အတြက္ လာလုပ္တဲ့သူလည္း အဆင္ေျပမယ့္ဒီဇိုင္းမ်ိဳးကိုေရြးခ်ယ္ေပးပါတယ္။သူႀကိဳက္တဲ့ ပံုစံကိုပဲျဖစ္ေအာင္လုပ္ေပးပါဆိုရင္ေတာ့ မွားယြင္း ေနတဲ့အပိုင္း ဆိုရင္မလုပ္ဖို႔ အတြက္ ရွင္းျပပါတယ္။
ေမး။ၿပိဳင္ကားပံုစံမ်ိဳး ႀကိဳက္ႏွစ္သက္သူေတြအတြက္ body ပိုင္းကိုပဲ Modify လုပ္ေပးတာလား။ၿပိဳင္ကားနဲ့အိမ္စီးကားတို႔ ရဲ႕ကြာျခားခ်က္ေလးကိုလဲ ရွင္းျပေပးပါ။
ေျဖ။ ၿပိဳင္ကားနဲ႔ပံုစံတူေအာင္ကေတာ့ body ပိုင္းကိုပဲ Modify အဓိကလုပ္ေပးတာပါ။ အိမ္စီးကားပဲျဖစ္ျဖစ္ ၿပိဳင္ကားပဲျဖစ္ျဖစ္ ဘရိတ္က အေရး ႀကီးဆံုးပါ။ၿပိဳင္ကားဆိုတာမ်ိဳးက အရွိန္ျပင္း ေမာင္းႏွင္မယ္၊ရုတ္တရက္ခ်ိဳး ေကြ႕ၿပီး dirft ဆြဲမယ္ဆိုရင္ Safety ျဖစ္ဖို႔အတြက္ဘရိတ္နဲ႔ Suspension ကတျခား ကားေတြထက္ ပိုေကာင္းဖို႔လိုပါ တယ္။အဲ့ဒီ့အတြက္လည္း ကားခ်စ္သူေတြသိေအာင္ရွင္းျပေပးပါတယ္။
ေမး။ အကုိ႕ဆီမွာ အျခားဘာService ေတြလုပ္ေပးပါေသးသလဲ။
ေျဖ။ ဟုတ္ကဲ့ က်ေနာ္တို႕ဆီမွာ ေဆးမွဳတ္ျခင္း၊ေဘာ္ဒီျပဳျပင္ျခင္း၊စက္ေပၚလစ္တုိက္ေပးျခင္း၊အတြင္း ခန္း သန္႕ရွင္းေရးလုပ္ေပးျခင္း စတာေတြအျပင္ အပုိပစၥည္းေတြကုိပါေရာင္းခ်ေပးေနပါတယ္။
ေမး။ ကားအလွဆင္ခ်င္သူေတြကုိ စကားလက္ေဆာင္ေလးေျပာေပးပါဦး။
ေျဖ။ အခုဆုိရင္ျပည္တြင္းမွာ modify လုပ္ေပးတဲ့ Service ေတြမ်ားလာပါျပီ။ဒါေပမဲ့ Quality ကုိဦးစားေပးတဲ့ ေနရာကေတာ့ ရွားပါတယ္။Modify လုပ္မယ္ဆုိရင္ စိတ္ခ်ရျပီး ေသသပ္တဲ့ေနရာမ်ိဳးကုိေရြးခ်ယ္သင့္ပါတယ္။ ဒါမွသာ ေငြကုန္ရက်ိဳးနပ္မွျဖစ္သလုိ ကုိယ့္ကားကလည္းအျခားကားေတြၾကားမွာ ထင္ထင္ရွားရွားျဖစ္လာ ေစမွာပါ။
ေနႏြယ္