Zawgyi version..
ကမၻာတစ္ဝွမ္းလံုးရွိ ယာဥ္ေမာင္းသူမ်ား အမ်ားဆံုးျပဳလုပ္ေလ့ရွိၾကသည့္အမွားမ်ားအနက္မွ တစ္ခုမွာ ေဘးၾကည့္မွန္ကို ေနရာမွန္ကန္စြာ မထားၾကျခင္းျဖစ္သည္။ ေမာ္ေတာ္ယာဥ္ထုတ္လုပ္သူမ်ားသည္ စတင္ထုတ္လုပ္စဥ္ကပင္ ကြၽန္ေတာ္တို႔အတြက္ ၾကည့္မွန္ ၃မ်ိဳး
(ဘယ္ဘက္ေဘးၾကည့္မွန္၊ ညာဘက္ေဘးၾကည့္မွန္ႏွင့္ ေနာက္ၾကည့္မွန္) ကို တပ္ဆင္ေပးလိုက္ျခင္းမွာ ယာဥ္ေမာင္းသူမ်ားအေနျဖင့္ မိမိတို႔လိုရာခရီးကို စိတ္ခ်လံုျခံဳစြာႏွင့္ သက္ေသာင့္သက္သာရွိစြာ ေမာင္းႏွင္ႏိုင္ေစရန္ျဖစ္သည္။ ယာဥ္ေမာင္းသူတစ္ေယာက္ျဖစ္ေသာ သင့္အေနႏွင့္ ၿပိဳင္ကားၿပိဳင္ပြဲအတြင္းေမာင္းႏွင္ေနသည္ျဖစ္ေစ၊ သင္ယာဥ္ေမာင္းေနစဥ္ သင့္ျမင္ကြင္းအတြင္းဝင္လာေသာ ေခ်ာေမာလွပသည့္ မိန္းမပ်ိဳကို ဖ်တ္ကနဲ လွမ္းၾကည့္ရန္ျဖစ္ေစ၊ လိုရာပန္းတိုင္ကို ေအာင္ေအာင္ျမင္ျမင္ေရာက္ရန္ မွန္ေနရာအထားအသိုအခ်ိန္အဆက လြန္စြာအေရးႀကီးပါသည္။
မွန္ကိုု ေနရာတက်ခ်ိန္ျခင္း
ေနာက္ၾကည့္မွန္သည္ သင့္ယာဥ္ေနာက္မွန္၏ အလည္ဗဟိုကို ခ်ိန္ထားရမည္ျဖစ္ၿပီး သင့္ယာဥ္ေနာက္ရွိ ျမင္ကြင္းအစံုအလင္ကို ျမင္ႏိုင္ရန္ျဖစ္သည္။
ေဘးၾကည့္မွန္ကို သင့္ယာဥ္၏ ေဘာ္ဒီကို မျမင္ရေသာ အေနအထားအထိ ခ်ိန္ရန္ျဖစ္ၿပီး ေဘးရွိျဖတ္သန္းေက်ာ္တက္လာမည့္ အရာမ်ားကို ယာဥ္ေမာင္းသူအေနျဖင့္ ရွင္းရွင္းလင္းလင္း ျမင္ႏိုင္သည္အထိ ခ်ိန္ရမည္ျဖစ္သည္။
+ အားသာခ်က္
သင့္ယာဥ္၏ ပတ္လည္ ၃၆၀ ဒီဂရီကို ရွင္းလင္းျပတ္သားစြာ ျမင္ႏိုင္မည္ျဖစ္သည္။ ယာဥ္ေမာင္းအေနျဖင့္ ျမင္ႏိုင္သည့္ ဧရိယာကို ပိုမိုက်ယ္ျပန္႔ေစသျဖင့္ ယာဥ္မေတာ္တဆျဖစ္မႈကို ေလ်ာ့နည္းေစႏိုင္ပါသည္။ ယာဥ္ေမာင္းေနစဥ္အတြင္း ေခါင္းလႈပ္ရွားမႈမ်ားစြာျပဳရန္လည္း မလိုေတာ့ေပ (ယင္းအခ်က္မွာ ၿပိဳင္ကားေမာင္းသူမ်ားအတြက္ လြန္စြာအေထာက္အကူျဖစ္ေစပါသည္) အက်ိဳးဆက္အေနျဖင့္ သင့္ေဘးပတ္ဝန္းက်င္ရွိ ေခ်ာေမာလွပေသာ၊ ခန္႔ညားေသာ အမ်ိဳးသား အမ်ိဳးသမီးမ်ားကို ၾကည့္ျမင္ႏိုင္မည္ျဖစ္သည္။
– အားနည္းခ်က္
ယာဥ္ကို parking ထိုးရာတြင္ အခက္အခဲရွိျခင္း (လိုအပ္လွ်င္ parking ထိုးေနစဥ္ မွန္ကို ျပန္ခ်ိန္ႏိုင္ပါသည္)
သင့္သြားၾကားထဲတြင္ လၻက္သုတ္အဖတ္ကပ္ေနမေန မျမင္ႏိုင္ေတာ့ျခင္း
(စိတ္မပူပါႏွင့္၊ သင့္ယာဥ္ေပၚတြင္ vanity mirror ဟုေခၚေသာ အလွၾကည့္မွန္ပါရွိပါေသးသည္)
မမွန္ကန္ေသာ မွန္အေနအထားခ်ိန္ဆမႈ
ကားေဘာ္ဒီကိုသာျမင္ႏိုင္ျခင္း
Blind spot ဟုေခၚေသာ ယာဥ္ေမာင္းသူမ်ားအတြက္ အလြန္အႏၱရာယ္မ်ားသည့္ မိမိျမင္ကြင္းတြင္းမွေပ်ာက္ေနေသာ ဧရိယာပမာဏကို ပိုမိုက်ယ္ဝန္းေစျခင္း စေသာ ဆိုးက်ိဳးမ်ားရလာႏိုင္ပါသည္။
+ အားသာခ်က္
သင္ေန႔လည္စာစားထားေသာ လၻက္သုတ္ သြားၾကားညပ္ေန၊ မေနကို မွန္ၾကည့္ၿပီး ေသေသခ်ာခ်ာစစ္ေဆးႏိုင္မည္ျဖစ္သည္။
– အားနည္းခ်က္
သင့္ပတ္ဝန္းက်င္ကို မွန္ထဲတြင္ ျမင္ရသေလာက္အေနအထားသာသိရွိႏိုင္ျခင္း၊ blind spot ဧရိယာကို ပိုမိုက်ယ္ဝန္းေစျခင္း၊ ဦးေခါင္းလႈပ္ရွားမႈပိုမိုျပဳလုပ္ရျခင္း၊ ေနာက္ၾကည့္မွန္မွ မျမင္ရေသာေၾကာင့္ ကားရွင္းသည္အေနျဖင့္ ဘယ္ညာ တိမ္းရာတြင္ ေနာက္ကားမွ မိမိကားအား ဟြန္းတီးျခင္း စသျဖင့္ အာ႐ံုကို ႐ႈပ္ေထြးေစပါတယ္။
Unicode version..
ကြည့်မှန်များကို စနစ်တကျထားရှိခြင်း
ကမ္ဘာတစ်ဝှမ်းလုံးရှိ ယာဉ်မောင်းသူများ အများဆုံးပြုလုပ်လေ့ရှိကြသည့်အမှားများအနက်မှ တစ်ခုမှာ ဘေးကြည့်မှန်ကို နေရာမှန်ကန်စွာ မထားကြခြင်းဖြစ်သည်။ မော်တော်ယာဉ်ထုတ်လုပ်သူများသည် စတင်ထုတ်လုပ်စဉ်ကပင် ကျွန်တော်တို့အတွက် ကြည့်မှန် ၃မျိုး
(ဘယ်ဘက်ဘေးကြည့်မှန်၊ ညာဘက်ဘေးကြည့်မှန်နှင့် နောက်ကြည့်မှန်) ကို တပ်ဆင်ပေးလိုက်ခြင်းမှာ ယာဉ်မောင်းသူများအနေဖြင့် မိမိတို့လိုရာခရီးကို စိတ်ချလုံခြုံစွာနှင့် သက်သောင့်သက်သာရှိစွာ မောင်းနှင်နိုင်စေရန်ဖြစ်သည်။ ယာဉ်မောင်းသူတစ်ယောက်ဖြစ်သော သင့်အနေနှင့် ပြိုင်ကားပြိုင်ပွဲအတွင်းမောင်းနှင်နေသည်ဖြစ်စေ၊ သင်ယာဉ်မောင်းနေစဉ် သင့်မြင်ကွင်းအတွင်းဝင်လာသော ချောမောလှပသည့် မိန်းမပျိုကို ဖျတ်ကနဲ လှမ်းကြည့်ရန်ဖြစ်စေ၊ လိုရာပန်းတိုင်ကို အောင်အောင်မြင်မြင်ရောက်ရန် မှန်နေရာအထားအသိုအချိန်အဆက လွန်စွာအရေးကြီးပါသည်။
မှန်ကိုု နေရာတကျချိန်ခြင်း
နောက်ကြည့်မှန်သည် သင့်ယာဉ်နောက်မှန်၏ အလည်ဗဟိုကို ချိန်ထားရမည်ဖြစ်ပြီး သင့်ယာဉ်နောက်ရှိ မြင်ကွင်းအစုံအလင်ကို မြင်နိုင်ရန်ဖြစ်သည်။
ဘေးကြည့်မှန်ကို သင့်ယာဉ်၏ ဘော်ဒီကို မမြင်ရသော အနေအထားအထိ ချိန်ရန်ဖြစ်ပြီး ဘေးရှိဖြတ်သန်းကျော်တက်လာမည့် အရာများကို ယာဉ်မောင်းသူအနေဖြင့် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်အထိ ချိန်ရမည်ဖြစ်သည်။
+ အားသာချက်
သင့်ယာဉ်၏ ပတ်လည် ၃၆၀ ဒီဂရီကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်မည်ဖြစ်သည်။ ယာဉ်မောင်းအနေဖြင့် မြင်နိုင်သည့် ဧရိယာကို ပိုမိုကျယ်ပြန့်စေသဖြင့် ယာဉ်မတော်တဆဖြစ်မှုကို လျော့နည်းစေနိုင်ပါသည်။ ယာဉ်မောင်းနေစဉ်အတွင်း ခေါင်းလှုပ်ရှားမှုများစွာပြုရန်လည်း မလိုတော့ပေ (ယင်းအချက်မှာ ပြိုင်ကားမောင်းသူများအတွက် လွန်စွာအထောက်အကူဖြစ်စေပါသည်) အကျိုးဆက်အနေဖြင့် သင့်ဘေးပတ်ဝန်းကျင်ရှိ ချောမောလှပသော၊ ခန့်ညားသော အမျိုးသား အမျိုးသမီးများကို ကြည့်မြင်နိုင်မည်ဖြစ်သည်။
– အားနည်းချက်
ယာဉ်ကို parking ထိုးရာတွင် အခက်အခဲရှိခြင်း (လိုအပ်လျှင် parking ထိုးနေစဉ် မှန်ကို ပြန်ချိန်နိုင်ပါသည်)
သင့်သွားကြားထဲတွင် လ္ဘက်သုတ်အဖတ်ကပ်နေမနေ မမြင်နိုင်တော့ခြင်း
(စိတ်မပူပါနှင့်၊ သင့်ယာဉ်ပေါ်တွင် vanity mirror ဟုခေါ်သော အလှကြည့်မှန်ပါရှိပါသေးသည်)
မမှန်ကန်သော မှန်အနေအထားချိန်ဆမှု
ကားဘော်ဒီကိုသာမြင်နိုင်ခြင်း
Blind spot ဟုခေါ်သော ယာဉ်မောင်းသူများအတွက် အလွန်အန္တရာယ်များသည့် မိမိမြင်ကွင်းတွင်းမှပျောက်နေသော ဧရိယာပမာဏကို ပိုမိုကျယ်ဝန်းစေခြင်း စသော ဆိုးကျိုးများရလာနိုင်ပါသည်။
+ အားသာချက်
သင်နေ့လည်စာစားထားသော လ္ဘက်သုတ် သွားကြားညပ်နေ၊ မနေကို မှန်ကြည့်ပြီး သေသေချာချာစစ်ဆေးနိုင်မည်ဖြစ်သည်။
– အားနည်းချက်
သင့်ပတ်ဝန်းကျင်ကို မှန်ထဲတွင် မြင်ရသလောက်အနေအထားသာသိရှိနိုင်ခြင်း၊ blind spot ဧရိယာကို ပိုမိုကျယ်ဝန်းစေခြင်း၊ ဦးခေါင်းလှုပ်ရှားမှုပိုမိုပြုလုပ်ရခြင်း၊ နောက်ကြည့်မှန်မှ မမြင်ရသောကြောင့် ကားရှင်းသည်အနေဖြင့် ဘယ်ညာ တိမ်းရာတွင် နောက်ကားမှ မိမိကားအား ဟွန်းတီးခြင်း စသဖြင့် အာရုံကို ရှုပ်ထွေးစေပါတယ်။