Zawgyi version….
by Carleton Matson & Ye Kyaw Swar
ကားေ၀ါ့ေရွာ့ တစ္ခု ဖြင့္ထားေသာ ဖခင္ တစ္ေယာက္၏ သားအေနျဖင့္ ကားႏွင့္ပတ္သက္ေသာ အေၾကာင္းအရာမ်ားႏွင့္ အကၽြမ္းတ၀င္ ရင္းႏွီးမွဳရွိေနသည္မွာ ထူးဆန္းသည့္ ကိစၥတစ္ခုမဟုတ္ေပ။ တစ္ခ်ိဳ ့အေၾကာင္းအရာ ျပႆနာမ်ားသည္ ကားတြင္ပါရွိေသာ Manual စာအုပ္ထဲ တြင္ အေျဖရွာလို ့မရပဲ ေန ့စဥ္ၾကံဳေတြ ့ေနရေသာ အေတြ ့အၾကံဳမ်ားကို အေျခခံျပီး အေျဖရွာရတာမ်ိဳးေတြ အမ်ားအျပားရွိပါတယ္ ။ ေ၀ါ့ေရွာ့တြင္ ေန ့စဥ္ႏွင့္အမ်ွ ၾကံဳေတြ ့ေနရသည္မွာ ကားမ်ား ပ်က္စီးမွု ၊ ခၽြတ္ယြင္းမွဳ မ်ားပင္ျဖစ္ျပီး ထိုသို ့ပ်က္စီးခၽြတ္ယြင္းမွဳ ၾကီးၾကီးမားမား မျဖစ္ေစရန္ မိမိကားအား ပံုမွန္ အခ်ိန္မွန္ စစ္ေဆးျခင္းမ်ိဳးျပဳလုပ္ျခင္းျဖင့္ ၾကိဳတင္သိရွိကာကြယ္ႏိုင္သည္ကို နားလည္ သေဘာေပါက္ခဲ ့ပါတယ္ ။
ယခုလို ယာဥ္အေၾကာင္း အေတြ ့အၾကံဳေပါင္းမ်ားစြာ ေၾကာင့္ ယာဥ္ပံုမွန္စစ္ေဆးျခင္း အခန္းကဏၰကို Centurion Auto’s driver training တြင္ ေခါင္းစဥ္တစ္ခု အေနျဖင့္ ထည့္သြင္း ေဆြးေႏြး သင္ၾကားပါတယ္ ။ ယာဥ္စစ္ေဆးမွဳျပဳလုပ္ရာတြင္ ေန ့စဥ္စစ္ေဆးျခင္း ၊ အပတ္စဥ္စစ္ေဆးျခင္း ႏွင့္ လစဥ္စစ္ေဆးျခင္းဆိုျပီး ပံုမွန္စစ္ေဆးရပါတယ္ ။ ေန ့စဥ္ႏွင့္အမၽွ ထိေတြ ့စစ္ေဆးေနျခင္းအားျဖင့္ မိမိကားအား တစ္စံုတစ္ရာ ၾကီးၾကီးမားမား မျဖစ္ခင္ ၾကိဳတင္သိရွိႏိုင္ျခင္း ၊ အခ်ိန္ႏွင့္ ေငြကုန္ ေၾကးက် သက္သာျခင္း ၊ မိမိကားအေၾကာင္းကို ပိုမို နားလည္သေဘာ ေပါက္လာျခင္း စသည့္ အက်ိဳးေက်းဇူးမ်ား ရရွိပါမည္ ျဖစ္ပါတယ္ ။
ေန ့စဥ္ စစ္ေဆးျခင္း
ေန ့စဥ္စစ္ေဆးျခင္း သည္ အလြန္ အေျခခံက်ေသာ စစ္ေဆးျခင္းမ်ိဳးျဖစ္ျပီး မိမိကားအား စတင္ မေမာင္းႏွင္ခင္ လွ်င္ျမန္စြာ စစ္ေဆးႏိုင္ေသာ စစ္ေဆးမွုမ်ိဳးျဖစ္ပါတယ္ ။ အေျခခံအားျဖင့္ အျမင္ျဖင့္သာ စစ္ေဆးသည့္ ပံုစံမ်ိဳးျဖစ္ျပီး အခ်ိန္ ၃ မိနစ္ခန္ ့သာ အသံုးျပဳရပါတယ္ ။
အင္ဂ်င္ခန္း ဆီမ်ား : အင္ဂ်င္၀ိုုင္ ၊ ဘရိတ္ဆီ ၊ coolant ၊ ပါ၀ါစတီရင္ ဆီ လယ္ဗယ္ တို ့သည္ရွိ သင့္သည့္ အမွတ္အေနအထားေအာက္ ေရာက္ရွိ ေနပါက ခ်က္ခ်င္း ေနာက္တစ္ဆင့္ ထက္မံ အေျဖရွာ ဖုိ ့လို လာပါျပီ ။ ( ယုိစိမ္ ့မွဳ ရွိႏိုင္ျခင္း ၊ အရည္အေသြး မေကာင္းေသာဆီ သံုးထားျခင္း )
အင္ဂ်င္ခန္း ပန္ကာၾကိဳးမ်ား : အင္ဂ်င္ခန္းအတြင္းရွိ ပန္ကာၾကိဳးမ်ားရွိ လိုင္းမ်ား ကြဲျခင္း ၊ ဖြာေနျခင္း ႏွင့္ အျခားဆီယိုစိမ္ ့မွဳ ရွိမရွိတို ့ကို တဆက္တည္း လ်င္ျမန္စြာ ၾကည့္ရွဳ စစ္ေဆးႏိုင္ပါတယ္ ။
ဘတၳရီ: ဘတၱရီႏွင့္ ဆက္စပ္ေနေသာ ၀ါယာၾကိဳးမ်ား ႏွင့္ ဘတၳရီ ဆားေပါက္ ျခင္းတို ့အား ၾကည့္ရွဳ ရပါမယ္ ။
တာယာ: တာယာအားလံုးအား ေလေလ်ာ့မွဳ ၊ သံဆူးမွု စသည္တို ့ရွိမရွိကို အျမင္ျဖင့္ စစ္ေဆးႏိုင္ပါတယ္ ။
ကားေဘာ္ဒီ: ကားေဘာ္ဒီ တစ္ခုလံုးကို ထိခုိက္ ရာ ၊ ပြန္းပဲ ့ရာ ၊ စသည္တို ့ရွိမရွိကို အျမင္ ျဖင့္ ၾကည့္ရွဳ စစ္ေဆးႏိုင္ပါတယ္ ။I
အပတ္စဥ္ စစ္ေဆးျခင္း ။
အပတ္စဥ္ စစ္ေဆးျခင္းသည္ လည္း အခ်ိန္ တိုတိုႏွင့္စစ္ေဆးျခင္းပံုစံမ်ိဳးျဖစ္ျပီး ေန ့စဥ္စစ္ေဆးျခင္းမ်ား ႏွင့္ယွဥ္လွ်င္ တစ္ခ်ိဳ ့အရာမ်ားသည္ အေသးစိတ္ စစ္ေဆးရပါတယ္ ။ အပတ္စဥ္စစ္ေဆးသင့္ ေသာ အရာမ်ားမွာ
တာယာေလေပါင္စစ္ေဆးျခင္း တာယာတစ္လံုးစီတိုင္းတြင္ ရွိေသာ ေလေပါင္မ်ားအား စစ္ေဆးျခင္းႏွင့္ ေလယိုစိမ္ ့မွု ရွိမရွိ စစ္ေဆးျခင္း ။
TIRE PSI CHECK
ကားအတြင္းခန္း သန္ ့ရွင္းေရး : ကားအတြင္းခန္းရွိ အမွိဳက္သရိုက္မ်ားႏွင့္ မလိုအပ္ေသာ ပစၥည္းမ်ားအား ရွင္းလင္းဖယ္ရွားျခင္းျဖင့္ မိမိကားအား သန္ ့ရွင္းေစျခင္း ၊ ေဘးကင္းစြာ ေမာင္းႏွင္ႏိုင္ျခင္း ။
ကားအျပင္ပိုင္း သန္ ့ရွင္းေရး : မိမိကာားအား အနည္းဆံုး တစ္ပတ္တစ္ခါ ေဆးေၾကာျခင္းျဖင့္ ကားေဘာ္ဒီေပၚ၌ ကပ္ေနေသာ ဖုန္ ၊ ကတၱရာ စသည္တို ့ကို ဖယ္ရွားႏိုင္ျပီး မိမိကားေဆးအား ၾကာရွည္စြာ ထိန္းသိမ္းႏိုင္ပါတယ္ ။ မိမိကားအား ေဆးေၾကာေနစဥ္တြင္ တစ္ခ်ိန္တည္းတြင္ ကား ေဘာ္ဒီကုိ လည္း စစ္ေဆးႏိုင္ပါတယ္ ။
လစဥ္စစ္ေဆးျခင္း ။
လစဥ္စစ္ေဆးျခင္းသည္ အေရးၾကီးေသာ စစ္ေဆးမွုမ်ိဳးျဖစ္ျပီး မိမိကား၏ အေျခအေန ယိုယြင္းလာသည္ကို ၾကိဳတင္သိရွိႏိုင္ေသာ စစ္ေဆးမွုမ်ိဳးျဖစ္ပါတယ္ ။လစဥ္စစ္ေဆးမွုမ်ိဳး ျပဳလုပ္ဖို ့ကားပိုင္းဆိုင္ရာ ကိရိယာ အနည္းငယ္ႏွင့္ အခ်ိန္ တစ္နာရီ ခြဲ ခန္ ့လိုအပ္ပါတယ္ ။ လစဥ္စစ္ေဆးျခင္း ျပဳလုပ္ရမည့္ အရာမ်ားမွာ –
အင္ဂ်င္ခန္းအတြင္းရွိ ပန္ကာၾကိဳးမ်ား : အဆိုပါပန္ကာၾကိဳးမ်ား၏ အတြင္းဘက္ အျခမ္းရွိ လိုင္းမ်ားအား အက္ကြဲျခင္း ၊ ဖြာလန္ၾကဲေနျခင္း ၊ ေဆြးေျမ ့ျခင္း ရွိမရွိ လက္ျဖင့္ စမ္းသပ္ျခင္း ၊ မွန္ျဖင့္ ေထာက္ၾကည့္ျခင္း စသည္ျဖင့္ စမ္းသပ္ႏိုင္ပါတယ္ ။
အင္ဂ်င္ခန္းအတြင္းရွိ ပိုက္မ်ား: engine coolant ပိုက္ႏွင့္ အင္ဂ်င္ခန္းအတြင္းရွိ ပိုက္ေပ်ာ့မ်ား ယိုစိမ္ ့မွုရွိမရွိႏွင္ ့အဆိုပါပိုက္မ်ားသည္ အလြန္ မာေက်ာၾကြတ္ဆပ္ျခင္း အလြန္ေပ်ာ့ေနျခင္း စသည္တို ့ျဖစ္ပါက အသစ္လဲလွယ္ရန္ လိုအပ္ပါတယ္ ။
ေလစစ္မ်ား : ေလစစ္မ်ားအား ထုတ္ယူျပီး စစ္ေဆးကာ ေလမွုတ္စက္ စသည္တို ့ျဖင့္ ဖုန္ ႏွင့္ အညစ္အေၾကးမ်ားအား ဖယ္ရွားႏိုင္ပါတယ္ ။ ထိုသို ့ျပဳလုပ္ျခင္းအားျဖင့္ အဆိုပါေလစစ္မ်ား အား ၾကာရွည္စြာအသံုးျပဳႏိုင္ျခင္း ၊ အင္ဂ်င္စြမ္းေဆာင္ရည္ပိုေကာင္းကာ ဆီစားႏွုန္းအား ပိုမို သက္သာ ေစပါတယ္ ။
ဘတၳရီစစ္ေဆးျခင္း: ဘတၱရီအား စစ္ေဆးရာတြင္ မီတာျဖင့္ေထာက္ကာ စက္ႏွိဳးစဥ္ႏွင့္ စက္သတ္ထား စဥ္ႏွစ္မ်ိဳးလံုးကို တိုင္းတာျပီး voltage ကို ႏွိုင္းယွဥ္ကာ ရွိသင့္ေသာ voltage ရွိမရွိ ၊ ပံုမွန္အားျဖင့္ ဘတၱရီတစ္လံုးသည္ စက္ရပ္ထားစဥ္တြင္ 12.5+ volts ႏွင့္ စက္ႏိုးထားစဥ္ တြင္ 14+ volts ခန္ ့ရွိပါတယ္ ။
၀ိုက္ပါ မ်ား : ၀ိုက္ပါမ်ားအား ေပ်ာ့ေနျခင္း ၊ ကြဲေနျခင္းတို ့စစ္ေဆးျပီး သန္ ့ရွင္းေရးလုပ္ေပးျခင္း ၊
အဲကြန္း Cabin Filter: အဆုိပါ အဲကြန္း ေလစစ္သည္ မိမိကားတြင္းေလအား သန္ ့ရွင္းေစရန္ ႏွင့္ ဖုန္ မ်ား မ၀င္ေစရန္ ကာကြယ္ေပးပါတယ္ ။ တစ္လတစ္ၾကိမ္ခန္ ့ျဖဳတ္ယူ စစ္ေဆးျပီး ေလမွုတ္စက္ စသည္တို ့ျဖင့္ သန္ ့ရွင္းေရးျပဳလုပ္ေပးရပါမယ္ ။ လိုအပ္ပါက ဘက္တီးရီးယား သတ္ေသာ ေဆးရည္မ်ိဳးျဖန္းေပးထားသင့္ပါတယ္ ။
ေရွာ့ဘားမ်ား: ကားဘီးမ်ားရွိသည့္ ေဒါင့္မွေနျပီး ကားအား ဖိၾကည့္ျပီး အဆိုပါ ေရွာ့ဘားမ်ား၏ တံု ့ျပန္မွု တစ္ခုစီကို စမ္းသပ္ႏိုင္ပါတယ္ ။ ပံုမွန္ေရွာ့ဘားမ်ားသည္ ညင္သာ ေခ်ာေမြ ့စြာ ဖိအားကန္အားကို ျပေလ ့ရွိျပီး အနည္းငယ္ ယိုယြင္းလာေသာ ေရွာ့ဘားမ်ားသည္ အလြယ္တကူ ဖိႏိုင္ျခင္း ၊ မာလြန္းျခင္း ၊ ျပန္ကန္ထြက္သည့္အခါ ပံုမွန္မဟုတ္ပဲ ခုုန္ေနျခင္း စသည္ျဖင့္ သိိရွိနိုင္ပါတယ္ ။
ဘရိတ္မ်ား: ဘရိတ္မ်ားကို စစ္ေဆးရာတြင္ ဒရမ္ရွိ ဘရိတ္အရာမ်ား အစင္းရာမ်ား စသည္တို ့ကို ၾကည့္ရွဳရပါမယ္ ။ ဘရိတ္ရွဴး အထူအပါး ကိုလည္းစစ္ေဆးရပါမယ္ ။ ပံုမွန္အားျဖင့္ ဘရိတ္ရွူးအထူသည္ ၎ႏွင့္ကပ္လ်က္ရွိေသာ ဘရိတ္ အထိုင္ခြက္ႏွင့္ တူညီေသာ အထူျဖစ္ေနပါက မၾကာခင္အတြင္း အသစ္ျပန္လည္လွဲလွယ္ဖို ့လိုအပ္ပါတယ္ ။
VIEW ON BRAKE PADS ON CAR
ကားေအာက္ပိုင္းအားစစ္ေဆးျခင္း: ကားေအာက္ပိုင္းစစ္ေဆးရာတြင္ မိမိကားအား ဂ်ိဳက္ျဖင့္ေထာက္ကာ ေဘာဂၽြိဳင္းမ်ား ၊ လင့္တန္းမ်ား ၊ ဘြတ္ရွ္မ်ား ႏွင့္ ဆီယိုစိမ္ ့ျခင္းမ်ား ရွိမရွိ စစ္ေဆးရပါမယ္ ။ တာယာအား ေျမျပင္ႏွင့္ ေျမွာက္သည္အထိ ဂ်ိဳက္ေထာက္ကာ တာယာ၏ ဘယ္ညာမွ လည္းေကာင္း ၊ အထက္ေအာက္မွ လည္းေကာင္း ကိုင္ကာ ရမ္းၾကည့္ျခင္းအားျဖင္ ့ စမ္းၾကည့္ႏိုင္ပါတယ္ ။ ထိုသို ့စစ္ေဆးစဥ္ မူမမွန္ေသာ တုန္ခါမွုမ်ိဳး တစံုတရာ ေတြ ့ရွိပါက ေ၀ါ့ေရွာ့သုိ ့ပို ့ျပီး တုိက္ေရာ့ႏွင့္ ေဘာဂၽြိဳင့္မ်ား လဲသင့္ မလဲသင့္ စစ္ေဆးသင့္ပါတယ္ ။ ဂ်ိဳက္ေထာက္ရာတြင္ က်န္ဘီးမ်ားအား ဂ်မ္းတံုးခုထားျခင္း ႏွင့္ ဂ်ိဳက္ေထာက္ထားေသာ ေနရာတြင္ သစ္သားတံုးမ်ား ကားေအာက္တြင္ ခံထားျခင္းျဖင့္ ကားေရြ ့လ်ားျခင္း ဂ်ိဳက္ျပဳတ္က်ျခင္း ေၾကာင့္ လူပိျခင္းတို ့မွ ကာကြယ္ထားႏိုင္ပါတယ္ ။
ALWAYS USE A JACKSTAND
အထက္ပါ စစ္ေဆးမွုမ်ားျပဳလုပ္ရျခင္းသည္ အလုပ္အနည္းငယ္ ရွုပ္သည္မွန္ေသာ္လည္း ယခုကဲ ့သုိ ့ ၾကိဳတင္စစ္ေဆးမွုမ်ားျပဳလုပ္ျခင္းအားျဖင့္ မိမိကားအား ၾကာရွည္စြာ ပံုမပ်က္သံုးစြဲ နိုင္ျခင္း ၊ ျပင္ဆင္စရိတ္ ကုန္က်မွု နည္းပါးျခင္း ၊ မိမိကားအေၾကာင္းအား ပိုမို နားလည္သေဘာ ေပါက္ ျခင္း စသည့္ အက်ိဳးေက်းဇူးမ်ား ရရွိမွာ အမွန္ပင္ျဖစ္ပါတယ္။ ထပ္ေလာင္းေျပာပါရလ်ွင္ မိမိကားအား မည္သည့္အခ်ိန္တြင္ ေ၀ါ့ေရွာ့သို ့ပို ့ရမည္ စသည္ျဖင့္ ၾကိဳတင္ျပင္ဆင္ႏိုင္ျပီး အခ်ိန္ကုန္ လည္းသက္သာေစပါတယ္ ။
Unicode version…
Education:
by Carleton Matson & Ye Kyaw Swar
“Preventive Maintenance” ယာဉ်ပုံမှန်စစ်ဆေးခြင်း
ကားဝေါ့ရှော့ တစ်ခု ဖွင့်ထားသော ဖခင် တစ်ယောက်၏ သားအနေဖြင့် ကားနှင့်ပတ်သက်သော အကြောင်းအရာများနှင့် အကျွမ်းတဝင် ရင်းနှီးမှုရှိနေသည်မှာ ထူးဆန်းသည့် ကိစ္စတစ်ခုမဟုတ်ပေ။ တစ်ချို ့အကြောင်းအရာ ပြဿနာများသည် ကားတွင်ပါရှိသော Manual စာအုပ်ထဲ တွင် အဖြေရှာလို ့မရပဲ နေ ့စဉ်ကြုံတွေ ့နေရသော အတွေ ့အကြံုများကို အခြေခံပြီး အဖြေရှာရတာမျိုးတွေ အများအပြားရှိပါတယ် ။ ဝေါ့ရှော့တွင် နေ ့စဉ်နှင့်အမျှ ကြံုတွေ ့နေရသည်မှာ ကားများ ပျက်စီးမှု ၊ ချွတ်ယွင်းမှု များပင်ဖြစ်ပြီး ထိုသို ့ပျက်စီးချွတ်ယွင်းမှု ကြီးကြီးမားမား မဖြစ်စေရန် မိမိကားအား ပုံမှန် အချိန်မှန် စစ်ဆေးခြင်းမျိုးပြုလုပ်ခြင်းဖြင့် ကြိုတင်သိရှိကာကွယ်နိုင်သည်ကို နားလည် သဘောပေါက်ခဲ ့ပါတယ် ။
ယခုလို ယာဉ်အကြောင်း အတွေ ့အကြံုပေါင်းများစွာ ကြောင့် ယာဉ်ပုံမှန်စစ်ဆေးခြင်း အခန်းကဏ္ဏကို Centurion Auto’s driver training တွင် ခေါင်းစဉ်တစ်ခု အနေဖြင့် ထည့်သွင်း ဆွေးနွေး သင်ကြားပါတယ် ။ ယာဉ်စစ်ဆေးမှုပြုလုပ်ရာတွင် နေ ့စဉ်စစ်ဆေးခြင်း ၊ အပတ်စဉ်စစ်ဆေးခြင်း နှင့် လစဉ်စစ်ဆေးခြင်းဆိုပြီး ပုံမှန်စစ်ဆေးရပါတယ် ။ နေ ့စဉ်နှင့်အမျှ ထိတွေ ့စစ်ဆေးနေခြင်းအားဖြင့် မိမိကားအား တစ်စုံတစ်ရာ ကြီးကြီးမားမား မဖြစ်ခင် ကြိုတင်သိရှိနိုင်ခြင်း ၊ အချိန်နှင့် ငွေကုန် ကြေးကျ သက်သာခြင်း ၊ မိမိကားအကြောင်းကို ပိုမို နားလည်သဘော ပေါက်လာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိပါမည် ဖြစ်ပါတယ် ။
နေ ့စဉ် စစ်ဆေးခြင်း
နေ ့စဉ်စစ်ဆေးခြင်း သည် အလွန် အခြေခံကျသော စစ်ဆေးခြင်းမျိုးဖြစ်ပြီး မိမိကားအား စတင် မမောင်းနှင်ခင် လျှင်မြန်စွာ စစ်ဆေးနိုင်သော စစ်ဆေးမှုမျိုးဖြစ်ပါတယ် ။ အခြေခံအားဖြင့် အမြင်ဖြင့်သာ စစ်ဆေးသည့် ပုံစံမျိုးဖြစ်ပြီး အချိန် ၃ မိနစ်ခန် ့သာ အသုံးပြုရပါတယ် ။
အင်ဂျင်ခန်း ဆီများ : အင်ဂျင်ဝိုုင် ၊ ဘရိတ်ဆီ ၊ coolant ၊ ပါ၀ါစတီရင် ဆီ လယ်ဗယ် တို ့သည်ရှိ သင့်သည့် အမှတ်အနေအထားအောက် ရောက်ရှိ နေပါက ချက်ချင်း နောက်တစ်ဆင့် ထက်မံ အဖြေရှာ ဖို ့လို လာပါပြီ ။ ( ယိုစိမ် ့မှု ရှိနိုင်ခြင်း ၊ အရည်အသွေး မကောင်းသောဆီ သုံးထားခြင်း )
အင်ဂျင်ခန်း ပန်ကာကြိုးများ : အင်ဂျင်ခန်းအတွင်းရှိ ပန်ကာကြိုးများရှိ လိုင်းများ ကွဲခြင်း ၊ ဖွာနေခြင်း နှင့် အခြားဆီယိုစိမ် ့မှု ရှိမရှိတို ့ကို တဆက်တည်း လျင်မြန်စွာ ကြည့်ရှု စစ်ဆေးနိုင်ပါတယ် ။
ဘတ္ထရီ: ဘတ္တရီနှင့် ဆက်စပ်နေသော ၀ါယာကြိုးများ နှင့် ဘတ္ထရီ ဆားပေါက် ခြင်းတို ့အား ကြည့်ရှု ရပါမယ် ။
တာယာ: တာယာအားလုံးအား လေလျော့မှု ၊ သံဆူးမှု စသည်တို ့ရှိမရှိကို အမြင်ဖြင့် စစ်ဆေးနိုင်ပါတယ် ။
ကားဘော်ဒီ: ကားဘော်ဒီ တစ်ခုလုံးကို ထိခိုက် ရာ ၊ ပွန်းပဲ ့ရာ ၊ စသည်တို ့ရှိမရှိကို အမြင် ဖြင့် ကြည့်ရှု စစ်ဆေးနိုင်ပါတယ် ။I
အပတ်စဉ် စစ်ဆေးခြင်း ။
အပတ်စဉ် စစ်ဆေးခြင်းသည် လည်း အချိန် တိုတိုနှင့်စစ်ဆေးခြင်းပုံစံမျိုးဖြစ်ပြီး နေ ့စဉ်စစ်ဆေးခြင်းများ နှင့်ယှဉ်လျှင် တစ်ချို ့အရာများသည် အသေးစိတ် စစ်ဆေးရပါတယ် ။ အပတ်စဉ်စစ်ဆေးသင့် သော အရာများမှာ
တာယာလေပေါင်စစ်ဆေးခြင်း တာယာတစ်လုံးစီတိုင်းတွင် ရှိသော လေပေါင်များအား စစ်ဆေးခြင်းနှင့် လေယိုစိမ် ့မှု ရှိမရှိ စစ်ဆေးခြင်း ။
TIRE PSI CHECK
ကားအတွင်းခန်း သန် ့ရှင်းရေး : ကားအတွင်းခန်းရှိ အမှိုက်သရိုက်များနှင့် မလိုအပ်သော ပစ္စည်းများအား ရှင်းလင်းဖယ်ရှားခြင်းဖြင့် မိမိကားအား သန် ့ရှင်းစေခြင်း ၊ ဘေးကင်းစွာ မောင်းနှင်နိုင်ခြင်း ။
ကားအပြင်ပိုင်း သန် ့ရှင်းရေး : မိမိကာားအား အနည်းဆုံး တစ်ပတ်တစ်ခါ ဆေးကြောခြင်းဖြင့် ကားဘော်ဒီပေါ်၌ ကပ်နေသော ဖုန် ၊ ကတ္တရာ စသည်တို ့ကို ဖယ်ရှားနိုင်ပြီး မိမိကားဆေးအား ကြာရှည်စွာ ထိန်းသိမ်းနိုင်ပါတယ် ။ မိမိကားအား ဆေးကြောနေစဉ်တွင် တစ်ချိန်တည်းတွင် ကား ဘော်ဒီကို လည်း စစ်ဆေးနိုင်ပါတယ် ။
လစဉ်စစ်ဆေးခြင်း ။
လစဉ်စစ်ဆေးခြင်းသည် အရေးကြီးသော စစ်ဆေးမှုမျိုးဖြစ်ပြီး မိမိကား၏ အခြေအနေ ယိုယွင်းလာသည်ကို ကြိုတင်သိရှိနိုင်သော စစ်ဆေးမှုမျိုးဖြစ်ပါတယ် ။လစဉ်စစ်ဆေးမှုမျိုး ပြုလုပ်ဖို ့ကားပိုင်းဆိုင်ရာ ကိရိယာ အနည်းငယ်နှင့် အချိန် တစ်နာရီ ခွဲ ခန် ့လိုအပ်ပါတယ် ။ လစဉ်စစ်ဆေးခြင်း ပြုလုပ်ရမည့် အရာများမှာ –
အင်ဂျင်ခန်းအတွင်းရှိ ပန်ကာကြိုးများ : အဆိုပါပန်ကာကြိုးများ၏ အတွင်းဘက် အခြမ်းရှိ လိုင်းများအား အက်ကွဲခြင်း ၊ ဖွာလန်ကြဲနေခြင်း ၊ ဆွေးမြေ ့ခြင်း ရှိမရှိ လက်ဖြင့် စမ်းသပ်ခြင်း ၊ မှန်ဖြင့် ထောက်ကြည့်ခြင်း စသည်ဖြင့် စမ်းသပ်နိုင်ပါတယ် ။
အင်ဂျင်ခန်းအတွင်းရှိ ပိုက်များ: engine coolant ပိုက်နှင့် အင်ဂျင်ခန်းအတွင်းရှိ ပိုက်ပျော့များ ယိုစိမ် ့မှုရှိမရှိနှင် ့အဆိုပါပိုက်များသည် အလွန် မာကျောကြွတ်ဆပ်ခြင်း အလွန်ပျော့နေခြင်း စသည်တို ့ဖြစ်ပါက အသစ်လဲလှယ်ရန် လိုအပ်ပါတယ် ။
လေစစ်များ : လေစစ်များအား ထုတ်ယူပြီး စစ်ဆေးကာ လေမှုတ်စက် စသည်တို ့ဖြင့် ဖုန် နှင့် အညစ်အကြေးများအား ဖယ်ရှားနိုင်ပါတယ် ။ ထိုသို ့ပြုလုပ်ခြင်းအားဖြင့် အဆိုပါလေစစ်များ အား ကြာရှည်စွာအသုံးပြုနိုင်ခြင်း ၊ အင်ဂျင်စွမ်းဆောင်ရည်ပိုကောင်းကာ ဆီစားနှုန်းအား ပိုမို သက်သာ စေပါတယ် ။
ဘတ္ထရီစစ်ဆေးခြင်း: ဘတ္တရီအား စစ်ဆေးရာတွင် မီတာဖြင့်ထောက်ကာ စက်နှိုးစဉ်နှင့် စက်သတ်ထား စဉ်နှစ်မျိုးလုံးကို တိုင်းတာပြီး voltage ကို နှိုင်းယှဉ်ကာ ရှိသင့်သော voltage ရှိမရှိ ၊ ပုံမှန်အားဖြင့် ဘတ္တရီတစ်လုံးသည် စက်ရပ်ထားစဉ်တွင် 12.5+ volts နှင့် စက်နိုးထားစဉ် တွင် 14+ volts ခန် ့ရှိပါတယ် ။
၀ိုက်ပါ များ : ၀ိုက်ပါများအား ပျော့နေခြင်း ၊ ကွဲနေခြင်းတို ့စစ်ဆေးပြီး သန် ့ရှင်းရေးလုပ်ပေးခြင်း ၊
အဲကွန်း Cabin Filter: အဆိုပါ အဲကွန်း လေစစ်သည် မိမိကားတွင်းလေအား သန် ့ရှင်းစေရန် နှင့် ဖုန် များ မဝင်စေရန် ကာကွယ်ပေးပါတယ် ။ တစ်လတစ်ကြိမ်ခန် ့ဖြုတ်ယူ စစ်ဆေးပြီး လေမှုတ်စက် စသည်တို ့ဖြင့် သန် ့ရှင်းရေးပြုလုပ်ပေးရပါမယ် ။ လိုအပ်ပါက ဘက်တီးရီးယား သတ်သော ဆေးရည်မျိုးဖြန်းပေးထားသင့်ပါတယ် ။
ရှော့ဘားများ: ကားဘီးများရှိသည့် ဒေါင့်မှနေပြီး ကားအား ဖိကြည့်ပြီး အဆိုပါ ရှော့ဘားများ၏ တုံ ့ပြန်မှု တစ်ခုစီကို စမ်းသပ်နိုင်ပါတယ် ။ ပုံမှန်ရှော့ဘားများသည် ညင်သာ ချောမွေ ့စွာ ဖိအားကန်အားကို ပြလေ ့ရှိပြီး အနည်းငယ် ယိုယွင်းလာသော ရှော့ဘားများသည် အလွယ်တကူ ဖိနိုင်ခြင်း ၊ မာလွန်းခြင်း ၊ ပြန်ကန်ထွက်သည့်အခါ ပုံမှန်မဟုတ်ပဲ ခုုန်နေခြင်း စသည်ဖြင့် သိိရှိနိုင်ပါတယ် ။
ဘရိတ်များ: ဘရိတ်များကို စစ်ဆေးရာတွင် ဒရမ်ရှိ ဘရိတ်အရာများ အစင်းရာများ စသည်တို ့ကို ကြည့်ရှုရပါမယ် ။ ဘရိတ်ရှူး အထူအပါး ကိုလည်းစစ်ဆေးရပါမယ် ။ ပုံမှန်အားဖြင့် ဘရိတ်ရှူးအထူသည် ၎င်းနှင့်ကပ်လျက်ရှိသော ဘရိတ် အထိုင်ခွက်နှင့် တူညီသော အထူဖြစ်နေပါက မကြာခင်အတွင်း အသစ်ပြန်လည်လှဲလှယ်ဖို ့လိုအပ်ပါတယ် ။
VIEW ON BRAKE PADS ON CAR
ကားအောက်ပိုင်းအားစစ်ဆေးခြင်း: ကားအောက်ပိုင်းစစ်ဆေးရာတွင် မိမိကားအား ဂျိုက်ဖြင့်ထောက်ကာ ဘောဂျွိုင်းများ ၊ လင့်တန်းများ ၊ ဘွတ်ရှ်များ နှင့် ဆီယိုစိမ် ့ခြင်းများ ရှိမရှိ စစ်ဆေးရပါမယ် ။ တာယာအား မြေပြင်နှင့် မြှောက်သည်အထိ ဂျိုက်ထောက်ကာ တာယာ၏ ဘယ်ညာမှ လည်းကောင်း ၊ အထက်အောက်မှ လည်းကောင်း ကိုင်ကာ ရမ်းကြည့်ခြင်းအားဖြင် ့ စမ်းကြည့်နိုင်ပါတယ် ။ ထိုသို ့စစ်ဆေးစဉ် မူမမှန်သော တုန်ခါမှုမျိုး တစုံတရာ တွေ ့ရှိပါက ဝေါ့ရှော့သို ့ပို ့ပြီး တိုက်ရော့နှင့် ဘောဂျွိုင့်များ လဲသင့် မလဲသင့် စစ်ဆေးသင့်ပါတယ် ။ ဂျိုက်ထောက်ရာတွင် ကျန်ဘီးများအား ဂျမ်းတုံးခုထားခြင်း နှင့် ဂျိုက်ထောက်ထားသော နေရာတွင် သစ်သားတုံးများ ကားအောက်တွင် ခံထားခြင်းဖြင့် ကားရွေ ့လျားခြင်း ဂျိုက်ပြုတ်ကျခြင်း ကြောင့် လူပိခြင်းတို ့မှ ကာကွယ်ထားနိုင်ပါတယ် ။
ALWAYS USE A JACKSTAND
အထက်ပါ စစ်ဆေးမှုများပြုလုပ်ရခြင်းသည် အလုပ်အနည်းငယ် ရှုပ်သည်မှန်သော်လည်း ယခုကဲ ့သို ့ ကြိုတင်စစ်ဆေးမှုများပြုလုပ်ခြင်းအားဖြင့် မိမိကားအား ကြာရှည်စွာ ပုံမပျက်သုံးစွဲ နိုင်ခြင်း ၊ ပြင်ဆင်စရိတ် ကုန်ကျမှု နည်းပါးခြင်း ၊ မိမိကားအကြောင်းအား ပိုမို နားလည်သဘော ပေါက် ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမှာ အမှန်ပင်ဖြစ်ပါတယ်။ ထပ်လောင်းပြောပါရလျှင် မိမိကားအား မည်သည့်အချိန်တွင် ဝေါ့ရှော့သို ့ပို ့ရမည် စသည်ဖြင့် ကြိုတင်ပြင်ဆင်နိုင်ပြီး အချိန်ကုန် လည်းသက်သာစေပါတယ် ။