Unicode version…

 

တာယာ

လူအများသတိမထားမိသော ကားတစ်စီး၏ အရေးအကြီးဆုံးသော အစိတ်အပိုင်း ။

ကျွန်တော့်ဆီကိုလာတဲ့ သူတွေက သူတို့ရဲ ့ကားကို ပိုမိုစွမ်းဆောင်ရည်ကောင်းအောင် ပြုလုပ်ဖို ့ပြောတဲ့အခါတိုင်း “ ငါ့ကားကို ပိုမြန်အောင် ပိုပြီးစွမ်းဆောင်ရည်ကောင်းအောင် လုပ်ချင်တယ် ” ဆိုတာပါပဲ ။ Chevrolet Corvette, BMW M5, Ferrari 488, စသောကားများဖြစ်စေ၊ ပုံမှန်အိမ်စီးကားပင်ဖြစ်စေ အင်ဂျင်ပိုင်းဆိုင်ရာ ပြုပြင်ခြင်းက ကားတစ်စီးရဲ ့ စွမ်းဆောင်ရည်ကို အကောင်းဆုံး ဖြစ်စေနိုင်တယ်လို ့ယူဆလေ ့ရှိကြပါတယ်။ ရိုးရိုးသားသားပြောရရင် ကျွန်တော်လည်း အင်ဂျင်ပိုင်းဆိုင်ရာတွေ ဖြစ်တဲ့ (cams, heads, headers, intakes, ecu, etc) စသည်တို့ကို ပြန်ပြီးပြုပြင်ပြောင်းလဲရတာကို သဘော ကျပါတယ် ။ ဒါပေမယ့် အထက်ပါ ပြုပြင်မွမ်းမံမှုတွေက ကားတစ်စီး ပိုမိုမြန်ဆန် ကောင်းမွန်အောင် သွားလာနိုင်ဖို ့အရင်ဦးစားပေးလုပ်ရမည့် အရာမဟုတ်ပါဘူး ။ ကားတစ်စီး၏ အဓိက လုပ်ဆောင်ချက် ( ၃ ) ချက်ရှိပါတယ် ။ အဆိုပါ အချက် ( ၃ ) ချက်ကို ကောင်းမွန်စွာ လုပ်နိုင်ပြီးမှ နောက်ဆက်တွဲ ပြုပြင်မွမ်းမံတာတွေကို ပြုလုပ်နိုင်ပါတယ် ။ အဲဒီ အချက် ( ၃ ) ချက်ကတော့ …

ရပ်ခြင်း
ကွေ ့ခြင်း
မောင်းနှင်ခြင်း ( သွားခြင်း )

ပြိုင်ကားတစ်စီး မောင်းနှင်တဲ့အချိန်မှာ ဘရိတ်အသုံးပြုခြင်း ၊ ချိုးကွေ ့ခြင်း ၊ အရှိန်တင် မောင်းနှင်ခြင်းတို့ကိုဟန်ချက်ညီညီအသုံးချနိုင်ဖို့လိုပါတယ်။အဲဒီလို စွမ်း ဆောင်နိုင်ဖို ့အတွက် ( ယာဉ်မောင်းသူ ပြီးရင် ) ကားတစ်စီးလုံးရဲ့အစိတ်အပိုင်းတစ်ခုကသာ ထိန်းချုပ် ဆောင်ရွက်ပေးနိုင်ပါတယ် ။အဲဒါကတော့ တာယာပါပဲ ။ တာယာကသာလျှင် မြေပြင်နှင့် ကုပ်အားယူပြီးကားရပ်ခြင်း ၊ ကားကွေ ့ခြင်း ၊ အရှိန်ဖြင့် မောင်းနှင်ခြင်းတို ့ကို ပြု လုပ်ပေးနိုင်ပါတယ် ။ ဟောင်းနွမ်းပြီး အရည်အသွေးမကောင်းတော့တဲ ့ကားတာယာတွေကို အသုံးပြုနေမယ်ဆိုရင်ဘရိတ်တွေ ၊ ရှော့ဘားတွေ ၊အင်ဂျင်တွေဘယ်လိုပဲ အဆင့်မြှင့် ထားပါစေ ကားတစ်စီးရဲ ့မြင့်မားတဲ ့စွမ်းဆောင်ရည်ကို ရရှိနိုင်မှာ မဟုတ်ပါဘူး ။. အသစ်စက်စက် တာယာ တစ်စုံဟာ ဆိုရင်တော့ အထက်ဖေါ်ပြပါ အချက်တွေနဲ ့ဆန် ့ကျင်ဖက် စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာပါ ။ ဒါကြောင့် formula One နှင့် အချို ့ကားပြိုင်ပွဲတွေမှာ ပြိုင်ကားတွေရပ်နားပြီး ကားတာယာတွေ လဲနိုင်တဲ ့နေရာတွေ အများအပြားထားရှိပေးထား တာတွေ ့ရမှာပါ ။ ဒီလနည်းပညာဆိုင်ရာ ဆောင်းပါးမှ ကျွန်တော်အဓိကထား ဆွေးနွေးချင် တာကတော့ တာယာတွေအကြောင်းပါ ။ ဒီအကြောင်းအရာဟာ ကားမောင်းတဲ ့သူတိုင်းသိရှိ ထားသင့်တဲ ့အရေးကြီးတဲ ့အချက်တစ်ခုဖြစ်ပါတယ် ။

တာယာအမျိုးအစားများ

ကျွန်တော်အခုဆွေးနွေးသွားမယ့် တာယာတွေကတော့ ယေဘုယျအားဖြင့် ပုံမှန်အိ်မ်စီးကား တွေ မှာတပ်ဆင်လေ့ရှိတဲ ့တာယာမျိုးတွေပဲ ဖြစ်ပါတယ် ။ ဒီနေ ့စျေးကွက်ထဲမှာ ဆိုရင် အဓိကအနေနဲ ့တာယာအမျိုးအစား ( ၄ ) မျိုးတွေ ့ရှိနိုင်ပါတယ် ။

1- Racing Slick Tyres:

သွင်ပြင် ။ ။ စေးကပ်တဲ ့ရာဘာအမျိုးအစားဖြစ်တယ် ၊ ပန်းလုံးဝမပါ ၊ ကြာရှည်အသုံးမခံပါ၊ အသံကျယ်လောင်ပါတယ် ။

အားသာချက် ။ ။ ခြောက်သွေ ့ပြီးညီညာတဲ့လမ်းတွေမှာ ကုပ်အား အပြည့်ရရှိစေပါတယ် ။ တာယာဗြက်ကျယ်သောကြောင့် အရှိန်ဖြင့်ကွေ ့နိုင်ပါတယ် ။

အားနည်းချက်။ ။ လမ်းမကောင်းတဲ ့နေရာ ၊ မိုးရွာတဲ ့အချိန် ၊ ရွွှံ့နွံထဲစသည်တို ့တွင် မောင်းနှင်လျှင် ကုပ်အား မရနိုင်သောကြောင့် အသုံးမဝင်ပါဘူး ။

တပ်ဆင်လေ့ရှိသော ကားအမျိုးအစား ။ ။ ပြိုင်ကားများ ၊ မြန်မာနိုင်ငံရှိ လိုင်းကားများ ( တာယာများပန်းလုံးဝမရှိသည်အထိ မောင်းနှင်နေသည်ကို တွေ ့ရပါတယ် ).

2- Sports Car Tyres:

သွင်ပြင် ။ ။ စေးကပ်တဲ ့ရာဘာအမျိုးအစားနှင့် ပြုလုပ်ထားပြီး ရေခွဲလိုင်း ရေထုတ်လိုင်း ပါသောကြောင့် အသင့်အတင့် ရေစိုနေတဲ ့လမ်းတွေမှာ ကုပ်နိုင်စွမ်းရှိပါတယ်။ သူလဲပဲ ကြာရှည်စွာ အသုံးမခံပါဘူး ။ စျေးကြီးတယ် ၊ အသံကျယ်တယ် ။ ဗြက်ကျယ်လို ့ထိန်းချုပ် မောင်းနှင်ရ လွယ်ကူပြီး ရေထွက်နိုင်အောင် လုပ်ထားတဲ ့ပန်းတွေပါ၀င်ပါတယ် ။

အားသာချက် ။ ။ မျက်နှာပြင်ညီညာပြီး ခြောက်သွေ ့တဲ ့လမ်းတွေမှာ ဆိုရင် ကုပ်အားကောင်းပါတယ်။ ပန်းပါပြီး ထူသောတာယာ မျက်နှာပြင်ရှိတဲ့အတွက် ရေစို နေတဲ ့လမး်နှင့် အကွေ ့တို ့တွင် ကောင်းစွာမောင်းနှင်နိုင်ပါတယ် ။

အာနည်းချက် ။ ။ စျေးကြီးတယ် ။ ရာဘာမျက်နှာပြင်ကျယ်သောကြောင့် အသံကျယ်တယ်။ တာယာပန်းများစားတာမြန်တယ် ။ နှင်း ၊ ရွှံ့စသည်တို ့တွင် မောင်းရန် အဆင်မပြေပါ ။

တပ်ဆင်လေ ့ရှိသော ကားအမျိုးအစား ။ ။ Sports car အကောင်းစားတွေ ၊ စလွန်းကားတွေ။

3- All Season Tyres:

သွင်ပြင် ။ ။ ယေဘုယျအားဖြင့် ရာသီဥတု မျိုးစုံမှာအသုံးပြုလို ့ရအောင် ထုတ်လုပ်ထားခြင်းဖြစ်ပါတယ် ။ ခြောက်သွေ ့သော ၊ ရေရှိသော ၊ နှင်း ( သို ့ )ရွှံ့ စသည့်လမ်းများအားလုံးတွင် အသုံးပြုနိုင်အောင် တာယာပန်းတွင် လိုင်းများ ၊ အတုံးများ ဖြင့် ရောနှောထားပါတယ်။

အားသာချက် – စျေးနှုန်းသက်သာခြင်း ၊ ရာသီဥတု အမျိုးမျိုးတွင် အသုံးပြုနိုင်ခြင်း ၊ ကြာရှည်အသုံး ပြုနိုင်ခြင်း ။

အားနည်းချက် – အပူဒါဏ်မခံနိုင်ခြင်း ။ ရာသီဥတုအားလုံးတွင် အသုံးပြုလုပ်ရအောင်ပြုလုပ်ထားသောကြောင့် မည်သည့်အခြေအနေတွင်မဆို အားနည်း ချက် အနည်းငယ်ရှိပါတယ် ။

တပ်ဆင်လေ့ရှိသော ကားအမျိုးအစား ။ ။ အိမ်စီးကားများ ၊ Light Trucks ၊ MPV

4-Off-Road Tyres:

သွင်ပြင် ။ ။ ကြီမားတဲ ့ block တုံးပုံ ပန်းတွေ ပါရှိတဲ ့ဒီဇိုင်းမျိုးဖြစ်ပြီး ထူထပ်တဲ ့ရွှံ့၊ နှင်း အစရှိတာတွေပေါ်မှာ မောင်းနှင်နိုင်အောင် ပြုလုပ်ပေးထားတဲ့တာယာမျိုးပါ ။ အရွယ်အ စားကြီးပါတယ် ။

အားသာချက် ။ ။ ဘလောက်တုံးပုံပန်းတွေက မညီမညာရှိတဲ့လမ်းမျိုးမှာ ကုပ်အားအပြည့်အဝပေးနိုင်ပါတယ်။ ပိုမိုမာကြောသော ရာဘာအမျိုးအစားဖြင့် ပြုလုပ်ထား ခြင်းဖြစ်သောကြောင့် ကြာရှည်အသုံးခံပါတယ် ။

အားနည်းချက် ။ ။ ပုံမှန် ကောင်းမွန်ပြေပြစ်သောလမ်းမျိုးတွင် တာယာတွင်ပါရှိသော block တုံးများကြောင့် ကုပ်အား အပြည့်အဝ မပေးနိုင်ပါ ။ အဆိုပါ block တုံးများကြောင့် အမြန်မောင်းနှင်သည့်အခါ တုန်ခါပြီး တည်ငြိမ်မှုအားနည်းပါတယ် ။

တပ်ဆင်လေ့ရှိသော ကားအမျိုးအစား ။ ။ Off road မောင်းနှင်ရသော ကားများ ။

အထက်ပါဖော်ပြခဲ့သည့်အတိုင်း တာယာတစ်ခုစီတိုင်းတွင် အာသာချက် အားနည်းချက်ရှိပြီး မိမိမောင်းနှင်မည့် ကားအမျိုးအစား ၊ လမ်း အခြေအနေပေါ်မူတည် ပြီး မှန်ကန်သော တာယာ အမျိုးအစားများ တပ်ဆင်မောင်းနှင်မှ သာလျှင် ပြီးပြည့်စုံသော စွမ်းဆောင်ရည် ကို အပြည့်အဝ ရရှိနိုင်ပေမည် ။

တာယာပေါ်တွင်ပါရှိသော ကိန်းဂဏန်းများနှင့် အရွယ်အစားပြ ကိန်းဂဏန်းများ

မော်တော်ယာဉ်မောင်းနှင်သူ တစ်ယောက်အနေဖြင့် ကားဘီးတာယာပေါ်တွင် ဖော်ပြထားသော ကိန်းဂဏန်းများ မည်သည့်အရာကို ရည်ညွန်းကြောင်း သိရှိထားဖို ့လွန်စွာ အရေးကြီးပါတယ် ။

တာယာအရွယ်အစား။ ။ တာယာတစ်လုံး၏ အရွယ်အစား အတိုင်းအတာကို ၎င်းတာယာ၏ ဘေးမျက်နှာပြင်တွင် အောက်ပါအတိုင်း ရေးထွင်းထားပါတယ် ။

205/55/16 > 205= တာယာ၏ မျက်နှာပြင် အကျယ် ( ဗြက် ) ၂၀၅ မီလီမီတာ

> 55= တာယာ၏ ဘေးမျက်နှာပြင် ( ထု ) ၊ ဗြက်၏ ၅၅ ရာခိုင်နှုန်း ( ၂၀၅ မီလီမီတာ၏ ၅၅ ရာခိုင်နှုန်း = ၁၁၂.၇၅ မီလီမီတာ )

> 16= ဂွေဆိုဒ် ၁၆ လက်မ

> R= ရာဘာအလွှာတွင်း မြှုပ်ထားသောကြိုးမျှင်များ ဗဟိုမှ ဖြာထွက်သည့်ပုံစံရှိသည့် တာယာမျိုး ။

Treadwear: 300-100 ။ နံပါတ်မြင့်လာလေလေ ကြာရှည်အသုံးခံလေဖြစ်သည်။

Traction: AA-C: အက္ခရာ မြင့်လာလေလေ ကုပ်အားများလေဖြစ်သည် ။

Heat: AA-C: အက္ခရာ မြင့်လာလေလေ မောင်းနှင်နေစဉ်အပူဒါဏ်ကို ခံနိုင်မှု မြင့်မားလေလေ ဖြစ်ပါသည် ။

M+S: ရွှံ ့နှင့် နှင်းများကြားတွင် မောင်းနှင်နိုင်သည့်တာယာမျိုး ဖြစ်ကြောင်း ညွှန်းဆိုပါတယ် ။ နှင်းထဲတွင် မောင်းနှင်ရသော တာယာမျိုးတွင် တာယာဘေးဘက် ၌ နှင်းပွင့် ပုံမျိုးပါရှိတတ်ပါ တယ် ။

Speed Rating: စွမ်းဆောင်ရည် မြင့်မားတဲ ့ယာဉ်တွေအတွက်ဆိုရင် တာယာပေါ်မှာ ရေးထား တဲ ့speed rating တွေကလည်းအရေးကြီးပါတယ် ။ speed rating တွေကိုဆိုရင် အက္ခရာ H ကနေ Z အထိ အမှတ်အသားနဲ ့ဖော်ပြလေ ့ရှိပါတယ် ။ H ဟာဆိုရင် တစ်နာရီ ၁၃၀မိုင်နှုန်းအထိ မောင်းနှင်နိုင်ပြီး Z ဆိုရင်ဖြင့် တစ်နာရီ ၁၈၆ မိုင်နှုန်းအထိ မောင်းနှင်နိုင်တယ်လို ့ရည်ညွန်းထားပါတယ် ။ အက္ခရာ ပိုမြင့်လာတာနဲ ့ပိုမို မြန်ဆန် မောင်းနှင်နိုင်ပြီး ကြာရှည်ခံနှုန်းကတော့ နိမ် ့လာပါတယ် ။

ထုတ်လုပ်သည့် နေ ့စွဲ : တာယာတစ်လုံးစီတိုင်းတွင် ထုတ်လုပ်သည့် နေ ့စွဲများရေးထားပါတယ် ။ ဥပမာ 1016 ဟု ရေးထိုးထားသော တာယာသည် 2016 မတ်လတွင် ထုတ်လုပ်ထားသည် ဟုရည်ညွှန်းပါတယ် ။ နောက်ဂဏန်း နှစ်လုံးသည် ခုနှစ်ကို ရည်ညွန်းပြီး ရှေ ့ဂဏန်း နှစ်လုံးကတော့ ရက်သတ္တပတ် ၁၀ ပတ်ကို ရည်ညွန်းခြင်းဖြစ်ပါတယ်။

ကားလေထိုးခြင်း :

ကားတစ်စီးစီတိုင်းတွင် သတ်မှတ်ထားသော ရှိသင့်သည့် လေပေါင်ပမာဏ ထိုးသွင်းရန် အရေးကြီးပါတယ် ။ ၎င်းတို ့ကို ကားတံခါးဘောင် ၊ manual book နှင့် ဆီအဖုံးနေရာတို ့တွင် ဖော်ပြထားလေ ့ရှိပါတယ် ။ ကားထုတ်လုပ်သူတွေဟာ သင့်ကားကို ကောင်းမွန်တဲ ့စွမ်ဆောင်ရည် ရရှိဖို ့လိုအပ်တာတွေကို လမ်းညွှန်ရေးသားထားပေးပါတယ် ။ တစ်ချို ့ဂျာမဏီ ထုတ် ကားတွေမှာ ဆိုရင် လေပေါင် 40 psi လောက်အထိထိုးရပါတယ် ။ အထူးသဖြင့် ခရီးဝေးလို နေရာမျိုးကို မောင်းနှင်သွားလာတဲ ့အခါမျိုးမှာ မိမိ ကားဘီးလေပေါင် ကို သေချာစွာ ချိန်ဆတတ်ဖို ့အရေးကြီးပါတယ် ။ တာယာပူလာတာနဲ ့အမျှ တာယာတွင်း လေပေါင်သည်လည်း မြင့်တက်လာပါတယ် ။ ဒါကြောင့်မို ့ယာဉ်မောင်းနှင်နေသည့်အခါတိုင်း တွင် ပြင်ပအပူချိန်ပေါ်မူတည်ပြီး လေပေါင်ချိန်ဆတတ်ဖို ့လိုအပ်ပါတယ်။ မိမိကားတာယာ အခြေအနေ ၊ ဆီစားနှုန်း၊ တာယာများ ပန်းများပါးခြင်း စသည်တို ့ကို ထိန်းချုပ်နိုင်ရန် လေပေါင်အား တစ်ပတ်တစ်ခါ စစ်ဆေးဖို ့လည်း လွန်စွာမှ အရေးကြီးပါတယ် ။

ယခုနောက်ပိုင်းတွင် အောက်စီဂျင် အစား နိုက်ထရိုဂျင် လေဖြည့်ခြင်းများပြုလုပ်လာနိုင်ပါပြီ ။ နိုက်ထရိုဂျင်လေသည် အပူချိန် ပေါ်မူတည်ပြီး လေပေါင်များစွာ အပြောင်းအလဲ မရှိသောကြောင့် အောက်စီဂျင်နှင် ့နှိုင်းယှဉ်ပါက မိမိကားလေပေါင်အား ထိန်းချုပ်ရန် ပိုမို လွယ်ကူပါတယ် ။ နောက်တစ်ခုအရေးကြီးသည် မှာ အောက်စီဂျင်ဖြည့်ထားသော တာယာအတွင်း သို ့နိုက်ထရိုဂျင်ပြောင်းထည့်ရာတွင် အောက်စီဂျင် လုံးဝ ကုန်သွားသည်အထိ လေကိုလျော့ထုတ်ဖိို ့ဖြစ်ပါတယ် ။ အောက်စီဂျင်ကျန်ရှိနေပါ နိုက်ထရိုဂျင် ပြောင်းလဲဖြည့်သော်လည်း အချည်းနှီးပင် ဖြစ်ပါတယ် ။ နိုက်ထရိုဂျင် ဖြည့်ပါက ငွေကုန်ကြေးကျ အနည်းငယ်ပိုများပေမယ် ့အပူအအေး ဒါဏ်ခံနိုင်လို ့လေပေါင်အတက်အကျ ကို ထိန်းချုပ်နိုင်ပါတယ် ။ အဓိက ကတော့ နိုက်ထရိုဂျင်ဖြည့်ထားသည့် တာယာမျိုး သည် အလုပ်ရှုပ်သက်သာပြီး ပုံမှန်အောက်စီဂျင်ဖြည့်ထားသော တာယာဆိုလျှင်တော့ ရာသီဥတု အလိုက် ချိန်ညှိမောင်းနှင်ပေးဖို ့လိုအပ်ပါတယ် ။

တာယာအကြောင်းကို အခြေခံနားလည်သဘော ပေါက်ပြီးမှသာလျှင် နောက်ဆက်တွဲ ပိုမို နည်းစနစ်မြင့်မားသော မောင်းနှင်မှုမျိုး ၊ တာယာကို အကျိုးရှိစွာ အသုံးချပုံ စသည်ဖြင့် တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်လုပ်ဆောင်သွားနိုင်ပါတယ်။

Zawgyi  version…

တာယာ

လူအမ်ားသတိမထားမိေသာ ကားတစ္စီး၏ အေရးအၾကီးဆံုးေသာ အစိတ္အပိုင္း ။

ကၽြန္ေတာ့္ဆီကိုလာတဲ့ သူေတြက သူတို႕ရဲ ့ကားကို ပိုမိုစြမ္းေဆာင္ရည္ေကာင္းေအာင္ ျပဳလုပ္ဖို ့ေျပာတဲ့အခါတိုင္း “ ငါ့ကားကို ပိုျမန္ေအာင္ ပိုျပီးစြမ္းေဆာင္ရည္ေကာင္းေအာင္ လုပ္ခ်င္တယ္ ” ဆိုတာပါပဲ ။  Chevrolet Corvette, BMW M5, Ferrari 488, စေသာကားမ်ားျဖစ္ေစ၊  ပံုမွန္အိမ္စီးကားပင္ျဖစ္ေစ အင္ဂ်င္ပိုင္းဆိုင္ရာ ျပဳျပင္ျခင္းက ကားတစ္စီးရဲ ့ စြမ္းေဆာင္ရည္ကို အေကာင္းဆံုး ျဖစ္ေစႏိုင္တယ္လို ့ယူဆေလ ့ရွိၾကပါတယ္။   ရိုးရိုးသားသားေျပာရရင္ ကၽြန္ေတာ္လည္း အင္ဂ်င္ပိုင္းဆိုင္ရာေတြ ျဖစ္တဲ႕   (cams, heads, headers, intakes, ecu, etc) စသည္တို႕ကို ျပန္ျပီးျပဳျပင္ေျပာင္းလဲရတာကို သေဘာ က်ပါတယ္ ။ ဒါေပမယ့္ အထက္ပါ ျပဳျပင္မြမ္းမံမွဳေတြက ကားတစ္စီး ပိုမိုျမန္ဆန္ ေကာင္းမြန္ေအာင္ သြားလာႏိုင္ဖို ့အရင္ဦးစားေပးလုပ္ရမည့္ အရာမဟုတ္ပါဘူး ။ ကားတစ္စီး၏ အဓိက လုပ္ေဆာင္ခ်က္ ( ၃ ) ခ်က္ရွိပါတယ္ ။ အဆိုပါ အခ်က္ ( ၃ ) ခ်က္ကို ေကာင္းမြန္စြာ လုပ္ႏိုင္ျပီးမွ ေနာက္ဆက္တြဲ ျပဳျပင္မြမ္းမံတာေတြကို ျပဳလုပ္ႏိုင္ပါတယ္ ။ အဲဒီ အခ်က္ ( ၃ ) ခ်က္ကေတာ့ …

  • ရပ္ျခင္း
  • ေကြ ့ျခင္း
  • ေမာင္းႏွင္ျခင္း ( သြားျခင္း )

ျပိဳင္ကားတစ္စီး ေမာင္းႏွင္တဲ႕အခ်ိန္မွာ ဘရိတ္အသံုးျပဳျခင္း ၊ ခ်ိဳးေကြ ့ျခင္း ၊ အရွိန္တင္ ေမာင္းႏွင္ျခင္းတို႕ကိုဟန္ခ်က္ညီညီအသံုးခ်ႏိုင္ဖို႕လိုပါတယ္။အဲဒီလို စြမ္း ေဆာင္ႏိုင္ဖို ့အတြက္ ( ယာဥ္ေမာင္းသူ ျပီးရင္ ) ကားတစ္စီးလံုးရဲ့အစိတ္အပိုင္းတစ္ခုကသာ ထိန္းခ်ဳပ္ ေဆာင္ရြက္ေပးႏုိင္ပါတယ္ ။အဲဒါကေတာ့ တာယာပါပဲ ။ တာယာကသာလွ်င္ ေျမျပင္ႏွင့္ ကုပ္အားယူျပီးကားရပ္ျခင္း ၊ ကားေကြ ့ျခင္း ၊ အရွိန္ျဖင့္ ေမာင္းႏွင္ျခင္းတို ့ကို ျပဳ လုပ္ေပးႏိုင္ပါတယ္  ။ ေဟာင္းႏြမ္းျပီး အရည္အေသြးမေကာင္းေတာ့တဲ ့ကားတာယာေတြကို အသံုးျပဳေနမယ္ဆိုရင္ဘရိတ္ေတြ ၊ ေရွာ့ဘားေတြ ၊အင္ဂ်င္ေတြဘယ္လိုပဲ အဆင့္ျမွင့္ ထားပါေစ ကားတစ္စီးရဲ ့ျမင့္မားတဲ ့စြမ္းေဆာင္ရည္ကို ရရွိႏိုင္မွာ မဟုတ္ပါဘူး ။.  အသစ္စက္စက္ တာယာ တစ္စံုဟာ ဆိုရင္ေတာ့ အထက္ေဖၚျပပါ အခ်က္ေတြနဲ ့ဆန္ ့က်င္ဖက္ စြမ္းေဆာင္ရည္ကို ေပးစြမ္းႏိုင္မွာပါ ။ ဒါေၾကာင့္ formula One ႏွင့္ အခ်ိဳ ့ကားျပိဳင္ပြဲေတြမွာ ျပိဳင္ကားေတြရပ္နားျပီး ကားတာယာေတြ လဲႏိုင္တဲ ့ေနရာေတြ အမ်ားအျပားထားရွိေပးထား တာေတြ ့ရမွာပါ ။ ဒီလနည္းပညာဆိုင္ရာ ေဆာင္းပါးမွ ကၽြန္ေတာ္အဓိကထား ေဆြးေႏြးခ်င္ တာကေတာ့ တာယာေတြအေၾကာင္းပါ ။ ဒီအေၾကာင္းအရာဟာ ကားေမာင္းတဲ ့သူတိုင္းသိရွိ ထားသင့္တဲ ့အေရးၾကီးတဲ ့အခ်က္တစ္ခုျဖစ္ပါတယ္ ။

တာယာအမ်ိဳးအစားမ်ား

ကၽြန္ေတာ္အခုေဆြးေႏြးသြားမယ့္ တာယာေတြကေတာ့ ေယဘုယ်အားျဖင့္ ပံုမွန္အိ္မ္စီးကား ေတြ မွာတပ္ဆင္ေလ့ရွိတဲ ့တာယာမ်ိဳးေတြပဲ ျဖစ္ပါတယ္ ။ ဒီေန ့ေစ်းကြက္ထဲမွာ ဆိုရင္ အဓိကအေနနဲ ့တာယာအမ်ိဳးအစား ( ၄ ) မ်ိဳးေတြ ့ရွိႏိုင္ပါတယ္ ။

1- Racing Slick Tyres:

သြင္ျပင္  ။ ။ ေစးကပ္တဲ ့ရာဘာအမ်ိဳးအစားျဖစ္တယ္ ၊ ပန္းလံုး၀မပါ ၊ ၾကာရွည္အသံုးမခံပါ၊ အသံက်ယ္ေလာင္ပါတယ္ ။

အားသာခ်က္ ။  ။ ေျခာက္ေသြ ့ျပီးညီညာတဲ့လမ္းေတြမွာ ကုပ္အား အျပည့္ရရွိေစပါတယ္ ။ တာယာျဗက္က်ယ္ေသာေၾကာင့္ အရွိန္ျဖင့္ေကြ ့ႏိုင္ပါတယ္ ။

အားနည္းခ်က္။  ။ လမ္းမေကာင္းတဲ ့ေနရာ ၊ မိုးရြာတဲ ့အခ်ိန္ ၊ ရြႊံ႕ႏြံထဲစသည္တို ့တြင္ ေမာင္းႏွင္လွ်င္ ကုပ္အား မရႏိုင္ေသာေၾကာင့္ အသံုးမ၀င္ပါဘူး ။

တပ္ဆင္ေလ့ရွိေသာ ကားအမ်ိဳးအစား ။  ။ ျပိဳင္ကားမ်ား ၊ ျမန္မာႏိုင္ငံရွိ လိုင္းကားမ်ား ( တာယာမ်ားပန္းလံုး၀မရွိသည္အထိ ေမာင္းႏွင္ေနသည္ကို ေတြ ့ရပါတယ္ ).

2- Sports Car Tyres:

သြင္ျပင္ ။  ။ ေစးကပ္တဲ ့ရာဘာအမ်ိဳးအစားႏွင့္ ျပဳလုပ္ထားျပီး ေရခြဲလိုင္း ေရထုတ္လိုင္း ပါေသာေၾကာင့္ အသင့္အတင့္ ေရစိုေနတဲ ့လမ္းေတြမွာ ကုပ္ႏိုင္စြမ္းရွိပါတယ္။  သူလဲပဲ ၾကာရွည္စြာ အသံုးမခံပါဘူး ။ ေစ်းၾကီးတယ္ ၊ အသံက်ယ္တယ္ ။  ျဗက္က်ယ္လို ့ထိန္းခ်ဳပ္ ေမာင္းႏွင္ရ လြယ္ကူျပီး ေရထြက္ႏိုင္ေအာင္ လုပ္ထားတဲ ့ပန္းေတြပါ၀င္ပါတယ္ ။

အားသာခ်က္ ။  ။ မ်က္ႏွာျပင္ညီညာျပီး ေျခာက္ေသြ ့တဲ ့လမ္းေတြမွာ ဆိုရင္ ကုပ္အားေကာင္းပါတယ္။ ပန္းပါျပီး ထူေသာတာယာ မ်က္ႏွာျပင္ရွိတဲ့အတြက္ ေရစို ေနတဲ ့လမး္ႏွင့္ အေကြ ့တို ့တြင္ ေကာင္းစြာေမာင္းႏွင္ႏိုင္ပါတယ္ ။

အာနည္းခ်က္ ။  ။ ေစ်းၾကီးတယ္ ။ ရာဘာမ်က္ႏွာျပင္က်ယ္ေသာေၾကာင့္ အသံက်ယ္တယ္။ တာယာပန္းမ်ားစားတာျမန္တယ္ ။ ႏွင္း ၊ ရႊံ႕စသည္တို ့တြင္ ေမာင္းရန္ အဆင္မေျပပါ ။

တပ္ဆင္ေလ ့ရွိေသာ ကားအမ်ိဳးအစား  ။  ။ Sports car အေကာင္းစားေတြ ၊ စလြန္းကားေတြ။

3- All Season Tyres:

သြင္ျပင္ ။  ။ ေယဘုယ်အားျဖင့္ ရာသီဥတု မ်ိဳးစံုမွာအသံုးျပဳလို ့ရေအာင္ ထုတ္လုပ္ထားျခင္းျဖစ္ပါတယ္ ။ ေျခာက္ေသြ ့ေသာ ၊ ေရရွိေသာ ၊ ႏွင္း ( သို ့ )ရႊံ႕ စသည့္လမ္းမ်ားအားလံုးတြင္ အသံုးျပဳႏိုင္ေအာင္ တာယာပန္းတြင္ လိုင္းမ်ား ၊ အတံုးမ်ား ျဖင့္ ေရာေႏွာထားပါတယ္။

အားသာခ်က္ – ေစ်းႏွဳန္းသက္သာျခင္း ၊ ရာသီဥတု အမ်ိဳးမ်ိဳးတြင္ အသံုးျပဳႏိုင္ျခင္း ၊ ၾကာရွည္အသံုး ျပဳႏိုင္ျခင္း ။

အားနည္းခ်က္ – အပူဒါဏ္မခံႏိုင္ျခင္း ။ ရာသီဥတုအားလံုးတြင္ အသံုးျပဳလုပ္ရေအာင္ျပဳလုပ္ထားေသာေၾကာင့္ မည္သည့္အေျခအေနတြင္မဆို အားနည္း ခ်က္ အနည္းငယ္ရွိပါတယ္ ။

တပ္ဆင္ေလ့ရွိေသာ ကားအမ်ိဳးအစား ။  ။ အိမ္စီးကားမ်ား ၊ Light Trucks ၊ MPV

4-Off-Road Tyres:

သြင္ျပင္ ။  ။ ၾကီမားတဲ ့ block တံုးပံု ပန္းေတြ ပါရွိတဲ ့ဒီဇိုင္းမ်ိဳးျဖစ္ျပီး ထူထပ္တဲ ့ရႊံ႕၊ ႏွင္း အစရွိတာေတြေပၚမွာ ေမာင္းႏွင္ႏိုင္ေအာင္ ျပဳလုပ္ေပးထားတဲ့တာယာမ်ိဳးပါ ။ အရြယ္အ စားၾကီးပါတယ္ ။

အားသာခ်က္ ။  ။ ဘေလာက္တံုးပံုပန္းေတြက မညီမညာရွိတဲ့လမ္းမ်ိဳးမွာ ကုပ္အားအျပည့္အ၀ေပးႏိုင္ပါတယ္။ ပိုမိုမာေၾကာေသာ ရာဘာအမ်ိဳးအစားျဖင့္ ျပဳလုပ္ထား ျခင္းျဖစ္ေသာေၾကာင့္ ၾကာရွည္အသံုးခံပါတယ္ ။

အားနည္းခ်က္ ။  ။ ပံုမွန္ ေကာင္းမြန္ေျပျပစ္ေသာလမ္းမ်ိဳးတြင္ တာယာတြင္ပါရွိေသာ block တံုးမ်ားေၾကာင့္ ကုပ္အား အျပည့္အ၀ မေပးႏိုင္ပါ ။ အဆိုပါ block တံုးမ်ားေၾကာင့္ အျမန္ေမာင္းႏွင္သည့္အခါ တုန္ခါျပီး တည္ျငိမ္မွဳအားနည္းပါတယ္ ။

တပ္ဆင္ေလ့ရွိေသာ ကားအမ်ိဳးအစား ။  ။ Off road ေမာင္းႏွင္ရေသာ ကားမ်ား ။

အထက္ပါေဖာ္ျပခဲ့သည့္အတိုင္း တာယာတစ္ခုစီတိုင္းတြင္ အာသာခ်က္ အားနည္းခ်က္ရွိျပီး မိမိေမာင္းႏွင္မည့္ ကားအမ်ိဳးအစား ၊ လမ္း အေျခအေနေပၚမူတည္ ျပီး မွန္ကန္ေသာ တာယာ အမ်ိဳးအစားမ်ား တပ္ဆင္ေမာင္းႏွင္မွ သာလွ်င္ ျပီးျပည့္စံုေသာ စြမ္းေဆာင္ရည္ ကို အျပည့္အ၀ ရရွိႏိုင္ေပမည္ ။

တာယာေပၚတြင္ပါရွိေသာ ကိန္းဂဏန္းမ်ားႏွင့္ အရြယ္အစားျပ ကိန္းဂဏန္းမ်ား

ေမာ္ေတာ္ယာဥ္ေမာင္းႏွင္သူ တစ္ေယာက္အေနျဖင့္ ကားဘီးတာယာေပၚတြင္ ေဖာ္ျပထားေသာ ကိန္းဂဏန္းမ်ား မည္သည့္အရာကို ရည္ညြန္းေၾကာင္း သိရွိထားဖို ့လြန္စြာ အေရးၾကီးပါတယ္ ။

တာယာအရြယ္အစား။  ။ တာယာတစ္လံုး၏ အရြယ္အစား အတိုင္းအတာကို ၎တာယာ၏ ေဘးမ်က္ႏွာျပင္တြင္ ေအာက္ပါအတိုင္း ေရးထြင္းထားပါတယ္ ။

205/55/16        > 205=  တာယာ၏ မ်က္ႏွာျပင္ အက်ယ္ ( ျဗက္ ) ၂၀၅ မီလီမီတာ

>  55= တာယာ၏ ေဘးမ်က္ႏွာျပင္ ( ထု ) ၊ ျဗက္၏ ၅၅ ရာခိုင္ႏွုန္း              (             ၂၀၅ မီလီမီတာ၏ ၅၅ ရာခိုင္ႏွုန္း = ၁၁၂.၇၅ မီလီမီတာ )

> 16= ေဂြဆိုဒ္ ၁၆ လက္မ

> R= ရာဘာအလႊာတြင္း ျမွဳပ္ထားေသာၾကိဳးမွ်င္မ်ား ဗဟိုမွ ျဖာထြက္သည့္ပံုစံရွိသည့္ တာယာမ်ိဳး ။

Treadwear: 300-100 ။ နံပါတ္ျမင့္လာေလေလ ၾကာရွည္အသံုးခံေလျဖစ္သည္။

Traction: AA-C:  အကၡရာ ျမင့္လာေလေလ ကုပ္အားမ်ားေလျဖစ္သည္ ။

Heat: AA-C: အကၡရာ ျမင့္လာေလေလ ေမာင္းႏွင္ေနစဥ္အပူဒါဏ္ကို ခံႏိုင္မွဳ ျမင့္မားေလေလ ျဖစ္ပါသည္ ။

M+S: ရႊံ ့ႏွင့္ ႏွင္းမ်ားၾကားတြင္ ေမာင္းႏွင္ႏိုင္သည့္တာယာမ်ိဳး ျဖစ္ေၾကာင္း ညႊန္းဆိုပါတယ္ ။ ႏွင္းထဲတြင္ ေမာင္းႏွင္ရေသာ တာယာမ်ိဳးတြင္ တာယာေဘးဘက္ ၌ ႏွင္းပြင့္ ပံုမ်ိဳးပါရွိတတ္ပါ တယ္ ။

Speed Rating: စြမ္းေဆာင္ရည္ ျမင့္မားတဲ ့ယာဥ္ေတြအတြက္ဆိုရင္ တာယာေပၚမွာ ေရးထား တဲ ့speed rating ေတြကလည္းအေရးၾကီးပါတယ္ ။ speed rating ေတြကိုဆိုရင္ အကၡရာ H ကေန Z အထိ အမွတ္အသားနဲ ့ေဖာ္ျပေလ ့ရွိပါတယ္ ။ H ဟာဆိုရင္ တစ္နာရီ ၁၃၀မိုင္ႏွဳန္းအထိ ေမာင္းႏွင္ႏိုင္ျပီး Z ဆိုရင္ျဖင့္ တစ္နာရီ ၁၈၆ မိုင္ႏွုန္းအထိ ေမာင္းႏွင္ႏိုင္တယ္လို ့ရည္ညြန္းထားပါတယ္ ။  အကၡရာ ပုိျမင့္လာတာနဲ ့ပိုမို ျမန္ဆန္ ေမာင္းႏွင္ႏိုင္ျပီး ၾကာရွည္ခံႏွဳန္းကေတာ့ နိမ္ ့လာပါတယ္ ။

ထုတ္လုပ္သည့္ ေန ့စြဲ : တာယာတစ္လံုးစီတိုင္းတြင္ ထုတ္လုပ္သည့္ ေန ့စြဲမ်ားေရးထားပါတယ္ ။ ဥပမာ 1016 ဟု ေရးထိုးထားေသာ တာယာသည္ 2016 မတ္လတြင္ ထုတ္လုပ္ထားသည္ ဟုရည္ညႊန္းပါတယ္ ။ ေနာက္ဂဏန္း ႏွစ္လံုးသည္ ခုႏွစ္ကို ရည္ညြန္းျပီး ေရွ ့ဂဏန္း ႏွစ္လံုးကေတာ့ ရက္သတၱပတ္ ၁၀ ပတ္ကို ရည္ညြန္းျခင္းျဖစ္ပါတယ္။

ကားေလထိုးျခင္း :

 

ကားတစ္စီးစီတိုင္းတြင္ သတ္မွတ္ထားေသာ ရွိသင့္သည့္ ေလေပါင္ပမာဏ ထိုးသြင္းရန္ အေရးၾကီးပါတယ္ ။ ၎တို ့ကို ကားတံခါးေဘာင္ ၊ manual book ႏွင့္ ဆီအဖံုးေနရာတို ့တြင္ ေဖာ္ျပထားေလ ့ရွိပါတယ္ ။ ကားထုတ္လုပ္သူေတြဟာ သင့္ကားကို ေကာင္းမြန္တဲ ့စြမ္ေဆာင္ရည္ ရရွိဖို ့လိုအပ္တာေတြကို လမ္းညႊန္ေရးသားထားေပးပါတယ္ ။   တစ္ခ်ိဳ ့ဂ်ာမဏီ ထုတ္ ကားေတြမွာ ဆိုရင္ ေလေပါင္ 40 psi ေလာက္အထိထိုးရပါတယ္ ။ အထူးသျဖင့္ ခရီးေ၀းလို ေနရာမ်ိဳးကို ေမာင္းႏွင္သြားလာတဲ ့အခါမ်ိဳးမွာ မိမိ ကားဘီးေလေပါင္ ကို ေသခ်ာစြာ ခ်ိန္ဆတတ္ဖို ့အေရးၾကီးပါတယ္ ။ တာယာပူလာတာနဲ ့အမွ် တာယာတြင္း ေလေပါင္သည္လည္း ျမင့္တက္လာပါတယ္ ။ ဒါေၾကာင့္မို ့ယာဥ္ေမာင္းႏွင္ေနသည့္အခါတိုင္း တြင္ ျပင္ပအပူခ်ိန္ေပၚမူတည္ျပီး ေလေပါင္ခ်ိန္ဆတတ္ဖို ့လိုအပ္ပါတယ္။ မိမိကားတာယာ အေျခအေန ၊ ဆီစားႏွဳန္း၊ တာယာမ်ား ပန္းမ်ားပါးျခင္း စသည္တို ့ကို ထိန္းခ်ဳပ္ႏိုင္ရန္ ေလေပါင္အား တစ္ပတ္တစ္ခါ စစ္ေဆးဖို ့လည္း လြန္စြာမွ အေရးၾကီးပါတယ္ ။

ယခုေနာက္ပိုင္းတြင္ ေအာက္စီဂ်င္ အစား ႏိုက္ထရိုဂ်င္ ေလျဖည့္ျခင္းမ်ားျပဳလုပ္လာႏိုင္ပါျပီ ။ ႏိုက္ထရိုဂ်င္ေလသည္ အပူခ်ိန္ ေပၚမူတည္ျပီး ေလေပါင္မ်ားစြာ အေျပာင္းအလဲ မရွိေသာေၾကာင့္ ေအာက္စီဂ်င္ႏွင္ ့ႏွိဳင္းယွဥ္ပါက မိမိကားေလေပါင္အား ထိန္းခ်ဳပ္ရန္ ပိုမို လြယ္ကူပါတယ္ ။  ေနာက္တစ္ခုအေရးၾကီးသည္ မွာ ေအာက္စီဂ်င္ျဖည့္ထားေသာ တာယာအတြင္း သို ့ႏိုက္ထရိုဂ်င္ေျပာင္းထည့္ရာတြင္ ေအာက္စီဂ်င္ လံုး၀ ကုန္သြားသည္အထိ ေလကိုေလ်ာ့ထုတ္ဖိို ့ျဖစ္ပါတယ္ ။ ေအာက္စီဂ်င္က်န္ရွိေနပါ ႏိုက္ထရိုဂ်င္ ေျပာင္းလဲျဖည့္ေသာ္လည္း အခ်ည္းႏွီးပင္ ျဖစ္ပါတယ္ ။  ႏိုက္ထရိုဂ်င္ ျဖည့္ပါက ေငြကုန္ေၾကးက် အနည္းငယ္ပိုမ်ားေပမယ္ ့အပူအေအး ဒါဏ္ခံႏိုင္လို ့ေလေပါင္အတက္အက် ကို ထိန္းခ်ဳပ္နိုင္ပါတယ္ ။  အဓိက ကေတာ့ ႏိုက္ထရိုဂ်င္ျဖည့္ထားသည့္ တာယာမ်ိဳး သည္ အလုပ္ရွဳပ္သက္သာျပီး ပံုမွန္ေအာက္စီဂ်င္ျဖည့္ထားေသာ တာယာဆိုလွ်င္ေတာ့ ရာသီဥတု အလိုက္ ခ်ိန္ညွိေမာင္းႏွင္ေပးဖို ့လိုအပ္ပါတယ္ ။

တာယာအေၾကာင္းကို အေျခခံနားလည္သေဘာ ေပါက္ျပီးမွသာလွ်င္ ေနာက္ဆက္တြဲ ပိုမို နည္းစနစ္ျမင့္မားေသာ ေမာင္းႏွင္မွဳမ်ိဳး ၊ တာယာကို အက်ိဳးရွိစြာ အသံုးခ်ပံု စသည္ျဖင့္ တစ္ဆင့္ျပီး တစ္ဆင့္ ဆက္လက္လုပ္ေဆာင္သြားႏိုင္ပါတယ္။