ဒိန်းမတ်အခြေစိုက် Automaker ဖြစ်သည် Zenvo သည် ယခုနှစ်တွင် Hand – make Car ( ၅ ) စင်းသာ ထုတ်လုပ်ခဲ့ပြီး ပစ္စည်းဟောင်းကြိုက်ကြသည့် ကားချစ်သူများကြားတွင်မူ အလွန် ထင်ရှားနေပါသည်။ ယခုအခါ အသစ်ဖန်တီးထားသည့် In – house – development ဆိုင်ရာ နည်းပညာများပါဝင်သည့် TSR –S အား ထုတ်လုပ်လိုက်ပြီး ၎င်းတွင် တင် / ချ လုပ်နိုင်သည့် Rear Wing နှင့် လှပဆန်းသစ်သည့် Carbon Fiber ဖန်တီးမှုများ ပါဝင်သည်။ အလားတူ အမြင်လှသည့် Blue – tinted geometrically ဒီဇိုင်းဖန်တီးမှုအပါအဝင် Aerodynamic ကားကိုယ်ထည်နှင့် Graphic ဖန်တီးမှုလက်ရာများစွာတို့ဖြင့် တွေ့မြင်ရမည်။ Zenvo သည် TSR –S တွင် Carbon Fiber အပိုင်းအလွှာများအား အင်ဂျင်နှင့် ဘီးများတွင် အဓိကထည့်သွင်းထားပါသည်။ ဘီးများအားလုံးတွင် Hand – cut pieces များဖြင့် တန်ဆာဆင်ထားပြီး စုစုပေါင်းအလေးချိန် ( 133 Ibs ) ခန့်သာရှိသည့် ဘီးများသည် ၎င်းနှင့် အရွယ်တူညီသည့် Aluminum ဘီးများထက် ( ၃၃ ပေါင် ) ခန့် ပေါ့ပါးပါသည်။ TSR – S တွင် အင်ဂျင်သည် – ( 5.8 L Twin – supercharged V8 Engine ) ၊ ( 1177 hp ) ဖြစ်ပြီး Gearbox သည် အထူးအဆင့်မြင့်နည်းပညာပေါင်းစပ်ထားသည့် Helical – cut dog gear နှင့် 7 – Speed Sequential Gearbox တို့ ( ၂ ) ခု တပ်ဆင်ထားသည့် ပုံစံဖြစ်ပြီး Hybrid Model Gearbox ဖြစ်ကာ 8 Forward Gear အတွက် Electric Motors မှ စီစဉ်ပေးမည်ဖြစ်သည်။ Zenvo TSR – S အား ( အမေရိကန်ဒေါ်လာ ၁.၆ သန်း ) ကျော်ဖြင့် ရောင်းချမည်ဖြစ်သည်။

Zawgyi Version….
Carbon Fiber ဘီးများဖြင့် ဖန်တီးထားသည့် Zenvo TSR – S
