ယာဉ်မောင်းနှင်သူတစ်ဦးမှာ စိတ်ဖိစီးစရာအကြောင်းတွေ များစွာရှိနေတတ်ပါတယ်။ ကားက အသံဗလံတွေမြည်လာတာ၊ လုပ်ဆောင်ချက်တွေပုံမှန်မဟုတ်တော့တာနဲ့ပြင်ဆင်မှဖြစ်မယ့်အခြေအနေတွေရှိလာတာ စတဲ့ပြဿနာတွေက အတော်လေးကိုခေါင်းခဲစေတဲ့ကိစ္စတွေပါပဲ။
တချို့ကိစ္စတွေက သာမန်ပြင်ဆင်မှုလောက်နဲ့ ကိုယ်တိုင်ပြီးလိုက်နိုင်ပေမဲ့ တချို့ကြီးကြီးမားမားကိစ္စတွေအတွက်ကတော့ ကိုယ့်ဘာသာပြင်ပြီး မပြီးသွားနိုင်လောက်ပါဘူး။ကားမောင်းသူတိုင်းက ကားကျွမ်းကျင်သူဖြစ်မနေတဲ့အတွက်ကြောင့်ပါ။
ဘာပဲဖြစ်ဖြစ် ပြဿနာလေးတွေကနေ ပြဿနာကြီးဖြစ်မလာစေဖို့အတွက် ဖြစ်လာတာကိုလျစ်လျူရှုမထားဘဲ စူးစမ်းပြင်ဆင်ဖို့လိုပါတယ်။ ဒါပေမဲ့ ဒီလိုစူးစမ်းမေးမြန်းဖို့ရာမှာ အခက်အခဲတချို့ရှိတတ်ပြန်တာကြောင့် အဆင်ပြေလွယ်ကူစေနိုင်အောင် အမေးများတတ်တဲ့ပြဿနာတချို့ကို Drive Media က စုစည်းဖော်ပြပေးလိုက်ပါတယ်။
၁။ လေပေါင်ချိန်ကို ဘယ်လောက်ကြာကြာမှာ တစ်ခါပြန်စစ်သင့်သလဲ
ကားအသစ်အများစုမှာတော့ ယာဉ်မောင်းထိုင်ခုံဘက်ခြမ်းက ဘီးရဲ့လေပေါင်ချိန်ကို စစ်ဆေးရတတ်ပါတယ်။ ကိုယ့်ကားကအဲဒီလိုစစ်ဆေးရတာမျိုးမဟုတ်နေရင်တော့ တစ်လကို အနည်းဆုံးတစ်ကြိမ်လောက် စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။
၂။ Gear oil ကို ဘယ်အချိန်မှာလဲသင့်သလဲ
ယေဘုယျအားဖြင့်တော့ မိုင် ၃၀၀၀၀ ကနေ ၆၀၀၀၀ မောင်းနှင်ပြီးတိုင်း စစ်ဆေးလဲလှယ်သင့်ပါတယ်။ ဒါပေမဲ့ ယာဉ်အမျိုးအစားအလိုက်ပါဝင်နေတဲ့ လမ်းညွှန်စာအုပ်ကအချက်အလက်အရ စစ်ဆေးလဲလှယ်တာက ပိုသင့်တော်ပါတယ်။
၃။ တစ်ခါတလေ အချက်ပြမီးခတ်မြန်နေတာဘာကြောင့်လဲ
ဒီလိုဖြစ်နေတာဟာ အချက်ပြမီးလုံး ပျက်စီးသွားပြီဆိုတဲ့သဘောပါပဲ။ မီးလုံးပျက်သွားတဲ့အခါ ဗို့အားကျဆင်းသွားပြီး circuit ရဲ့လုပ်ဆောင်ချက်ကိုပိုလွယ်ကူမြန်ဆန်လာစေလို့ မီးပွင့်တာမြန်လာတာဖြစ်ပါတယ်။ မီးလုံးအသစ်လဲလိုက်ရင် ပုံမှန်ပြန်ဖြစ်သွားမှာပါ။
၄။ ချိုးကွေ့နိုင်စွမ်း အနိမ့် အမြင့် ကွာဟမှု ဆိုတာဘာလဲ
Oversteer ဆိုတာက ကိုယ်ရည်ရွယ်ထားတာထက် ပိုပြီးချိုးကွေ့နိုင်နေတာမျိုးဖြစ်ပြီး understeer ကတော့
ရည်ရွယ်ထားတဲ့အလားအလာထက် ပိုနည်းပါးစွာချိုးကွေ့နိုင်တာမျိုးကိုဆိုလိုတာဖြစ်ပါတယ်။
၅။ Timing Belt ကို ဘယ်အချိန်မှာ လဲသင့်သလဲ
အကြုံပြုချက်ကတော့ မိုင် ၆၀၀၀၀ ကနေ ၁၀၀၀၀၀ မောင်းနှင်ပြီးတိုင်းမှာ လဲဖို့ပါ။ ဒါကလည်း ယာဉ်အမျိုးအစားနဲ့ သတ်မှတ်ချက်အလိုက်တော့ ကွဲပြားနိုင်ပါတယ်။
၆။ Synthetic Oil ဒါမှမဟုတ် Grade မတူတဲ့ Oil ကို အသုံးပြုနိုင်လား
owner manual ထဲမှာဖော်ပြထားတဲ့ Oil Grade အတိုင်းပဲသုံးတာကောင်းပါတယ်။ Synthetic Oil သုံးနေကျကားမှာ Conventional Oil ကို လွဲမှားသုံးမိရင်တော့ ကားအင်ဂျင်ကို ဆိုးဆိုးရွားရွားထိခိုက်စေမှာပါ။
၇။ Brake တွေက အသံထွက်နေပြီဆို ဘာသတိထားဖို့လိုပြီလဲ
Brake တွေက အမြဲလိုလို ရွေ့လျားလည်ပတ်နေရတဲ့ပစ္စည်းတွေနဲ့ဖွဲ့စည်းထားတာပါ။ ဒါကြောင့် တခြားပစ္စည်းတွေလိုပဲ သက်တမ်းပြည့်လာရင် ချို့ယွင်းလာပြီး အသံဗလံမျိုးစုံထွက်လာပါလိမ့်မယ်။ အသံစူးစူးကြားနေရပြီဆိုရင် break pads ကို လဲသင့်နေပါပြီ။ ဖိကြိတ်သံတွေကြားရပြီဆိုရင်တော့ပြဿနာကပိုကြီးနေပြီဆိုတဲ့သဘောပါ။ သတ္ထုချင်းဖိကြိတ်တဲ့ထိ ယိုယွင်းနေတဲ့ break padsက rotors ကိုပါ ထိခိုက်ပျက်စီးစေတော့မှာဖြစ်ပါတယ်။
၈။ လောင်စာဆီဖိုးကို ဘယ်လိုချွေတာနိုင်မလဲ
ကိုယ်သွားလာနေတဲ့ဒေသတွင်းက ဈေးအသက်သာဆုံးဆီဆိုင်တွေကိုရှာနိုင်တဲ့ စမတ်ဖုန်း app တွေသုံးပါ။ တချို့ကုန်စုံဆိုင်တွေက ဝယ်နေကျဖောက်သည်တွေကို ပေးတဲ့ပွိုင့်တွေကလည်း လောင်စာဆီနဲ့လဲလှယ်လို့ရပါတယ်။ လောင်စာကို တစ်နေ့တာရဲ့စောစောမှာသွားဖြည့်တာ သို့ နောက်ဆုံးမှဖြည့်တာတွေကလည်း ဈေးသက်သာစေပါတယ်။ အဝေးပြေးလမ်းတလျှောက်ကဆိုင်တွေမှာ မဖြည့်မိပါစေနဲ့။ ပုံမှန်ထက်ပိုဈေးကြီးပေးရတတ်ပါတယ်။
၉။ Two-stroke Engine နဲ့ Four-Stroke Engine က ဘာတွေကွာခြားနေသလဲ
Stroke ဆိုတာက ပစ္စတင်ရဲ့ ရိုက်ချက်နှုန်းပမာဏကိုဆိုလိုတာပါ။ Two-stroke engine မှာ တစ်ကြိမ်ဆီချူဖို့ stroke၂ ချက်ရိုက်ရပြီး အသံကျယ်ပြီးအလုပ်တွင်မှုနည်းပါတယ်။ ကုန်ကျစရိတ်နည်းမယ်။ ကာလတိုအတွက်ပဲ
စွမ်းဆောင်ရည်မြင့်ပါလိမ့်မယ်။ လောင်စာထဲမှာ ဆီလိုအပ်ပါတယ်။ Four-stroke engine မှာကတော့ တစ်ကြိမ်ဆီချူဖို့ stroke ၄ ချက်ရိုက်ရပြီး အသံဆူညံမှုနည်းနည်းနဲ့ ပိုအလုပ်တွင်ပါတယ်။ ကုန်ကျစရိတ်မြင့်ပေမဲ့ ကာလရှည် စွမ်းဆောင်ရည်ကောင်းမွန်စေပါတယ်။ လောင်စာထဲမှာလည်း ဆီမလိုအပ်ပါဘူး။
၁၀။ ဘာကြောင့် စလစ်ဖြစ်ရတာလဲ
ဒါဟာ တာယာတွေအတွက် ရေနဲ့ လိုတာထက်ပိုထိတွေ့ရတာကြောင့် ဖြစ်ရတာပါ။ အရှေ့တာယာတွေရဲ့ အောက်ဘက်ပို ရေတွေရောက်ပြီး လမ်းနဲ့ ဘီးရဲ့အကြားမှာ အဟန့်အတားတစ်ခုဖြစ်လာစေတာပါပဲ။ ဒါကြောင့် ရေခဲပြင်ပေါ်မှာ သွားရသလိုမျိုး ချော်ထွက်နေတာဖြစ်ပါတယ်။
Thiha