Unicode version…
ဂျာမနီအခြေစိုက် (Mercedes – Benz)သည် E-Class Cabriolet အား (2018) အတွက် အသစ်ထုတ်လုပ် လိုက်ပြီး E-Class ၏ (၂၅)နှစ်မြောက် အထိမ်းအမှတ်အနေဖြင့် ဖန်တီးခြင်း ဖြစ်ပါသည်။
၄င်းသည် (Luxury Sport) အမျိုးအစားကားဖြစ်ပြီး (S-Class Cabriolet) မှရယူထားသည့် (Fabric Roof) ဖြင့် တန်ဆာဆင်ထားပါသည်။
(2018 E-Class Cabriolet) တွင် (4 Matic AWD System) အား ပထမဆုံးအနေဖြင့် ထည့်သွင်း ထားပါသည်။အဆိုပါ Model အား ဂျနီဗာ ကားပြပွဲတွင် မိတ်ဆက်ပြသခဲ့ပြီး (2017)ခုနှစ်အတွင်း မြောက်အမေရိကစျေးကွက်၌ စတင်ဖြန့်ချီမည်ဖြစ်ပါသည်။ အဆိုပါကားတွင် အင်ဂျင်အနေဖြင့် (3.0L Biturbo V6 Engine) (329 hp) (354 lb-ft torque)အင်ဂျင်နှင့် (9- Speed Automatic Gearbox) တို့အားတွဲဖက်တပ်ဆင်ထားပါသည်။ ထိုအင်ဂျင်အမြန်ဆုံးစွမ်းဆောင်ရည်အနေဖြင့် (130 mph)အထိ ရှိပါသည်။
(2018 E-Class Cabriolet)အနေဖြင့် ၄င်း၏ယခင် Model ထက် (၅)လက်မပိုရှည်ပြီး(၂.၉လက်မ) ပိုကျယ်ဝန်းကာ (၁.၄လက်မ)ပို၍ မြင့်ပါသည်။ ၄င်းသည် ခရီးသည် ၄ယောက်စီးပုံစံဖြစ်ပြီး ပါ၀င်သည့် (Features)များအပေါ်မူတည်ကာ(Time Level) (၇)မျိုးခွဲခြားထားပါသည်။ ၄င်း၏ (Fabric Roof)အား စက္ကန့် (၂၀)အတွင်း အဖွင့်/အပိတ် ပြုလုပ်နိုင်မည်ဖြစ်ပြီး အရှိန် (30 mph)အထိဆောင်ရွက်နိုင်ပါသည်။
(2018 E-Class Cabriolet)တွင် (၂၅)နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် (Special badges)၊ (19 – inch wheels)၊ (Designo Interior Trim)၊ ( Red – on red exterior color scheme)တို့အား ထူးခြားစွာ ထည့်သွင်းထားပါသည်။ ပထမဆုံး ( 2018 E-Class Cabriolet) ဖြစ်သည့် (C 300 CE-24 Cabriolet) အား (1992)ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပါသည်။
Zawgyi version..
၎င်းသည် (Luxury Sport) အမျိုးအစားကားဖြစ်ပြီး (S-Class Cabriolet) မှရယူထားသည့် (Fabric Roof) ဖြင့် တန်ဆာဆင်ထားပါသည်။