Unicode version…
(2017) Acura NSX
(NSX Sport Car) သည် (Honda)၏ နာမည်ကျော် (Model)တစ်မျိုးဖြစ်ပြီး (2005)ခုနှစ်အထိ ထုတ်လုပ်ခဲ့ပါသည်။ ထိုမှတဖန် (12)ခန့်အကြာ ယခု (2017)တွင် (Honda)၏ (Luxury Branch)ဖြစ်သည့် (Acura)မှ (NSX)အား (Acura NSX)အမည်သစ်ဖြင့် ထုတ်လုပ်လာပါသည်။ (New Acura NSX)တွင် ဆန်းသစ်လှပသည့် ဒီဇိုင်းဖြင့် အဓိက ဖန်တီးထားပြီး (Boasting AWD system)၊ (Twin-turbo V6 Engine)နှင့် (Trio of electric motors for gasoline/electric hybrid)စသည့် ထူးခြားမှုများဖြင့် ဖန်တီး ထားပါသည်။ ၄င်းသည် အထူးတန်းမြင့်ပြိုင်ကား အမျိုးအစားဖြစ်ပြီး (2016 Lexus LF-A)၊ (2017 Audi R8) တို့နှင့် ယှဉ်ပြိုင်နိုင်ရန် ဖန်တီးထားသည်ကို တွေ့ရိပါမည်။ ကမ္ဘာ့ပြိုင်ကားလောကနှင့် (12)ခန့် ကင်းကွားနေ ခဲ့သည်။ (NSX)၏ အသစ်တဖန် မွေးဖွားလာသည့် (2017 Acura NSX)အား စတင်လေ့လာကြပါစို့။
(2017 Acura NSX)သည် (2-seater Coupe) အမျိုးအစားကားဖြစ်ပြီး အဆင့်မြင့် နည်းပညာသုံး ပါဝင်မှုများ နောက်ဆုံးပေါ်ပစ္စည်းများကို စုံလင်စွာ ထည့်သွင်းထားပါသည်။ ၎င်းတွင် အဓိကပါဝင်သည့် (Features)များမှာ – (LED head lights)၊ (Adaptive Suspension Dampers-Magnetor heological)၊ (Summer Tines)၊ (Keyless entry gnition)၊ (Leather / simulated suede upholstery)၊ (DDual-zore automatic climate control)၊ (2-USB inputs)၊ (7-inch touchscreen)၊ (Apple Carplay)၊ (Android Auto smartphone)စသည်တို့ ပါဝင်ကြပါသည်။
(2017 NSX)တွင် အထက်ပါ (Standard Features)များအဖြင့် – (Navigation system)၊ (Parking Sencars)၊ (Carbon-ceramic brakes)၊ (Premium point hues)၊ စသည့်တို့ကိုလည်း (Optional) အနေဖြင့်လည်း မှာယူရနိုင်ပါမည်။ (2017 NSX)၏ (Carge Area)သည် (4.4 Cubic Feet)ခန့် အကျယ်ရှိပါမည်။
(2017 Acura NSX)သည် (Hybrid Type)ဖြစ်ပြီး ၎င်းတွင်အင်ဂျင်အနေဖြင့် (Turbocharged 3.5 < V6 Engine) (500hp) (Output)ရရှိနိုင်သည့် (လျှပ်စစ်မော်တာ)တို့ဖြင့် တွဲဖက်တပ်ဆင်ထားပါသည် ။ (Gear box)အနေဖြင့် – (9-Speed Automated Manual Gearbox)အား တပ်ဆင်ထားပါသည်။ (Curb Weight) အနေဖြင့် (3803 lbs)ခန့် အလေးချိန်ရှိပါသည်။ ထို (3.5 < Engire)၏ (Performance)သည် (O to 60 mph)အား (3.0 Seconds)ဖြင့် အမြန်ဆုံးရောက်ရှိ နိုင်ပါမည်။ ထိုအတူ ဆီစားနှုန်းမှာ – (ဓာတ်ဆီတစ်ဂါလံအား < မြို့တွင်း 21 မိုင်၊ Highway 23 မိုင်)ခန့် မောင်းနှင်းနိုင်ပါသည်။
(2017 Acura NSX)တွင် လုံခြုံရေးပါဝင်မှုများ အနေဖြင့် ပုံမှန်ပါရှိသည့် (Safelty Features)များ အဖြင့် (Acura Link System)၊ (Blind-Spot Monitoring)၊ (Acura Link System)၊ (Blind-spot Monitoring)၊ (Adaptive Cruise Control)၊ (Collision mitigation)၊ (Adaptive Cruise Control)၊ (Collision mitigation with automatic braking)စသည် တို့အား စုံလင်စွာ ထည့်သွင်းထားပါသည်။
(2017 Acura NSX)အား (US $ 157800)ခန့်ဖြင့် ရောင်းချမည်ဖြစ်ပါသည်။ ကမ္ဘာ့ထိပ်တန်းအဆင့် ရှိသည့် (Acura)၏ နာမည်ကျော် (2017 NSX sport Car)အား စီစဉ်တင်ဆက်အပ်ပါသည် ခင်ဗျာ။
Zawgyi version…