Unicode version…
Convertible Cars များသည် စုံလင်လှသည့် ကားအမျိုးအစားများအနက် လူငယ်များ အဓိက နှစ်သက်ကြသည့် ကားများဖြစ်ပါသည်။ ၄င်းတို့သည် လွတ်လပ်ပေါ့ပါးစွာ အသုံးပြုနိုင်ခြင်း ဒီဇိုင်လှပပြီး (Function)စုံလင်မှုရှိခြင်းနှင့် အမျော်ခရီးများတွင် အထူးသင့်တော်ခြင်းစသည့် အချက်များကြောင့် လူငယ် များနှစ်သက်ကြခြင်းဖြစ်ပါသည်။
(Automakers)အများစုသည် (Convertibles)များကို ထုတ်လုပ်လေ့ရှိကြပါသည်။ ၄င်းတို့အနက် (U.S)၏ နာမည်ကျော် (Buick)မှ ဆန်းသစ်စွာ ဖန်တီးထားသည့် (2017 Model)(Buick Cascada Convertible)အား မိတ်ဆက်ရေးသားမည် ဖြစ်ပါသည်။
ကမ္ဘာကျော် (GM)၏ (Sub-Brand)တစ်ခုဖြစ်သည့် (Buick)သည် ကြီးမားခန့်ထည်သည့် ဒီဇိုင်းရှိ သည့်ကားများ ထိုအခန်အဆက်ထုတ်လုပ်အောင်မြင်ခဲ့ပါသည်။ သို့သော် (1990)နောက်ပိုင်းမှစ၍ ၄င်း၏ (Structures)များအား ပြောင်းလဲခဲ့ပြီး ဒီဇိုင်းလှအမှုကို အလေးထားကာ (Convertible)ကဲ့သို့ လူငယ်ကြိုက် ကားများကိုလည်း ထုတ်လုပ်က ပါသည်။ ထိုသို့ (New Idea)အနေဖြင့် ပြောင်းလဲမှုများတွင် (Cascada) လည်း အပါအဝင်ဖြစ်ပါသည်။
(Buick)သည် ၄င်း၏ (Cascada)အား (Comfortable Cruiser)ဟု တင်စားထားပြီး ဒီဇိုင်း၊ ပါ၀င်မှု အင်ဂျင်စနစ်နှင့် လုံခြုံရေးဆိုင်ရာများအား အထူးကောင်းမွန်စွာ ဖန်တီးထားပါသည်။ အဓိကအားဖြင့် (Buick)၏ ရိုးရှင်းသည့် အစဉ်အလာဒီဇိုင်းမှ ခွဲထွက်ထားသည့် လှပဆန်းသစ်မှုဖြင့် (2017 Cascada)အား ဖန်တီးထားသည်ကို တွေ့ရပါသည်။
(2017 Buick Cascada)သည် အလက်တန်းအဆင့်ရှိသည့် (Sport Car)ဖြစ်သော်လည်း ၄င်းတွင် စွမ်းအားမြင့် အင်ဂျင်ဖြစ်သည့် (1.6 < Turbocharged I 4 Engine)၊ (200 hp)၊ (2007 lb-ft of barque) အင်ဂျင်နှင့် (6-Speed automatic Gear)တိို့အား ထည့်သွင်းထားပါသည်။ ထိုအင်ဂျင်၏ ဆီစားနှုန်းမှာ- ဓာတ်ဆီတစ်ဂါလံအား – (မြို့တွင်းမိုင် 20 / Highway 27 မိုင်)ခန့် မောင်းနှင့် နိုင်ပါမည်။ ထို့အတူ လုံခြံုရေး ပါ၀င်မှုများအနေဖြင့် ပုံမှန်ပါ၀င်သည့် လုံခြံုရေးပါ၀င်မှုများအဖြင် – (Subscription-based Onstar) (Pop-up roll bars)၊ (Lone-departure warning)၊ (Blind-spot monitor)အစရှိသည့် အဆင့်မြင့်လုံခြံုရေး ပါ၀င်မှုများအား စုံလင်စွာ ထည့်သွင်းထားပါသည်။
(2017-Buick Cascada)သည် ခရီးသည် (5)ယောက်စီး (Sport Car)အမျိုးအစားဖြစ်ပြီး (Base / Premium / new Sport Touring)ဟူ၍ (Trim level) (3)မျိုးခွဲခြားထားပါသည်။ ၄င်းတွင် ပုံမှန်ပါ၀င်သည့် (Features)များအပြင် စိတ်ဝင်စားဖွယ် ပါ၀င်မှုများဖြစ်ကြသည်။ – (Adaptive Xenon head lights)၊ (Remote Engine Start)၊ (7-inch touchscreen display/with Buick’s Intellilink Interface)၊ (Onstar-with 4 GLTE / Wi-Fi hot spot)၊ (Satellite ratio)၊ (Automatic Wipers)စသည်တို့အား စုံလင်စွာ ထည့်သွင်းထားပါသည်။
(2017-Buick Cascada)အား (US Market)တွင် (US $ 34000)ခန့်ဖြင့် ရောင်းချမည်ဖြစ်ပါသည်။ ၄င်းနှင့်စျေးကွက် မျဉ်ပြိုင်ဖက်ဖြစ်ကြသည့် အခြားဟာ (Brands)များမှာ – (2017-BMW 2 Series)၊ (2017 VW Beetles Convertible)နှင့် (2017 Mini Copper Convertible)တို့ဖြစ်ကြပါသည်။ နိဂုံးချုပ်အနေဖြင့် (Buick)၏ နာမည်ကျော် (2017 Cascada Convertible)အား စီစဉ်တင်ဆက်အပ်ပါသည် ခင်ဗျား။2017-buick-cascada-1 2017-buick-cascada-2 2017-buick-cascada-3 2017-buick-cascada-4
Zawgyi version..