Unicode version..
2017 Chevrolet Tahoe သည် အသွင်သစ် အမြင်သစ်ဖြင့် ဖွဲ့စည်းထားသည့် Chevrolet ၏ နာမည်ကျော် SUV ဖြစ်ပြီး ခန့်ညားလှပသည့် ဒီဇိုင်း / ခရီးဝေးသွားရာတွင် များစွာ ကောင်းမွန်သည့် ဆီစားနှုန်းပါသည့် အင်ဂျင်/ ကျယ်ဝန်းသပ်ရပ်ပြီး ဇိမ်ခံပစ္စည်း များပါ၀င်ပြီး အသုံးပြုရန်လွယ်ကူသည့် My Link Infotainment System အပါအဝင် နည်းပညာသုံးပါ၀င်မှုများစွာ ပါရှိသည့်အတွက် Full-size SUV လောကတွင် စိတ်ဝင်စားမှုများစွာရရှိနေပါသည်။
2017 Chevrolet Tahoe အား မြောက်အမေရိကစျေးကွက်တွင် (US$ 48410) မှ (US$ 62800)ခန့်အတွင်းရောင်းချမည်ဖြစ်ပါသည်။
2017 Chevrolet Tahoe တွင်အင်ဂျင်အနေဖြင့် 5.3L V8 Engine / 335hp/383 lb-ft of torque အင်ဂျင်စနစ်ဖြင့် 6-Speed Automatic Gear Box အားတွဲဖက် တပ်ဆင်ထားပါသည်။ ထိုအင်ဂျင်၏ ဆီစားနှုန်းမှာ ဓါတ်ဆီတစ်ဂါလံအား မြို့တွင်း ၁၆ မိုင်၊ Highway ၂၂မိုင်ခန့် မောင်းနှင်နိုုင်ပါသည်။
2017 Chevrolet Tahoe တွင်ပါ၀င်သည့် Features များအပေါ်မူတည်ကာ LS/LT/ Premier ဟူ၍ Trim Level (၃)မျိုးခွဲခြားထားပါသည်။ ၄င်း၏ Feature များအနက် စိတ်ဝင်စားဖွယ်ရာ ပါ၀င်မှုများမှာ Teen Drive Mode/Active aero shutter/ HD and Sirius XM Radios / Tri-zone automatic Climate control / Heavy- duty locking rear differential/ Power rear differential/ Power rear Lift gate/ My Link infotainment with 8-inch colour touch screen / 5- USB ports/ စပီကာ ၁၀ လုံးပါ ရှိသည့် Bose Center point အမျိုးအစားပတ်လည်အသံစနစ်/ Magnetic Ride Control/ Keyless entry/ Power- release second-row seats/ Power-folding third-row seats စသည်တို့ပါ၀င်ကြပါသည်။ အထက်ပါ Feature များအပြင် Rear-seat DVD Entertainment system/ Navigation System/ Multicolor gauge cluster/ Heads-up display စသည့် ပါ၀င်မှုများကိုလည်း အပိုဆောင်းမှာယူရန် ထည့်သွင်းထားပါသည်။
2017 Chevrolet Tahoe တွင် လုံခြုံရေးအနေဖြင့် ပုံမှန်ပါ၀င်သည့် လုံခြံုရေးပါ၀င် မှုများအပြင်် Adaptive Cruise Control/ Chevrolet Safety Alert Seat/ Forward- collision alert အစရှိသည့် အဆင့်မြင့်နည်းပညာသုံးလုံခြံုရေးပါ၀င်မှုများအား စုံလင်စွာ ထည့်သွင်းထားပါသည်။
2017 Chevrolet Tahoe SUV ကဲ့သို့ ထင်ရှားသည့် အခြားသော Brands များမှာ 2017 Ford Expedition / 2017 GMC Yukon စသည်တို့ ဖြစ်ကြပါသည်။
Zawgyi version..
2017 Chevrolet Tahoe အား မြောက်အမေရိကဈေးကွက်တွင် (US$ 48410) မှ (US$ 62800)ခန့်အတွင်းရောင်းချမည်ဖြစ်ပါသည်။
2017 Chevrolet Tahoe တွင် လုံခြုံရေးအနေဖြင့် ပုံမှန်ပါဝင်သည့် လုံခြုံရေးပါဝင် မှုများအပြင် Adaptive Cruise Control/ Chevrolet Safety Alert Seat/ Forward- collision alert အစရှိသည့် အဆင့်မြင့်နည်းပညာသုံးလုံခြုံရေးပါဝင်မှုများအား စုံလင်စွာ ထည့်သွင်းထားပါသည်။