Unicode version…
(Cadenza Sedan)သည် တောင်ကိုရီးယားအခြေစိုက် ကမ္ဘာကျော် (KIA)၏ ထိပ်တန်း (Sedan) မမျိုးအစားဖြစ်ပြီး (K 9 Sedan)မှ လွဲ၍ အကောင်းဆုံး (Sedan)လည်းဖြစ်ပါသည်။ ၎င်းသည် စတင်မိတ် ဆက်ထုတ်လုပ်ခဲ့သည့် (2014)မှစတင်၍ ယခု (2016)အထိ ခန့်ထည်သည့် (Body Style)၊ အကျယ်ဝန်း သပ်ရပ်မှုစသည့် အချက်များကြောင့် လူကြိုက်များခဲ့ပြီး ရောင်းအားလည်းကောင်းခဲ့ပါသည်။ အဓိကအားဖြင့် လူလတ်ပိုင်းအရွယ် ကားချင်သူများမှ တန်ဖိုးမြှင့်သော်လည်း နှစ်ခြိုက်စွာ အားပေးကြသည်ကို တွေ့ရပါမည်။
ယခု (2017 Model Cadenza)အား (Redesigned Model)အနေဖြင့် ထုတ်လုပ်ထားပြီးပါ၀င်မှု အသစ်များကို ထပ်မံဖြည့်စွက်ထည့်သွင်းထားပြီး အောက်ပိုင်းဆိုင်းထိန်းစနစ် နှင့် လုံခြုံရေးနစ်များကိုလည်း အဆင့်မြှင့်တင်ထားပါသည်။ ထို့အတူ (Driving Dynamics Scales)ကိုလည်း အထူးကောင်းမွန်မှုရှိစေရန် ဖန်တီးထားသည်ကို စိတ်ကျေနပ်ဖွယ် တွေ့မြင်ရပါသည်။ သို့သော် ယခု (2017 Cadenza)တွင် လုံခြံုရေး နည်းပညာများအား (Entry-level)တွင် ထည့်သွင်းထားမှုမရှိခြင်းအား သတိပြုဖွယ်တွေ့မြင်ရပါသည်။
(2017 Kia Cadenza)အား (US $ 32000)ခန့်ဖြင့် ရောင်းချမည်ဖြစ်ပါသည်။
(2017 Kia Cadenza)တွင် အင်ဂျင်အနေဖြင့် (New 3.3 L V6 Engine)၊ (255 hp)၊ (253 lb-ft of torque)အင်ဂျင်နှင့် (All-New 8-Speed Automatic Gear)တို့အား အသစ်ထည့်သွင်းထားပါသည်။ ထို့အင်ဂျင်၏ ဆီးစားနှုန်းမှာ – ဓာတ်ဆီတစ်ဂါလံအား – (မြို့တွင်မိုင် ၂၀၊ Highway ၂၈မိုင်)ခန့် မောင်းနှင် နိုင်ပါမည်။ ထို့အတူ လုံခြံုရေးပါ၀င်မှုများအနေဖြင့် (Forward-collision warning)၊ (Emergency braking) (Lane-departure warning / assist)၊ (Blind-sept monitoring)၊ (7-Airbags System)စသည်တို့ အားစုံ လင်စွာထည့်သွင်းထားခဲ့ပါသည်။
(2017 Kia Cadenza)တွင် ပါ၀င်သည့် (Features)များအပေါ် မူတည်ကာ (Premium)၊ (Technology)နှင့် (Limited)ဟူ၍ (Grade) (၃)မျိုးခွဲခြားထားပါသည်။ ၎င်းတွင်ပါ၀င်သည့် (Features)များ အနက်စိတ်ဝင်စားဖွယ်ရာပါ၀င်မှုများမှာ- (Dual-zone automatic climate control)၊ (Push button start)၊ (မြင်ကွင်းကျယ်အမိုးဖွင့်စနစ်) (LED headlights)၊ (Rain-sensing wipers)၊ (Smartphone wireless charging)၊ (Smartphone wireless charging)၊ (Smart crvise control) ၊ (Surround-view camera system)၊ (စပီကာ ၁၂ လုံးပါသည့် Harman Kardon အမျိုးအစား ပတ်လည် အသံစနစ်)၊ (Power rear-window sunshade) (Nappel leather seat) (Head-up display) စသည်တို့ဖြစ်ကြ ပါသည်။
(2017 Kia Cadenza)ကဲ့သို့ ထင်ရှားသည့် အခြားသော (Brands)များမှာ (2016 Toyota Avalon)၊ (2017 Busick La crosse)၊ (2017 (Chevrolet Impala)စသည်တို့ဖြင့် ကြပါသည်။ နိဂုံးချုပ် အနေဖြင့်တမ္ဘာ့ထိပ်တန်း (KIA)၏ တန်းဖြင့် ဇိမ်ခံဆီဒင် တစ်မျိုးဖြစ်သည် (2017 Kia Cadenza)အား စီစဉ် တင်ဆက်အပ်ပါသည် ခင်ဗျား။
kia kia1 kia3 kia4 kia5
Zawgyi verson…
kia kia1 kia3 kia4 kia5